Лента постов канала ခင် ညို ချော (@khinnyochaw8888) https://t.me/khinnyochaw8888 Freelance Journalist ru https://linkbaza.com/catalog/-1001877163493 Fri, 15 Aug 2025 09:03:09 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 15 Aug 2025 07:56:28 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 14 Aug 2025 11:55:49 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 14 Aug 2025 10:53:36 +0300
*ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ် (၃၄၀) ဘီလီယံကျော်သုံးစွဲထား*

မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးခဲ့ပါတယ်။

မန္တလေးငလျင်ကြီးစတင်ဖြစ်ပွားသည့်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊သြဂုတ် ၁၁ ရက်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငလျင်ဒဏ်သင့်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက် ငွေကျပ်(၄၂ ဒသမ ၀၉၄)ဘီလီယံကျော်၊သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအတွက် ငွေကျပ်(၄ဒသမ၇၃၃)ဘီလီယံကျော်၊ဒဏ်ရာရသူများအတွက် ငွေကျပ်(၀ ဒသမ ၁၇၅)ဘီလီယံသုံးစွဲပြီးဖြစ်ပါတယ်။

နေအိမ်များပြန်လည်တည်ဆောက်ရန် ငွေကျပ် (၁၆၀၅ ဒသမ ၅၇၁)ဘီလီယံကျော်ကိုလည်း ထောက်ပံ့ထားသည့်အပြင် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်(၃၄၀)ဘီလီယံကျော်ကိုသုံးစွဲပြီးဖြစ်ကာ ပြည်တွင်း/ပြည်ပမှလှူဒါန်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ဒေသများသို အချိန်နှင့်တစ်ပြေးညီဖြန့်ခွဲထောက်ပံ့ပြီးလည်း ဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Wed, 13 Aug 2025 12:28:17 +0300
*ကြိုတင်မဲပေးခြင်းက တာဝန်နှင့် အခွင့်အရေးအတူတူပါ*
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Wed, 13 Aug 2025 12:03:33 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Wed, 13 Aug 2025 11:12:36 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Wed, 13 Aug 2025 05:38:00 +0300
*PDF ၁ဝ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ*

‎PDF အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀၄ ဦး သည် လက်နက်ခဲယမ်း များနှင့်အတူ ဥပဒေဘောင် အတွင်းသို့ထပ်မံ အလင်းဝင်ရောက်လာကြကြောင်း သိရှိရပါတယ်။

‎ယင်းတို့မှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ NH PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ KIA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ ကျောက်ဆည် PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မိုးကုတ် PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ ပင်းတယမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ နမ့်ဆန်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် မိုးမိတ် မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ နယ်အတွင်းမှ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀၄ ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အလင်းဝင်သူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Wed, 13 Aug 2025 05:37:35 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 12 Aug 2025 11:39:30 +0300
Подробнее
31.29 k
]]>
https://linkbaza.com/catalog/-1001877163493 Tue, 12 Aug 2025 10:59:57 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 12 Aug 2025 07:07:30 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 12 Aug 2025 06:46:28 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 12 Aug 2025 06:39:17 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 12 Aug 2025 06:37:14 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 12 Aug 2025 06:13:49 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 11 Aug 2025 18:00:24 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 11 Aug 2025 17:31:00 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 11 Aug 2025 12:12:49 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 11 Aug 2025 09:29:42 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sun, 10 Aug 2025 18:18:31 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sun, 10 Aug 2025 11:36:19 +0300
ဖမ်းဆီးရရှိမှု အသေးစိတ်အချက်အလက်များအား Infosheet Website https://info sheet.org/ တွင် ဖတ်ရှုနိုင်ပါတယ်။
Подробнее
22.17 k
]]>
https://linkbaza.com/catalog/-1001877163493 Sun, 10 Aug 2025 10:58:44 +0300
*ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသော်လည်း တမံကြံ့ခိုင်မှုအတွက် စိုးရိမ်ဖွယ်မရှိ*

##ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် နေပြည်တော်တို့မှာ မိုးရွာသွန်းမှုများပြားပြီး ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်လျက်ရှိပါတယ်...

##နှစ်စဉ်နှစ်တိုင်းမိုးသည်းထန်စွာ ရွာသွန်းတဲ့ကာလတွေမှာ ပေါင်းလောင်းရေလှောင်တမံမှာ ယခုလိုရေကျော်မှု ဖြစ်လေ့ရှိသော်လည်း ရေလှောင်တမံရဲ့ ကြံ့ခိုင်မှုနဲ့ တာဝန်ရှိသူများရဲ့ စနစ်တကျစောင့်ကြည့် စစ်ဆေးမှုများကြောင့် အန္တရာယ်မဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါတယ်....

##ပေါင်းလောင်းရေလှောင်တမံအနေဖြင့်  တမံသက်တမ်း ၂၁ နှစ် အတွင်း ရေပိုလွှဲမှ ရေကျော်ကျမှု ဖြစ်စဉ် ၁၈ နှစ် ကြုံတွေ့ခဲ့ရကြောင်း   

-အများဆုံးရေကျော်ကျမှုအဖြစ် ၂၀၁၃ ခုနှစ် ရေအမြင့်(၈ဒသမ ၃) ပေဖြင့် ၁၁၈ ရက် ရေကျော်ကျခဲ့ကြောင်း၊

- ၂၀၂၄ ခုနှစ်တွင် ရေအမြင့် (  ၁၁ ဒသမ ၈၇) ပေဖြင့် ၆၈ ရက် ရေကျော်ကျခဲ့ကြောင်း၊

- လက်ရှိတွင် အမြင့်(၂ဒသမ ၂၉)ပေ ဖြင့် ရေကျော်နေခြင်းဖြစ်ကြောင်း သိရှိရတဲ့အတွက် တမံကျိုးပေါက်မှုအတွက် (လုံးဝ) အန္တရာယ်မရှိကြောင်းသိရှိရပါတယ်...

##ရေဝင်များပြီး ကန်အပြည့် ရေသိုလှောင်နိုင်ခြင်းကြောင့် ရေအားလျှပ်စစ် စက်ရုံရှိ တာဘိုင် ၄ လုံးမှ စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပြီး ဆယ်ရေသောက် အိမ်ရာအတွင်း စိုက်ပျိုးရေး ဖူလုံစေမှာ ဖြစ်ပါတယ်....

##လက်ရှိရေကျော်ကျမှုက ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး တာတမံကြံခိုင်မှုနှင့် တာတမံအောက်ပိုင်းရှိ  ကျေးရွာများ ရေဘေးအန္တရာယ်အတွက် စိုးရိမ်ဖွယ်မရှိကြောင်း သိရှိရပါတယ်......
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sun, 10 Aug 2025 09:50:37 +0300
*တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ မြစ်ကြီးနားမြိုကို City of Charm အဖြစ် ပါဝင်ပြသရန် စီစဉ်နေ*

(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုကို မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို City of Charm အဖြစ် ခမ်းနားထည်ဝါစွာ ပါဝင်ပြသသွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲမှ သိရပါတယ်။
 
အဆိုပါကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြိုတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ ပြခန်းပေါင်း (၈၀) ပါဝင်ပြသသွားမည်ဖြစ်သည့်အပြင် ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင်ပြသသွားမည်ဖြစ်ပါတယ်။ 
 
ပြပွဲမှတစ်ဆင့် မြန်မာပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များ တရုတ်နိုင်ငံဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန် အခွင့်အလမ်းများရှာဖွေမှာဖြစ်သလို မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာများကိုလည်း ခင်းကျင်းပြသနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sat, 09 Aug 2025 16:44:19 +0300
ဇူလိုင်လအတွင်း အလင်းဝင်ရောက်မှု

#newsanalyticschannel #NAC
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sat, 09 Aug 2025 15:32:20 +0300
*ရုရှားဗဟိုဘဏ်က မြန်မာကျပ်ငွေကို တရားဝင်ငွေကြေးစာရင်းမှာ ထည့်သွင်းပြီး ငွေလဲနှုန်းသတ်မှတ်*

မြန်မာကျပ်ငွေအပါအဝင် နိုင်ငံခြားငွေကြေး ၁၂ မျိုးကို တရားဝင်ငွေကြေးစာရင်းမှာ ထည့်သွင်းပြီး ငွေလဲနှုန်းသတ်မှတ်လိုက်ကြောင်း ရုရှားဖက်ဒေရေးရှင်းဗဟိုဘဏ်က ထုတ်ပြန်လိုက်တယ်လို သိရပါတယ်။

ရုရှားဗဟိုဘဏ်ရဲ့ သြဂုတ်လ ၉ ရက်နေ့ တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းစာရင်းမှာ ဖော်ပြထားမှုအရ မြန်မာကျပ်ငွေ ၁၀၀၀ ကို ရုရှားငွေကြေး ၃၇.၉၉၀၃ ရူဘယ်နဲ့ ညီမျှတယ်လို သိရပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကစတင်ကာ လက်ခံအသုံးပြုလျက်ရှိတယ်လို ဆိုပါတယ်။

ရုရှားဖက်ဒေရေးရှင်းဗဟိုဘဏ်အနေနဲ့ ၎င်းတိုဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်းစာရင်းထဲ ထည့်သွင်းလိုက်တဲ့အထဲမှာ မြန်မာကျပ်ငွေအပြင် ဘင်္ဂလားဒေ့ရှ် တာကာ၊ ဘာရိန်း ဒီနာ၊ ဘိုလီးဗီးယား ဘိုလီးဗီယားနို၊ အိုမန်နီ ရီရယ်၊ ကျူးဘား ပီဆို၊ အယ်လ်ဂျီးရီးယား ဒီနာ၊ အီရန် ရီယယ်၊ အီသီယိုးပီးယား ဘီယာ၊ မွန်ဂိုးလီးယား ထူးဂရခ်၊ နိုင်ဂျီးရီးယား နိုင်ရာ နဲ့ ဆော်ဒီ ရီယယ်တိုလည်း ပါဝင်လာတယ်လို သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 08 Aug 2025 18:09:44 +0300
*အလုပ်သမားစေလွှတ်သည့် အေဂျင်စီ ၁၃၀ ကျော်ကို စေလွှတ်လချုပ်စာရင်းပေးပိုရန် သတိပေး*

၂၀၂၅ ခုနှစ် ဇူလိုင်လအတွက် ပြည်ပကို အလုပ်သမားစေလွှတ်သည့် အေဂျင်စီ (၁၃၀)ကျော်ကို စေလွှတ်လချုပ်စာ ရင်းပေးပိုရန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လအတွက် စေလွှတ်လချုပ်ပေးပိုရန် အေဂျင်စီ (၁၃၈)ခုရှိကြောင်း အဆိုပါအေဂျင်စီများအနေဖြင့် ယခုလတွင် ပေးပိုခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီးစေလွှတ်မရှိပါက မရှိကြောင်းပေးပိုရမည်ဖြစ်ပါတယ်။

ပြည်ပနိုင်ငံအသီးသီးကို အလုပ်သမားစေလွှတ်ခြင်းအတွက် အေဂျင်စီများအနေဖြင့် လစဥ်စေလွှတ်လုပ်သား စာရင်းများကို တင်ပြရခြင်းဖြစ်ပါတယ်။

လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် မိမိတိုစေလွှတ်ခဲ့သည့် အလုပ်သမားတစ်ဦးချင်းစီ၏ အမည်၊ မှတ်ပုံ တင်နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပကိုသွားရောက်သောနေ့စွဲ၊ ပြည်ပတွင်အလုပ်လုပ်နေသည့်အလုပ်အကိုင်နှင့် နေရပ်လိပ်စာအစရှိသည်တိုကိုစာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနကို ပေးပိုရခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 08 Aug 2025 18:08:48 +0300
*လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့ လာရောက်မည်*

မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဒါတွတ်ဆရီ မိုဟာမက်ဟာဆန်သည် ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်ဟု သိရပါတယ်။

အရေးပေါ်အခြေအနေကာလ ပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသစ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် ပုံရိပ်ရရှိရန် ဤခရီးစဉ်ကို စီစဉ်ခြင်းဖြစ်ကြောင်း ဟာဆန်က ပြောကြားခဲ့ပါတယ်။

“ဒါကို ကျွန်တော် လေ့လာချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေကို ရုပ်သိမ်းခဲ့တာ ဒါမှမဟုတ် သက်တမ်းတိုးခြင်း မရှိခဲ့တာပါ။ ဒါကြောင့် သူတို့ရဲ့ရွေးကောက်ပွဲဟာ ဘက်စုံပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်မဖြစ်ကို သူတို့နဲ့ ဆွေးနွေးချင်ပါတယ်” ဟု ၎င်းက ယနေ့ သောကြာနေ့ (ဩဂုတ် ၈ ရက်) တွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနေ့အခမ်းအနား တက်ရောက်ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 08 Aug 2025 07:45:15 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 08 Aug 2025 07:35:29 +0300
Подробнее
26.36 k
]]>
https://linkbaza.com/catalog/-1001877163493 Thu, 07 Aug 2025 17:33:38 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 07 Aug 2025 10:27:28 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 07 Aug 2025 07:06:24 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Wed, 06 Aug 2025 08:14:42 +0300
*တရုတ်နိုင်ငံကမဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို အမေရိကန်ဒေါ်လာ (၃) သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်*

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်မှစီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသိုအမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယမန်နေ့သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်းများအတွက်ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့် ဆက်စပ်သောပူးပေါင်းဆောင်ရွက်မှု ယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း (၉၈၄)ခုကို ပံ့ပိုးကူညီခဲ့ကြသည်ဟုအခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 05 Aug 2025 07:18:26 +0300
*ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။*


ခင်ညိုချော
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 05 Aug 2025 07:18:02 +0300
*ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ ကျင်းပ*

ပခုက္ကူ ဩဂုတ် ၅

PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူများမှ လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသူများအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၌ ကျင်းပပြုလုပ်ရာ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ *အလင်းဝင်ရောက်လာသူ PDF သင်တန်းဆင်းလူငယ် ၁၄ ဦး*နှင့်  အုပ်ထိန်းသူများ တက်ရောက်ကြသည်။

အလင်းဝင်ရောက်လာသူများက တပ်မမှူးထံ လက်ပစ်ဗုံး၊ ခဲယမ်းများအပ်နှံခဲ့ပါသည်။

တာဝန်ရှိသူများက အလင်းဝင်ရောက်လာသူများအား အသိပညာပေးဟောပြောခြင်း ဆန်၊ ဆီ၊ ဆားနှင့် ပဲများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

#ခင်ညိုချော
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 05 Aug 2025 06:52:04 +0300
ပြီးခဲ့တဲ့တစ်ပတ်က စစ်တုန်းက လူနာသစ်မတွေ့ရာကနေ ခုရက်သတ္တပတ်မှာတော့ ၄ ဦးထပ်တွေ့ပြန်ပီတဲ့...


ယခုလို မိုးဥတုမှာ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလွယ်စေတာ
မို့ ရိုးရိုးအအေးမိ နှာစေးရုံကနေလည်း အခြားရောဂါတွေ ဝင်ရောက်နိုင်တာမို့...

မပေါ့ဆကြနဲ့နော်..

*ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး*

#Sharing is Caring
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 04 Aug 2025 18:16:21 +0300
*မြန်မာ့ဆန်ကို ဥရောပ၊ အာဖရိက၊ အာရှ ဈေးကွက်များအထိ ချိတ်ဆက်တင်ပို့နိုင်ရန် ဆွေးနွေး*

မြန်မာ့ဆန်ကို ပြည်ပသို့တင်ပို့ရာတွင် တရုတ်နိုင်ငံတစ်ခုတည်းသာမကဘဲ ဥရောပ၊ အာဖရိက၊ အာရှ ဈေးကွက်များအထိ ချိတ်ဆက်ဆောင်ရွက်သင့်သည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI (မင်္ဂလာခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ ဆန်ကွဲများတင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် Sanitary and Phytosanitary-SPS Protocolဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲအတွင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 04 Aug 2025 07:33:55 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 04 Aug 2025 07:33:28 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 04 Aug 2025 06:49:36 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sat, 02 Aug 2025 16:25:35 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 01 Aug 2025 13:06:09 +0300
*တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တို့ ၏ သားအချို့ လည်း ပြည်သူ့စစ်မှုထမ်းတွင် ပါဝင်လာ*
01/08/2025

တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တို့ ၏ သားအချို့ လည်း ပြည်သူ့စစ်မှုထမ်းတွင် ပါဝင်လာကြောင်း NP News က စုံစမ်းထားသော အချက်အလက်များအရ သိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃) တွင် စတင်ပါဝင်လာခြင်း ဖြစ်ကာ ယင်းအမှတ်စဉ် ၏ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ပြေးမီဒီယာများတွင် တပ်မတော်ခေါင်းဆောင်များ ၏ သားများ မပါဝင်ကြောင်း ဝေဖန်ခဲ့ကြသော်လည်း ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် ၁၃ တွင် စတင်ပါဝင်လာခြင်း ဖြစ်သည်။

ယခုသင်တန်း အပတ်စဉ်တွင် မည်သည့် တပ်မတော်ထိပ်ပိုင်း အရာရှိကြီးများ ၏ သားများ ပါဝင်သည် ဆိုခြင်းကိုမူ NP News အနေဖြင့် သီးခြား အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။

လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော အရာရှိကြီး အချို့၏ သားတို့ပင် ပြည်သူ့ စစ်မှုထမ်းတွင် ယခုကဲ့သို့ ပါဝင်ထမ်းဆောင်လာကြသော်လည်း အနုပညာရှင်များထဲမှ ပါဝင်ထမ်းဆောင်သူကိုမူ မြင်တွေ့ရခြင်း မရှိသေးပေ။

#crd
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 01 Aug 2025 11:05:19 +0300
*ဇဝေဇဝါစိုးရဲ့သရုပ်မှန်*

# NUG အဖွဲ့ရဲ့ ကျန်းမာရေးနဲ့ပညာရေး ဝန်ကြီးဆိုတဲ့ ဒေါက်တာ ဇော်ဝေစိုး (ဇဝေဇဝါစိုး ) ရဲ့ သမိုင်းကြောင်း၊ နောက်ကြောင်းတွေကို NLD ဘက်တော်သားရဲရဲတောက် သက္ကမိုးညိုကဖော်ထုတ်ခဲ့ပြီး စာတစ်တန်ပေတစ်ရွက်နဲ့ ထောက်ပြပြောဆိုလာပါတယ်...

# သက္ကမိုးညိုရဲ့ပြောပြချက်အရ ဇဝေဇဝါစိုးရဲ့ ဆရာရင်းဟာ သစ္စာဖောက် ဖြိုးမင်းသိန်းဖြစ်ပြီး ဇဝေဇဝါစိုး ရန်ကုန်ဆေးတက္ကသိုလ် ဒုတိယပါချုပ်ဖြစ်နေချိန်မှာ ဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ချိတ်ဆက်ပေးခဲ့လို့  ဒေါ်စု အနားကိုရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ မှာတော့ ဇဝေဇဝါစိုး တစ်ယောက် တတိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ပြီး တပ်မတော်အစိုးရ နစက ကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်....

# ဇဝေဇဝါစိုးဟာ NLD အစိုးရလက်ထက်မှာ ကိုဗစ်ဆေးထိုးရေးလုပ်ငန်းများအတွက် တာဝန်ပေးအပ်ခံထားရပြီး နိုင်ငံတကာ ပေးအပ်ခဲ့တဲ့ အကူအညီတွေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးရဲ့ ရန်ပုံငွေ ဘတ်ဂျက်တွေကို အကြီးအကျယ် အလွဲသုံးစားလုပ်ခဲ့တယ်လို့ အထောက်အထားနဲ့တကွ သက္ကမိုးညိုက ပြောပါတယ်...

ဇဝေဇဝါစိုးဟာ ၂၀၂၁ ခုနှစ်တပ်မတော်က အာဏာထိန်းလိုက်တဲ့အချိန်မှာ ယုတ်မာရိုင်းစိုင်းစွာ စာရင်းဇယားတွေဖျက်ဆီးခဲ့ပြီး နစကအစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ရပ်တွေကို နှောက်ယှက်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်...

# သက္ကမိုးညိုကတော့ ဇဝေဇဝါစိုးကို နာမည်တပ်ပြီး ထောက်ပြပြောဆိုနေတော့  သက္ကမိုးညိုကို နစကအစိုးရရဲ့ ဒလန်လို့ ယူဆပြီး နီပိတ်များကဆဲဆိုနေကြပေမယ့်  ဇဝေဇဝါစိုးနဲ့ပက်သက်တဲ့ အချက်အလက်တွေကတော့ အမှန်အကန်ဖြစ်တာကြောင့် သက္ကမိုးညိုရဲ့ ထိုးနှက်ချက်တွေဟာ NUGနဲ့ ဇဝေဇဝါစိုးအတွက် အထိနာလျက်ရှိပါတယ်....

ခင်ညိုချော
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 01 Aug 2025 06:48:07 +0300
ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။

ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၄၂၄) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်းပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းကလည်း ပြည်တွင်းသို နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၃)စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇)စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 18:37:06 +0300
အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဘာတွေရှိသလဲ?
-
ခင်ညိုချော
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 18:03:09 +0300
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အရေးပေါ် အခြေအနေကြေညာခြင်း။
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 11:55:02 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 09:23:03 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 09:17:38 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 09:14:49 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 08:51:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 06:08:48 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 31 Jul 2025 06:06:21 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Wed, 30 Jul 2025 17:54:19 +0300
Подробнее
21.57 k
]]>
https://linkbaza.com/catalog/-1001877163493 Wed, 30 Jul 2025 08:09:07 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 29 Jul 2025 11:38:48 +0300
ဇူလိုင်လ ၂၈ ရက်တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Technical Forum) ဖွင့်ပွဲ အခမ်းအနားမှ ကောက်နုတ်ချက်
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 29 Jul 2025 11:36:45 +0300
ရခိုင်လက်နက်ကိုင် AA က ဘင်္ဂါလီများကို အကြီးအကျယ်ဖိနှိပ်နေပြီး အဓမ္မစစ်မှုထမ်းခြင်းစသည့် ဆိုးရွားစွာဆက်ဆံခြင်းများ ကျူးလွန်နေ

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင်လက်နက်ကိုင် (AA) သည် ဘင်္ဂါလီများအပေါ် ပြင်းထန်သော ကန့်သတ်မှုများနှင့် ဆိုးရွားသော ဖိနှိပ်မှုများကို ကျူးလွန်နေကြောင်း Human Rights Watch က ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထိုထုတ်ပြန်စာတွင် အစွန်းရောက်ရခိုင် ထွန်းမြတ်နိုင်ဦးဆောင်သည့် AA သည် ရခိုင်ပြည်နယ်တွင် ထိန်းချုပ်ထားနိုင်သောဒေသများမှ ယာယီထိန်းသိမ်းရေးစခန်းများနှင့် ကျေးရွာများရှိ ဘင်္ဂါလီအရပ်သားတွေအပေါ် စစ်ဥပဒေတွေကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်းနှင့် AA က ဘင်္ဂါလီအရပ်သားများကို ပြန်ပေးဆွဲ၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုနှင့် ခေါင်းဖြတ်သတ်ဖြတ်မှု အပါအဝင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်သည်ဟု ပြောကြားအပြီး တစ်ပတ်အကြာတွင် Human Rights Watch ကပါ ပြောကြားလာခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 28 Jul 2025 18:37:18 +0300
NLD အစိုးရလက်ထက်တွင် ပယ်ဖျက်ခဲ့သော ဆိပ်ကမ်းမြို့နယ်ကို ပြန်ဖွဲ့စည်းမည့်အပြင် လှိုင်သာယာအရှေ့ နှင့် အနောက်ကိုလည်း ပြန်ပေါင်းမည်

NLD အစိုးရလက်ထက်တွင် ပယ်ဖျက်ခဲ့သော ဆိပ်ကမ်းမြို့နယ်ကို ပြန်ဖွဲ့စည်းမည့်အပြင် လှိုင်သာယာမြို့နယ် ကိုလည်း အရှေ့ပိုင်း နှင့် အနောက်ပိုင်းဟု မြို့နယ်နှစ်ခု ခွဲထားရာမှ ပြန်ပေါင်းမည်ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်ရှိ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ကာ ယင်းမြို့နယ်အတွင်းက မော်တင်ယာယီစျေးရပ်ကွက်ကို လမ်းမတော်မြို့နယ်အတွင်းသို့ ထည့်သွင်းဖွဲ့စည်းပြီး ဆိပ်ကမ်းမိသားစုရိပ်သာ၊ ရဲရိပ်သာ ရပ်ကွက်နှင့် ရေပိုင်နက် ၁၀၄ စတုရန်းမိုင်ကို ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းသို့ ထည့်သွင်းခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် လှိုင်သာယာမြို့နယ်ကိုလည်း လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ဟု ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 28 Jul 2025 18:36:47 +0300
*ထိုင်းနှင့် ကမ္ဘောဒီးယားအရေး မလေးရှားမှာ နှစ်ဦးနှစ်ဘက် တွေ့ဆုံ ဆွေးနွေး*

ထိုင်းနှင့် ကမ္ဘောဒီးယားတိုအကြား ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ၊ မလေးရှားနိုင်ငံတွင် ဇူလိုင် ၂၈ ရက်က နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရပါတယ်။

အဆိုပါ ထိုင်းနှင့် ကမ္ဘောဒီးယားတို အပစ်ရပ်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီးနောက် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါက ကမကထပြုလုပ်ကာ ယခုလို တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လာခြင်းဖြစ်ပါတယ်။

ထိုသို မလေးရှားနိုင်ငံကို ကြားနိုင်ငံဖြစ် ဖိတ်ခေါ်ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲတွင် မည်သည့်ရလာဒ်မျိုး ထွက်ပေါ်ခဲ့သည်ကိုတော့ မသိရသေးဘဲ ယင်းဆွေးနွေးပွဲသို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကိုယ်တိုင် တက်ရောက်ခဲ့သလို ထိုင်းနိုင်ငံဘက်ကလည်း ယာယီဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်းတို တက်ရောက်ခဲ့ကြသည်ဟု သတင်းဖော်ပြမှုများအရ သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 28 Jul 2025 15:51:17 +0300
နုတ်ထွက်ပေးဖို့ ဆန္ဒပြခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရန်ဖြစ်နေတဲ့ အာဆီယံ နှစ်နိုင်ငံ လက်ဆွဲနှုတ်ဆက်နေပါပြီ…
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 28 Jul 2025 11:37:05 +0300
*မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ်နုတ်ထွက်ရေးအတွက် လူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ*

ဇူလိုင် ၂၇

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကို ရာထူးမှနုတ်ထွက်ဖို့ သိန်းနဲ့ချီတဲ့ပြည်သူတွေဟာ ဇူလိုင် ၂၆ ရက်မှာ ဆန္ဒပြခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ “Turun Anwar” အမည်ရှိ ဆန္ဒပြလှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အဲဒီဆန္ဒပြလှုပ်ရှားမှုကို မလေးရှားဝန်ကြီးချုပ်ဟောင်းနှစ်ဦးနဲ့အတူ နိုင်ငံရေးပါတီများ၊ လူ့အခွင့် အရေးလှုပ်ရှားသူများ၊ NGO အဖွဲ့များ၊ ကျောင်းသားများနဲ့ ပြည်သူ သုံးသိန်းနီးပါးက ကွာလာလမ်ပူမြို့ရှိ နေရာ (၅)ခု မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူများဟာ လက်ရှိအစိုးရမှာ စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်များကို အဓိကထား ကန့်ကွက်ခဲ့ကြပြီး ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ လျှပ်စစ်ဓာတ်အားခ တိုးမြင့်ခြင်း၊ လောင်စာဆီ ထောက်ပံ့ကြေး လျှော့ချခြင်း၊ အလုပ်အကိုင်အခွင့်လမ်း နည်းပါးခြင်း၊ စီးပွားရေး စီမံခန့်ခွဲမူ အားနည်းခြင်း စတဲ့ကိစ္စရပ်များကို အဓိကထားပြီး ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ်ဟောင်းများဖြစ်ကြတဲ့ မဟာသီယာ မိုဟာမက်နဲ့ မူဟစ်ဒင် ယာဆင် တို့ကလည်း မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ လက်ရှိအချိန်မှာ နိုင်ငံစီးပွားရေး ပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်နေတယ်လို့ စွပ်စွဲမှုများရှိနေပြီး ပြည်သူလူထုရဲ့ဒုက္ခများကို နားလည်ပြီး ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေး တောင်းဆိုနေခြင်းလည်းဖြစ်ပါတယ်။

#နိုင်ငံတကာသတင်း
#NP
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 28 Jul 2025 11:25:56 +0300
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ပြောကြားချက်တွေအရ....

*၎င်းတို့သည် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်သူများဖြစ်ပြီး အကြမ်းဖက်သမားများ ရောက်ရှိလာကာ ၎င်းတို့အဖွဲ့ထဲ မဝင်ရောက်ပါက မိဘဆွေများများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကို ခံခဲ့ရကြောင်း*

*အကြမ်းဖက်သမားများသည် ငွေရေးကြေးရေးအခက်အခဲများကြောင့် စားသောက်နေထိုင်ရာတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် ပင်ပင်ပန်းပန်း နေထိုင်ခဲ့ရကြောင်း*

*ယင်းအပြင် ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြား ဆက်ဆံခံရခြင်းများရှိကြောင်း*

*တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) များ ဆင်နွှဲမှုတွင် အကျအဆုံးများ များပြားလာခြင်းများကြောင့် စိတ်ဓာတ်များ ကျဆင်းလာ​ခြင်း*

*မိသားစုများနှင့် နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုပြီး တောထဲ၌ နေထိုင်လိုမှုမရှိခြင်း*

*၎င်းတို့၏လုပ်ရပ်များသည် ပြည်သူလူထုအတွက် များစွာထိခိုက်နစ်သည်ကို သိရှိနားလည်သဘောပေါက်လာခြင်းကြောင့် ၎င်းတို့လုပ်ရပ်များကို စိတ်ပါဝင်စားမှုမရှိတော့ခြင်း*တို့ကြောင့်...

ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်ထွက်ခွာလာကာ နီးစပ်ရာ တပ်မတော်စခန်းများမှတဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်...

ခင်ညိုချော
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 28 Jul 2025 10:59:04 +0300
*နိုင်ငံရေးပါတီများ၏ လက်ရှိအခြေအနေ*

#NAC
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 28 Jul 2025 10:10:28 +0300
*ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးဆီ ရှေးရှုသည့် BRI ထီးရိပ်အောက်က CMEC*

CMEC စင်္ကြံဆိုသည်ကို မြင်ကြည့်လျှင် Y ပုံသဏ္ဍာန်ရှိပြီး ကီလိုမီတာ ၁၇၀၀ အရှည်ရှိပါတယ်.. လမ်းကြောင်းဟာ တရုတ်နိုင်ငံ ယူနန်ခရိုင်မြို့တော် ကူမင်းမြို့မှ စတင်ပြီး တရုတ်-မြန်မာနယ်စပ်ကို မူဆယ်မှာ ဖြတ်ပြီး မန္တလေးအထိ၊ ထိုမှနှစ်ပိုင်းခွဲကာ မူလတစ်ကြောင်းအဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမှသည် ဘင်္ဂလားပင်လယ်အော်အထိ လည်းကောင်း၊ နောက်တစ်ကြောင်းက မန္တလေးမှ ကုန်သွယ်မြို့တော် ရန်ကုအထိလည်းကောင်းဖြစ်ပါတယ်…

လမ်းကြောင်းတွေကြောင့် ဥရောပ၊ အာဖရိကအထိ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုလမ်းကြောင်းအရှည် ဟာ ကီလိုမီတာ ၃၀၀၀ ခန့် လျော့နည်းသွားတယ်လို့ ဆိုပါတယ်…

တရုတ်နိုင်ငံ BRI အောင်မြင်ရေးတွင် အိန္ဒိယသမုဒ္ဒရာဆီ ဝင်ပေါက်၊ ထွက်ပေါက်သဖွယ် ဖြစ်နေတဲ့ မြန်မာနိုင်ငံပါဝင်နေတဲ့ တရုတ်-မြန်မာ CMEC ကို အမြန်အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီး ပါတယ်…

ဒါကြောင့်လည်း အဆိုပြုစီမံကိန်း ၃၃ ခုအနက် နယ်ပယ် ၉ ခုကို လွှမ်းခြုံသည့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ ဘီလီယံရှိသည့် စီမံကိန်းတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်..

ခင်ညိုချော
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 28 Jul 2025 08:58:07 +0300
KNLA ၊ PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော အပြစ်မဲ့ရွာသူ၊ ရွာသားများအား ယခုကဲ့သို့ ဆင်ခြင်တုံတရားမဲ့စွာဖြင့် လူမဆန်စွာပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်း ဖြစ်ပါတယ်...
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sun, 27 Jul 2025 15:55:00 +0300
.

☯️

ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ မိုဒီက 75% ယုံကြည်မှုအရှိဆုံးနဲ့ ထိတ်ဆုံးကနေပြီး၊ ထရမ့်က 44% နဲ့ ယုံကြည်မှု အနည်းဆုံးဖြစ်နေပါတယ်၊


.
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sun, 27 Jul 2025 07:03:02 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Sun, 27 Jul 2025 07:00:41 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 25 Jul 2025 11:38:10 +0300
*အသက်ကို မဓာနမထားဘဲ သစ္စာ(၄)ချက် ရွတ်ဆိုကြသည့် တပ်မတော်သားကောင်းရတနာများ ပီပီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ရွပ်ရွပ်ချွံချွံဖြင့် မြို့တွင်းခုခံစစ်မှ တန်ပြန် တိုက်စစ်ဖြင့် တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၉ ရက် မှ ၂၂ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် အထိအခိုက် အကျအဆုံးများစွာ ဖရိုဖရဲ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရ*
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 25 Jul 2025 11:37:03 +0300
*နာဂတိုင်းရင်းသားများကို လူသစ်စုဆောင်းသည့် KIA အဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း နာဂကျောင်းသားများ အဖွဲ့အစည်းက ထုတ်ပြန်*

နာဂတိုင်းရင်းသားများကို လူသစ်စုဆောင်းခြင်းနှင့် နယ်မြေကျူးကျော်ခြင်းများ ပြုလုပ်နေသည့် KIA အဖွဲ့၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း နာဂကျောင်းသားများအဖွဲ့အစည်းက ဇူလိုင်လ (၂၂)ရက်က ထုတ်ပြန်ထားပါတယ်။

နာဂကျောင်းသားများအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် KIA အနေဖြင့် နာဂလူငယ်များကို ရွှေမှော်၊ ကျောက်မှော်များမှတဆင့် အဓမ္မ ဖမ်းဆီးနေပြီး နာဂရွာများမှလည်း တပ်သားသစ် စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။

ယင်းသို့ KIA က လုပ်ဆောင်နေခြင်းကြောင့် ရာနှင့်ချီသည့် နာဂလူငယ်အများအပြားသည် ဆန္ဒမပါဘဲ KIA အဖွဲ့ထံ ဝင်ရောက်နေရပြီး အချို့ နာဂလူငယ်များသည် သတင်းအစအနပင်မရရှိဘဲ ပျောက်ဆုံးနေကြောင်းနှင့် အချို့လည်း လူသားဒိုင်းအဖြစ် အသုံးချခံနေရကြောင်း နာဂကျောင်းသားများအဖွဲ့အစည်းက ရေးသားဖော်ပြထားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 25 Jul 2025 10:46:00 +0300
*အိမ်နီးချင်းကောင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တာ ဝမ်းသာစရာသတင်းကောင်း ဖြစ်ပါတယ်*
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 25 Jul 2025 10:27:59 +0300
*နစကဥက္ကဋ္ဌ နှင့် အမေရိကန်သမ္မတတို အပြန်အလှန်စာပိုခဲ့ကြပြီးနောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆိုမှုအချိုကို ပယ်ဖျက်ပေးလာ*

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တိုအကြား ကုန်သွယ်ရေးအကြောင်းပြုသည့် အကြောင်းကြားစာ/သဝဏ်လွှာများ အပြန်အလှန် ဆက်သွယ်ပေးပိုခဲ့ကြပြီးနောက် ဂျိုးဘိုင်ဒင်အစိုးရလက်ထက်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆိုမှုအချိုကို ပယ်ဖျက်ပေးလာခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့ (ဇူလိုင် ၂၄ ရက်) တွင် ထုတ်ပြန်သော အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးပိတ်ဆိုမှုဆိုင်ရာ ရုပ်သိမ်းမှု ထုတ်ပြန်ချက်အရ ယခုဖြေလျှော့မှုထဲတွင် KT Services & Logistics နှင့် ၎င်း၏တည်ထောင်သူ ဦးဂျွန်နသန်မျိုးကျော်သောင်း၊ MCM Group နှင့် ၎င်း၏ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နှင့် ၎င်း၏ပိုင်ရှင် ဦးစစ်တိုင်းအောင်တိုအပြင် ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ ဒေါ်တင်လတ်မင်းတို ပါဝင်ခဲ့သည်ကို တွေ့ရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 25 Jul 2025 09:54:24 +0300
*ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံရှိမြန်မာပြည်သူများ အခက်အခဲရှိပါက သံရုံးများကို ဆက်သွယ်ရန် ဗိုလ်ချုပ်ဇော်မင်းထွန်းပြော*

လတ်တလောဖြစ်ပွားနေသည့် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို၏ ပဋိပက္ခဖြစ်စဥ်အတွက် မြန်မာနိုင်ငံ၏သဘောထားနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှရှင်းလင်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတိုသည် မြန်မာ နိုင်ငံနှင့်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်ကာ အာဆီယံမိသားစုဝင်နိုင်ငံများလည်းဖြစ်၍ လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခအား ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းနိုင်မည်ကို မြန်မာနိုင်ငံအနေဖြင့်ယုံကြည်သည်ဟု ပြောပါတယ်။

ထိုပြင် ယင်း နိုင်ငံများတွင်ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများအနေဖြင့် မိမိလုံခြုံရေးကို ဂရုပြုကြရန်နှင့် အခက်အခဲရှိပါက ယင်း နိုင်ငံများရှိ မြန်မာသံရုံး၊ စစ်သံရုံးတိုသိုဆက်သွယ်အကူအညီတောင်း ခံနိုင်သည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Fri, 25 Jul 2025 09:51:51 +0300
အကြမ်းဖက် NUG ကို ထိတွေ့ဆက်ဆံတဲ့အတွက်...
တီမောလက်စ်တေနိုင်ငံ အာဆီယံဝင်ဖို့ မြန်မာနိုင်ငံက မထောက်ခံပါ...

မြန်မာထောက်ခံမှုကို လိုချင်ရင်...

အာဆီယံ ပဋိညာဉ်ထဲက *အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်* ဆိုတဲ့အချက်ကို လိုက်နာလက်ခံဖို့ လိုအပ်မယ်...
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 24 Jul 2025 11:42:47 +0300
*မြေပြင်မှာတော့ ယခုထက်မက သေဆုံး၊ ဒဏ်ရာရတွေ ပိုများနိုင်ပါတယ်*
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Thu, 24 Jul 2025 03:48:29 +0300
တပ်မတော်က ၁၅ ရက်အတွင်း သပိတ်ကျင်းမြိုကို တတိယမြောက်မြိုအဖြစ် ပြန်လည်တိုက်ခိုက်သိမ်းယူ

ပြည်ပနိုင်ငံ ထောက်ကူမှုတွေပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ မြိုများစွာ လက်လွှတ်ခဲ့ရပေမဲ့ တပ်မတော်က PDF နဲ့ လက်နက်ကိုင်တွေ လက်အောက် ကျရောက်နေတဲ့ မြိုတွေကို ဆက်တိုက်ပြန်လည်သိမ်းယူနေရာမှာ ဒီလထဲမှာပဲ ၁၅ ရက်တာကာလအတွင်း တတိယမြောက်မြိုသိမ်းယူမှုအဖြစ် သပိတ်ကျင်းမြိုကို ပြန်လည်တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်ပါတယ်။

တပ်မတော်ဟာ ကယားလက်နက်ကိုင် KNDFနဲ့ PDF တွေ သုံးနှစ်ကျော်တိုက်ခိုက်ပြီး တစ်နှစ်ကျော် သိမ်းယူထားတဲ့မိုးဗြဲမြိုကို ပြီးခဲ့တဲ့ ဇူလိုင်၇ရက်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာလည်း ​နောင်ချိုမြိုကို သိမ်းယူ ကြီးစိုးထားတဲ့ TNLA,DPLAနဲ့MDY PDF တိုကို နောင်ချိုမြိုက ပြန်လည်တိုက်ထုတ် သိမ်းပိုက်ခဲ့ပါတယ်။

နောင်ချိုအောင်ပွဲ ထုတ်ပြန်ပြီးလို ခြောက်ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်မှာပဲ သပိတ်ကျင်းမြိုကို သိမ်းယူထားတဲ့ NUG ရဲ့PDF တွေ TNLA အပြင် MDY PDF တိုဟာ တပ်မတော်ရဲ့ ထိုးစစ်ကိုမခံနိုင်ဘဲ အကုန်ထွက်ပြေးကြလို တပ်မတော်က ၁၅ ရက်အတွင်း မြိုသုံးမြိုဆက်တိုက် သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Wed, 23 Jul 2025 17:57:53 +0300
*အလင်းဝင်တာ မြန်လေ..အသက်အန္တရာယ်အတွက် အာမခံချက်ရှိလေပါပဲ*...

ခင်ညိုချော
Подробнее
48.52 k
]]>
https://linkbaza.com/catalog/-1001877163493 Wed, 23 Jul 2025 03:41:14 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 22 Jul 2025 09:06:22 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 22 Jul 2025 08:08:23 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Tue, 22 Jul 2025 05:11:31 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 21 Jul 2025 15:46:48 +0300
*ဓာတ်ပုံအထောက်အထားနဲ့ သိချင်ရင် တိုက်ပွဲသတင်းစုံ Telegram Channel...

https://t.me/combatnews7723 မှာ သွားကြည့်လို့ရပါတယ်*
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 21 Jul 2025 15:19:43 +0300
*မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး ၎င်း၏သံမတ်ခန့်အပ်လွှာအား ထိုင်းနိုင်ငံဘုရင်မင်းမြတ်ထံ ပေးအပ်*

ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုb န်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua ထံသို့ ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ၂၀၂၅ ခုနှစ် မတ်လအတွင်းက  ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

ထို့နောက် မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲ ဖြစ်သူ Mr. Chakkrid Krachaiwong ထံ ၂၀၂၅ ခုနှစ်၊မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ ၎င်း၏ခန့်အပ်လွှာမိတ္တူကို ပေးအပ်ခဲ့ကာ ယခုမှသာ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

#News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 21 Jul 2025 15:15:58 +0300
*ဆန္ဒအလျောက် ပြည်သူ့စစ်မှုထမ်းရန်ဝင်ရောက်မှု ပေါက်မြို့နယ်၌ မြင့်တက်နေ*

21/07/2025
Pearl (NP News)မကွေးတိုင်း‌ဒေသကြီး ပေါက်မြို့နယ်တွင် ရပ်ရွာဒေသကာကွယ်ရန် မိမိဆန္ဒအလျောက် ပြည် သူ့စစ်အတွင်းသို့ ဝင်ရောက်လိုသူ များလာကြောင်း ဒေသခံများထံမှ သိရပါတယ်..

ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာဆက်လမ်းများ၊ ကားလမ်မများအတွင်း မိုင်းထောင်မှုများ ကြောင့် ဒေသခံများအနေဖြင့် သွားရေးလာရေး ခက်ခဲသည့်အပြင် စိုက်ပျိုးမြေများတွင်လည်း မိုင်း ထောင်မှုများပြုလုပ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းအများစု လုပ်ကိုင်ရာတွင် အခက်အခဲများ ကြုံ တွေ့နေရသည်မှာ (၃)နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်..

"စိုက်ပျိုးမြေတွေ မစိုက်ပျိုးဖြစ်ကြတော့ဘူး။ မိုင်းကွဲတာနဲ့ ဘာနဲ့ ဆိုတော့။ ရွာနဲ့ အနီးအနားက အခင်းတွေလောက်ပဲ စိုက်နိုင်တယ်။ ချဉ်ပေါင်ပင်တို့ ဘူးပင်တို့ စပါးတို့ပေါ့။ အခက်အခဲတွေက မျိုးစုံပါ ပဲ။ စိုက်ပျိုးရေးတွေမလုပ်နိုင်တာ (၃) နှစ် (၄) နှစ်ဖြစ် ပြီ။ ဒေသခံတွေကတော့ အကြောက်တရားနဲ့ သွား ရလာရ ဖြတ်သန်းရတာပေါ့။ (၂၀၂၁)၊ (၂၀၂၂)၊ (၂၀၂၃) ခုနှစ်တွေမှာ သူတို့ သိပ်မသိသေးဘူး။ (၂၀၂၄ ) မှာ နည်းနည်းလေး PDF တွေရဲ့ လုပ်ရပ်တွေ သိလာတယ်။ (၂၀၂၅) ခုနှစ်မှာ လုံးဝကို စစ်မှုထမ်းလိုစိတ်များ လာတယ်။ မြေပြင်မှာ ဖြစ်ပျက်နေ တာကိုတော်တော်များများ သိသွားကြပြီလေ။ ကိုယ့် ရွာ ကိုယ့်ဒေသ ပျက်စီးမှာလည်းကြောက် PDF တွေ ရဲ့လုပ်ရပ်တွေလည်း တဖြည်းဖြည်း သိလာရတဲ့အခါကျတော့ သူတို့ ရဲ့စိတ်က အလိုလို ကာကွယ်ချင်စိတ် ဖြစ်ကုန်တာ။ တော်တော်များများဆိုရင် မစည်းရုံးရဘူး” ဟု ပြည် သူ့စစ်အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်..

လက်ရှိတွင် ဒေသခံများအနေဖြင့် PDF အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရပ်ရွာဒေသ ကာကွယ်ရန် မိမိဆန္ဒအလျောက် ပြည်သူ့စစ်အတွင်း ဝင်ရောက်လိုသူ၊ စစ်မှုထမ်းလိုသူများလာကြောင်း လည်း သိရပါတယ်...

“အကုန်လုံးက တစ်သွေးတည်းတစ်သားတည်းဖြစ်သွားတယ်။ ကိုယ့်ရွာ ကိုယ့်ဒေသ ပျက်စီးမယ်ဆိုတာ တော်တော်များများက လက်မခံချင်တော့ဘူး။ အရင်ကဆို အနီအားပေးတယ်ဆိုရင် တောင် အခုနောက်ပိုင်းမှာ သူတို့ကို စည်းရုံးစရာတောင်မလိုတော့ဘူး။ ပြည်သူ့စစ်လုပ်ပါလား စစ်မှု ထမ်းပါလား စည်းရုံစရာတောင် မလိုတော့ဘူး။ ပြောစရာ မလိုတော့ဘူး။ သူတို့စိတ်ခံစားချက်ကိုက ကိုယ့်ဒေသ မီးရှို့ခံရမှာတို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း မီးရှို့ခံရမှာတို့ သူတို့အတွေးမှာ ဖြစ်လာပြီ။ အဲဒါကြောင့် ပြည်သူ့စစ်အင်အားကကောင်းကြတယ်။ ဒါပေမဲ့ ခဲယမ်းအတွက် နည်းနည်း ပြဿနာ ရှိ တယ်။ စားနပ်ရိက္ခာလည်း အခက်အခဲတော့ရှိတာပေါ့။ စစ်ကြောင်းလာမှ ဈေးတွေလည်းဝယ်ရ (၃) လစာ ၊ (၄) လစာပေါ့။ အဓိကကတော့ ဆားပေါ့။ ဆားရှိရင်တောင် စားရသောက်ရ အဆင်ပြေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ် .

PDF အဖွဲ့အနေဖြင့် ပေါက်မြို့နယ် အ တွင်းရှိ အချို့ကျေးရွာများအတွင်းသို့ ဒရုန်းများဖြင့် ဗုံးသီး များ၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုများ မကြာခဏပြုလုပ်လျက်ရှိပြီး ကျေးရွာဆက်လမ်းများ၊ ကားလမ်းမများတွင် မိုင်းထောင်သည့်အခါအတွင်လည်း (၂)ဆင့်၊ (၃)ဆင့် ထပ်၍ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်...

#crd NP News
Подробнее
]]>
https://linkbaza.com/catalog/-1001877163493 Mon, 21 Jul 2025 13:11:53 +0300
*ပလောင်က သူ့နယ်မြေတိုးချဲ့ဖို့ ဗမာ PDF တွေကို အသုံးချနေတာ.... စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်*
Подробнее
66.35 k
]]>
https://linkbaza.com/catalog/-1001877163493 Mon, 21 Jul 2025 05:33:50 +0300
*EAOs နဲ့ NUG အသုံးချခံ PDF များ အလင်းဝင်ရောက်မှုပိုမိုများပြားလာ*


##နောင်ချိုမြို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိပြီးနောက် .TNLAနဲ့ပူးပေါင်းခဲ့တဲ့ DPLA နဲ့ MDY-PDF အဖွဲ့ဝင်တွေ အလင်းဝင်ရောက်မှု ပိုမိုများပြားလာပါတယ်.......


*** ဇူလိုင်လ ၁၆ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF အဖွဲ့ဝင် အမျိုးသား ၅ ဦး။


**ဇူလိုင်လ ၁၇ ရက်တွင် နောင်ချိုမြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင်အမျိုးသား ၄ ဦး၊ DPLA အဖွဲ့ဝင်အမျိုးသား ၅ ဦးနှင့် MDY-PDF အဖွဲ့ဝင်အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၄ ဦး။


**ဇူလိုင်လ ၁၈ ရက်တွင် DPLA အဖွဲ့ဝင်အမျိုးသား ၅ ဦး၊ MDY-PDF အမျိုးသား ၁၀ ဦး၊ စုစုပေါင်း၁၅ဦး

ပူတာအိုမြို့တွင်လည်း KIA အဖွဲ့ဝင်အမျိုးသား ၆ ဦးနှင့် KPF အဖွဲ့ဝင်အမျိုးသား ၄ ဦး၊ စုစုပေါင်း ၁၀ ဦး။ 
 

**ဇူလိုင်လ (၁၉)ရက်နေ့တွင် DPLA အဖွဲ့မှ အမျိုးသား(၁၁)ဦး၊အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၁၂)ဦးတို့သည် Type-81အမျိုးအစား ၊‌ေ-သ နတ် ၁၂လက် ၊ ကျည် ၁၅၁၅တောင့်၊ ကျည်အိမ် ၂၁ ခု ၊ MA-1 အမျိုးအစား‌‌ေ-သနတ်  ၁ လက်တို့နှင့်အတူ ဥပဒေဘောင်အတွင်းထပ်မံဝင်ရောက်ခဲ့ရာ ပြင်ဦလွင်မြို့သို့ပြန်လည်ရောက်ရှိ


##EAOsအဖွဲ့တွေနဲ့ ပူးပေါင်းနေတဲ့ PDFများအနေနဲ့ နွေဦးတော်လှန်ရေးအမည်ခံပြီး EAOs အဖွဲ့တွေရဲ့နယ်မြေထိန်းချုပ်ရေး တိုက်ပွဲများမှာ အသုံးချခံ ဖြစ်နေတာ ကို နားလည်သိရှိလာကြပြီဖြစ်ပါတယ်....


##NUG ရဲ့ လွဲမှားတဲ့ လက်နက်ကိုင်လမ်းစဉ်ကြောင့် စိတ်ခံစားချက် ပြင်းထန်တဲ့ လူငယ်တွေကို PDF အမည်ခံပြီး မြေပြင်တိုက်ပွဲများမှာ စတေးခံဖြစ်နေတာကို ခေတ်ပညာတက်လူငယ်တွေ နားလည်သဘောပေါက်ပြီး တောထဲကနေ မိဘ ရင်ခွင်ကိုပြန်လည်ရောက်ရှိလာကြတာ ဝမ်းသာစရာသတင်းကောင်းဖြစ်ပါတယ်
Подробнее
32.65 k
]]>