Лента постов канала နရီမိုး (@Nyemoee) https://t.me/Nyemoee ru https://linkbaza.com/catalog/-1001943359091 Fri, 22 Aug 2025 18:46:04 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Fri, 22 Aug 2025 15:18:47 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Fri, 22 Aug 2025 07:39:16 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Fri, 22 Aug 2025 06:17:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Fri, 22 Aug 2025 05:48:01 +0300
Подробнее
28.76 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 22 Aug 2025 04:02:02 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Fri, 22 Aug 2025 02:15:16 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Thu, 21 Aug 2025 07:33:47 +0300
ရွေးကောက်ပွဲနဲ့ပတ်သက်ရင် နိုင်ငံတကာ အနေနဲ့ စောင့် ကြည့်မှာက အချက် ၂ ချက်တည်းရှိတယ်။

တစ်ချက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံတဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်၊
ဒုတိယအချက်က တရားမျှတမှုနဲ့ လွတ်လပ်မှု ရှိ၊ မရှိ။ ဒီ နှစ်ချက်တည်း။

ဆိုတော့ လက်ရှိအစိုးရ ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ကြိုက်တဲ့အကြောင်းပြချက်နဲ့ -င်ကုန်းအော် ဒီမိုကရေစီရဲ့ အသက်က ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို လက်ခံတဲ့ နိုင်ငံတကာ အနေနဲ့ ကန့်ကွက်တဲ့သူတွေကိုသာ သောက်ပေါတွေလို့ပဲ မြင်လိမ့်မယ်။ ဒါ့ကြောင့်လည်း ရွေးကောက်ပွဲကို ဘယ်နိုင်ငံတကာမှ မတားဘူး။ All inclusive ဖြစ်ဖို့ပဲ ဇောင်း ပေး ပြောနေကြတာ တွေ့လိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ သမိုင်းကြောင်းအရ ဘယ်တုန်းကမှ မဲဆန္ဒနယ် အားလုံးကို တင်းပြည့်ကျပ်ပြည့် မကျင်းပနိုင်ခဲ့ဘူး။ ကုန်ကုန်ပြောရရင် ဒီမိုကရေစီ အစိုးရပါလို့ ညွှန်းဆိုကြတဲ့ NLD လက်ထက်မှာတောင် မဲဆန္ဒနယ် ၃၃၀ စလုံး မကျင်းပနိုင်ဘူး။ ခုလက်ရှိ အစိုးရဘက်က ပဏမ ပြောထားတာက ၂၆၀ ကျော်။ ဒီဇင်ဘာလောက်မှာ အနည်းဆုံး ၃၀၀ နီးနီး ကပ်နိုင်ရင်ကို အဆင်ပြေတယ်။ ဒါက ပထမအချက်ကို ကာနိုင်မယ့် အခင်းအကျင်း။

ဒုတိယ အချက်ကတော့ နိုင်ငံတကာက လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ များများ ဖိတ်ခေါ်၊ ပြည်တွင်း အဖွဲ့တွေပါ ပေါင်းပြီး Fair ဖြစ် မဖြစ် စောင့်ကြည့်စေဖို့ပဲ။ ဒီကြားထဲ ပြဿနာ ပေါ်လာရင်လည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပေါ့လေ။ ဥပမာ ရွေးကောက်ပွဲကို မဲမပေးကြနဲ့ ဘာညာ ဆိုပြီး Social Platform ပေါ်မှာ ဟောင်ဖွာဟောင်ဖွာ ထရေးတဲ့သူတွေကို ထောင် ၅ နှစ်လောက် ချပေးလိုက်။ ဒီကြားထဲ မဲရုံတွေနဲ့ ရပ်ကျေးဥက္ကဋ္ဌ ရုံးတွေကို မိုင်းလာခွဲတဲ့သူတွေ ရှိလာရင် မိအောင်ဖမ်းပြီး သေဒဏ်‌ ပေးပြလိုက်။ ဒါဆို ရွေးကောက်ပွဲက တည်တည်ငြိမ်ငြိမ် ပြီးသွားလိမ့်မယ်။

ခုလည်း အပိုင်း ၁ ကျင်းပမယ့် မြို့နယ် စာရင်းတွေ ထွက်လာပြီ။ လုံခြုံရေး နဲ့ပတ်သက်ပြီး လိုအပ်တဲ့ ကိစ္စတွေ ပြင်ထားလိုက်ရင် ထိခိုက်မှု အနည်းဆုံး ဖြစ်လိမ့်မယ်လို့ပဲ သုံးသပ်ရမှာပေါ့။


(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Thu, 21 Aug 2025 06:32:00 +0300
မြင်းခြံ PDF တွေရဲ့ အင်တာဗျူး တစ်ခုမှာ သူတို့ကိုင်တဲ့ လက်နက်အမျိုးအစားနဲ့ လက်ရှိကာလ ကျည် တန်ဖိုးကို အဓိက တွေ့မိလိုက်တယ်။ စစ်တိုက်ဖူးတဲ့ သူတွေဆိုရင် ကျည်ဘောက် တစ်ဘောက်ရဲ့ ကြာချိန်ကို သိကြလိမ့်မယ်။ ဒါ့ကြောင့်လည်း မြင်းခြံမှာ ဒေါ်သီတာယုမွန်တို့ ထိုးစစ်ဆင်တော့ PDF တွေ ခွေးပြေး၊ ဝက်ပြေး ပြေးကြတာ။ ဒါက လက်နက်ခဲယမ်းပိုင်းကို အဓိက သုံးသပ်တယ်။
__
မနေ့က UWSA ရဲ့ ထုတ်ပြန်ချက်မှာ TNLA ၊ MNDAA နဲ့ SSPP တို့ကို လက်နက်ခဲယမ်းနဲ့ ငွေကြေး မထောက်ပံ့တော့ဘူး ဆိုတဲ့ အချက်ကို လူသိရှင်ကြားထုတ်ပြန်ခဲ့တယ်။ ဒီနေရာမှာ UWSA အနေနဲ့ ဝှက်ဖဲ ရှိနေနိုင်တယ်ဆိုပေမယ့် အစိုးရနဲ့ သူတို့ကြားမှာ ဘာသဘောတူညီချက်ရထားလဲ ဆိုတာက ပိုပြီး အဓိက ကျလိမ့်မယ်။ သေချာတာကတော့ ၁၀၂၇ တုန်းကလို ပေါပေါသီသီတော့ ရနိုင်စရာ အကြောင်း မမြင်မိဘူး။
__
ဒီတော့ အညာ PDF တွေနဲ့ တခြား EAO တွေရဲ့ ဝင်ငွေရ လမ်းကြောင်းကို ရှင်းဖို့ လိုလာတာ တွေ့ရတယ်။ လက်ရှိ တွေ့နိုင်တဲ့ အဓိက ဝင်ငွေရလမ်းက မတ္တရာ- သပိတ်ကျင်းဘက်က တရားမဝင် ရွှေတွင်းတွေနဲ့ မိုးကုတ်ဘက်က ကျောက်တွင်းတွေ က အဓိက နေရာ တွေ ဖြစ်လိမ့်မယ်။
___
ခြုံကြည့်လိုက်ရင်တော့ ရှမ်းမြောက်မှာ နိုင်ငံရေး Agenda အောက်ကို စစ်ရေးက ရောက်သွားပြီလို့ အကြမ်းဖျင်း ယူဆလို့ရတာ သွားတွေ့တယ်။ တကယ်လို့ ကျောက်မဲ နဲ့ မိုးကုတ်ကိုသာ ထပ်ရရင် ပလောင်တွေ ဆီက ဘာအသံ ထွက်ရဲသေးလဲဆိုတာ ကြည့်ရမယ်။ ခဲယမ်းရဖို့ဆိုတာက UWSA ဆီကမှ မရရင် KIA ကို ပြေးကပ်ကြလေမလား‌ ပေါ့။ ခက်တာက ....ကချင်နဲ့ပလောင်က‌လည်း မြေပြင်မှာ ထိုးလားကြိတ်လား ဆိုတဲ့ အခြေအနေကလည်း ပူပူနွေးနွေး ရှိထားတယ်။
--------
ကိုယ့်တစ်ဦးတည်း အမြင်ပါ။ ကိုးကန့်အနေနဲ့ အသာတကြည် လောက်ကိုင်ကို ခုချိန် ပြန်လိုက်ရင် တရုတ်ဆီကမျက်နှာသာလည်း ရမယ်။ အစိုးရနဲ့လည်း ဆက်ဆံရေး ကောင်းသွားလိမ့်မယ်။ ပလောင်ကတော့ နည်းနည်း မိုက်ရူးရဲ ဆန်ချင်နေသေးလောက်တယ်။ ခက်တာက မြေပြင်မှာ ကျောက်မဲနဲ့ မိုးကုတ်က နေ့လား၊ ညလား ဆိုတဲ့ အခြေအနေ ဖြစ်နေပြီ။ စစ်ရှုံးပြီးမှ စွန့်ရတဲ့ ဂုဏ်ကို မက်နေသေးရင်တော့ မပြောတတ်ဘူးပေါ့။


(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Thu, 21 Aug 2025 04:00:57 +0300
မြတ်စွာဘုရားက လောကမှာတဲ့ တချို့လူတွေက ကိုယ့်အပေါ်မှာပတ်ဝန်းကျင်က ကောင်းလို့၊ကိုယ်ကကောင်းနေတာ။

ဆိုလိုတာက သူများတွေကတော်နေလို့ ကောင်းနေတဲ့သူတော် ကောင်း ဖြစ်နေရတာ။တချို့ကျတော့ ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။

ပတ်ဝန်းကျင်က ကိုယ့်အလိုအတိုင်းပြည့်နေတော့ သဘောကောင်းလိုက်တာ။ပတ်ဝန်းကျင်အဆိုးနဲ့တွေ့ရတဲ့အခါမှာသဘောကောင်းသလား၊ မကောင်းဘူးလားဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။

တချို့ကျတော့လည်း တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့ သဘောကောင်းနေတာလည်း ရှိသေးတယ်။ ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုးဟာ
လည်း ရှိတတ်ပါတယ်။

အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမျိုး မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ကောင်းနေတာကြောင့်ဆိုရင် တကယ်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။

နိဝါတဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ “ဥပသန္တ' စိတ်နှလုံးငြိမ်းပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ငါဟာ တကယ်သဘောကောင်းတဲ့သူလား၊ပတ်ဝန်းကျင်ကောင်းလို့ ကောင်းတာလား၊စိတ်မဆိုးတတ်တာလား၊စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုလား၊ စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား။ ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။တကယ့်ကို ပတ်ဝန်းကျင် မကောင်းတဲ့ကြားမှာ ငါကောင်းအောင်နေနိုင်ရဲ့လား။ကိုယ့်ကို ထော်လော်ကန့်လန့်နေတဲ့သူတွေရဲ့ကြားမှာ ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲဆိုတာကို စဉ်းစားကြည့်ပါ။

မြတ်စွာဘုရားက လောကမှာတဲ့ ပတ်ဝန်းကျင်ကကောင်းလို့ ကိုယ်ကကောင်းနေတာ။ဆိုလိုတာက သူများတွေကတော်နေလို့ ကိုယ်က ကောင်းနေတဲ့သူတော်ကောင်း ဖြစ်နေရတာ။
တချို့က တစ်စုံတစ်ခုရပြီး ဦးစားပေးခံနေရလို့သဘောကောင်းနေတာ။အဲလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာ မဟုတ်ပါဘူး။ပတ်ဝန်းကျင်ကောင်းနဲ့တွေ့နေလို့ ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်နေတာ။

“နိဝါတ” ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့။ “ဥပသန္တ' -စိတ်နှလုံးအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး စဉ်းစားကြည့်ပါ။ ငါဟာ တကယသဘောကောင်းတဲ့သူလား။ပတ်ဝန်းကျင်ကောင်းလို့ စိတ်မဆိုးတတ်တာလား။

စိတ်ဆိုးစရာ မရှိလို့ စိတ်မဆိုးတာလား၊ စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာလား။ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ။ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်ရဲ့ အစရှေ့ပိုင်းမှာ သာဝတ္ထိပြည်မှာတဲ့။

"ဝေဒေဟိကာ” ဆိုတဲ့ အိမ်ရှင်သူဌေးမကြီးတစ်ယောက် ရှိတယ်။အဲဒီသူဌေးမကြီးမှာ ကာဠီဆိုတဲ့ အိမ်စေတစ်ယောက်ရှိတယ်။ ကာဠီဟာ အရမ်းတော်တယ်။

သူဌေးမကြီးဘာမှပြန်ကြည့်စရာမလိုအောင် အိမ်မှုကိစ္စတွေအားလုံး အကုန်လုပ်ကိုင်ပေးတယ်။အဲဒီအခါ အိမ်ရှင်မကြီးဟာ နှလုံးအေးချမ်းတဲ့အတွက်ဒေါသထွက်တာ မရှိဘူး။

ဒါကြောင့် ပတ်ဝန်းကျင်က အိမ်ရှင်သူဌေးမကြီးဟာ အလွန်စိတ်ကောင်းရှိတယ်ဆိုပြီး ချီးကျူးစကား ပြောဆိုကြတယ်။အဲဒါကို ကာဠီဆိုတဲ့ ကျွန် မ စဉ်းစားတယ်။ငါတော်လို့ ငါကောင်းလို့ ငါလုပ်ပေးနေလို့ သူဌေးမကြီးက ကောင်းနေတာလား။

ငါမလုပ်ပဲထားရင် ငါ့အပေါ်သူကောင်းနိုင်ပါ့မလား ဆိုပြီး သူဌေးမကြီးရဲ့စိတ်ကို စမ်းသပ်တယ်။နောက်တစ်နေ့ မနက်ကစပြီးကာဠီဟာ အိပ်ရာက မထဘူး။

သူဌေးမကြီးက နေမကောင်းလို့ မထတာလားမေးတော့ မထချင်လို့ မထတာလို့ ပြန်ဖြေတယ်။သူဌေးမကြီးဟာ ဒေါသအနည်းငယ်ဖြစ်လာတဲ့ အတွတ် လေသံမာလာတယ်။အဲဒီတစ်နေ့တော့ ဒီတိုင်းထားလိုက်တယ်။

နောက်တစ်နေ့ကျပြန်တော့လည်း မထပြန်ဘူး။အိမ်ရှင်သူဌေးမဟာ ဒေါသစိတ်ကနေကိုယ်ထိလက်ရောက် ဖြစ်လာပြီး ကာဠီကို ရိုက်နှက်တော့တယ်။

ကာဠီရဲ့ခေါင်းကို ရိုက်မိပြီး သွေးထွက်လာတယ်။ဒီအခါ ကာဠီက အိမ်နီးချင်း ပတ်ဝန်းကျင်ကိုလှည့်ပြီး ဒီမှာ ကြည့်ကြပါဦး၊အရမ်းသဘော ကောင်းပြီး စိတ်ထားကောင်းတဲ့ အရပ်က ချီးမွမ်းကြတဲ့ သူဌေးမကြီးရဲ့ ရက်စက်ပုံကိုကြည့်ပါ ဆိုပြီး အော်တယ်။

ကာဠီက ခေါင်းအကွဲခံပြီး စမ်းသပ်ခံတယ်။အဲဒီနေ့ကစပြီး သဘောကောင်းတဲ့အိမ်ရှင်မဟာ ဆိုးတဲ့ အိမ်ရှင်မ ဖြစ်သွားတော့တယ်။

ဒီနေရာမှာ အဋ္ဌကထာဆရာကြီးကရေးထားတာ မှတ်သားစရာ ကောင်းတယ်။

၁။ ဂုဏာ နာမ သဏိကံ အာဂစ္ဆန္တိ - ဂုဏ်ဆိုတာ ဖြည်းဖြည်းချင်း တက်လာတယ်။

၂။ ဒေါသော ခဏေနေဝ ပတ္တယတိ - မကောင်းသတင်းကျတော့ ချက်ချင်းပြန့်တယ်တဲ့။

ဂုဏ်တစ်ခုရဖို့ဆိုတာ အချိန်အများကြီး လိုတယ်။လူတစ်ယောက် ဂုဏ်တက်လာဖို့ “ဝုန်း” “ဒိုင်း” ဆိုပြီး တက်မလာဘူး။

သို့သော် အပြစ်ကျတော့ မကောင်းသတင်းက ချက်ချင်းထွက်တယ်။
အဲဒီအခါကစပြီးတော့ ဝေဒေဟိကာ သူဌေးမကြီးဟာ ဆိုးလိုက်တာ ဆိုးလိုက်တာလို့ ဖြစ်လာတော့တာပဲ။

ဒါကြောင့် မြတ်စွာဘုရားက ဘယ်လိုဟောသလဲဆိုရင် သူများကောင်းနေတဲ့အကောင်းမျိုး မဖြစ်စေနဲ့တဲ့။ပင်ကိုက ကောင်းအောင်ကျင့်တော်နေလို့ဒီလို ဟောတယ်။

ပင်ကိုက ကောင်းနေလို့ရှိရင် ဒီလိုရိုက်နှက်သည်အထိ ဘယ်ဖြစ်မလဲ။အဲဒီနောက်မှာ မြတ်စွာဘုရားက လောကမှာ လူတွေဟာအချင်းချင်းမဟုတ်မမှန် ပြောတာတွေလည်း ရှိချင်ရှိမယ်။ရိုင်းရိုင်းပျပျပြောတာတွေလည်းကြုံရမယ်။

ကျိုးကြောင်းဆီလျော်မှု မရှိတာတွေလည်း ပြောကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို ဘာနဲ့ ခံယူမလဲတဲ့။

"မေတ္တာ"နဲ့ ခံယူပါတဲ့။အဲဒီနေရာမှာ မေတ္တာနှလုံး အစဉ်သုံးလို့ ပြောတာနော်။

#ပါမောက္ခချုပ် ဆရာတော် ဘုရားကြီး
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Thu, 21 Aug 2025 02:15:10 +0300
မင်္ဂလာရှိသော နေ့ရက် ဖြစ်ပါစေ။ ဘေးဘယ အပေါင်းမှ လွတ်ကင်း ချမ်းသာ ရကြပါစေ 🙏🙏🙏
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Wed, 20 Aug 2025 18:35:59 +0300
FPNCC အကွဲအပြဲ (သို့) လက်ရှောင်သွားပြီဖြစ်တဲ့ UWSA ဆုံးဖြတ်ချက်
======
လက်နက်ကိုင်အဖွဲ့တိုင်းက မတူညီတဲ့ မန်းဒိတ်တွေ ရှိတယ်။ UWSA ဘက်ကကြည့်ရင် .....နှစ် ၃၀ လောက်မြဲနေတဲ့ ဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ အထိခိုက် ခံမှာ မဟုတ်ဘူး။

ကိုးကန့်အနေနဲ့ အနေအထိုင်တတ်ရင် လောက်ကိုင်မှာ အစိုးရပုံစံနဲ့ ဆက်ရှိမယ်။ မျိုးနွယ်စု ရန်လည်း ရှင်းထားပြီးသားဆိုတော့ ကိုယ်မဆိုင်တဲ့ နေရာတွေကနေ ပြန်ဆုတ်ပေးလိုက်တာက ရေရှည် ဆက်ဆံရေး ကောင်းသွားစေလိမ့်မယ်။

အားလုံးထဲမှာ နိုင်ငံရေး စာမတတ်တာက လက်ဖက်ပဲ။ တိုင်းရင်းသား အရေးနဲ့ ဒီမိုကရေစီအရေးတောင် မခွဲခြားတတ်ဘူး။ မခွဲခြားတတ်လို့လည်း NUG နဲ့ ပေါင်းပါမယ်ဆိုပြီး ထ ကြေညာတာ။ တပ်ခေါင်း‌ ဆောင်ပိုင်းကသာ ပြတ်သားရင် ခုချိန် နမ့်ဆန်နဲ့မံတုံက ပြာ ဖြစ်နေလောက်ပြီ။

ခြုံလိုက်ရင်တော့ FPNCC အကွဲအပြဲက တဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်မတူညီမှုက အခရာ ပိုကျခဲ့တယ်လို့ပဲ ပြောရမယ်။


(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Wed, 20 Aug 2025 07:31:24 +0300
Подробнее
12.24 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 20 Aug 2025 06:22:01 +0300
Подробнее
10.18 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 20 Aug 2025 06:22:01 +0300
Подробнее
18.56 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 20 Aug 2025 04:00:51 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Wed, 20 Aug 2025 02:15:14 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Tue, 19 Aug 2025 18:02:21 +0300
Подробнее
13.78 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 19 Aug 2025 11:38:23 +0300
Подробнее
18.71 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 19 Aug 2025 11:17:39 +0300
Подробнее
10.42 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 19 Aug 2025 07:49:33 +0300
Подробнее
10.72 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 19 Aug 2025 06:15:45 +0300
Подробнее
14.69 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 19 Aug 2025 04:01:53 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Tue, 19 Aug 2025 02:15:13 +0300
Подробнее
10.26 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 18 Aug 2025 16:40:41 +0300
Подробнее
11.45 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 18 Aug 2025 16:02:52 +0300
Подробнее
12.38 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 18 Aug 2025 14:42:55 +0300
Подробнее
10.54 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 18 Aug 2025 11:44:51 +0300
Подробнее
12.84 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 18 Aug 2025 10:04:57 +0300
Подробнее
11.46 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 18 Aug 2025 04:04:41 +0300
Подробнее
11.87 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 18 Aug 2025 02:15:14 +0300
Подробнее
11.04 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 17 Aug 2025 09:51:10 +0300
ကယားမှာက အပြီးသတ်မြို့သိမ်းနိုင်ဖို့ ၃ မြို့ပဲ ကျန်တယ်။ ဒီနေ့တော့ မော်ချီးမှာ KNDF တွေ သုံးနေတဲ့ ဆေးရုံကို တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်လိုက်တယ်ဆိုတဲ့ သတင်း တက်လာတယ်။ အဓိကအနေနဲ့ တိုက်ပွဲ ဖြစ်စဉ်တွေ ဖြစ်လာတဲ့အခါမှာ .....အမှီအခိုကင်းအောင် ဆော်လိုက်တဲ့ ပုံစံပဲ။ အချိန်မီ ထိုင်းဘက်မကူးနိုင်ရင် သွေးလွန်တာနဲ့ကို သေမယ့် သဘောပဲ။

ဒီကြားထဲ ....မိုးကုတ်ကိုလည်း ဒီနေ့မှာ ၂ ကြိမ်တိတိ တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တယ်။ ခြုံကြည့်လိုက်ရင်တော့ .....တပ် ဘက်ကနေ ဒီမြို့တွေကို စစ်မိန့်ပေးနေပြီ ဆိုတဲ့ အခြေအနေမျိုး မြင်လို့ရနေပြီ။


(နရီမိုး)
Подробнее
15.47 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 17 Aug 2025 06:15:30 +0300
တနေ့က ဗိုလ်နဂါးရဲ့ ရုပ်သံ အတိုကို နားထောင်လိုက်ရတဲ့အချိန်မှာ ကိုယ့်စိတ်ထဲ အရိုးသားဆုံး ဖြစ်စေချင်မိတဲ့ ဆန္ဒ တစ်ခု ဖြစ်မိတယ်။

တကယ်တော့ ဗိုလ်နဂါးက NUG ရဲ့ CoC ထဲက မဟုတ်ဘူး။ ဒါပေမယ့် လက်ရှိ ပုလဲ -ယင်းမာပင် နယ်မြေတဝိုက်မှာတော့ အင်အားအတော်အသင့်ရှိနေတဲ့ လက်နက်ကိုင် အစုအဖွဲ့ တစ်ခု ဖြစ်တာ တော့ ငြင်းမရဘူး။ သူ့ရှင်းပြချက်နဲ့ ရုပ်သံ အတိုကို ဆက်စပ်ကြည့်တဲ့အခါ .....သူနဲ့ သူ့မိသားစု နောင်ရေးက မကောင်းနိုင်ဘူး ဆိုတာ မြင်လိုက်ရတယ်။

နောင်ရေး မကောင်းနိုင်ဘူးလို့ ဘာကြောင့် ပြောနိုင်ရသလဲ မေးရင် အကြောင်းပြချက်က ၃ ချက် ရှိတယ်။

ပထမ အချက်က ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ဒီကာလမှာ တပ်ရဲ့ စစ်ကြောင်းတွေအနေနဲ့ သေချာပေါက် အညာ ကို ဝင်ရှင်းရတော့မယ်။ ပေါက်ဘက်မှာဆို ဝင်တောင်ရှင်းနေကြပြီ။ ဆိုတော့....အညာမှာ နယ်မြေရှင်းတဲ့ နေရာမှာ EAO တွေရှိတဲ့ နေရာကို နယ်မြေရှင်းသလို တပ်က သိပ်အားမထည့်သေးဘူး။ ဥပမာ ဗန်းမော်အပြီးသတ်နဲ့ မိုးကုတ်လိုမျိုး နေရာတွေ ရသွားလို့ စစ်ရေး အရ ဝန်ပေါ့သွားတာမျိုးဖြစ်လာခဲ့ရင် အညာဟာ ပိုပြီး မလွယ်မယ့်သဘော ရှိတယ်။ ဒါက သိပ်အရေးကြီးတဲ့ ဂရုစိုက်ဖို့ လိုတဲ့ အချက်ဖြစ်တယ်။

ဒုတိယအချက်က အညာဟာ နိုင်ငံရေးအရ EAO တွေနဲ့ အပြန်အလှန် မက်လုံး ပေးစရာ မရှိဘူး။ ဥပမာ မိုးကုတ်က ကျောက်လုပ်ကွက်တွေရှိလို့ ပလောင်နဲ့ အကျိုးအမြတ် သဘောအရ မဟာမိတ် ဖြစ်နိုင်ပေမယ့် ပုလဲ- ယင်းမာပင်ပါ အလောင်းအစား လုပ်စရာ ဘာမှမရှိဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ သစ်တောကြိုးဝိုင်းတော့ မျက်စိပစ်လို့ရ ကောင်း ရနိုင်မှာပေါ့။ ဆိုတော့ ....တိုက်ပွဲ ကြာလာတာနဲ့အမျှ လက်နက်ခဲယမ်း လိုအပ်ချက်က သေချာပေါက် ရှိလာလိမ့်မယ်။ အဲ့ဒီအခါ ဘယ်သူ့ကို အားကိုးမှာလဲ၊ မှောင်ခိုစနစ်က ရေရှည်အလုပ်ဖြစ်ပါ့မလား ဆိုတာ တွေးရတော့မယ်။ ဒါက ဒုတိယ ပြဿနာ ဖြစ်တယ်။

နောက်ဆုံးအချက်ကတော့ အညာရဲ့ ပထဝီနိုင်ငံရေး တည်ရှိမှုက ထွက်ပေါက်မရှိတဲ့ တည်ရှိမှု ပုံစံကြီး ဖြစ်နေတယ် ဆိုတာ မလွှဲမသွေကို သတိပြုရလိမ့်မယ်။ တပ်ဟာ ခုရက်ပိုင်း မြင်းခြံတဝိုက်ကို နယ်မြေရှင်းနေသလို အပေါ်က ပေါက်ကိုယ်တော်တို့ဘက်မှာလည်း ပြည်သူစစ်အင်အားက သောင်းချီရှိနေတယ်။ တကယ်လို့ တပ်ကသာ ဧရာဝတီ အရှေ့ခြမ်းကို ထိန်းချုပ်နိုင်ခဲ့ပြီးရင် ....ဒုတိယ ထိန်းချုပ်မှာက ဧရာဝတီ အနောက်ခြမ်းပဲ။ ပါရာမော်တာ နဲ့တင် ပွဲပျက်နေတဲ့ အညာက ရေရှည် စစ်ပွဲကို ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတဲ့ မေးခွန်းအပေါ် ဗိုလ်နဂါးတို့ သေချာပေါက် အဖြေ ရှိထားဖို့ လိုလိမ့်မယ်။

ဒါပေမယ့် ဗိုလ်နဂါးမှာ နောက်ဆုံး အခွင့်အရေး ရှိ နေသေးတယ်။ ဂုဏ်သိက္ခာရှိရှိ Win- Win Situation ဖြစ်အောင် ခုချိန်မှာသာ အလင်းဝင်လိုက်ရင် .....သူသွားချင်တဲ့ နိုင်ငံရေး မျှော်လင့်ချက်လမ်းကို ဆက်လျှောက်လှမ်းခွင့်ရဦးမယ်။ တကယ်တော့ ဒီဒေသက လက်နက်ကိုင်တွေ အနေနဲ့ အပြစ်မဲ့ ရွာသားတွေကို ဒလံခေါင်းစဉ်နဲ့ သတ်ခဲ့ကြတာတွေ၊ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းထဲက သစ်တွေနဲ့ စီးပွားရှာခဲ့ကြတဲ့ ဇာတ်လမ်းတွေလည်း ရှင်းဖို့ ရှိသေးတယ်။

ဆိုတော့ ....လက်ရှိအချိန်ဟာ ဗိုလ်နဂါးအတွက် ရွေးချယ်ခွင့် ရှိနေသေးတဲ့ Margin မျဉ်းပေါ်မှာ ရှိနေတဲ့ အနေအထားလို့ ပြောလို့ရသေးတယ်။ တကယ်တော့ သူနဲ့ ပုဂ္ဂိုလ်ရေး အရလည်း မရင်းနှီးဘူး။ ဒါပေမယ့် နိုင်ငံရေး လုပ်ချင်ရင်တော့ အသက်ရှင်မှပဲ လုပ်ခွင့်ရှိတယ်ဆိုတာ ဗိုလ်နဂါး တွေးဖို့ လိုအပ်တယ်။


(နရီမိုး)
Подробнее
12.67 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 17 Aug 2025 04:02:47 +0300
တစ်ယောက်ကို တစ်ယောက်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခွဲကြရမယ်
ဝေးကြရမယ်မှန်း သိရက်နဲ့
တစ်ယောက်နဲ့တစ်ယောက်
အမုန်းတွေနဲ့ပဲ
အဆုံးသတ်ကြတော့မှာလား...။

ရေစက်ရှိလို့ ဆုံဆည်းခွင့်ရကြတာ
သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်
အတူရှိနေတဲ့အချိန်လေးမှာ
တစ်ယောက်နဲ့တစ်ယောက်
တန်ဖိုးထားပြီး
ချစ်ချစ်ခင်ခင်နေသွားကြပါ။

မရှိလို့လည်း အားမငယ်နဲ့၊
ရှိလို့လည်း မာန်မထနဲ့၊
ကိုယ်ပိုင်ဆိုင်သမျှ အားလုံးဟာ
ထားခဲ့ကြရအုံးမှာပါ။

ချစ်ရတာလည်း စိတ်ပင်ပန်းတယ်၊
မုန်းရတာလည်း စိတ်ပူလောင်တယ်၊
အချင်းချင်းတွေကြားမှာ ကိုယ့်ကိုယ်ကို
စိတ်ဆင်းရဲမခံပါနဲ့။

ပတ်ဝန်းကျင်ဆိုတာ ကိုယ့်အပေါ်
မကောင်းတာလည်း ပြောမယ်၊
ကောင်းတာလည်း ပြောမယ်၊
အဲဒါတွေကို စိတ်ထဲမထားနဲ့။
သူတို့စိတ်ထဲမှာ ဖြစ်နေတဲ့အချိန်လေးပဲ
ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းတွေနဲ့
ဝေဖန်ကြတာပါ။

ငါမရှိရင် မဖြစ်ဘူးဆိုတဲ့
အတွေးကို မတွေးနဲ့၊
ငါမရှိလည်း သူ့ဟာသူဖြစ်နေတာပဲ။
သူမရှိရင် မနေတတ်ဘူးဆိုတဲ့
သူတွေလည်း သူမရှိတဲ့
အချိန်တွေကြာလာရင်
နေတတ်သွားကြတာပါပဲ။

ချစ်စရာရှိရင်လည်း မစွဲလမ်းနဲ့၊
မုန်းစရာရှိရင်လည်း အရွဲ့မတိုက်နဲ့၊
စိတ်ညစ်စရာရှိရင်လည်း ဝမ်းမနည်းနဲ့၊
ဒေါသဖြစ်ရင်လည်း မတုန့်ပြန်နဲ့၊
ထစ်ခနဲဆို မျက်ရည်မကျနဲ့။

လူ့ဘဝအခိုက်အတန့်လေးမှာ
ယူတတ်ရင် သင်္ခန်းစာတွေအများကြီးပါ။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
Подробнее
13.48 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 17 Aug 2025 02:15:14 +0300
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ ။ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ 🙏🙏🙏
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Sat, 16 Aug 2025 19:56:33 +0300
Подробнее
15.11 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 16 Aug 2025 13:22:08 +0300
ပရောဂမှန်ရင် တုန်ဆင်းလာရတာပဲ မဟုတ်လား။

စွပ်စွဲတယ်ဆိုတာကို ငြင်းချက်ထုတ်ချင်ရင် အချိန်မရွေး အစစ်ဆေးခံနိုင်ပါသည်ဆိုတဲ့ စကား တစ်ခွန်းပဲ လိုတာပါ။ တစ်ခုတော့ရှိတာပေါ့။ သက်သေတွေ မဖျက်စီးဖို့တော့ လိုလိမ့်မယ်။ ရှေ့မှာ မဲခိုးပါတယ်ဆိုတာကို သတင်းမီဒီယာနဲ့ စစ်သံတွေရှေ့မှာ တပ်က ပေါ်တင် Challenge လုပ်ခဲ့တာကို သင်ခန်းစာ မယူနိုင်ဘူး ထင်ပ။

လူပေါင်း ၆၀၀ ဆိုတာ သေချာပေါက် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ငြိတာပေါ့။ အဖ ရခိုင်ပြည် ဖြစ်မဖြစ်တော့ မသိဘူး။ ဒီ ဖြစ်ရပ်မှာတော့ သေချာပေါက် တာဝန်ခံရပါလိမ့်မယ်။ သူပုန်တွေ ဖြူ၊ မဖြူ ကြည့်ရသေးတာပေါ့။


(နရီမိုး)
Подробнее
45.44 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 16 Aug 2025 09:37:14 +0300
ပညာမတတ်သူများတဲ့ ကိုယ်တွေနိုင်ငံနဲ့ အောင်ဇော်တို့လို ကျင့်ဝတ်မပီသတဲ့ ဧရာဝတီ တို့လို ရှိနေသမျှ ပြည်သူတွေ အများစုမှာ Negative Thinking ဝင်တာ မဆန်းဘူး။
____
တကယ်တော့ မဲခေါင်မြစ်ဆိုတာ တရုတ်မှာ မြစ်ဖျားခံပြီး မြန်မာ- လာအိုနဲ့ ထိုင်းကို ဖြတ်ပြီး စီးဆင်းတယ်။ ဒီမြစ်ကို အကြောင်းပြုပြီး ဒေသတွင်း နိုင်ငံတွေ ဖွဲ့ဖြိုးတိုးတက်အောင် တရုတ်က ကူပေးတယ်။ မြင်သာအောင်ပြောရရင်....မဲခေါင်_လျန်ချန်းကနေ ရန်ပုံငွေ ချပေးတယ်ပေါ့။ တရုတ်ချပေးတဲ့ ရန်ပုံငွေထဲကနေ ဘယ်ကဏ္ဍတွေ၊ ဘယ်စီမံကိန်းတွေမှာ သုံးပါ့မယ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံက ပြန်တင်ပေးရတယ်။
____
ခု တာချီလိတ်က ဝမ်ပုံရဲစခန်းကလည်း ဒီရန်ပုံငွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဆိုတော့ အလှူရှင်ဖြစ်တဲ့သူက အဆောက်အဦ ဖွင့်ပွဲ တက်တာ ဘာထူးဆန်းသွားလဲ။ ဘာမှမထူးဆန်းဘူး။ သူလှူထားတဲ့ပိုက်ဆံနဲ့ဆောက်ထားတဲ့ အဆောက်အဦကို သူသူငါငါ သွားကြည့်ကြတာ ပုံမှန် လုပ်ရိုး လုပ်စဉ် တစ်ခုပဲ။ ဒါပေမယ့် တောသီးများတဲ့ ကိုယ်တွေလိုနိုင်ငံကြတော့ တရုတ်သံအမတ်က သွားရောက်စစ်ဆေး လို့ ခေါင်းစဉ်တပ်လိုက်တော့ Negative Thinking ဘက်ရောက်သွားကြတယ်။



(နရီမိုး)
Подробнее
13.29 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 16 Aug 2025 06:36:01 +0300
Подробнее
40.48 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 16 Aug 2025 05:29:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Sat, 16 Aug 2025 04:01:44 +0300
Подробнее
12.21 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 16 Aug 2025 02:15:17 +0300
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ🙏🙏🙏
Подробнее
11.42 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 15 Aug 2025 20:26:12 +0300
ပွဲကတော့ လှပြီ။ ဗိုလ်ချုပ် ဇော်မင်းထွန်း ပစ်လိုက်တဲ့ ဒီတစ်ခေါက်မြှားက ထွန်းမြတ်နိုင် ရင်ဝ တည့်တည့်ပဲ။ အာဆီယံ သံ တွေလာမယ့် ခရီးစဉ်ကလည်း ခုသတင်းထုတ်ပြန်ချက်နဲ့ အံကိုက်ပဲ။ ရိုနေဆန်းလွင်တို့ကလည်း ဒီဖြစ်စဉ်မှာ ပါဝင် ပူးပေါင်း ပေးရင် လူပေါင်း ၆၀၀ ကို သတ်တဲ့ ဖြစ်စဉ်က လူမျိုးတုံး သတ်ဖြတ်မှုထက်တောင် ပိုနေလိမ့်မယ်။ ခုမှ ဇာတ်လမ်းက ကြည့်လှသွားတာ။ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။

“အတွင်းငှက်သေကျေးရွာအုပ်စုရှိ ထန်းရှောက်ခံကျေးရွာမှ ဒေသခံ ဘင်္ဂလီ ရွာသား ၆၀၀ ကျော်ကို AA သတ်ဖြတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား”
ကပ်ရှင်ကြီးက အလွင့်ကြီး။ ရှင်းပေတော့ပဲ။

(နရီမိုး)
Подробнее
12.41 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 15 Aug 2025 14:36:08 +0300
တပ်က ဒီနေ့ပဲ ဒိုးပင် ကို ရလိုက်ပြီ။ ရှေ့မှာ လုံခံနဲ့ ရတနာသိင်္ဂ သတ္တုမိုင်း နေရာပဲ ကျန်တော့တယ်။

ပြီးရင်တော့ မိုင်းလုံ မရောက်ခင်အထိ တောင်ကြော တောက်လျှောက်တက်ရမယ်။

အရေးကြီးတာက ဝင်လမ်းထွက်လမ်း အတွက် နယ်ခံ ပါဖို့ လိုတယ်။

မိုးကုတ်ကို ဖြစ်နိုင်ရင် Target ရက်လေးထားပြီး တိုက် သင့်တယ်လို့ တွေးမိတယ်။ ဆင်နှစ်ကောင်ရဲ့ Effects တွေ မဝင်ခင် ....တခုခုတော့ အောင်မြေ နင်းထားသင့်တယ်။


(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Fri, 15 Aug 2025 09:57:25 +0300
အဓိက ပြဿနာက မိုးကုတ် မှမဟုတ်ဘူး၊ နောင်ချိုနဲ့ တောင်ခမ်းဘက်က ရွာတွေမှာလည်း ပလောင် TNLA က စစ်ရှောင်သွားကြတဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ အဓိက ခံစစ်ပြင်ကြတာ။ ခေါင်းရှိရင် တွေးကြည့်ပေါ့။ပလောင်တွေကို ဘယ်ပြည်သူပိုင်အိမ်တွေက အိမ်ပေါ်တင်ပြီး ထမင်းခေါ်ကျွေးထားမလဲ။ ဆိုတော့....အဓိက ပစ်မှတ်က အစိုးရ ဌာနဆိုင်ရာ ရုံးဟောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ ဖြစ်လာတော့တာပဲ။ ဒါကို ဘာသာရေးနဲ့ ပင်းတိုက်လို့မရဘူး။
-----
အထင်ရှားဆုံး သာဓက ပြရရင် နောင်ချိုက ဘုန်းကြီးကျောင်းတစ်ခုမှာ ဘုန်းတော်ကြီးပိုင် ကားတွေကို ပလောင် ယူသွားတဲ့ကိစ္စ က ပူပူနွေးနွေး ရှိသေးတာ မဟုတ်လား။
__
အဆိုးဆုံးကတော့ လူအင်အားနည်းလာတဲ့ ပလောင်တွေက မိုးကုတ်မှာ ဂေါ်ရခါးလူမျိုးတွေကို ပစ်မှတ်ထား လူသစ်စုလာတာ တွေ့ရတယ်။ မိုးကုတ်မြို့ကို ဒီထက် ပျက်စီးဆုံးရှုံးမှု မဖြစ်စေချင်ဘူးဆိုရင်....ပလောင်ရှိတဲ့နေရာ‌ တွေကို သတင်းပေးဖို့ပဲလိုအပ်တယ်။ တပ်ဘက်ကတော့ရှင်းတယ်။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားတဲ့ ပလောင်ရှိနေသမျှနေရာတိုင်းကို နည်းမျိုးစုံနဲ့ ဖိအားပေးတိုက်မှာပဲ။


(နရီမိုး)
Подробнее
15.77 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 15 Aug 2025 07:27:01 +0300
မနေ့က ရခိုင်ပြည်နယ်ရဲ့ စစ်သတင်းမှာ ပျားတဲ ကို ရလိုက်တဲ့ သတင်းတွေ့ရတယ်။ ကြည့်ရသလောက် ရခိုင်မှာ သုံးတဲ့ ဗျူဟာက တောင်ခမ်းကနေ နောင်ချိုကို သွားတဲ့ ပုံစံ နဲ့ တူနေသလားလို့တောင် စိတ်ထဲ ခံစားမိတယ်။ ပျားတဲ မရခင် တစ်ရက်မှာ လိပ်ခမော်နဲ့ ကုလာဘာကို ရထားတယ်။ နောက်ရက်မှာ ပျားတဲ ကို ထပ်ရတယ်ဆိုတော့ …မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့်...ဒီလို တစ်ရွာပြီးတစ်ရွာ နယ်မြေရှင်းတယ်ဆိုတဲ့ ပုံစံက ရှမ်းမြောက်မှာ ကိစ္စ မရှိပေမယ့် ရခိုင်လို မြစ်ချောင်းများတဲ့ နေရာမှာဆိုရင်… အချိန်ပိုကြာ သွားမလားဆိုပြီး တွေးမိတယ်။ ဒါကလည်း ကျောက်ဖြူကို ကာရုံပဲလား၊ ဒီကတစ်ဆင့် ရခိုင်တောင်ပိုင်းကို သိမ်းလိုတဲ့ ဆန္ဒရှိ/မရှိကလည်း အဓိက ပိုကျလိမ့်မယ်။
--------
နောက်တစ်ချက်…ရခိုင်မှာ တပ်မတော်ရဲ့ထိုးစစ် မြန်ခြင်း၊ မမြန်ခြင်းက ဗန်းမော် ရခြင်း ၊ မရခြင်းနဲ့လည်း သွားဆက်စပ်နိုင်တယ်။ တကယ်လို့… တပ်မတော်သာ ဗန်းမော်ကို လုံးဝ ထိန်းချုပ်နိုင်သွားရင်…အနီးနားက မြို့တွေပါ နယ်မြေဆက်ရှင်းဖို့ အခွင့်အရေးရသွားလိမ့် မယ်။ ဒီလို အခြေအနေဖြစ်ခဲ့ရင်…မိုးကုတ်မှာ ခံစစ်ပြင်မယ့် ပလောင်နဲ့၊ ဂွမ်မော်ဆီကို သွားတွေ့တဲ့ CB တွေဆီကို ဗန်းမော်မှာ စစ်ဦးကျိုးသွားတဲ့ KIA အနေနဲ့ လိုအပ်တဲ့ လက်နက်/ခဲယမ်းတွေ ရောင်းပေးနိုင် မှာ မဟုတ်ဘူးလို့ သုံးသပ်ရလိမ့်မယ်။
---------
ဒီအခြေအနေမှာ တပ်မတော်အနေနဲ့ …မုံရွာ-ကလေး-တမူးကားလမ်းနဲ့ ချင်းတွင်းမြစ် တကြောလုံးကို ကာနိုင်မှပဲ AA နဲ့ ချင်းဆီ ရောက်မယ့် လက်နက်မှောင်ခို လမ်းကြောင်းကို ပိတ်နိုင်လိမ့်မယ်။ ဒါက စစ်ရေးပိုင်းကို ပြောတာ။ တကယ်လို့ နိုင်ငံရေး ပိုင်းကို လုပ်ချင်သပ ဆိုရင်လည်း….ရခိုင်နဲ့ မကွေးအစပ်မှာဖြစ်ဖြစ်၊ တိုက်ပွဲကင်းတဲ့ နေရာတစ်ခုခုမှာ… မှောင်ခိုသဘောမျိုး ပြည်မထဲ ခိုးဝင်နေကြတာထက်စာရင် ရခိုင် စစ်ရှောင်တွေကို တရားဝင် စစ်ရှောင်စခန်း ဖွင့်တာမျိုးနဲ့ ကာလို့ ရနိုင်မယ်။ ဒါက ရွေးကောက်ပွဲ အတွက်လည်း လိုအပ်တဲ့ ကိုယ်စားပြု ပြည်သူ့ဆန္ဒမဲ တွေ စုပြီးသား ဖြစ်သွားလိမ့်မယ်။ ရခိုင်ဘက်ကပြေးလာတယ်ဆိုတဲ့ ဘင်္ဂလီတွေကို မျောက်ပြပြီး နိုင်ငံတကာကို ဆန်တောင်း ခဲ့တဲ့ ရှိတ်ဟာစီနာရဲ့ အကွက်ကို ဒီနေရာမှာ သုံးလို့ ရနိုင်တယ်။
------
ဒါမှမဟုတ်လည်း OIC အဖွဲ့ဝင် မလေးရှားလာတဲ့အခါ… ရိုနေဆန်းလွင်တို့ ပြောနေကြတဲ့ ဘင်္ဂလီ ၆၀၀ ကိစ္စကို နိုင်ငံရေးထောင်ခြောက်အဖြစ်နဲ့ ထွန်းမြတ်နိုင်တို့ကို ဖိအားပေး ကစားလို့ ရနေ သေးတာပဲ။ မဟုတ်ဘူးငြင်းနေရင်...နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဟုတ်/မဟုတ် စိစစ်ခွင့် ပေးပါ၊ ဘာညာပေါ့။ အဓိက ပုစ္ဆာပေးထားဖို့ လိုတာပါ။

(နရီမိုး)
Подробнее
12.56 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 15 Aug 2025 06:32:01 +0300
၁။မြန်မာနိုင်ငံကို မကြာခင်လာမယ့် ဒေသတွင်းနိုင်ငံတွေထဲက ရွေးချယ်ထားတဲ့
ကိုယ်စားပြု ကိုယ်စားလှယ် နိုင်ငံတွေထဲမှာ မလေး၊ အင်ဒို၊ ဖိလစ်ပိုင်နဲ့ ထိုင်း ဆိုပြီး တွေ့ရတယ်။ ဒီထဲမှာ ထိုင်းကတော့ အိမ်နီးချင်းမို့ ပါလာတာဖြစ်သလို ဖိလစ်ပိုင်ကတော့ နောက်နှစ် အာဆီယံ ဥက္ကဋ္ဌမို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်….Process မလွတ်အောင် ထည့်ထားပုံရတယ်။ တစ်ခုရှိတာက… ထိုင်ဝမ်နဲ့ပတ်သက်လို့ လိုအပ်ရင် တရုတ်ကို တောင် ပြန်တိုက်မယ်လို့ တရားဝင်ထုတ်ဖော်ပြောပြထားတဲ့ ဖီလစ်ပိုင်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဘယ်လို ကိုင်တွယ်မလဲဆိုတာပါ အကဲခတ်လို့ ရနိုင်မယ့် အခြေအနေ လည်း ဖြစ်တယ်။
------
၂။ဒီအဖွဲ့တွေ လာရတဲ့ ရည်ရွယ်ချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ပြဿနာ အဖြေရှာနိုင်ဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ဖို့ နဲ့ ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားရှိမှုအခြေအနေအပေါ်မှာ လေ့လာ သုံးသပ်ဖို့ ဆိုတဲ့ အချက်(၃)ချက်အပေါ်မှာ အာဂျင်တာ ဆွဲထားပုံ ရတယ်။ ဒီအချက်တွေ အားလုံးက မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ အရေးကြီးတယ်လို့ ယေဘုယျ တွေးလို့ရနိုင် ပေမယ့် ဒီခေါင်းစဉ်တွေအောက်မှာပဲ မြုပ်ထားတဲ့ ပြဿနာလေးတွေ သီးခြား ရှိနေပြန်တယ်။
------
၃။ အာဆီယံ သံတွေ လာမယ့် ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပြင်ထားဖို့ လိုတဲ့ အချက်နဲ့ သတိပြုရမယ့်အချက်တွေ အနည်းအကျဉ်းရှိနေတယ်။ သတိပြုရမယ် ဆိုတဲ့အပိုင်းမှာ ယူနွတ်ကိုယ်တိုင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ကနေ ၁၃ ရက်နေ့အထိ မလေးရှားနိုင်ငံကို တရားဝင် ချစ်ကြည်ရေး သွားထားတဲ့ ကိစ္စက ပူပူနွေးနွေးတင် ရှိထား တယ်။ မလေးရှားကိုယ်တိုင် OIC နိုင်ငံထဲက တစ်နိုင်ငံဖြစ်လို့ ခုလာမယ့် ခရီးစဉ်မှာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီအကြောင်းကို သေချာပေါက် ဆွေးနွေးဖို့ ရာခိုင်နှုန်း များတယ်လို့ ခန့်မှန်းမိတယ်။
------
၄။ ခြုံကြည့်လိုက်ရင်တော့…. အာဆီယံဘက်မှာ အပစ်ရပ်ဖို့ ၊ လူသားချင်းစာနာ ထောက်ထား မှုဆိုတဲ့ အထုပ်ကြီးပိုက်လာမှာဖြစ်သလို ဒီဘက်ကလည်း ရွေးကောက်ပွဲ အာဂျင်တာကြီး ရှင်းပြဖို့ စောင့်နေမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်…တရုတ်ကတော့ မနေ့က လုပ်တဲ့ (၁၀)ကြိမ်မြောက် မဲခေါင်-လျန်ချန်း အစည်းအဝေးမှာ မြန်မာ့ရွေးကောက်ပွဲကို အားပေး ထောက်ခံတယ်ဆိုပြီး ကြေညာပြထားတယ်။ သေချာတာကတော့….ဘယ်သူတွေ ဘယ်လို ကစားမလဲဆိုတာက ဒီခရီးစဉ်ရဲ့ အဖြေ တစ်ခု ဖြစ်လာပါလိမ့်မယ်။

(နရီမိုး)
Подробнее
11.86 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 15 Aug 2025 04:05:22 +0300
“ သောတာပန်ဖြစ်ပြီဆိုရင် “

အတ္တာဟိ အတ္တနော နာထောဆိုတာ
ကိုယ့်ကိုယ်ကိုအားကိုးရမှာ ဖြစ်တယ်၊
ကိုယ်က တရားကိုတကယ်မလုပ်ပဲနဲ့
ညာတာဝါးတားလုပ်နေရင်လည်း
အဲဒီပုဂ္ဂိုလ်ဟာ ညာတာဝါးတားဘဝက
တက်မှာမဟုတ်ဘူး၊ဒီအတိုင်းဖြစ်နေမှာပဲ။

တရားအားထုတ်တဲ့အလုပ်ဆိုတာ
လိမ်လို့ညာလို့ အကောင်းဆုံးအလုပ်ပဲ၊
ဘာဖြစ်လို့လဲဆိုတော့ ငုတ်တုတ်ထိုင်နေရင်
တရားထိုင်နေတယ်ပဲ ထင်ကြတာလေ၊
စိတ်က တောင်ရောက်မြောက်ရောက်ဆိုရင်
ဒါဟာ တရားထိုင်တာ မဟုတ်ဘူး၊
မတရားတာတွေနဲ့ ထိုင်ချင်ထိုင်နေမှာပဲ၊
အကုသိုလ်စိတ်ဖြစ်နေတယ်ဆိုရင်
ဒါတရားထိုင်တာ မဟုတ်တော့ဘူး။

တရားထိုင်တာသည်
ကိုယ်နဲ့ပဲသက်ဆိုင်တယ်၊အခြားသူ မသိနိုင်ဘူး၊
မြတ်စွာဘုရားဆိုရင်တော့ သိတယ်၊
သူများစိတ်ကိုသိတဲ့ ရဟန္တာဆိုရင်သိတယ်၊
ဒါကြောင့် ရိပ်သာဘယ်နှစ်ခါဝင်ဝင်၊
တရားဘယ်နှစ်ခါထိုင်ဖူးတယ်ပြောပြော၊
ဒါတွေဟာ တွက်စရာမလိုဘူး၊
ရိပ်သာကိုဘယ်နှစ်ခါဝင်ဝင်
သူ့ရဲ့အရည်အချင်းဟာ အပြောအဆို၊
အလုပ်အကိုင်ပေါ်မှာ ပေါ်နေမှာပဲ။

တရားရှိလား၊မရှိလားဆိုတာက
လူဟာ သိသာထင်ရှားတယ်၊
တရားရလာတဲ့ပုဂ္ဂိုလ်ဟာ စိတ်နူးညံ့သွားတယ်၊
တရားရပြီးတော့ ဟိုဘုန်းကြီးဝတ်မချနိုင်၊
ဒီဘုန်းကြီးဝတ်မချနိုင်တဲ့ပုဂ္ဂိုလ်တွေ
မြန်မာပြည်မှာ အများကြီးပဲ၊အဲဒါမာနဖြစ်တာ၊
ငါသိတယ်၊တခြားသူမသိဘူး၊
သေသေချာချာသိအောင် သင်သင့်တယ်။

သောတာပန်လက်မှတ် ရှိတာမဟုတ်ဘူး၊
သောတာပန်ဖြစ်ပြီဆိုရင် သိပ်သိသာတယ်၊
သဒ္ဓါတရားတွေပိုကောင်းလာတယ်၊
ဣဿမစ္ဆရိယဆိုတာ မရှိတော့ဘူး၊
ကိုယ်ရတဲ့တရားထူးကို သူများကိုရစေချင်စိတ်
အင်မတန်ပြင်းထန်တယ်၊
သို့သော် သူသောတာပန်ဖြစ်ပြီဆိုတာကို
သူများကိုပြောဖို့ ဝန်လေးတယ်တဲ့။

ကိုယ်သိမ်းထားတဲ့ရွှေအိုးကြီးကို
တခြားသူကိုမပြချင်သလို
ကိုယ်ရဲ့ဂုဏ်သိက္ခာကို လူသိမှာစိုးရိမ်တဲ့
အနေအထားမျိုး ရှိရတယ်၊
အဲဒီလိုမဟုတ်ဘဲ ငါသောတာပန်ဖြစ်ပြီဆိုရင်
မဖြစ်တဲ့သူကသာ ပြောတာပဲ၊
ဖြစ်တဲ့သူက မပြောဘူး၊
ဒါက လွဲမှားနေတာကိုသိစေချင်လို့ပြောတာ။

သောတာပန်ဖြစ်ပြီဆိုရင်
သူ့ရဲ့စိတ်ဟာ ဘုရားတရားကိုပိုပြီးကြည်ညိုတယ်၊
ငါးပါးသီလကို အသက်နဲလဲပြီးစောင့်ထိန်းတယ်၊
အသက်ထက်ကို တန်ဖိုးထားတယ်၊
အသက်သာ အသေခံမယ်၊
ငါးပါးသီလကို မဖျက်ဘူး၊
ဒါဆိုရင် သောတာပန်အင်္ဂါနဲ့ပြည့်စုံသွားပြီ။

သောတာပန်မဖြစ်သေးရင်
အပါယ်တံခါး မပိတ်သေးဘူး၊
ပုထုဇဉ်ဟာ အပါယ်တံခါးကို
အမြဲတမ်း welcome လုပ်နေမှာပဲ၊
အကုသိုလ်တွေ၊ကိလေသာတွေမဖြစ်တော့မှ
အပါယ်တံခါးပိတ်တယ်လို့ခေါ်နိုင်တာ။

ဒေါက်တာ နန္ဒမာလာဘိဝံသ
ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏
Подробнее
12.13 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 15 Aug 2025 02:15:20 +0300
မင်္ဂလာရှိသော နေ့ရက် ဖြစ်ပါစေ 🙏🙏🙏
Подробнее
11.01 k
]]>
https://linkbaza.com/catalog/-1001943359091 Thu, 14 Aug 2025 16:05:01 +0300
Подробнее
13.48 k
]]>
https://linkbaza.com/catalog/-1001943359091 Thu, 14 Aug 2025 07:33:25 +0300
Подробнее
16.36 k
]]>
https://linkbaza.com/catalog/-1001943359091 Thu, 14 Aug 2025 06:38:01 +0300
Подробнее
12.09 k
]]>
https://linkbaza.com/catalog/-1001943359091 Thu, 14 Aug 2025 05:40:29 +0300
Подробнее
11.99 k
]]>
https://linkbaza.com/catalog/-1001943359091 Thu, 14 Aug 2025 04:03:47 +0300
Подробнее
12.98 k
]]>
https://linkbaza.com/catalog/-1001943359091 Thu, 14 Aug 2025 02:15:10 +0300
Подробнее
11.49 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 17:16:17 +0300
ဧရာဝတီက အောင်ဇော်တို့ ၊ ကျော်ခ တို့လည်း တဖြည်းဖြည်း အရူးချီးပန်းတွေ ဖြစ်လာတာ တွေ့နေရတယ်။ ဆိုးတာက ကြာလာတာနဲ့အမျှ မီဒီယာရုပ် မပေါက်တော့တာပဲ။ သတင်းမီဒီယာ အဆင့်ကြီး ခံထားပြီး ပေါက်လွှတ်ပဲစား ဆန်လာတာကတော့ အတော်လေး ဆိုးတယ်လို့ ပြောရမလားပဲ။
_
တပ်ချုပ်ကို ဖမ်းဝရမ်း မထုတ်ခင် ....ရခိုင်မှာ ဘင်္ဂလီပေါင်း ၆၀၀ လူမျိုးတုံး သတ်ထားတဲ့ ထွန်းမြတ်နိုင် ကိစ္စပဲ အရင် ICJ ရောက်အောင် သတင်းမီဒီယာ ပီပီသသ ဖြစ်အောင် လိုက်ပါဦး။ ဒါမှမဟုတ်လည်း ကချင်နဲ့ ဝ မှာ ဥပဒေမဲ့ ထုတ်နေတဲ့ မြေရှား သတ္တုတွေ ကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု တွေဖြစ်‌ေစတဲ့ အကြောင်းပဲ သမာသမတ်ကျကျ ရေးပါဦး။
____
အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အကျိုးရှိ‌ စေတဲ့ လျှပ်စစ်မီးရမယ့် ကိစ္စ တွေ လုပ်မယ်ဆိုရင် ဂဏန်းလို လိုက်ကန့်ကွက်မယ့် အဖွဲ့အစည်းပေါင်း သောင်းခြောက်ထောင်ကို ဒင်း တို့ အင်တာဗျူးလို့ ဆုံးမှာ မဟုတ်ဘူး။ သတင်းသမားသာ အမည်ခံထားတာ။ EAO တွေနဲ့ PDF တွေ အကြမ်းဖက် လူသတ်နေတာကိုတော့ မျှမျှတတ မရေးရဲဘူး။ လက်လှမ်းမမှီသေးတော့လည်း နေနှင့်ဦးပေါ့ကွာ။ နောင်တချိန် လွှတ်တော်ထဲမှာ ကျနော် ကျော်ခပါ လုပ်လာရင် သောက်ခွက် ဖြတ်ရိုက်ဦးမယ်။

(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 12:51:22 +0300
ကမ်းပိန်းအတွက် ရည်ရွယ်ပြီး AI နဲ့ လုပ်ထားတဲ့ ပုံလေးက ခုတလော အပြောများနေတယ်။

နောင်ချိုဘက်မှာ လူငယ်တွေ ခပ်များများ အလင်းဝင်လာကြလေတော့ သူတို့အချင်းချင်းကြား MOTI ဖြစ်ဖို့ အားယူတယ်လို့ ထင်ချင်စရာပဲ။ ကမ်းပိန်း အတွက် ရည်ရွယ်ပြီး ခွက်ခေါက်ရအောင်ကလည်း ပြည်သူတွေက အရင်လောင် မအ ကြ လေ တော့ ဟိုးအရင်ကလို ထင်သလောက်တော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ယူဆရမယ်။

ပုံတစ်ပုံက သာမန်အားဖြင့်ကြည့်ရင် ဘာမှမဟုတ်ဘူးဆိုပေမယ့် ထွက်ရှင်းမှ ပိုဆိုးတဲ့ အဖြစ်ကတော့ AI ပုံလို့ငြင်းပြီး ပုံအစစ်နဲ့ ထပ်ရိုက်လာခဲ့ကြတာပဲ။ ဧရာဝတီဆိုတဲ့ မြစ်ပဲ ခြားတဲ့ အသွင်အပြင်ရယ်၊ မလှမ်းမကမ်းမှာ ရှိတဲ့ မန္တလေးရွှေမြို့တော်ကြီးရယ် ပေါင်းဖက်လိုက်တဲ့အခါ....အဖြစ်နိုင်ဆုံးက လက်ပံလှနဲ့ မင်းကွန်း ရှိတဲ့ စစ်ကိုင်းတောင်ရိုးဆိုပြီး သွားတွေ့တယ်။

ဘာပဲ ဖြစ်ဖြစ်....စစ်ကိုင်းတောင်ရိုးဘက်မှာ ရေစက်ရှိရင်တော့ တချိန်ချိန် ဆုံကြဦးမှာပါလို့ပဲ တွေးမိလိုက်တော့တယ်။


(နရီမိုး)
Подробнее
11.27 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 11:34:35 +0300
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ ဖမ်းဆီးထားတဲ့ စစ်သုံးပန်းနဲ့ မိသားစုဝင် ၁၄၄ ယောက်ကို AA ဘက်က ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းလေး မြင်ရတယ်။ တကယ်တော့ ဒီသတင်းက ထူးပြီး ကျေးဇူးတင်စရာတော့မရှိဘူး။ အကုန်လုံးကိုတော့ ဝါးလုံးရှည်နဲ့ မရမ်းချင်ပေမယ့် အများစုကတော့ ဒီဒေသခံတွေ ဖြစ်သလို အချိန်ကြာလေလေ တင်ကျွေးရတဲ့ စာရိတ်များလာတဲ့အတွက်ကြောင့်သာ နိုင်ငံရေးအရ မျက်နှာရအောင် AA ဘက်က လုပ်လာတဲ့ ကစားကွက်တစ်ခုသာ ဖြစ်တယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။

ဒီသတင်းကို မြင်ရတဲ့အချိန်မှာ ခေါင်းထဲရောက်လာတဲ့ အတွေးက ဒေသနယ်မြေခံ တပ်ရင်းတွေ စစ်ရှုံးရတဲ့ အကြောင်းအရင်းမှာ စစ်သည်တွေကို နယ်မြေ တစ်ခုမှာ အချိန်အကြာကြီး ထားတဲ့ အချက်ကလည်း အချက်တစ်ချက် ဆိုတာ တွေးမိလိုက်တယ်။

ပိုဆိုးတာက....ဒေသခံတွေနဲ့ အိမ်ထောင်ရက်သားကျသွားသည့်တိုင်အောင် ရာထူးမယူတော့ဘဲ ဒီဒေသတွေမှာ ဘွန်း ထိုးနေတဲ့ ပြဿနာကို နောင်မှာ မဖြစ်မနေ Action ယူဖို့ လိုလာပြီဆိုတာကို သတိပြုရတော့မယ်။ နောက်ချန်တပ်ရင်းတွေရဲ့ အတွင်း သတင်းတွေ ပေါက်ကြားမှုကလည်း ဒေသခံလူမျိုးစု ပိုများတဲ့ တပ်တွေက ပို ဖြစ်လေ့ဖြစ်ထ ရှိတာလည်း တွေ့ရတယ်။

လက်ရှိ တပ်ပြေးဖြစ်သွားတဲ့ စာရင်းတွေကို အသေးစိတ်လိုက်ကြည့်ရင်လည်း လူမျိုးစွဲကြီးပြီး မျိုးနွယ်စုနဲ့ မိသားစု တွေအပေါ် မလွန်ဆန်နိုင်တဲ့ တိုင်းရင်းသားတွေက ပိုအဖြစ်များတာ တွေ့ရလိမ့်မယ်။ တပ်စု ၊ တပ်စိတ်အဆင့် ဖွဲ့စည်းပုံမှာတောင် ဒေသတူ၊ လူမျိုးတူတွေ စုစည်း မထားရတဲ့ နည်းဥပဒေသတွေ ရှိနေပါရက်နဲ့ သေချာပေါက် ဒီကိစ္စကို နောင်မှာ ....စနစ်တကျနဲ့ ပြန်ပြီး သုံးသပ် စုဖွဲ့ ပြင်ဆင်ကြရလိမ့်မယ်။


(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 07:33:54 +0300
စစ်ပွဲဆိုတာ လက်နက်ချပြီး ထာဝရ ငြိမ်းချမ်းရေးပါ လို့ စကားမဆိုသရွေ့ကတော့ တစ်ဖက်နဲ့ တစ်ဖက်က ဗုံလုံတလှည့် ၊ ဖျံတလှည့်ဆိုတာ မမေ့ဖို့ လိုတာပါပဲ။
___
ဒလံဆိုပြီး အပြစ်မဲ့ ပြည်သူတွေကို သတ်ချင်တိုင်း သတ်ဖြတ်ကြ၊ ကိုယ့် စစ်သည်တွေ သုံးပန့်ဘဝနဲ့ မိရင်တောင် ခွေးနဲ့နှိုင်းပြီး ဒင်ထု သတ်ခဲ့ကြသေးတာပဲ မဟုတ်လား။
_
ရှေ့တန်းက မဆုတ်တမ်း ခံစစ်စခန်းတွေမှာ ....အားမတန်လို့ မာန်လျှော့ရတဲ့ အချိန်တိုင်း ကိုယ်ပိုင်နံပါတ် အော်ပြီး အလံဖြူထောင် အသတ်ပေးခဲ့ရတဲ့ စစ်သည်တွေရဲ့ သွေးတွေက ခြောက်ဦးမယ် မထင်ပါဘူး။ စစ်ပွဲပဲလေ။ ရှုံးတဲ့အခါလည်း လည်စင်းပေးရသလို နိုင်တဲ့အခါလည်း လက်မရွံ့ကြေးပေါ့။ မင်းတို့ အော်ခဲ့သလို ဒီသွေးကြွေးတွေက ဆွေးနွေးစရာ မလိုသေးပါဘူး။

တစ်ခုသိထားဖို့က အကြမ်းဖက်တွေကို အလျော့ပေးဆွေးနွေးတဲ့ ထုံးစံ မရှိဘူးဆိုပြီး တပ်ချုပ်ကြီး ပြောခဲ့တဲ့ စကားတခွန်းရှိတယ်။ လာမယ် တလှိုင်းပြီး တလှိုင်း တွေ့ကြတာပေါ့။

(နရီမိုး)
Подробнее
16.06 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 06:32:47 +0300
ဒီကာလတွေမှာ တွေ့ရတဲ့ မြေပြင်အခင်းအကျင်းတွေအရဆိုရင်…စစ်ရေးဘက်မှာ တပ်က အနည်းအကျဉ်း ခေါင်းမော့လာနိုင်တာ တွေ့လာရတယ်။ တကယ်တော့ အနည်းအကျဉ်း ဆိုတာထက် ပိုပါတယ်။ ဘယ်တိုက်ပွဲဖြစ်စဉ်တွေကိုပဲ ကြည့်ကြည့် အဖက်ဖက်က အသာစီး ရလာတာမြင်နေရတယ်။ စစ်ပွဲဖော်ဆောင်တဲ့နေရာမှာလည်း နေရာတစ်ခု တည်းကွက်ပြီး ဖော်ဆောင်တာမျိုးမဟုတ်ဘဲ အညာဒေသမှာလည်း စစ်ကြောင်းထိုး၊ ကချင်မှာလည်း အရေးသာ၊ ရှမ်းမြောက်မှာလည်း အသာစီးရတဲ့ အခြေအနေမျိုး မြင်နေရတယ်။ ဒီလိုဖြစ်လာခဲ့တဲ့ အခြေအနေမှာလည်း အဓိကကတော့ စစ်မှုထမ်း ဥပဒေကနေ ဖြည့်တင်းလိုက်တဲ့ HR အင်အားစုတွေနဲ့ စစ်ကြောင်းတွေမှာ တွဲဖက်ထား တဲ့ဒရုန်းတွေမှာ သိသိသာသာ အားကောင်းလာတာ ကတော့ ငြင်းမရဘူး။ ဒါပေမယ့် တစ်ခု ရှိတာက ၁၀၂၇ အခင်းအကျင်းမှာ နောက်ကွယ်က နေ ပံ့ပိုးမှုရှိနေတဲ့ EAO တွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ရချိန်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့တာကိုတော့ မေ့ထားလို့မရဘူး။
---------
တောင်ခမ်းကအနေ အစပြုလိုက်တဲ့ တပ်မတော်ရဲ့ ထိုးစစ်တွေမှာ ဒရုန်းအသုံးပြုနိုင်မှုက သိပ်ကို “အခရာ” ကျခဲ့တာကိုတော့ မဖြစ်မနေ အသိအမှတ်ပြုရလိမ့်မယ်။ ရက်ပေါင်း ၁၀၀ လောက်ခံစစ်ပြင်ထားခဲ့ရတဲ့ အနေအထားကနေ နောင်ချိုကို ရသွားခဲ့ချိန်မှာတော့ စစ်ပွဲ အလှည့်အပြောင်းက ကိုယ်တွေဆီမှာ အသာစီးဖြစ်လာခဲ့တယ်။ ၁၀၂၇ ကနေ တောက် လျှောက်ခံစစ်ပြင်၊ စခန်းတွေစွန့်ပေးလိုက်ရတဲ့ တပ်ဟာ ခုချိန်မှာတော့ စင်ပေါ် အနေအထားရောက်သွားခဲ့ပြီဆိုတာကတော့ သေချာပေါက် လက်ခံရလိမ့်မယ်။
--------
စစ်ရေးဘက်မှာကြည့်ရင်…ကယားဘက်မှာ မိုးဗြဲကို ရလိုက်တယ်။ လက်ရှိအချိန်မှာ ကယားမှာ ကျန်နေသေး တာဆိုလို့ ဒီမောဆို၊ ဖရူဆိုနဲ့ ဘော်လခဲပဲ ကျန်တော့တယ်။ ဒီနေရာတွေရဖို့အတွက်လည်း တပ် အတွက် သိပ်ခက်ခဲမယ်မထင်မိဘူး။ ပြောနိုင်တာ ကတော့…ရွေးကောက်ပွဲမတိုင်ခင်မှာ ကယားတစ်ပြည်လုံး အကြမ်းဖက် ကင်းစင်ဖို့ ရာခိုင်နှုန်းများတယ်လို့ ဆိုရလိမ့်မယ်။ ကချင်ဘက်မှာလည်း တပ်က ဖားကန့်ကို ထိန်းနိုင် သွားတယ်။ လက်ရှိ ဗန်းမော်ကိုလည်း အလုံးစုံ ထိန်းချုပ်ဖို့ ကြိုးစားနေသလို ဗန်းမော်ရလို့ လေကြောင်းလိုင်းပွင့်တာနဲ့ ဒီနယ်မြေ အနီးတဝိုက်မှာရှိတဲ့ အကြမ်းဖက် သမားတွေအနေနဲ့ ဘုရားသာ “တ”ပေတော့ပဲ။ ခဲရာခဲဆစ် ရေကြောင်းကနေတောင် စစ်ကူနဲ့ ခဲယမ်းရိက္ခာတွေ မဖြစ်မနေရောက် သေးရင်… ဗန်းမော်မြို့ အိတ်ကပ်ထဲပြန်ရောက်တာနဲ့ အနားက မံစီ၊ ရွှေကူနဲ့ ကသာတွေကို ကောင်း ကောင်း နယ်မြေရှင်းလို့ ရသွားလိမ့်မယ်။
-----------
ဝမ်းသာစရာကောင်းတာကတော့ ရှမ်းမြောက်နဲ့ ကချင်ဘက်တွေမှာ တပ်ရဲ့ FPV နဲ့ ဒရုန်းတွေကို ပေါပေါသီသီ သဘောမျိုးသုံးလာတာ မြင်လာရတာပဲ။ ခုနောက်ပိုင်း ကရင်ဂွင်ကလွဲရင် အကြမ်းဖက်တွေတောင် ဒရုန်းတွေကို ကိုယ်တွေလောက်သုံးတာ မတွေ့ရတော့တာကလည်း ထူးဆန်းနေပြန်တယ်။ ကြည့်ရတာ… နောက်ကွယ်မှာ Supply မရှိတော့ တဲ့သဘောပဲ။ တချို့သောင်းကျန်းသူတွေဆီမှာ ဂျန်ဘာ ရှိနေသည့်တိုင်အောင် ကိုယ်တွေဘက်က Drop လုပ်နိုင်တာကလည်း တဆင့်မြှင့်တဲ့ နည်းပညာမြင့် ဒရုန်းတွေ သုံးနေတယ်ဆိုတဲ့အချက်က ပိုပြီး ထင်ရှားနေတယ်။
----------
အကောင်းဘက်ကကြည့်ရင်တော့…ကိုယ်တွေတပ်မတော်ရဲ့မျိုးဆက်မှာ ဒရုန်းဟာ မဖြစ်မနေ အသာပေးရမယ့် လက်နက်တစ်ခုဖြစ်တယ်ဆိုတာကို မက်ဆေချ့်ပေးလိုက်နိုင် တာက အမြတ်ပဲ။ ဆယ်စုနှစ်တစ်ခုလောက် အသားပေးပြီး လုပ်ဆောင်သွားခဲ့ရင်တော့ အတော်လေးကောင်းတဲ့ Result ထွက်လာလိမ့်မယ်။ နဂိုကတည်းက လက်နက်ကိုင်အဖွဲ့ ပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ တပ်မတော်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ တပ်မတော်ထဲမှာလည်း ဒရုန်းနဲ့ ပတ်သက်ပြီး အရင်ဆုံးထိတွေ့ရတဲ့ အခြေအနေမျိုး ပိုင်ဆိုင်ခဲ့ရတယ်လို့ ဆိုရမလားပဲ။ ဒီအခြေအနေကိုသာ “စဉ်ဆက်မပြတ်”ထိန်းသိမ်းပြီး ခြေလျင်/ခြေမြန်တပ်ရင်းတွေမှာ ဖြည့်စွက် ဖွဲ့စည်း ထားနိုင်ခဲ့ရင်တော့… အနီးကပ်တိုက်ရတဲ့ စစ်သည်တွေအတွက် အတော်လေး အားကိုးရတဲ့ လက်ရုံးတပ် ဖြစ်လာ ပါလိမ့်မယ်။
-------
အဓိက ကတော့ ဒရုန်းနဲ့ပတ်သက်ပြီး တင်သွင်းတာနဲ့ အသုံးပြုတဲ့ နေရာတွေမှာ မခိုဖို့ လိုအပ်တာပါပဲ။ ဆိုလိုတာက…အသာစီးရသွားချိန်မှာ လျော့လိုက်တာမျိုး မဖြစ်စေချင် တာပါ။ နောက်ပိုင်း ပြည်တွင်းမှာပဲ တပ်ဆင်ထုတ်လုပ်နိုင်တဲ့အထိ တဆင့်မြှင့်နိုင် ရင်တော့ အကောင်းဆုံးပေါ့။ လက်ရှိ သုံးနေတဲ့ FVP တွေနေရာမှာ တာဝေးရတဲ့ ဒရုန်းတွေ အစားထိုး နိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့။ အရေးကြီးဆုံးက ….လက်နက်ကိုင်တွေထုံးစံ အတိုင်း အင်အားနည်းလာရင် “တပ်မတော်ဟာ လက်နက်ကိုင်တွေရဲ့ အစ်ကိုကြီး အရာ”လို့ သုံးပြီး ခွက်ခြင်းတိုက်တဲ့ နိုင်ငံရေးစနစ် ပြန်ပြီးထွန်းကားလာမှာကို အကြောက် ဆုံးပါပဲ။ သာဓကအနေနဲ့ လက်နက်ကိုင်တစ်ဖွဲ့ကို လက်ညိုးထိုးပြပါဆိုရင်…KNU အဖွဲ့ပဲ။ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုလို့ အဟုတ်ကြီးမှတ်လို့ စစ်တက္ကသိုလ်ကို ခေါ်ပြလိုက်ရ၊ ခေါင်းပြောင်းတဲ့အချိန်မှာ NCA လက်မှတ်ကို နိုင်ငံတကာအသိသက်သေတွေရှေ့ လက်မှတ် ထိုးထားသည့်တိုင်အောင် ရွေးကောက်ပွဲပျက်ဖို့က KNU ရဲ့ ရည်မှန်းချက်လို့ ကြွေးကြော်လာတာက ရုပ်အဆိုးဆုံးပဲ။


(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 05:40:39 +0300
ပုံ (၁) ကတော့ မနေ့က တပ်က ထိန်းချုပ်လိုက်တဲ့ လိပ်ခမော်နဲ့ ကုလာဘာ ရွာဖြစ်ပြီးတော့ ပုံ (၂) က ကျောက်ဖြူကနေ တန်ပြန်ထိုးစစ် အလုံးအရင်းနဲ့ စနိုင်ခဲ့ရင်.... မအီကို ထိန်းချုပ်နိုင်မယ့် ရိုးမ ကျော်စရာ မလိုတဲ့ အနီးဆုံး လမ်းကြောင်းပြ အခြေအနေ ဖြစ်ပါတယ်။
Подробнее
11.81 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 05:40:39 +0300
ရခိုင်မှာ မနေ့က တပ်က သိမ်းလိုက်တဲ့ ကုလာဘာနဲ့ လိပ်ခမော်က ရမ်းဗြဲ- ကျောက်ဖြူသွား ကားလမ်းရဲ့ အနောက်ဘက်မှာ ရှိတယ်။ လိပ်ခမော်က ပြိုင်းစေကေ နဲ့ ပိုပြီး နီးတယ်။ ဒီအနေအထားကိုကြည့်ရင် ....ကျောက်ဖြူနဲ့ အလှမ်းဝေးနေတာတွေ့ရသလို ဒီထက် ရှေ့ကို ပိုပြီး ထိန်းချုပ်နိုင်ခဲ့ရင်တော့ ကျောက်ဖြူက စိတ်ချရပြီ လို့ ပြောလို့ရတယ်။
_
ဒါပေမယ့် ရခိုင်နဲ့ ပတ်သက်ရင် တပ်အနေနဲ့ ခံစစ်အနေအထားမှာပဲ ရှိသေးသလားလို့ တွေးမိတယ်။ တောင်းပိုင်းမှာရှိတဲ့ ဂွ ကို တိုးဖို့ဆိုတာကလည်း လေးမျက်နှာ၊ ကွင်းကောက်နားမှာတင် ထိတွေ့မှု ဖြစ်နေတာက ရိုးမကို ကျော်ပြီး ဂွဆီ ရောက်ဖို့က ခက်နိုင်တယ်လို့ ယေဘုယျ ယူဆရနိုင်သလိုပဲ။ ထူးခြားတာက အမ်း-ပဒန်း လမ်းမှာ တိုက်ပွဲတွေ ပြင်းထန်သလောက် ငြိမ်ချက်သား ကောင်းနေတာက တောင်ကုတ်- ဥသျှစ်ပင် လမ်းကြောင်းပဲ။
__
ရခိုင်ကို ဝင်ဖို့ တောင်ကုတ်-ဥသျှစ်ပင်လမ်းရယ်၊ ဂွ လမ်းကြောင်းရယ် ၊ အမ်း လမ်းကြောင်းနဲ့ ရေလမ်းကြောင်း ဆိုပြီး ရှိတဲ့အထဲမှာ ရေလမ်းကသာ ပိုပြီး ထိရောက်စေမလား တွေးမိတယ်။ တကယ်လို့သာ ကျောက်ဖြူကနေ မအီအထိသာ ထိုးဖောက်နိုင်ရင် တောင်ကုတ်၊ သံတွဲ နဲ့ ဂွ ဘက်က အခြေအနေကောင်းသွားနိုင်မလားဆိုပြီး တွေးဖြစ်တယ်။ ဒီလမ်းကြောင်းက ရိုးမကို ကျော်တာထက် ပိုပြီး လွယ်နိုင်မလားပေါ့လေ။ ခက်တာက ....လူမျိုးစွဲကြီးတဲ့ ရခိုင်ရွာတွေကို ဖြတ် ကျော်ရမယ့် ပြဿနာနဲ့ မိုးတွင်းကာလ ချောင်းမြောင်း ပေါတဲ့ ရခိုင်ရဲ့ သဘာဝ အတားအဆီးက အခက်တွေ့နေနိုင်တယ်။
__
ဒါပေမယ့် ရွေးကောက်ပွဲ အတွက် ရခိုင်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုချင်ရင်တော့ တောင်ပိုင်းဘက်မှာ ရှိတဲ့ သံတွဲ၊ ဂွ နဲ့ တောင်ကုတ်အခြမ်းလောက်တော့ ပြန်ထိန်းချုပ်နိုင်ရင်တော့ ၃ မြို့နယ်ပဲ ကျင်းပနိုင်တယ်ဆိုတဲ့ ပုံရိပ်ကို ရှောင်ရှားပြီးသား အခြေအနေ ရောက်သွားလိမ့်မယ်။ ဒါပေမယ့် NLD လက်ထက်မှာ ရွေးကောက်ပွဲ နိုင်တာတောင် ရခိုင်ပါတီတွေ ဝန်ကြီးချုပ်ပေးမလုပ်တဲ့ အခြေအနေရှိထားလေတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ ရမ်းဗြဲလောက်ပဲ ရွေးကောက်ပွဲ ကျင်းပပြီး ကျန်တဲ့ မြို့နယ်တွေကို တမိုးလောက် AA လက်အောက် ပစ်ထားလည်း ကိစ္စတော့ မရှိနိုင်ဘူး။ နောင်ချိုလို စစ်နိုင်သွားရင် မြို့ပြန်လည်တည်ဆောက်ရေးက မဖြစ်မနေဝင်ကြရဦးမှာဆိုတော့ ....အကျိုးဖြစ်မယ့် ရှမ်း၊ ကယား၊ အညာနဲ့ ကချင်ဘက်တွေကို ဦးစားပေးတာက ပိုပြီး သဘာဝ ကျလိမ့်မလားလို့ တွေးမိတယ်။


(နရီမိုး)
Подробнее
11.02 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 04:01:02 +0300
အကုသိုလ်မှ ကုသိုလ်ဖြစ်ပုံ
*****
ရှေးတုန်းက သူငယ်ချင်းနှစ်ယောက် လယ်ယာလုပ်ငန်းကိုလုပ်ကြတယ်။ နှစ်ယောက်အတူ လယ်လုပ်ရင်း မောတဲ့အခါသောက်ဖို့ ရေဗူးလေးတစ်ဗူးစီယူလာကြတယ်။ လယ်သွားထွန်လိုက် ရေလေးသောက်လိုက်ကြနဲ့။ အဲ့ဒီမှာ တခြားသူငယ်ချင်းတစ်ယောက်က လယ်ထွန်နေတုန်း သူရေဆာလို့ ရေလာသောက်တယ်။ သူ့ဗူးထဲကရေလေးက နည်းနေလို့ ဟိုလူ့ဗူးထဲကရေကို ခိုးသောက်လိုက်တယ်။

သူ့ဗူးထဲက ရေကုန်မှာစိုးလို့ သူများဗူးထဲက ရေကို ခိုးသောက်တယ်။ ခိုးသောက်ပြီးတော့ တနေကုန်အလုပ်တွေလုပ်ပြီး ညနေကျတော့ရေမိုးချိုးကြတယ်ပေါ့။ ရေမိုးချိုးပြီးတော့ အဲဒီ့ခိုးသောက်တဲ့လူက သူ့ကိုယ်သူစဉ်းစားတယ်။ "ငါ ဒီကနေ့ ဘာများမဟုတ်တာလုပ်မိတုန်း"။ ဘာမဟုတ်တာလုပ်မိတုန်းလို့ဆိုတော့ သူကသွားတွေ့တယ်။

ဘာသွားတွေ့တုန်းဆိုတော့ ရေခိုးသောက်တာ သူသွားတွေ့တယ်။ ငါ မဟုတ်တာလုပ်ထားတယ်။ အဲဒီတော့ ခိုးသောက်တယ်ဆိုတာ အကုသိုလ်မဟုတ်လား။ အဲ့ဒီ အကုသိုလ်ကိုကြည့်ပြီး သူ့စိတ်ထဲမှာ သံဝေဂတွေ ဖြစ်လာတယ်။ "သြော် ဒီအကုသိုလ်တွေ ကြီးထွားသွားမယ်ဆိုလို့ရှိရင်...ငါ အပါယ်ငရဲဒုက္ခရောက်တော့မှာပဲလို့ သူ့ကိုယ်သူ မကျေမနပ်ဖြစ်ပြီး သူ့စိတ်ရဲ့အပြစ်တွေကိုမြင်ပြီး သင်္ခါရတရားတွေရဲ့ အပြစ်ကို ဆင်ခြင်လိုက်တာ ပစ္စေကဗုဒ္ဓါပါရမီ ရင့်သန်တဲ့ပုဂ္ဂိုလ်ဖြစ်တော့ အဲဒီနားမှာပဲ ပစ္စေကဗောဓိဉာဏ်ရသွားတယ်။

တရားဆင်ခြင်ရင်းနဲ့ ပစ္စေကဗောဓိဉာဏ်ရသွားတယ်။ ရသွားတဲ့အခါ ဟို ရေဘူးထဲက ရေအခိုးခံရတဲ့သူငယ်ချင်းက ရေချိုးပြီး တက်လာတဲ့အခါ "သူငယ်ချင်း အိမ်ပြန်စို့လေ" လို့ပြောတော့ "ဟာ ငါ အိမ်မပြန်တော့ဘူး။ ငါ ပစ္စေကဗုဒ္ဓဖြစ်နေပြီ" ဆိုတော့...

"မင်း မဟုတ်တရုတ်ပြောပြီ၊ ပစ္စေကဗုဒ္ဓဆိုတာ မင်းလိုမဟုတ်ဘူး" လို့ပြောတယ်။ "ဟ...ဒါဖြင့်ပစ္စေကဗုဒ္ဓ
ဆိုတာ ဘယ်လိုတုန်း" ဆိုတော့ "ပစ္စေကဗုဒ္ဓဆိုတာ
ခေါင်းကလည်း ခေါင်းတုံးနဲ့ ၊ အဝတ်ကလည်းသင်္ကန်း
ဝတ်၊ သပိတ်လွယ်နဲ့ ဒီလိုနေတာ၊ မင်းဟာက လူဝတ်
ကြီးနဲ့ ဘယ်လို ပစ္စေကဗုဒ္ဓ ဖြစ်မှာတုန်း"။

အဲ့ဒီအချိန်မှာ သူကသတိရပြီး သူ့ခေါင်းကိုပွတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူကအသွင်ပြောင်းသွားတာ တခါတည်း လူ့အသွင်ပျောက်သွားပြီးတော့ ရဟန်းအသွင် ရောက်သွားတာ၊ သပိတ်လွယ်လျက် ပရိက္ခရာရှစ်ပါးနဲ့ ကောင်းကင်ပေါ်ပျံတက်ပြီး သူငယ်ချင်းကို နှုတ်ဆက်ပြီး ထွက်ခွာသွားတယ်။

ဒါကို ပဋ္ဌာန်းပါဠိတော်မှာ မြတ်စွာဘုရားက

"ပုရိမာ ပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသိဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော"

- ပုရိမာ ပုရိမာ အကုသလာဓမ္မာ - ရှေးရှေးကဖြစ်တဲ့
အကုသိုလ်တရားတွေဟာ၊
- ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်
ဖြစ်လာမယ့် ကုသိုလ်တရားတွေကို၊
- ကေသိဉ္စိ ဥပနိဿယပစ္စယေန - ဥပနိဿယပစ္စည်း
အချို့ဖြင့်၊
- ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်တယ်။
လို့ ပဋ္ဌာန်းပါဠိတော်ကြီးမှာ ဒီလိုဟောပါတယ်။

အဲ့ဒါ ဘာတုန်းဆိုတော့ အကုသိုလ်ကနေ ကုသိုလ်ဖြစ်တယ်လို့ ပြောတာနော်။ အကုသိုလ်ကလည်းဒီလိုပဲ ကုသိုလ်ဖြစ်တယ်။ ကိုယ့်ရဲ့အကုသိုလ်ကို ရှုမှတ်ဆင်ခြင်တာ။

နောက်တစ်ခါ လူတယောက်ဟာ ဒေါသဖြစ်တယ်။ အဲ့ဒီဒေါသဖြစ်ပြီး "သြော် ဒီဒေါသဟာ မကောင်းပါလား" လို့ ဒေါသရဲ့အပြစ်တွေကို "အင်မတန်ကြီးလေးပါလား" လို့ ဒေါသရဲ့အပြစ်တွေကို ဆင်ခြင်စဉ်းစားလာတာလည်း သူကုသိုလ်တွေရတယ်။

ဟော... ဒေါသဖြစ်တုန်းက "အကုသိုလ်"၊ ဆင်ခြင်စဉ်းစားတာကျတော့ "ကုသိုလ်"။ ဒီလိုဖြစ်တာ။ ဒါကြောင့်မို့လို့ စိတ္တာနုပဿနာမှာ မြတ်စွာဘုရားကဟောထားတာ...

"သရာဂံ ဝါ စိတ်တံ သရာဂံ စိတ်တန်တိ ပဇာနာတိ သဒေါသံ ဝါ စိတ်တံ သဒေါသံ စိတ်တန်တိ ပဇာနာတိ"

ကိုယ့်စိတ်လေးဟာ တဏှာရာဂနဲ့တွဲနေရင်လည်း တဏှာရာဂနဲ့တွဲနေတယ်လို့ သိရမယ်။ သိတယ်ဆိုတာ အာရုံပြုတာကိုပြောတာ။ ကြည့်လေ "သြော် ငါ့စိတ်က ရာဂနဲ့တွဲနေပါလား" လို့ဆိုရင်… "ရာဂ" က အကုသိုလ်၊ သိလိုက်တဲ့ "စိတ်" ကျတော့ ကုသိုလ်၊ ရာဂ ဆိုတဲ့အကုသိုလ်တရားကြောင့် သိခြင်းဆိုတဲ့ ကုသိုလ်တရားဖြစ်လာတယ်တဲ့။ ဒါကို ပြောတာနော်။

စိတ္တာနုပဿနာ အားထုတ်တဲ့အခါကျတော့ အကုသိုလ်ကနေပြီးတော့ ကုသိုလ်ဖြစ်တယ်။ ရာဂ ကိုရှုမယ်ဆိုရင် ရာဂက အကုသိုလ် ၊ အာရုံကအကုသိုလ်...ရှုတဲ့စိတ်က ကုသိုလ်။ စိတ္တာနုပဿနာ မှာ မြတ်စွာဘုရားက ဒီလိုဟောထားတာလေ။ ဒါ ဥပနိဿယပစ္စည်းပဲ.... ဒီလိုမှတ်ရမယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
ပဋ္ဌာန်းမြတ်ဒေသနာ_ဥပနိဿယပစ္စည်းတရားတော်မှ
🙏🙏🙏
Подробнее
12.52 k
]]>
https://linkbaza.com/catalog/-1001943359091 Wed, 13 Aug 2025 02:15:22 +0300
မင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Tue, 12 Aug 2025 14:57:34 +0300
Подробнее
13.85 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 12 Aug 2025 14:01:36 +0300
Подробнее
11.46 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 12 Aug 2025 14:00:01 +0300
Подробнее
13.51 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 12 Aug 2025 09:55:17 +0300
Подробнее
12.93 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 12 Aug 2025 04:05:25 +0300
Подробнее
12.56 k
]]>
https://linkbaza.com/catalog/-1001943359091 Tue, 12 Aug 2025 02:15:11 +0300
Подробнее
11.59 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 11 Aug 2025 15:58:40 +0300
ဗန်းမော်မှာ လေယာဉ်ကွင်းနဲ့ တပ်တစ်ချို့ နေရာတွေကို တပ်မတော်အနေနဲ့ ‌အပြည့်အဝ ထိန်းနိုင်သွားတဲ့ သဘောရှိပါတယ်။ ကြည့်ရတာ ဒီပုံအတိုင်းဆို ....သိပ်မကြာခင်တော့ အလုံးစုံ ထိန်းချုပ်နိုင်သွားမယ့်သဘောပဲ။

ကိုယ်တွေတပ်က ပြန်သိမ်းလိုက်နိုင်ပြီဆိုတဲ့ ဓာတ်ပုံနောက်ခံတွေထဲမှာ အလံ တင်တဲ့ ဗဟိုကင်းစစ်ရေးပြနေရာတွေကအစ လူပျိုဆောင်ဘားတိုက်နေရာတွေ အဆုံး ပျက်စီးနေတဲ့မြင်ကွင်းကတော့ ဝမ်းနည်းစရာပါပဲ။ ဗဟိုကင်းဆိုတာ တပ် တစ်တပ်အတွက် ဘယ်လောက်တန်ဖိုးထား စရာ နေရာတစ်ခု ဖြစ်ကြတယ်ဆိုတာ စစ်သားတိုင်းကသာ အသိဆုံးပဲ မဟုတ်လား။ ဗန်းမော်မြို့ကြီး မကျအောင် သူတို့ လနဲ့ချီပြီး ခံတိုက်ခဲ့ကြရတယ်။ ကျည်ဘေး၊ လက်နက်ကြီးတွေဘေးကြားမှာ နောက်ဆုံးအချိန်အထိ မဆုတ်တမ်း ခံစစ်ပြင်ပြီး မြို့မကျအောင် ကာကွယ်ပေးခဲ့ကြတယ်။

တကယ်ပါ။ ဗန်းမော်မြို့ကို ထိန်းနိုင်‌ အောင် အသက်ပေး ကြိုးစားခဲ့တဲ့ တပ်မတော်သားတွေကိုလည်း လေးစားလက်တင် အလေးပြုပါတယ်။ တစ်ခုပါပဲ။ ဗန်းမော်ရသွားရင်တောင် တိုက်စစ်မရပ်ပစ်ဖို့ပါပဲ။


(နရီမိုး)
Подробнее
41.97 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 11 Aug 2025 13:24:29 +0300
ခိုင်သုခရဲ့ ကြေညာချက်အရဆိုရင်‌ တော့....ချင်းပိုင်တဲ့ ပလက်ဝက အော်တို AA လက်ထဲ ရောက်သွားတဲ့ သဘောပါပဲ။ ပလက်ဝကို ရခိုင်ထဲ ထည့်လိုက်ပြီလို့ပဲ အကြမ်းဖျင်း ယူဆရမှာပါ။

ခက်တာက ချင်းကလည်း တောင်ပိုင်းချင်း၊ မြောက်ပိုင်း ချင်း၊ ဇိုးမီးချင်း၊ ကန်ပက်လက်ချင်း စသဖြင့် ချင်းပေါင်းများစွာ ကွဲနေလို့ ဒီအခင်းအကျင်းကို လှန်နိုင်မယ့် ပုံ မပေါက်ပါဘူး။ AA လုပ်စား ထိုင်စားနေရတဲ့ ချင်းတွေ အတွက်ကတော့ ပလက်ဝမှာ မုဒိန်းအကျင့်ခံရလည်း ငြိမ်ခံနေမယ့် သဘောပါပဲ။

ထွန်းမြတ်နိုင်ကိုယ်တိုင် ပလက်ဝဟာ ရခိုင်မပိုင်ပါဘူးလို့ ဆိုထားတဲ့ ရုပ်သံ အထင်အရှားရှိပေမယ့် ဒီမောင်တွေလည်း ခုတော့ ရှက်ကြောပြတ်ပြီ ထင်ပါတယ်။


(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Mon, 11 Aug 2025 11:14:20 +0300
နိုင်ငံရေးက သိပ် လေထီး ဆန်တာပဲ။ ပြည်သူတွေအသက်ကသာ မြေဇာပင်တွေ ဖြစ်လို့။ အားရအောင် တိုက်၊ အထိနာလာရင် ငြိမ်းချမ်းရေးစကားဆို။


(နရီမိုး)
Подробнее
12.95 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 11 Aug 2025 06:35:09 +0300
လူကြီးတွေ ငဲ့နေ့လို့ရယ်ပါ။ KIA ဌာနချုပ်ကို တလလောက်ကြိုပြီး ဗျင်းခဲ့ရင် ....ဗန်းမော်က ဒီလောက်အသည်းအသန် ဖြစ်စရာ မလိုပါဘူး။ အဓိက မြို့ထိန်းနိုင်ဖို့ လိုသလို လေဆိပ်ပြန်ပွင့်ဖို့လည်း အရေးကြီးတယ်။

ကရင်ဂွင်မှာလည်း KNU ဌာနချုပ်ကို စောစောဗျင်းထားရင် ဝေါလေ ဘက်က ရှေ့တန်း အထိုင်စခန်းတွေလည်း အဲ့လောက်မနာဘူးပေါ့။

ခုလည်း မိုးကုတ်ကို ဘယ်လို စစ်မြူမလဲ ဆိုတာက သဘာဝအတိုင်း ပေးထားချက်တစ်ခုပါ။ ပြည်သူကို ငဲ့ နေတယ် ပြောရအောင်ကလည်း အဲ့မိုးကုတ်ပြည်သူက ကိုယ့်ရဲဘော်တွေကို ဓားနဲ့ ခုတ်သတ်ခဲ့တာ မမေ့စေချင်ဘူး။ ပြည်သူတွေ မထိစေချင်ရင်လည်း ဘယ်နှစ်လအတွင်း ရှောင်နေဆိုပြီး ကြိုပြီး Target ပေးထားလိုက်ပေါ့။

မိုးကုတ်က ပလောင်အတွက် ငွေတွင်းကြီး တစ်ခုပါ။ နောက်ဆုံး မဟန်နိုင်မှပဲ လက်လွှတ်မှာပါ။ လက်ဖက်ပဲ မြင်ဖူးတဲ့ ပလောင်က တရုတ်ကြားဝင်ရုံနဲ့ ကိုးကန့်လို ပေးမယ့်သဘော မမြင်ပါဘူး။ ဒီတော့ မိုးကုတ်ကို အားကုန်တိုက်မယ့်အစား နမ့်ဆန်နဲ့ မန်တုံ ဘက်မှာ ပုစ္ဆာပေးထားဖို့ လိုပါတယ်။ ဒါမှ မိုးကုတ်ခံစစ်ရဲ့အင်အားကို လျော့ချထားနိုင်မှာပါ။

လူကြီးတွေလည်း ပလန်တော့ရှိမှာပါ။ အဓိက နည်းပညာနဲ့ လေကြောင်းသာ များများသုံးပါ။ ဖြစ်နိုင်ရင် ဒရုန်းနဲ့ကင်းထောက်ပြီး ဒရုန်းနဲ့ပဲ နယ်မြေရှင်းပါ။ အနည်းဆုံးတော့ ၃ မိုင်အတွင်း စိတ်ချရပါတယ်။ တည်ဆောက်ရေးလုပ်ငန်းဆိုတာ သူပုန်မရှိတော့ရင် ....အချိန်သိပ်မယူရပါဘူး။ ခု နောင်ချိုကိုပဲကြည့်လေ။ ကျောင်းပေါင်း ၄၂ ကျောင်းလောက် ပြန်ဖွင့်နိုင်ပြီပဲမလား။ စစ်နိုင်ဖို့ကသာ အဓိက အရေးကြီးတာပါ။ စစ်နိုင်သွားရင် စစ်အောင်ရသော အကြောင်းကြီးများ အချက် ၃၀ ရေးလည်း လက်ခံကြမှာပဲ မဟုတ်လား။


(နရီမိုး)
Подробнее
14.69 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 11 Aug 2025 05:17:56 +0300
လေကြောင်းရန်က ထွက်ထားတဲ့ ဒီစာက (အစစ်ဖြစ်ခဲ့ရင်) ခေတ်သစ်ဆီ ဘယ်လိုရောက်သလဲ ဆိုတာပဲ စိတ်ဝင်စားတယ်။ ဒီစာမှာ လိပ်မူက ကကထုတ်၊ ကကမ၊ ဆသရ၊ တပ်မတော် သတင်းနည်းပညာနဲ့ သသန ကို လိပ်မူပြီး ကကဝယ်ကို မိတ္တူပေးထားတယ်။ ဒီထဲမှာ ကကဝယ်ကတော့ အရပ်သား နဲ့ ထိတွေ့မှု ပိုများတယ်။


သာမန်အားဖြင့် အရေးမကြီးဘူး ဆိုပေမယ့် လုံ ၄ လုံ မထိန်းနိုင်တာကလည်း ပြဿနာပဲ။ ပူပူနွေးနွေး သေဒဏ်ထိုက်တဲ့ လျိုဝှက်အက်ဥပဒေလည်း ထွက်ထားတော့ နမူနာ ဖြစ်စေချင်မိတယ်။


(နရီမိုး)
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Mon, 11 Aug 2025 04:00:40 +0300
ကုသိုလ်လုပ်တယ်ဆိုတာ
တစ်ချို့က နောင်ဘဝအတွက်လို့ ထင်ကြတယ်
တကယ်တော့ ဒီဘဝမှာလည်း
စိတ်ကြည်နူးရတယ် စိတ်ချမ်းသာရတယ်။

ကုသိုလ်ဆိုတာ လုပ်ပြီးရင်
နောင်တ-တဖန် ပူပန်ရတာမျိုး မဟုတ်ဘူး။

အလုပ်တစ်ခုဟာ လုပ်ပြီးတဲ့နောက်
တကယ့်ကိုဝမ်းသာစရာဖြစ်ရင်အဲဒါ"ကောင်းမှု"ပဲ။
အကျိုးပေးလာပြီဆိုရင်လည်း ဝမ်းသာရတယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏
Подробнее
12.62 k
]]>
https://linkbaza.com/catalog/-1001943359091 Mon, 11 Aug 2025 02:15:13 +0300
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ ဘေးဘယအပေါင်းမှ ကင်းဝေးကြပါစေ 🙏🙏🙏
Подробнее
12.48 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 10 Aug 2025 17:49:43 +0300
Подробнее
15.54 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 10 Aug 2025 16:56:05 +0300
Подробнее
14.98 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 10 Aug 2025 10:46:07 +0300
Подробнее
16.02 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 10 Aug 2025 09:58:27 +0300
Подробнее
12.85 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 10 Aug 2025 06:31:25 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Sun, 10 Aug 2025 05:45:24 +0300
Подробнее
11.47 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 10 Aug 2025 04:02:16 +0300
Подробнее
12.35 k
]]>
https://linkbaza.com/catalog/-1001943359091 Sun, 10 Aug 2025 02:15:15 +0300
Подробнее
11.88 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 09 Aug 2025 09:43:27 +0300
အနောက်အလိုကျ နေတိုးထဲ ဝင်ဖို့ ခေါင်းဆောင်တစ်ယောက်က ဆုံးဖြတ်လိုက်တာ....ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ ဒေသ ၄ ခု လောက်ကို လက်လွှတ်‌ ပေးရလိုက်မလို ဖြစ်သွားပြီ။

သေချာစဉ်းစားရင် နေတိုးထဲ ဝင်ခွင့်ရခြင်း ၊ မရခြင်းက ယူကရိန်းအတွက် အကျိုးအမြတ်သိပ်မရှိပေမယ့် ယူကရိန်းကိုတည်ပြီး ရုရှားကို စစ်ပြုချင်တဲ့ စိတ်ကတော့ နေတိုင်းအဖွဲ့ဝင်တိုင်းမှာ ရှိကြတာ အမှန်တရားပဲ။ ခုလည်း ယူကရိန်းက စစ်တိုက်နိုင်နေတယ်ဆိုတာ နေတိုးအဖွဲ့ဝင်တွေ ထည့်ဝင်ထားတဲ့ စစ်အသုံးစရိတ်ကနေပဲ သွားတာ မဟုတ်ဘူးလား။ အပေါ်ယံအားဖြင့် စစ်ကို ရပ်စေချင်တယ်လို့ ဘယ်လောက်ပြောပြော ကမ္ဘာကြီး သိပ်အေးချမ်းသွားရင် အမေရိကန် လက်နက်ကုမ္ပဏီတွေ တောင်းစားဖို့ပဲ ရှိတော့မှာပေါ့။

အဆုံးသတ်မှာတော့ ကမ်းရိုးတန်းထွက်ပေါက် တစ်ခု ထပ်ရတဲ့အပြင် အရေးကြီးတဲ့ ဓာတ်ငွေ့တွေ ထွက်ရှိတဲ့ ဒေသတွေကိုပါ ရုရှားက ရလိုက်တဲ့ သဘောပဲ။ စစ်ဖြစ်ခဲ့တဲ့ ၃ နှစ်ကျော်အတွင်းမှာ ယူကရိန်းအတွက် ဘာအကျိုးအမြတ် မရခဲ့လိုက်ရှာဘူး။ တစ်ချို့ချောင်းမြောင်းလုပ်ကြံ တိုက်ခိုက်တာ တစ်ခုကလွဲရင်ပေါ့။


(နရီမိုး)
Подробнее
13.66 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 09 Aug 2025 06:44:01 +0300
မြင်းခြံဘက်မှာ ဒေါ်သီတာယုမွန်ရဲ့ ပသစအဖွဲ့နဲ့ တပ်မတော် စစ်ကြောင်းတွေ ပေါင်းပြီး နယ်မြေရှင်းနေတယ်ဆိုတဲ့သတင်းလေး တွေ့မိတယ်။ တကယ်တော့ ဒီလို ကိစ္စတွေက ခပ်စောစောလေး ကိုင်တွယ်နိုင်ခဲ့ရင်… ဒီလောက်ကြီး ဧရိယာမကျယ်ပြန့်သွားနိုင်ဘူးပေါ့။ ခက်တာက…ဒီအကြောင်းပြောပြန်ရင် HR လိုအပ်ချက်ဆိုတဲ့ ဘူတာကိုပဲ ပြန်ဆိုက် မယ် ထင်တယ်။
---------
အညာမှာ နယ်မြေရှင်းကြတဲ့အခါ တပ်မတော်ရဲ့ စစ်ကြောင်းတွေမှာ ဒေသခံ ပသစ အဖွဲ့တွေ မပါလို့ကို မဖြစ်ဘူး။ တပ်ဟာ မြန်မာပြည်အနှံ့ စစ်ဆင်ရေးထိုးဖူးတယ်ဆိုပေမယ့် ….ရွာချင်းဆက်နေတဲ့ အညာဒေသတွေအကြောင်းကိုတော့ အတွေ့အကြုံနည်းမှာ အမှန်ပဲ။ ဒီလိုအနေအထားမှာ စစ်ကြောင်းတစ်ခုတည်းကိုပဲ နယ်မြေရှင်းခိုင်း လိုက်ရင် …ပုရွတ်ဆိတ်အုံကြားထဲ ထန်းလျက်ခဲ ချသလို ဖြစ်သွားလိမ့်မယ်။
--------
အဓိကကတော့ တပ်မတော်ရင်ဆိုင်ရတဲ့ PDF တွေဆိုတာ… ပြည်သူ အယောင်ဆောင် ထားတဲ့ ရွာတွေက ပိုများတာမို့…အပြည့်အဝ နယ်မြေရှင်းနိုင်ဖို့ဆိုရင်… အညာဒေသ တွေမှာ ရှေ့တန်းဗျူဟာအထိုင်စခန်းမျိုး မဖြစ်မနေ ချကို ချရလိမ့်မယ်။ မြေပြင်ရဲ့ လိုအပ်ချက်တွေကို တိုင်းစစ်ဌာနချုပ်ကိုသာ တိုက်ရိုက်သတင်းပို့ ဖြေရှင်းနေရရင် …တိုင်းမှူး အတွက်လည်း ဝန်ပိသလို ဆုံးဖြတ်ချက်တွေလည်း နှောင့်နှေးနိုင်တာမျိုး ရှိနိုင်တယ်။ အကောင်းဆုံးကတော့ နယ်မြေရှင်းမယ့်စစ်ကြောင်းတွေမှာ ဒေါ်သီတာယုမွန်လိုမျိုး အမာခံ ပသစ တွေတွဲဖက်လိုက်ရင် Perfect အဖြစ်ဆုံးပဲ။ လက်ရှိ မကွေးဘက်နဲ့ ဧရာအစပ်က တာဝန်ရှိသူတွေအနေနဲ့လည်း ကိုယ့်ဒေသကို အပြည့်အဝ ကာကွယ်နိုင်ဖို့… ပသစ စနစ်အားကောင်းအောင် အတုယူဆောင်ရွက်သင့်တယ်လို့ပဲ အကြံပြုရမှာပဲ။ ဒီလိုလုပ်မှပဲ ကိုယ့်စစ်ကြောင်းရဲ့အင်အားကိုလည်း ချွေတာရာ ရောက်ပါလိမ့်မယ်။

(နရီမိုး)
Подробнее
12.39 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 09 Aug 2025 05:47:01 +0300
ဒီကာလတွေမှာ ကိုယ်တွေစစ်သည်တွေအတွက် ဝမ်းသာကြည်နူးစရာ မြင်ကွင်းလေးတွေ တဖြည်းဖြည်း မြင်တွေ့နေရတယ်။ ဒီကိစ္စက တခြားသူတွေအတွက် ထွေထွေထူးထူး မဟုတ်ဘူးဆိုပေမယ့် စောင့်မျှော်နေကြရတဲ့ မိသားစုအတွက်တော့ နောက်တန်းပြန် ဝင်ချိန်ဆိုတာ ဆုလာဒ်ကြီးတစ်ခုပဲ။ ပြီးတော့…အချိန်ပြည့် သွားသတိ၊ လာသတိ၊ စားသတိနဲ့ ရှိနေခဲ့ကြတဲ့ ကိုယ်တွေ စစ်သည် တွေအတွက်လည်း အားအင်တစ်ချို့ ပြန်မွေးရတဲ့ ကာလလည်းဖြစ်လို့ ဒီမြင်ကွင်းတွေက သိပ်ကြည်နူးစရာကောင်းသလို အဓိပ္ပာယ်တွေလည်း အများကြီး ရှိနေခဲ့တယ်။
------
နိုင်ငံ့အရေးပေါ်ကာလ ပေါ်ပေါက်ခဲ့ချိန်မှာ…ရှေ့တန်းစစ်မြေပြင်နဲ့အတူ မြို့တွင်းလုံခြုံရေး ကိုပါ အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ယှဉ်တွဲ တာဝန်ယူကြရချိန်မှာ …. တပ်အချိန်း အပြောင်းလုပ်နိုင်ဖို့အတွက် အတော်လေး ခက်ခဲခဲ့ကြရတယ်။ ဒါပေမယ့်… တောင်ခမ်းကို လုံးဝထိန်းချုပ်နိုင်သွားပြီဆိုတဲ့ နေ့ကအစ၊ နောင်ချိုကို သိမ်းပိုက်ခဲ့တာတွေအလယ်၊ ခု ပူပူနွေးနွေး မိုးဗြဲကို ရခဲ့တဲ့ တပ်တွေအဆုံး အကုန်လုံးကို အနားပေးစနစ်နဲ့ ပြန်လည် ပတ်လာနိုင်တာ တွေ့ရတယ်။
-------
ဒီနောက်ပိုင်းတိုက်ပွဲတွေမှာ တပ်မတော်ဟာ အောင်စိတ်မြင့်မားလာတယ်ဆိုတဲ့ အချက် ကတော့ ငြင်းမရဘူး။ ဒါကလည်းမြေပြင်က တိုက်ပွဲတွေမှာ အောင်ပွဲရနေတယ်ဆို တဲ့အချက်ကလည်း အဓိက အကြောင်းတရားဖြစ်လိမ့်မယ်။ မြေပြင်က တပ်မ တွေဟာ… နောင်ချိုမြို့ပတ်ပတ်လည် ဧရိယာတွေကို ရက်ပိုင်းအတွင်း အောင်မြေချဲ့ နယ်မြေရှင်း နိုင်ခဲ့သလို…ဗန်းမော်ဘက်မှာလည်း ကိုယ်တွေစစ်ကြောင်းတွေက အပြည့်အဝ ထိန်းချုပ် နိုင်ဖို့ ကြိုးစားနေတာ တွေ့ရတယ်။ လိုအပ်တဲ့ စစ်ကူတွေနဲ့ ခဲယမ်းတွေကိုလည်း ခဲရာခဲဆစ် မရောက် ရောက်အောင် ပို့ပေးနိုင်တာ တွေ့ရတယ်။ မတ္တရာဘက်မှာလည်း MDY-PDF သိမ်းထားတဲ့ မြကံသာနဲ့ သရက်ကိုင်းရွာတွေကို အမြန်ဆုံး ထိန်းချုပ်နိုင် ခဲ့တာကတော့… မိုးကုတ်အတွက် အိမ်မက်ဆိုး ဖြစ်လာစေမလားပဲ။ မတ္တရာနဲ့ သပိတ်ကျင်းတပ်တွေသာ လက်ချင်းချိတ်နိုင်ခဲ့ ရင်…မိုးကုတ်ရဲ့အနောက်ဘက်အခြမ်းက ထွက်ပေါက်ပိတ်ပြီလို့ပဲဆိုရမယ်။
---------
ဘယ်လိုပဲဖြစ်ဖြစ်….မြေပြင်တိုက်ပွဲတွေမှာ တပ်ဟာ အောင်ပွဲတွေ ရလာတယ်။ ယုံကြည် မှုတွေ အမြင့်မားဆုံး ရှိလာတယ်။ ပင်ပန်းနေတဲ့တပ်တွေကို တိုက်ပွဲကြားထဲကနေ အနားပေးစနစ်ကျင့်သုံးလာနိုင်တယ်။ မြကံသာလိုမျိုးဖြစ်စဉ်အတွက် ရက်ပိုင်းအတွင်း ချက်ချင်းတုံ့ပြန်လာနိုင်တယ်ဆိုတဲ့အချက်တွေက …တပ်ဟာ အပေါ်စီးကနေ စစ်ကစား နိုင်သွားပြီဆိုတဲ့ ပုံရိပ်မျိုး ဖန်တီးနိုင်ခဲ့ပြီလို့သာ ဆိုရတော့မှာပါ။

(နရီမိုး)
Подробнее
13.24 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 09 Aug 2025 04:01:21 +0300
အပါယ်ဘုံရောက်တယ်ဆိုတာ
ဘာကြောင့်ရောက်တာတုန်းဆိုတော့
စိတ်မနိုင်လို့ရောက်တာတွေချည်းပဲ။

စိတ်ထဲမှာမစင်ကြယ်တဲ့

လောဘတွေ
ဒေါသတွေ
မောဟတွေ
မာန်/မာနတွေ
ဣဿာမစ္ဆရိယတွေ
အဲဒါတွေကြောင့်အပါယ်ရောက်တာ။

စိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးတွေကို
သန့်ရှင်းအောင်မလုပ်နိုင်လို့အပါယ်ရောက်တာ။

အဲဒါကြောင့်ကိုယ့်စိတ်ဆင်ရိုင်းကို
ပညာတည်းဟူသောချွန်းဖြင့်အုပ်တယ်လို့
မြန်မာစာပေတွေမှာရေးလေ့ရှိတယ်။

အသိပညာနဲ့ဆင်ခြင်စဉ်းစားပြီးတော့
ကိုယ့်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်
လမ်းမှန်ပေါ်တင်ပေးရမယ်။
ကောင်းအောင်ပြင်ရမယ်။

အခုလိုသာသနာနဲ့တွေ့တဲ့အချိန်ကလေးမှာ
ကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုရင်
နောင်ဒီလိုအသိဥာဏ်မျိုးရဖို့ဆိုတာ
အများကြီးခဲယဉ်သွားပြီ ။
ရ လာ လိမ့် မယ် လို့ မထင် နဲ့ ။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
Подробнее
12.36 k
]]>
https://linkbaza.com/catalog/-1001943359091 Sat, 09 Aug 2025 02:15:12 +0300
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာ ပြည့်ဝကြပါစေ 🙏🙏🙏
Подробнее
12.05 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 08 Aug 2025 17:48:33 +0300
Подробнее
12.57 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 08 Aug 2025 14:16:01 +0300
Подробнее
12.74 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 08 Aug 2025 11:29:28 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001943359091 Fri, 08 Aug 2025 10:22:56 +0300
Подробнее
12.87 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 08 Aug 2025 06:33:01 +0300
Подробнее
12.33 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 08 Aug 2025 05:44:01 +0300
Подробнее
11.54 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 08 Aug 2025 04:05:04 +0300
Подробнее
12.39 k
]]>
https://linkbaza.com/catalog/-1001943359091 Fri, 08 Aug 2025 02:15:16 +0300
Подробнее
11.26 k
]]>
https://linkbaza.com/catalog/-1001943359091 Thu, 07 Aug 2025 14:58:55 +0300
ကိုယ်တွေဆီက သူတွေက စစ်သား ဘက်က လာတာဆိုတော့ အရာရာ မူဝါဒနဲ့ပဲ ချိန်ထိုး စဉ်းစားလေ့ရှိကြတယ်။ မကောင်းဘူးလားမေးရင် သိပ်ကောင်းပါတယ်။ စည်းစနစ်ရှိတယ်။ ဥပဒေအတိုင်းသွားတယ်။ အမှားနည်းတယ်ပေါ့။ ဒါပေမယ့် နိုင်ငံရေးဘက်မှာ ဒီလို လှေရိုးထိုး ရိုးရိုးကြီးက သိပ်အလုပ်မဖြစ်လှဘူးလို့ မြင်မိတယ်။

ဒေါ်စု ပြည်ပကို သွားတော့ အကူအညီတောင်းတာလေး မှတ်မိတယ်။ မြန်မာပြည်က K-pop ကိုလည်း ဘာဘာညာညာ လုပ်ပေးပါဦးဆိုတဲ့ ကိစ္စမျိုး။ တဖက်က ကြည့်ရင် သိပ်ကလေး ကုလား ဆန်တဲ့ တောင်းဆိုမှုလို့ မြင်ရပေမယ့် တဖက်မှာတော့ Positive ဆန်တဲ့ အမြင်တွေ ရတာ တွေ့ရလိမ့်မယ်။

ဒီနေ့ Esport လောကအတွက် World Champion ဖြစ်လာတဲ့ ကလေးတွေကို ရန်ကုန်ပြည်သူ့ရင်ပြင်မှာ တွေ့ဆုံပွဲ Fan Meeting လုပ်တာကို မြင်စေချင်တယ်။ ပြိုင်ပွဲကျင်းပတဲ့အချိန်မှာ Streaming လုပ်တဲ့အခါ ပြည်တွင်းက လူငယ်တွေရဲ့ ကြည့်ရှုနှုန်း ပမာဏကို သိစေချင်တယ်။ ဒီအချက်က လူငယ်တွေကို ဆွဲဆောင်စည်းရုံးဖို့ အကောင်းဆုံးပဲ။ အစိုးရအနေနဲ့မဟုတ်တောင် Third Party လောက်ကြားခံပြီး ပြည်တွင်းမှာ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲမျိုး ချပေးလိုက်တာမျိုး လုပ်လို့ရနိုင်ကောင်းပါရဲ့လို့ တွေးမိတယ်။ နိုင်ငံရေးဟာ လူပိန်းကြိုက်ပြောတတ်ဖို့လိုသလို အချိန်ကိုက် ဖျာဝင်ခင်းတတ်ဖို့လည်း လိုလိမ့်မယ်။

ဒါတွေက အလကား မဟုတ်ဘူး။ ဥပဒေဘောင်ထဲက ကလေးတွေရဲ့ ပျော်ရွှင်ခြင်း အစစ်အမှန်က ဘာလဲ ဆိုတာကို တောထဲက ကလေးတွေ မြင်သာအောင် ပြရမှာ မဟုတ်ဘူးလား။ တောထဲက လူငယ်တွေအနေနဲ့ ဘဝအာမခံချက်ရှိတဲ့ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေဆီကို ပြန်လာဖို့ တိုက်ရိုက်မိန့်ခွန်းပြောတာမျိုးနဲ့လည်း လုပ်သင့်ရင်လည်း လုပ်ရမယ်ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ EAO တွေရည်မှန်းချက်ဆန္ဒတွေပြည့်စေဖို့ ဗမာ လူငယ်တွေက ဘဝအပျက်ခံပြီး သေနတ်ကိုင်နေရတဲ့ အခင်းအကျင်းက တကယ့်ကို ဆိုးဆိုးဝါးဝါးပဲ မလား။

စည်သူမောင်တို့ ပြောသလို မေဝင်းမြင့်တို့လည်း အမေရိကားကနေ အဝေးရောက် ကြေညာချက်တွေ ထုတ်ပြန်ပြီး တော်လှန်ရေး လုပ်နေကြသလို ၈၈ လက်ကျန် မိုးသီးဇွန်တို့တောင် NUG အကြောင်းသိလို့ လက်ရှောင်နေတဲ့ အခြေအနေမျိုးမှာ လူငယ်တွေက ဘာကြောင့် တောထဲမှာ သေပန်းတွေပွင့်ဖို့ စတေးနေကြမှာလဲ။ ၈၈ မျိုးဆက်ခြင်း တူတာတောင် ပေါ်ဦးတို့က ကဗျာရေးလိုက်၊ လူလုံးထွက်ပြလိုက်။ တဖက်မှာ ကိုကိုကြီးတို့က ရွေးကောက်ပွဲအတွက် ပါတီရုံးခန်းတွေ လိုက်ဖွင့်နေတာကို အရှင်လတ်လတ်မြင်နေရချိန်မှာ ၈၈ နဲ့ ၂၁ ဘာကွာသလဲ ဆိုတာကို သက်သေပြဖို့ လိုသေးသလားပေါ့။

အညာမှာ "အကြမ်းဖက် လူသတ် PDF အလိုမရှိ" ဆိုပြီး ဆန္ဒပြတာတွေ မြင်လာရသလို ၄ နှစ်တာကာလ လူသတ်အကြမ်းဖက်၊ မုဒိန်းကျင့်ခဲ့ကြတာတွေကလည်း တချိန်ချိန်မှာ သေချာပေါက် တာဝန်ခံရမယ့် ကိစ္စတွေပဲ ဖြစ်ပါတယ်။ အာဏာ အတွက် NUG ရဲ့ လူကြီးတွေက ကြီးမိုက်တွေ ဖြစ်နေကြပေမယ့် အနာဂတ်အတွက် လက်ကျန် ဘဝတွေ အများကြီး ရှေ့ဆက်ရမယ့် ကလေးတွေကိုတော့ မနစ်မွန်းစေချင်တာက စိတ်ဆန္ဒအမှန်ပါ။


(နရီမိုး)
Подробнее
13.07 k
]]>
https://linkbaza.com/catalog/-1001943359091 Thu, 07 Aug 2025 13:39:28 +0300
မိမိ‌သဘောဆန္ဒ အလျောက် AA ဆီမှာ စစ်မှုထမ်းကြတာပါလို့ သတင်းဖြန့်ထားတဲ့ အခံရှိထားလေတော့ ....ဒါမျိုးဖတ်ရချိန် စိတ်ထဲ အီလယ်လယ်ကြီး ခံစားမိသွားတယ်။ ကြည့်ရတာ ...ခိုင်သုခတို့၊ ထွန်းမြတ်နိုင်တို့ ဒါမျိုးကြတော့ မသိချင်ယောင် ‌ဆောင်နေကြတယ် ထင်ပါရဲ့။


(နရီမိုး)
Подробнее
12.63 k
]]>