Лента постов канала မောင်ဆူးလှည်း (@phyoeweiwin) https://t.me/phyoeweiwin MaungHsueHlae ru https://linkbaza.com/catalog/-1001153998341 Thu, 14 Aug 2025 18:21:09 +0300
Подробнее
11.16 k
]]>
https://linkbaza.com/catalog/-1001153998341 Thu, 14 Aug 2025 17:06:10 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Mon, 11 Aug 2025 20:30:11 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sun, 10 Aug 2025 06:34:20 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sat, 09 Aug 2025 19:49:13 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sat, 09 Aug 2025 09:40:20 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sat, 09 Aug 2025 04:22:16 +0300
လက်နက်ကြီးတွေကိုင် တောထဲပြေးပုန်းပြီး ဘာကိုမှ မကြောက်တတ်ဘူးဆိုရင်...

လက်နက်လည်းမကိုင် တောထဲလည်း မပြေး ဘက်ပေါင်းစုံက လက်နက်ကိုင်တွေကြားမှာ ဖမ်းမှာ သ-တ်မှာ အန္တရာယ်ရှိတာသိသိနဲ့ ကိုယ်မှန်တယ်ထင်ရင် ရေးရဲပြောရဲလုပ်ရဲတဲ့ ကိုယ်က သိပ်ရယ်ချင်တာပဲ။

ကိုယ် ဒီနေ့အထိ နိုင်ငံ့အကျိုး လူထုအကျိုးပျက်စီးအောင် ကိုယ်မလုပ်ဖူးဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ကနေ ငွေတောင်းသတင်းရေးတာမျိုး၊ ခြိမ်းခြောက်သတင်းရေးတာမျိုး၊ ငွေရဖို့ ရေးတာမျိုး၊ ဒီအလုပ်ကနေ အကျိုးအမြတ်ရှာတာမျိုး မလုပ်ဖူးဘူး။

ဒီအလုပ်ကနေ နိုင်ငံနဲ့ ပြည်သူအကျိုးပြုတယ်။ လူတွေကို ကူညီထောက်ပံ့တယ်။ လက်နက်မရှိပေမယ့် ဒီလိုမျိုး ငါမှန်တာ၊ ကောင်းတာပဲ လုပ်ခဲ့တယ်ဆိုတဲ့ ခွန်အားက ကိုယ့်ကို စိတ်အားသတ္တိရော၊ ကာယသတ္တိရော ပေးရုံတင်မက လိုအပ်လာရင် Physical Courage, Moral Courage တွေသာမက Psychological Courage, Social Courage, Intellectural Courage ပါ စွမ်းနိုင်အောင် ပေးလာတယ်။ ဒီလို သတ္တိတွေ အားလုံးကို ကိုယ် မှန်မှန်ကန်ကန် အသုံးချနိုင်လို့ .... လက်နက်ကိုင်ရင် ငွေရော အာဏာရော ရလာမယ်ဆိုတာ သိသိနဲ့ ဒီနေ့အထိ ကိုယ်လက်နက်မကိုင်၊ လက်နက်မဲ့ဘဝနဲ့ နိုင်ငံနဲ့ ပြည်သူကောင်းဖို့ ထိုင်ရေးရဲနေတယ်ဆိုတာ လက်နက်အားကိုးနဲ့ ဇောင်းကြွနေတဲ့ သောက်ပေါတွေ သိစေချင်မိပါရဲ့။

ဘဝတိုးတက်ဖို့ ပြည်ပပြေးပြီးမှ အရှက်​​ပြေ ပုဆိုးခြုံ၊ ထဘီခြုံထဲက အွန်လိုင်းကနေ လက်သီးပြနေ၊ တောထဲပြေးသူတွေလည်း ​ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်စေချင်မိတယ်။ ငါ သတ္တိရှိတယ်ဆိုတာဘာလဲ။ လက်နက်ကြီးကိုင် တောထဲပုန်းပြီးမှ သတ္တိရှိပြနေတာမှန်ရဲ့လား။ လက်နက်ကိုင်ပြီးမှ လက်နက်မဲ့တွေ လိုက်သ-တ်နေတာက တကယ်သတ္တိဟုတ်ရဲ့လားဆိုတာမျိုး။ လူသ-တ်ဖို့ အလှူခံ လိမ်စားပြီးမှ နိုင်ငံကောင်းဖို့ ရေးနေတာပါလို့ လိမ်နေတာမျိုးကရော သတ္တိအဆင့်ရှိရဲ့လား ဆိုတာမျိုး။

https://www.facebook.com/share/p/173JRPvsZR/
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Fri, 08 Aug 2025 20:47:02 +0300
Подробнее
28.63 k
]]>
https://linkbaza.com/catalog/-1001153998341 Fri, 08 Aug 2025 09:09:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Fri, 08 Aug 2025 05:21:49 +0300
မနက်က ပို့စ်တစ်ခု ဖတ်လိုက်ရတယ်။ ငယ်သူငယ်ချင်းကို Live မှာ သွားစတာ Block လိုက်လို့ သူ့ဘက်က တစ်သက်လုံး သံယောဇဥ်ဖြတ်တယ်လို့ ရေးထားတာကို။

အောက်မှာကတော့ အသိဉာဏ်နည်းတဲ့ သူ့လုပ်ရပ်၊ Public မှာ စတာ၊ နောက်တာမျိုး ဘယ်လောက်ခင်ခင် မလုပ်သင့်ကြောင်း၊ တစ်ဖက်သားအပေါ် လေးစားဖို့ ဝိုင်းပြောတာ ဖတ်ရတော့ ပြုံးမိတယ်။

ကိုယ်လည်း အဲဒီလိုခဏခဏ ကြုံရတာကိုး။

ကိုယ်ငယ်ငယ်က အရမ်းဆိုး၊ သောက်စားမူးရူးနေတော့ ကိုယ်ကွန်ပျူတာတက္ကသိုလ်ကဘွဲ့ရတယ်ဆိုတာ၊ မီဒီယာလောကမှာ အလုပ်လုပ်ပြီး နေရာတစ်ခုရထားတယ်ဆိုတာ၊ အခုနောက်ပိုင်း အများစုပေါင်းအားနဲ့ ပရဟိတအဖွဲ့တစ်ခုကို ထူထောင်ထားပြီး ငါးနှစ်နီးပါးအောင်မြင်အောင်လည်ပတ်ထားနိုင်တယ်ဆိုတာကို လက်မခံနိုင်သူတွေအများကြီးပဲ။ အဲဒီတော့ လူမြင်ကွင်းမှာ ခင်တယ်မင်တယ်သောက်ချိုးနဲ့ ငယ်ကျိုးငယ်နာတွေ လာစနောက်ကြတယ်။ အပြင်မှာစတာက ပြဿနာမဟုတ်ပေမဲ့ လူမြင်ကွင်းမှာကြတော့ စောက်ဇာတ်လမ်းရှုပ်တာကိုး။ ကိုယ့်တိုက်ခိုက်ချင်သူတွေကြတော့လည်း ငယ်ကျိုးငယ်နာမန့်တဲ့ကောင်အဒ်၊ ကိုယ့်မကောင်းကြောင်းသွားမေး၊ ဟန်မဆောင်နိုင်သူတွေက ကိုယ့်ဖဲ့ထားတဲ့ မန့်အောက်တင် ပေါ်တင်ဝင်ကစ်။ စောက်ဇာတ်လမ်းတွေရှုပ်တော့ ဘလော့ခ်သင့်သူ ဘလော့ခ်၊ ဆဲသင့်သူဆဲ၊ သူ့ကို သူ့တုံ့ပြန်မှုအတိုင်း လုပ်သင့်သူ လုပ်ရတာပဲ။

ကိုယ့်ခံယူချက်ကိုက ကိုယ့် စနောက်တာမခံနိုင်ရင် သူတစ်ပါးမစနဲ့။ ကိုယ်တိုင်လည်း သူတစ်ပါးကို ငယ်ကျိုးငယ်နာ စခဲတယ်။ စချင်ရင်တောင် လူချင်းတွေ့မှ သူပို့စ်တင်တာ သူ့ရှေ့ပြောပြီး စတယ်။ နောက်တယ်။ ပို့စ်တင်ပြီးစတယ်ဆိုရင် ဆဲမနာ၊ ဆိုမနာ၊ ချစ်တဲ့သူမို့လို့။ စလို့ရတဲ့အတိုင်းအတာရှိလို့ပဲ။

ရှေ့ရက်ကလည်း ညသန်းခေါင်အလုပ်ပြီးလို့ ကောင်မလေးပုံနဲ့တွဲ ပို့စ်တင်မိပါတယ်။ စက္ကန့်ပိုင်းအတွင်း မန့်တက်လာတာ "မတန်မရာကွာ"တဲ့။ မန့်တဲ့သူက လက်ခံထားတာ ၂၄ နာရီမပြည့်သေးတဲ့ ဆရာတော်။ သူ ဘာကြီးဖြစ်ဖြစ် ဘာအဆင့်ဖြစ်ဖြစ် ကိုယ်သူ့မသိ၊ မရင်းနှီးဘူး။ စရနောက်ရလောက်တဲ့ အတိုင်းအတာမရှိဘူး။

အကာလမို့ ပုံတင်ရင်တောင် မျက်နှာအပြည့်မတင်ရဲတဲ့ အခိုက်အတန့်မို့ စျေးဦးပေါက်ကွန်းမန့်ကြီးမှာ မတန်မရာလို့ လာမန့်တော့ သူ့ကို သူ့လေသံအတိုင်း "အဲဒါဆိုလည်း တန်မယ့် ဆရာတော့်နှမ စွန့်ပါ"လို့ မန့်လိုက်တာ သူ့ကို သူ့လိုတုံ့ပြန်တော့ ဆွေ့ဆွေ့ခုန်ပြီး မအေ၊ နှမ ငါကိုင်တုပ်ပါလေရော။

ဘုရားရှင်ကို ယုတ်မာကြမ်းကြုတ်တဲ့ စကားတွေနဲ့ ဆဲရေးတဲ့ အဏ္ဏာသ ဘာရဒွါဇ ကို ဘုရားက တုံ့ပြန်တဲ့ "သင်ဆဲတာကို ငါဘုရားလက်မခံလျင် ဆဲဆိုခြင်းသည် သင့်ပစ္စည်း"ဆိုတာ ကြားဖူးတယ်မဟုတ်လား။

ဆဲတဲ့ဆရာတော်ကို ပြန်ဆဲချင်ပေမဲ့ ဘုရားအရေခြုံထားတဲ့ သင်္ကန်းတော်ကို အားနာရပြန်တယ်။ အဲဒါနဲ့ သူနဲ့တွဲရိုက်ထားတဲ့ သူ့မယ်တော်နဲ့ နှမတော်ပုံမှာ သူဆဲထားတဲ့ မအေကို ကိုင်တုပ်ထားတဲ့ ဆဲဆိုမှု၊ သူ့နှမ ပုံအောက်မှာ သူကိုင်တုပ်ထားတဲ့ဆဲဆိုမှုကို Edit လုပ်ပြီး ကပ်ပေးပြီး ဆဲဆိုမှုကို မယူ၊ ကိုယ့်အကုသိုလ် ကိုယ်ပြန်ယူဆိုပြီး မန့်ပေးလိုက်တော့ ထပ်ဆဲပြန်ရော။ သူ့အလှည့်ကြတော့ မခံနိုင်ဘဲ ကိုယ်က သူ့နှမစ မိုက်ရိုင်းလို့ဆိုပဲ 😂 တော်ပြီဆိုပြီး Unfriend လိုက်တယ်။

တချို့ သင်္ကန်းဝတ်ရဟန်းတွေ ထင်ပေါ်သင့်သလောက် မထင်ပေါ်၊ ဩဇာကြီးသင့်သလောက်မကြီးတာက အဲဒီလို သင်္ကန်းအရှိန်နဲ့ မာန်တက်နေလို့ပဲ။

ကိုယ်က သာသနာရောင်ဝါထွန်းတဲ့ ပခုက္ကူမှာ အနှစ် ၂၀ ကျော် နေထိုင်ကြီးပြင်းလာပြီး ဘုန်းကြီးတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းလာတာ။ ဘုန်းကြီးလောကအကြောင်း အကုန်သိတယ်။ ဒါပေမဲ့လည်း ဘုရားအရေခြုံပြီး မမှန်မကန်နေသူကို နေထိုင်ပုံမမှန်ကြောင်း ဆက်ဆံမှုနဲ့ တုံ့ပြန်ရသလို ဝိနည်းတော်နဲ့အညီ နေထိုင်ကျင့်ကြံတဲ့ သံဃာတော်အရှင်သူမြတ်တွေကိုလည်း လေးလေးစားစားရိုရိုသေသေ ပူဇော်ရတာပဲ။

မကောင်းတဲ့သင်္ကန်းဝတ်ရဟန်းကိုကြည့်ပြီး သံဃာထုကို စော်ကားနေရင် ကိုယ်ပဲ အကုသိုလ်ဖြစ်ပြီး သာသနာလည်း အဓွန့်ရှည်မှာမဟုတ်လို့ ဝိနည်းတော်လေးစားလိုက်နာတဲ့ သံဃာတော်တွေ အများကြီးရှိကြောင်းကို ရေးသားပူဇော် ပြဖို့ကလည်း ကိုယ်တို့လို မီဒီယာသမားတွေရဲ့ တာဝန်တစ်ခုကိုး။

👇👇👇👇
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Thu, 07 Aug 2025 10:55:21 +0300
Fri ◾ အမျိုးသမီး လစဥ်သုံးပစ္စည်းတွေ ဘာလို့ ကန့်သတ်တာတုန်း။

Me ◾ အမျိုးသမီး လစဥ်သုံးပစ္စည်းတွေက PDF တွေ EAOs တွေက တိုက်ပွဲမှာရတဲ့ ဒဏ်ရာကုဖို့ သုံးနေတာလေ။ ဆေးပစ္စည်းတွေ ဝယ်ဖို့ သယ်ဖို့မလွယ်တဲ့ ဒီကာလမှာ တစ်ထုပ် ၂၀၀၀၊ ၃၀၀၀ နဲ့ ဆယ်ခုလောက် ပါတဲ့ ဒီလစဥ်သုံးပစ္စည်းက တိုက်ပွဲ ဒဏ်ရာအပြင် ဖိနပ်ပေါက်တာတို့ ဆေးခန်းမှာ အရေးပေါ်သုံးအဖြစ် အသွင်ပြောင်းနေတာမို့ ကန့်သတ်ဖြစ်လာတာ။

Fri ◾ ဒါဆို ရာသီလာတဲ့ မိန်းမတွေ ဘယ်လိုလုပ်မလဲ။

Me ◾ ကန့်သတ်တယ် စိစစ်တယ်ဆိုတာက လစဥ်သုံးပစ္စည်းတွေ ဖာနဲ့ ဆယ်ရာချီ သယ်လာပြီး တိုက်ပွဲသုံးဖို့ လုပ်တာမျိုးတွေပြောတာ။ မိန်းမတစ်ယောက်သုံးနေတဲ့ ပါကင်တစ်ထုပ်လောက်ကို လိုက်ပြီး ပိတ်နေတာမှ မဟုတ်တာ။

Fri ◾ ဪ အဲဒီလိုလား။ ဒါဆို တော်သေးတာပေါ့။

Me ◾ ပစ္စည်းပြတ်မှာ စိတ်ပူနေရင် မင်းလည်း တစ်ထုပ်လောက်ဆောင်ထားလေ။ မင်းရုပ်ခံနဲ့ ဆိုရင်တော့ Gay လို့ထင်မှာပဲ။ ဖမ်းသွားတောင် သီးသန့်နေရမှာ 😜😜😜😜
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Mon, 04 Aug 2025 08:41:42 +0300
Подробнее
10.58 k
]]>
https://linkbaza.com/catalog/-1001153998341 Mon, 04 Aug 2025 05:10:03 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sun, 03 Aug 2025 18:38:02 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sun, 03 Aug 2025 09:36:40 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sat, 02 Aug 2025 12:49:12 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sat, 02 Aug 2025 09:27:51 +0300
Подробнее
10.26 k
]]>
https://linkbaza.com/catalog/-1001153998341 Fri, 01 Aug 2025 03:42:15 +0300
သစ္စာကမ်းလက်၏ ၄၆ ကြိမ်မြောက် လစဥ်ကုသိုလ်တော်

🙏🙏🙏 🙏🙏🙏 🙏🙏🙏

သစ္စာကမ်းလက်ရဲ့ လစဉ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၄၅ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၃ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၄၅ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ လှူဒါန်းပေးခဲ့ပြီဖြစ်ပါတယ်။

ဒီလို ကုသိုလ်တွေအပြင် ဇလွန်က Grade -11 ကျောင်းသူ မယွန်းအတွက် တတိယအကြိမ် ပညာသင်ထောက်ပံ့ဆု ကျပ် ၅၀၀၀၀ ကိုလည်း ကိုဝေလင်းကျော်ကတစ်ဆင့် ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ရှေ့ရက်ပိုင်းမှာ သစ္စာကမ်းလက်က ကျပ် ၃၅၀၀၀၀ ဆေးဝါးဒါနနဲ့ ဝါဆိုသင်္ကန်းအလှူ ကျပ် ၁ သိန်း ကုသိုလ်ပြုပေးခဲ့တဲ့ ဆရာတော် ဗိသုကာရှင်ပညာ (ခ) သဒ္ဓမဇောတိကဓရ ဘဒ္ဒန္တ သီလာစာရ (တိုက်ရိုက်လှူဒါန်းလိုပါက K Pay 09 759 429 169 (U Thilar Sara)) ကိုလည်း လစဥ် ဘေသဇ္ဇဒါန ဒုတိယအကြိမ် ကျပ် ၃၀၀၀၀ လှူဒါန်းပေးခဲ့သလို ကိုရဲလင်းထက်မိသားစုက ဆရာတော့်အတွက် ကျပ် ၅၀၀၀၀ လှူဒါန်းတာနဲ့ ကျောက်ကပ်ဝေဒနာရှင် ကိုထွန်းထွန်းဝင်း အတွက် ကိုရဲလင်းထက်မိသားစု ကျပ် ၅၀၀၀၀ လှူပေးတာကို ဒီမနက်မှာ ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။

သစ္စာကမ်းလက်ရဲ့ ၄၆ ကြိမ်မြောက်ကုသိုလ်တွေကြောင့် သစ္စာကမ်းလက်အလှူရှင်နဲ့ အလှူခံအားလုံး ဒီလဩဂုတ်လရက်မြတ်ကစ ဘေးကင်းကျန်းမာ စိတ်ချမ်းသာ၊ သောကကင်းဝေး စိတ်အေးချမ်းပါစေ။

ဒီကောင်းမှုကုသိုလ် အဖိုးပါဂကို ၃၁ ဘုံ ကျင်လည်အပ်ကုန်သော မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတွေလည်း ရရှိကြပါစေ

ဩဂုတ်လရဲ့ အစနေ့ရက်ကနေ တစ်လလုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ၊ ချဲ စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးပြီး လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ

🙏🙏🙏

ဖြိုးဝေ
သစ္စာကမ်းလက်
၁. ၈.၂၀၂၅
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Fri, 01 Aug 2025 03:42:06 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Thu, 31 Jul 2025 12:02:02 +0300
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဆိုတော့ State Security and Peace Commission လို့ ဘာသာပြန်ရမယ် ထင်တယ်။ အတိုကောက် နလအ တို့ နလခ တို့ နလသ တို့ဆို နလခ နဲ့ နလသ တစ်ခုခုသုံးမှလှမယ်။ အလှဆုံးသုံးသင့်တာက နလခ ပဲ။

အရင်တုန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို မီဒီယာတွေကအစမှာ နစအ, နစအ နဲ့။ သူတို့ နစအ နေကတည်းက ကိုယ်က နစက ဆိုပြီး သုံးခဲ့တာ။ အ ဆိုတာ ဘယ်နေရာမှ သုံးလို့ မလှဘူး။ အခု နလအနဲ့ နလခ ဆို နလအ ဆိုတာက အ,နေတယ်ဆိုတာမျိုးထက် နလခ ကြတော့ လာ ခယဆိုတာမျိုး ဖြစ်သွားတယ်။

ဘာရယ်မဟုတ်ပါဘူး။ မီဒီယာဆိုတာက စတင် ကင်ပွန်းတပ်ရတာဆိုတာအသစ်ဖြစ်လာတဲ့ ကော်မရှင်ကို အတိုကောက်ဘယ်လိုသုံးမလဲဆိုလို့ စဥ်းစားကြည့်တာ။
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Thu, 31 Jul 2025 09:32:28 +0300
တပ်ချုပ်က ယာယီသမ္မတ (တာဝန်) ပူးတွဲယူပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဖြစ်လာပါတယ်။

အရင် SAC ဥက္ကဋ္ဌ အကြံပေး ဗိုလ်ချုပ်ကြီးညိုစောက ကာလုံက ဖွဲ့ပေးတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။

လာမယ့်ခြောက်လအတွင်းမှာ ရွေးကောက်ပွဲလုပ်ဆောင်ပြီး အနီးစပ်ဆုံး ၂၀၂၆ ဧပြီ ၁ ရက်မှာ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွက်လာပါမယ်။

https://www.facebook.com/share/p/16m7CGBaNs/

https://www.facebook.com/share/p/1712JXW8fK/

https://www.facebook.com/share/p/1B4ueJcQ1v/
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Wed, 30 Jul 2025 12:17:23 +0300
ရွေးကောက်ပွဲကို ကန့်ကွက်ကြတဲ့။ ဟုတ်ပြီ ဒီရွေးကောက်ပွဲကို ကန့်ကွက်ပြီး ပြည်သူတွေက ဘာလုပ်ရမလဲ။

ပြည်သူ့အလှူငွေခိုးပြီးတော့ ဆက်ကြေးတောင်း ဓားပြတိုက် လုယက် သတ်ဖြတ် မုဒိမ်းကျင့်နေတဲ့ NUG နဲ့ PDF လက်အောက် ဝဋ်ခံပြီး ဆက်နေရမှာလား။

အာဏာသုံးရပ် တပ်မတော်က ဆက်ယူတာ ထိုင်ကြည့်ရမှာလား။

တစ်ဖက်နဲ့တစ်ဖက် ချက်ချင်း မနိုင် နိုင်ဘဲ အနှစ် ၂၀ လောက် ချကြမဲ့ လက်နက်ကိုင်တိုက်ပွဲကို ထိုင်ကြည့်။ EAOs တွေက မြေရအောင်တိုက်ယူပြီး တပ်နဲ့ ညှိပြီး စစ်ဘုရင်လို ပြန်နေကြတာကို စစ်ပွဲတွေထဲက ထိုင်ကြည့်ရမှာလား။

လူငါးသိန်းလောက် လက်နက်ကိုင်ပြီး ပတ်လည်ချနေတာကို တစ်နိုင်ငံလုံးက လူ သန်း ၅၀ ကျော်က ဝဋ်ဆက်ခံနေရမှာလား...

လက်ရှိအချိန်မှာ ဒီ မြန်မာနိုင်ငံက လူတွေမှာ ဘက်နှစ်ဖက်ကို ရွေးချယ်ခွင့်ရှိတယ်။ ငါတို့ကတော့ ရွေးကောက်ပွဲ လက်မခံဘူး "စစ်ပွဲပဲ" ဆိုတဲ့ကောင်တွေ စစ်ဖြစ်နေတဲ့နေရာသွား။ စစ်ဖြစ်ဖို့ ရွေးပြီးလို့ ယောကျ်ားတွေ စစ်တိုက်နေရင် မိန်းမလို မိန်းမရ ထ ထ ငိုမပြနဲ့ အာရုံနောက်တယ်။ မိန်းမလို မိန်းမရ လက်နက်မဲ့ပြည်သူကို ဝန်ထမ်းကို အလစ်ချောင်းမသတ်နဲ့ ကျက်သရေယုတ်တယ်။

စစ်ကို မလိုချင်ဘူး။ ရွေးကောက်ပွဲလိုချင်တယ်။ ဒီမိုကရေစီနဲ့ လွှတ်တော် ပြန်လိုချင်တယ်ဆို ဒီဘက်လာ။ ဟိုဘက်က စစ်ပွဲထဲက နေ့ရောညပါ ဝဋ်ခံနေရတဲ့ အပြစ်သားတွေကို ထိုင်ကြည့်ကြမယ် 😉😉😉😉

https://t.me/MT_News_Media/66614
Подробнее
11.57 k
]]>
https://linkbaza.com/catalog/-1001153998341 Mon, 28 Jul 2025 08:56:36 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001153998341 Sat, 26 Jul 2025 09:15:00 +0300
Подробнее
15.63 k
]]>