Лента постов канала Myanmar International News (@myanmar19623) https://t.me/myanmar19623 Sharing of Myanmar & International News ru https://linkbaza.com/catalog/-1001971228472 Sat, 23 Aug 2025 06:07:02 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 22 Aug 2025 18:08:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 22 Aug 2025 17:47:32 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 22 Aug 2025 12:32:18 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 22 Aug 2025 09:44:48 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 22 Aug 2025 05:39:00 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 21 Aug 2025 18:31:18 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 21 Aug 2025 18:20:39 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 21 Aug 2025 18:03:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 21 Aug 2025 17:50:46 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 21 Aug 2025 14:13:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 21 Aug 2025 13:48:47 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 21 Aug 2025 12:45:34 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 20 Aug 2025 17:43:47 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 20 Aug 2025 13:11:06 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 20 Aug 2025 10:01:26 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 19 Aug 2025 17:58:28 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 18 Aug 2025 12:24:51 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 18 Aug 2025 09:03:21 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sun, 17 Aug 2025 14:13:40 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sun, 17 Aug 2025 10:07:20 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 16 Aug 2025 17:41:47 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 16 Aug 2025 05:09:10 +0300
ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများနှင့်ပတ်သက်၍ စွဲဆိုလာသည့်အမှုများကို မှန်ကန်မြန်ဆန်စွာ ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ရန် ပြည်ထောင်စုတရားသူကြီးချုပ် တိုက်တွန်း

ပြဌာန်းထားပြီးဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ စွဲဆိုလာသည့်အမှုများကို မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြပြီး ပြစ်မှုထင်ရှားပါက ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပြောကြားပါတယ်။

သြဂုတ် ၁၄ ရက်နှင့် ၁၅ ရက်တိုတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ တွေ့ဆုံပွဲတွင် ပြည်ထောင်စုတရားသူကြီးချုပ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 16 Aug 2025 03:45:13 +0300
ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ရာ မဲ​ခေါင် လန်ချန်း မှ နိုင်ငံခြားရေးဝန်ကြီးများကထောက်ခံအားပေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ယမန်နေ့ သြဂုတ် ၁၅ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်းနင်မြို၌ကျင်းပသည့် (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။

ယင်း အစည်းအဝေးနှင့်တစ်ဆက်တည်း ကျင်းပသည့် “တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံဆွေးနွေးပွဲ”သိုလည်းတက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကျင်းပရန်ပြင်ဆင်ဆောင်ရွက်နေမှုအပါအဝင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထိုသို ရှင်းလင်းပြောကြားမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးတိုက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲကျင်း ပမည့်ကိစ္စနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် တိုး တက်မှုများကို ထောက်ခံအားပေးခဲ့ကြပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 15 Aug 2025 17:18:21 +0300
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 15 Aug 2025 05:21:14 +0300
အစိုးရစစ်တပ်ကလွဲပြီး ဘယ်သူ့ကိုမှ လက်နက်ကိုင်ဆောင်ခွင့် မပေးထားဘူး လို လက်ဘနွန် သမ္မတဆို

ယမန်နေ့က လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်ကို အလည်အပတ်ရောက်နေတဲ့ အီရန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အဓိပတိ အတွင်းရေးမှူး အလီလာရီဂျာနာနဲ့ တွေ့ဆုံပွဲမှာ လက်ဘနွန်သမ္မတ ဂျိုးဇတ်အေရွန်က တိုင်းပြည်ထဲမှာ အစိုးရစစ်တပ်တစ်ခုပဲလက်နက် ကိုင်ဆောင်ခွင့်ရှိတယ်၊ ပြည်ပနိုင်ငံတွေက နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်တဲ့ အနေနဲ့ တစ်စုံတစ်ဦး ( သို့ ) အဖွဲ့အစည်းတွေကို လက်နက်တွေ ထောက်ပံ့ ပေးကမ်းနေတာကို လုံးဝ ခွင့်မပြုနိုင်ဘူး လို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

လက်ဘနွန်ရှိ မည်သည့်အဖွဲ့ကိုမျှ လက်နက်သယ်ဆောင်ခွင့် သို့မဟုတ် ပြင်ပတပ်ဖွဲ့များရဲ့ ပံ့ပိုးကူညီမှုများ ရယူရန် တားမြစ်ထားကြောင်းကိုလည်း ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာမျိုးကို လက်မခံပါဘူး၊ ငြင်းဆိုထားပါတယ်”လို့ ဆိုပါတယ်။ လက်ဘနွန်ဟာ အီရန်အပါအဝင် အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း အေနွန်က အလေးပေးပြောကြားခဲ့ပြီး အဲ့ဒီအတွက်ကြောင့်လည်း အလားတူ အကျိုးသက်ရောက်မှုမျိုး ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 14 Aug 2025 18:23:03 +0300
ရွေးကောက်ပွဲကို အားပေးထောက်ခံမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဆို

ယခုနှစ်အတွင်း ကျင်းပရန်ရှိနေသည့်အထွေထွေရွေးကောက်ပွဲကို ထောက်ခံအားပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယနေ့ (ဩဂုတ်၁၄)က ပြောပါတယ်။

(၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံကို ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တွေ့ဆုံစဉ် ထိုသို ပြောကြားခြင်း ဖြစ်ပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအပြင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စနှင့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ပြောကြားခဲ့ကြသည် ဟု သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 14 Aug 2025 17:14:07 +0300
က‌မ္ဘောဒီးယား-ထိုင်းနယ်စပ်လုံခြုံရေးနိုင်ငံတကာကစောင့်ကြည့်စစ်ဆေး

အာဆီယံခြောက်နိုင်ငံမှ ကာကွယ်ရေးဆိုင်ရာကိုယ်စားလှယ်များပါဝင်သော ယာယီလေ့လာစောင့်ကြည့်ရေးအဖွဲ(IOT) သည် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တလျှောက် မကြာခင်ကဖြစ်ပွားခဲ့သော ပဋိပက္ခက တို-က်ရိုက် အကျိုးသက်ရောက်ခဲ့သော နယ်မြေများ၏ လုံခြုံရေးအခြေအနေကို အကဲဖြတ် ဆန်းစစ်ရန်အတွက် ယနေ့(သြဂုတ်လ ၁၄ရက်နေ့) တွင် Battambang၊ Banteay meanchey နှင့် preah vihear ပြည်နယ်များသို သွားရောက်မည်ဖြစ်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ညှိနှိင်းဆောင်ရွက်သော အဆိုပါမစ်ရှင်ကို က မ္ဘောဒီးယားနိုင်ငံဆိုင်ရာ မလေးရှားကာကွယ်ရေး စစ်သံမှူး ဗိုလ်မှူးကြီး နက်ဇ်လီ ဘင်အဗ္ဗဒူလ်ရာဟင်မ် ဦးဆောင်၍ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများမှ အဖွဲဝင် ခုနစ်ဦးပါဝင်ပါတယ်။

ကိုယ်စားလှယ်အဖွဲသည် ယင်းပြည်နယ်များရှိ နယ်စပ်စစ်ဆေးရေးဂိတ်များ၊ စစ်ဒေသများတွင် လေ့လာစစ်ဆေးသွားကြမည်ဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 14 Aug 2025 15:46:17 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 14 Aug 2025 11:31:31 +0300
တောင်ကိုရီးယားသမ္မတကတော်ဟောင်း ကင်ကွန်ဟီ ဖမ်းဆီးခံရ

အဂတိလိုက်စားမှုအပါအဝင် စွဲချက်များစွာဖြင့် တောင်ကိုရီးယားသမ္မတကတော်ဟောင်း ကင်ကွန်ဟီကို ဩဂုတ် ၁၂ ရက်နှောင်းပိုင်းတွင် ဖမ်းဆီးလိုက်ပြီး ၎င်းကိုစွဲဆိုထားသည့် စွဲချက်များထဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေချိုးဖောက်မှု၊ နိုင်ငံရေးရန်ပုံငွေဆိုင်ရာ ဥပဒေချိုးဖောက်မှုများလည်းပါဝင်ပါတယ်။

သမ္မတဟောင်းရော၊ ဇနီးပါ ထိန်းသိမ်းခံရသည့်ဖြစ်ရပ်မျိုးက တောင်ကိုရီးယားတွင် ယခုပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိ ကင်ကွန်ဟီ၏ တရားမဝင်လုပ်ရပ်များကို အစိုးရရှေ့နေများက စာမျက်နှာ ၈၄၈ မျက်နှာဖြင့် တင်ပြလာပြီးနောက် သက်သေဖျောက်ဖျက်လိုက်မည်ကိုစိုးရိမ်သဖြင့် ၎င်းကိုဖမ်းဝရမ်းထုတ်ရန် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 14 Aug 2025 07:37:19 +0300
ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ် (၃၄၀) ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးခဲ့ပါတယ်။

မန္တလေးငလျင်ကြီးစတင်ဖြစ်ပွားသည့်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊သြဂုတ် ၁၁ ရက်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငလျင်ဒဏ်သင့်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက် ငွေကျပ်(၄၂ ဒသမ ၀၉၄)ဘီလီယံကျော်၊သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအတွက် ငွေကျပ်(၄ဒသမ၇၃၃)ဘီလီယံကျော်၊ဒဏ်ရာရသူများအတွက် ငွေကျပ်(၀ ဒသမ ၁၇၅)ဘီလီယံသုံးစွဲပြီးဖြစ်ပါတယ်။

နေအိမ်များပြန်လည်တည်ဆောက်ရန် ငွေကျပ် (၁၆၀၅ ဒသမ ၅၇၁)ဘီလီယံကျော်ကိုလည်း ထောက်ပံ့ထားသည့်အပြင် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်(၃၄၀)ဘီလီယံကျော်ကိုသုံးစွဲပြီးဖြစ်ကာ ပြည်တွင်း/ပြည်ပမှလှူဒါန်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ဒေသများသို အချိန်နှင့်တစ်ပြေးညီဖြန့်ခွဲထောက်ပံ့ပြီးလည်း ဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 13 Aug 2025 17:02:41 +0300
စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း‌ ရောင်းချပေးမယ်လို ဗဟိုဘဏ်ထုတ်ပြန်

စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း‌ကို နိုင်ငံခြားငွေကြေးဈေးကွက်ကတစ်ဆင့် ရောင်းချပေးမယ်လို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီကနေ့ ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါဟာ ယခု သြဂုတ်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒုတိယအကြိမ် ထုတ်ရောင်းပေးတာဖြစ်ပြီး ၂ ကြိမ်ပေါင်းကို အမေရိကန်ဒေါ်လာ ၆၂ သန်းထုတ်ရောင်းပေးထားတာပါ။

ဩဂုတ် ၁၂ ရက်နေ့ကတော့ စားသုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရောင်းချပေးခဲ့သလို CMP ကုမ္ပဏီတွေနဲ့ Non-trade payment တွေအတွက် အမေရိကန်ဒေါ်လာ ၄ သိန်းခွဲကျော် ရောင်းချပေးခဲ့ပါတယ်။

ဒါ့အပြင် FX Market Online Trading Platform ကနေလည်း တရုတ်ယွမ် ၂ သန်းနီးပါးကို ဩဂုတ် ၁၂ ရက်က ရောင်းချပေးခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၁၅၃ သန်း ထုတ်ရောင်းပေးခဲ့တယ်လို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 13 Aug 2025 11:07:33 +0300
မြန်မာသံအမတ်ကြီးက ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန်ထံ သံအမတ်ခန့်အပ်လွှာမိတ္တူပေးအပ်

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း သည် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် (သံတမန်ရေးရာ) H.E. Saif Abdulla Alshamisi ၁၂-၈-၂၀၂၅ ရက် ၊ ၁၁၀၀ နာရီအချိန်က သွားရောက်တွေ့ဆုံ၍ သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့ပါတယ်။

H.E. Saif Abdulla Alshamisi က မြန်မာနိုင်ငံအနေဖြင့် အဘူဒါဘီမြို့တွင် သံရုံးအဆင့် တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းအပေါ် ယူအေအီးနိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သံအမတ်ကြီးအနေဖြင့်လည်း အဘူဒါဘီ မြို့တွင် အခြေပြု၍ တာဝန်ထမ်းဆောင်မည့် ပထမဆုံးမြန်မာသံအမတ်ကြီး ဖြစ်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ အဘူဒါဘီမြို့တွင် အခြေပြုလျက် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး အပါအဝင် မြန်မာနိုင်ငံသားများ၏ အရေးကိစ္စများအား အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း စသည်ဖြင့်ပြောကြားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 13 Aug 2025 09:37:52 +0300
ယူအေအီးဆိုင်ရာ မြန်မာသံအမတ်ကြီး စတင်တာဝန်ထမ်း​ဆောင်

ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်ကျော်မင်းသည် ၄င်း၏ သံအမတ်ကြီးခန့်အပ်လွှာကို ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန လက်ထောက်အတွင်းဝန် Saif Abdullah Al Shamsi ထံသို သြဂုတ်လ ၁၂ ရက်​နေ့က ​ပေးအပ်ခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် ယူအေအီး၏ စိတ်အားထက်သန်မှုများကို အလေးပေး‌ပြောကြားလျှက် မြန်မာသံအမတ်ကြီးကိုတာဝန်ထမ်းဆောင်ရာတွင် အောင်မြင်ပါစေကြောင်း လက်​ထောက်အတွင်းဝန်က ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 13 Aug 2025 08:15:03 +0300
အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်း လက်မှတ်ရေးထိုးမှတ်တမ်းတင်ခြင်းအခမ်းအနား ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်းများကို လက်မှတ်ရေးထိုးမှတ်တမ်းတင်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြိုရှိ Summit Parkview Hotel ၌ ကျင်းပသည်။
အခမ်းအနားသို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး H.E. Mr. Iskander AZIZOV၊ အရှေ့တောင်အာရှနှင့် စင်ကာပူနိုင်ငံဆိုင်ရာ ရုရှား အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence SERGIY၊ ရုရှားကိုယ်စားလှယ်အဖွဲ၊ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 13 Aug 2025 06:08:41 +0300
တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားလျက်ရှိ

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၂၂ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ပါတယ်။

အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၂၂ ပါတီအနက် ဦးစိုးပု ခေါင်းဆောင်သည့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာပါတယ်။

ယင်းသို့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၂၂ ပါတီအနက် ၁ ပါတီကို မှတ်ပုံတင်ခွင့် ငြင်းပယ်ခဲ့ပြီး ၁၈ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 13 Aug 2025 04:55:53 +0300
မြန်မာကောင်စစ်ဝန်ချုပ်က တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (China Council for Promotion of International Trade_ CCPIT Chongqing Committee) မှ ဒုတိယဥက္ကဋ္ဌနှင့်တွေ့ဆုံ

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြိုမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (China Council for Promotion of International Trade_ CCPIT Chongqing Committee) မှ ဒုတိယဥက္ကဋ္ဌ Mr. Yang Xuchoa အား ၁၂-၈-၂၀၂၅ ရက်တွင် ချုံချင့်မြိုရှိ CCPIT ရုံးခန်းတွင် သွားရောက်တွေ့ဆုံခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 12 Aug 2025 18:21:58 +0300
PDF ၁ဝ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

‎PDF အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၀၄ ဦး သည် လက်နက်ခဲယမ်း များနှင့်အတူ ဥပဒေဘောင် အတွင်းသို့ထပ်မံ အလင်းဝင်ရောက်လာကြကြောင်း သိရှိရပါတယ်။

‎ယင်းတို့မှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ NH PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ KIA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ ကျောက်ဆည် PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မိုးကုတ် PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ ပင်းတယမြို့နယ်အတွင်းမှ DPLA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ နမ့်ဆန်မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် မိုးမိတ် မြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ နယ်အတွင်းမှ မန္တလေး PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀၄ ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အလင်းဝင်သူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 12 Aug 2025 18:04:05 +0300
ရွေးကောက်ပွဲမဖြစ်စေရန် ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များရှိလာနိုင်

မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမဖြစ်မြောက်စေရန် ပြည်တွင်း/ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များရှိလာနိုင်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ သြဂုတ် ၁၂ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

ထိုပြင် ပြည်ပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်အပေါ် ထောက်ခံအားပေးသည့်အပြုသဘောဆောင်သည့် နိုင်ငံများရှိသကဲ့သို ရွေးကောက်ပွဲအပေါ် စောဒကတက်သည့်နိုင်ငံများလည်းရှိနိုင်မည်ဖြစ်ရာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေးဆောင်ရွက်ရမည်ဟုပြောပါတယ်။

နိုင်ငံရေးပါတီများမဲစည်းရုံးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန်၊ ပါတီရုံးဖွင့်ခွင့်များရရှိရေး၊ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေးတိုကိုဆောင်ရွက်ပေးရန်၊ ပါတီ ၂ ပါတီ၊၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှုမရှိစေရေးအတွက်စိစစ်ကြပ်မတ်ရန်လည်း ပြောကြားခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 12 Aug 2025 13:16:08 +0300
မြန်မာသံအမတ်ကြီး ဦးဇော်ဦးက အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတထံ ၎င်း၏ သံအမတ်ခန့်အပ်လွှာပေးအပ်

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဦး သည် ၎င်း၏ ခန့်အပ်လွှာကို အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် ထံသို ပေးအပ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် တီဟီရန်မြိုရှိ သမ္မတနန်းတော်၌ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းက ၎င်း၏သံအမတ်ခန့်အပ်လွှာမိတ္တူကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဆေးယိဒ် အဘက်စ် အာရာဂ်ချီ ထံသို ပေးအပ်ခဲ့သလို မြန်မာ-အီရန်နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးကို တိုးမြှင့်ရန်လည်း ဆွေးနွေးခဲ့သည်ဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 12 Aug 2025 10:40:58 +0300
ပြည်တွင်းရွှေဈေး ကျပ် (၇၈) သိန်းအောက် ပြန်ကျဆင်းလာ

ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်း ကျပ် (၇၈) သိန်းအောက် ပြန်လည်ကျဆင်းလာကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန်ဒေါ်လာ (၃၄၀၀) ဝန်းကျင် ဒေါ်လာပေါက်ဈေး ရှိခဲ့ပေမဲ့ ဩဂုတ် (၁၁)ရက် ညပိုင်းတွင် အမေရိကန်ဒေါ်လာ (၃,၃၄၃) ဒေါ်လာထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

ဩဂုတ် (၁၀) ရက်တွင် ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ် လာ (၃၄၀၀) ဝန်းကျင် ဒေါ်လာပေါက်ဈေး ရှိခဲ့ပြီး တစ်ရက်အတွင်း အမေရိကန် ဒေါ်လာ (၆၀) ဝန်းကျင် လျော့ကျလာခဲခြင်းဖြစ်ပါတယ်။

ပြည်တွင်း ရွှေဈေးသည်လည်း ဩဂုတ် (၁၀) ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၇၈၀၀၀ဝ၀) ပေါက် ဈေးရှိခဲ့ရာမှ ဩဂုတ် (၁၁) ရက် ဈေးကွက် ပိတ်ချိန်တွင် (၇၇၄၀ ၀၀၀) အထိ လျော့ကျသွားခဲ့ပြီး ပြည်တွင်း ဈေးသည်လည်း တရက်အတွင်း တကျပ်သားကို ကျပ် (၆၀၀၀၀) ပြန်ကျဆင်းခဲ့ကြောင်း သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 12 Aug 2025 10:20:00 +0300
ရန်ကုန်တွင် လူငယ်ဖိုရမ် ကို နှစ်ရက်တာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် “Youth Forum”ကို နှစ်ရက်တာ ကျင်းပနေပါတယ်။

ယင်းဖိုရမ်ကို ယမန်နေ့ ဩဂုတ်လ (၁၁)ရက် ၊ နံနက်ပိုင်းကစတင်ကျင်းပခဲ့ခြင်းဖြစ်ကာ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာပေးစကားဝိုင်းနှင့် အုပ်စုဖွဲဆွေးနွေးခြင်းများလည်း ပါဝင်ခဲ့ပါတယ်။

အုပ်စုဖွဲဆွေးနွေးရာတွင်လည်း လူငယ်များ အုပ်စု(၅)စုခွဲကာ လူငယ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့သည့်ရလဒ်များကို ပြန်လည်ပူးပေါင်းဆွေးနွေးသည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲဖိုရမ်ကို ယနေ့ ဩဂုတ်လ (၁၂)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖိုရမ်၌ လူပေါင်း(၆၀၀)တက်ရောက်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 12 Aug 2025 06:21:39 +0300
MRTV နှင့်ပူးပေါင်း၍ ရုပ်သံမှတ်တမ်းရိုက်ကူးမည့် တရုတ်မီဒီယာအဖွဲရောက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် တရုတ်နိုင်ငံ၊ နန်နင်းမြို၊ ကွမ်ရှီး အသံ လွှင့်နှင့် ရုပ်မြင်သံကြားတိုပူးပေါင်း၍ ပထမဆုံးအ ကြိမ်အဖြစ်" ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ " ရုပ်သံမှတ်တမ်းအစီအစဉ်အား နေပြည်တော်နှင့် ရန်ကုန်မြိုတို၌ရိုက်ကူးသွားမည်ဖြစ်ပါတယ်။

ထိုသို ရိုက်ကူးရန် ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံ ကြားဌာနမှ ညွှန်ကြားရေးမှူး မစ္စတာ Yang Chun ဦးဆောင်သည့် အဖွဲဝင်(၇)ဦးသည် ဩဂုတ် ၁၁ ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်သိုရောက်ရှိလာခဲ့ကြပါတယ်။

ယင်း ရိုက်ကူးရေးအစီအစဥ်သည် မဲခေါင်-လန်ချန်း(၆)နိုင်ငံအတူတကွ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြစ်ကာ တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော်ချစ် ကြည်ရင်းနှီးမှုကိုဖော်ပြနိုင်ရန်ရိုက်ကူးခြင်းဖြစ်ကာ ရိုက်ကူးရေးအစီအစဥ်၌ နေပြည်တော်နှင့် ရန်ကုန်မြိုအနီးတစ်ဝိုက်တွင်ရိုက်ကူးမည်ဖြစ်ပြီး ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံ အမတ်ကြီးတိုကိုလည်း တွေ့ဆုံမေးမြန်းရိုက်ကူးသွားမည်ဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 12 Aug 2025 05:44:18 +0300
ဝန်ကြီးဦးသန်းဆွေနှင့် IOM ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတိုတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ(IOM)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင် ရာ ညွှန်ကြားရေးမှူး Mr. Iori KATO တို ယမန်နေ့ ဩဂုတ် ၁၁ ရက်ညနေ ၄ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံစဉ် IOM အနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ အကူအညီများပေးအပ်လျက်ရှိမှု၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏လုပ်ငန်းများ၊ မြန်မာအစိုးရနှင့် IOM တိုကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ငလျင်ဘေးသင့်သူများကို အရေးပေါ် အကူအညီပစ္စည်းများ ပေးအပ်ခဲ့မှုတိုအား ဆွေးနွေးခဲ့ကြပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 11 Aug 2025 17:47:21 +0300
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
( အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၂ / ၂၀၂၅ )
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက်
(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်)
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 11 Aug 2025 17:39:11 +0300
မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများ ဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြိုနယ် ကျေးရွာနေဒေသခံ တိုင်းရင်းသားပြည်သူများအား ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ထိုသို အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် ဒေသဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 11 Aug 2025 13:31:33 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 11 Aug 2025 12:06:59 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 11 Aug 2025 07:14:51 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 11 Aug 2025 05:47:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 11 Aug 2025 05:25:27 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sun, 10 Aug 2025 14:02:13 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sun, 10 Aug 2025 08:04:58 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sun, 10 Aug 2025 07:44:13 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sun, 10 Aug 2025 05:26:06 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 09 Aug 2025 17:46:14 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 09 Aug 2025 11:42:09 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 09 Aug 2025 10:59:25 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 09 Aug 2025 10:39:15 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 08 Aug 2025 11:04:08 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 08 Aug 2025 10:22:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 08 Aug 2025 10:08:38 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 07 Aug 2025 18:32:05 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 07 Aug 2025 10:15:48 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 07 Aug 2025 06:59:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 07 Aug 2025 06:34:51 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 06 Aug 2025 16:48:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 06 Aug 2025 11:24:35 +0300
ရုရှားထံမှရေနံဝယ်ယူမှုကို ရပ်တန့်ဖိုအတွက် အမေရိကန်ရဲ့ တောင်းဆိုမှုတွေကို အိန္ဒိယ၊ ဘရာဇီးတိုကပယ်ချ

အိန္ဒိယနဲ့ ဘရာဇီးတိုဟာ ရုရှားဆီကစွမ်းအင်တင်သွင်းမှုတွေကို စိတ်ဝင်စားနေကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြေ-ာက်မှုတွေကို လက်ခံမှာမဟုတ်ဘူးလို Global Times သတင်းစာက တရုတ်ကျွမ်းကျင်သူတွေကို ကိုးကားပြီးရေးသားဖော်ပြထားပါတယ်။

တရုတ်လူမှုသိပ္ပံအကယ်ဒမီရဲ့ သုတေသနပညာရှင် လူရှန်က “ထရမ့်ရဲ့ အခွန်တိုးမြှင့်မှုတွေကြောင့် နိုင်ငံအသီးသီးက ကြီးလေးတဲ့ ထိုးနှက်ချက်တွေ ခံနေရပါတယ်။ ဒါကြောင့် ပျ-က်စီးဆုံးရှုးမှုကို လက်ပိုက်ကြည့်နေမယ့်အစား ခိုင်မာတဲ့ရပ်တည်ချက်နဲ့ ရပ်တည်တာက ဆုံးရှုးမှုတွေကို လျှော့ချနိုင်မှာပါ” လို ပြောပါတယ်။ သူ့အဆိုအရ နိုင်ငံတိုင်းမှာ သူတိုရဲ့ တရားဝင်အကျိုးစီးပွားတွေကို ကာကွယ်ဖို အခွင့်အရေးရှိပြီး ဘရာဇီးနဲ့ အိန္ဒိယတိုက ဒီမူကိုပဲ လုပ်ဆောင်နေတာဖြစ်ကြောင်း၊ ဒါက သူတိုရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို လုပ်ဆောင်နေတာကို ရောင်ပြန်ဟပ်နေကြောင်း ပြောပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 06 Aug 2025 07:38:06 +0300
အမျိုးသမီးတစ်ဦးကို တရုတ်မယားအဖြစ် ပိုဆောင်ရောင်းစားခဲ့သူအပေါ် လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်

ရန်ကုန်တိုင်းဒေသကြီး ဒလမြိုနေ မိန်းကလေးတစ်ဦး တရုတ်မယားအဖြစ် ပိုဆောင်ရောင်းစားခဲ့သည့် တရားခံ ဒေါ်ခင်စိုးအေး (ခ) ဒေါ်ခင်မာအေးကို ကျောက်တံတားခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒလမြိုနေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးသည် ၎င်းအလုပ်လုပ်ကိုင်နေသည့် နေရာနှင့်ကပ်လျက် အအေးဆိုင်သို နေ့စဉ်သွားရောက်ရာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို နန်းတော်ရာရပ်ကွက်နေ ဒေါ်စိုးစိုးနှင့် တွေ့ဆုံခင်မင်ရင်းနှီးခဲ့ရာ ဒေါ်စိုးစိုးမှ တရုတ်နိုင်ငံ ရွှေလီမြိုရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်၊ တစ်လလျှင် ငွေကျပ်လေးသိန်းခန့်ရမည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြိုတရားမဝင်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ရှောင်ထုံရှန့်မြိုရှိ ဒေါ်ခင်စိုးအေး (ခ) ဒေါ်ခင်မာအေး၏နေအိမ်သို ပိုဆောင်ခဲ့ကြောင်း သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Wed, 06 Aug 2025 05:15:19 +0300
တရုတ်နိုင်ငံကမဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို အမေရိကန်ဒေါ်လာ (၃) သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်မှစီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသိုအမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယမန်နေ့သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်းများအတွက်ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့် ဆက်စပ်သောပူးပေါင်းဆောင်ရွက်မှု ယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း (၉၈၄)ခုကို ပံ့ပိုးကူညီခဲ့ကြသည်ဟုအခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 18:00:48 +0300
သီတဂူဆရာတော်ကြီးမှ ကရင်ပြည်နယ်ရှိ ရေ‌ဘေးသင့်သူများအတွက် ငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကရင် ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများအတွက် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အလှူငွေကျပ်သိန်း(၁,၀၀၀)အား သီတဂူဆရာတော်ကြီး၏ညွှန်ကြားမှုဖြင့် ကပ္ပိယဆရာငြိမ်းဦးဆောင်သော သီတဂူကပ္ပိယများမှ ဘားအံမြိုရှိ ကရင်ပြည်နယ်လူမှုကယ်ဆယ်ရေးဩဝါဒစရိယ စိတ္တဝိဝေကတောရကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တဆရာတော်ထံလှူဒါန်းခဲ့ကြကြောင်း သိရှိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 17:42:23 +0300
ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် ဒေါ်လာသန်း ၃၀ ရောင်းပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ထုတ်ရောင်းပေးမယ်လို ဒီကနေ့ သြဂုတ်လ ၅ ရက်မှာ အသိပေးထုတ်ပြန်လာခဲ့ပါတယ်။

ဗဟိုဘဏ်ဟာ ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ကလည်း သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ တရုတ်ယွမ် (၁၀)သန်းနဲ့ ထိုင်းဘတ် သန်း (၅၀) ရောင်းချပေးမယ့်အကြောင်း ကြေညာခဲ့ပြီး ဒီကနေ့မှာတော့ စက်သုံးဆီကဏ္ဍအတွက် ဆက်လက်ရောင်းချပေးတာပါ။

ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လလုံးမှာ စက်သုံးဆီကဏ္ဍကို အမေရိကန်ဒေါ်လာ ၁၅၃ သန်း ထုတ်ရောင်းပေးခဲ့ပြီး ယခုကြေညာတဲ့ စက်သုံးဆီကဏ္ဍအတွက် ရောင်းချပေးမှုကတော့ ယခုလအတွင်း ပထမဆုံးအကြိမ် ထုတ်ရောင်းပေးတာဖြစ်ပါတယ်။

ယခုလိုရောင်းချပေးမယ် ၁ ဒေါ်လာငွေလဲနှုန်းကို ဗဟိုဘဏ်က သီးခြားဖော်ပြထားခြင်းမရှိပေမယ့် သြဂုတ်လ ၄ ရက်နေ့ FX Market Online Trading Platform မှာတော့ တစ်ဒေါ်လာ ၃၆၂၂ ကျပ်နဲ့ ဈေးကွက်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 17:21:20 +0300
ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိ

ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူ လိုင် ၁၈ ရက်မှစတင်၍ နေအိမ်၌ဆေးခွင့်ဖြင့်အ နားယူကာ ဆေးကုသမှုခံယူနေခဲ့ရသော ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိအချိန် ၌ အထူးစိုးရိမ်ဖွယ် ရာအခြေအနေဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီက ယနေ့ သြဂုတ် ၅ ရက်ကအသိပေးခဲ့ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာ အာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတိုခံစားခဲ့ရသဖြင့် အထူးကုဆရာဝန်ကြီးများပါဝင်သော အ ထူးဆေးကုသမှုအဖွဲမှ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြရာ အာရုံကြောများနှေးကွေးတုန့်ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတိုခံစားနေရသည်ကိုတွေ့ရှိခဲ့ရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 14:29:11 +0300
ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 11:35:49 +0300
နောင်ချို-ရပ်စောက်လမ်းတရားဝင်သွားလာခွင့်ပြု

မန္တလေးမှ ရှမ်းမြောက်သိုသွားသည့်နောင်ချို-ရပ်စောက်လမ်းပိုင်းတရားဝင်သွားလာခွင့်ပြုထားသဖြင့် ယာဉ်ကြီးယာဉ်ငယ်များအားလုံး ပုံမှန်သွားလာလျက်ရှိကြောင်း ဒေသခံယာဉ်မောင်းတစ်ဦးကပြောပါတယ်။

အဆိုပါ လမ်းပိုင်းကို ယခုဩဂုတ်လမှစတင်ကာ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ယင်းလမ်းပိုင်းသည် ပြင်ဦးလွင်မှတဆင့် နောင်ချို--ရပ်စောက်လမ်းကြောင်းအတိုင်း ရှမ်းပြည်မြောက်ပိုင်းအတွင်းသို သွားလာရသည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။

ယခင်က အဆိုပါလမ်းပိုင်း၌ တို-က်ပွဲများဖြစ်ပွားနေခြင်းကြောင့် ယာယီပိတ်ထားရာမှ ပြန်လည်သွားလာခွင့်ပြုလိုက်ဖြစ်သည်ဟုဆိုပါတယ်။

ထိုအပြင် မန္တလေးမှရှမ်းမြောက်သိုသွားလာသည့် လမ်းပိုင်းတစ်ခုမှာ သာစည်-ရဲရွာလမ်းနှင့် ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှာ အနီးဆုံးလမ်းပိုင်းများဖြစ်သော်လည်း မိုးရွာသွန်းပါက ရွံနွံများရှိသဖြင့် သွားလာရခက်ခဲကြောင်း သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 11:15:30 +0300
အသက် (၁၈) နှစ်အောက် မသန်စွမ်းကလေးများအတွက် ထောက်ပံ့ကြေးလျောက်ထားနိုင်

အသက် (၁၈) နှစ်အောက် မသန်စွမ်းကလေးများအတွက် ထောက်ပံ့ကြေးလျှောက်လွှာခေါ်ယူနေကြောင်း Myanmar Disability Inclusion Fund က ယမန်နေ့ ဩဂုတ် (၄)ရက်တွင် အသိပေးထုတ်ပြန်ထားပါတယ်။

လျောက်ထားလိုသူများအနေဖြင့် Myanmar Disability Inclusion Fund ၏ facebook messenger မှတဆင့်လျှောက်ထားနိုင်ပြီး လျှောက်ထားမည်သူ၏ ကိုယ်လုံးပေါ်ဓါတ်ပုံနှင့်အတူ ဖြည့်စွက်ရမည့်အချက်များကိုလည်း အသိပေးထားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 10:05:37 +0300
လာရောက်ထုတ်ယူခြင်းမရှိသေးသည့် ထီဆုမဲပေါင်း တစ်သောင်းကျော်ကို အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၆၆) ကြိမ်မြောက် ကျပ် (၁၀၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ၌ ဆုမဲပေါင်း (၁၀၅၄၉၇) ဆုကို ခွဲဝေချီးမြှင့်ခဲ့ရာ ၎င်းတိုအနက်မှ ဆုမဲပေါင်း (၁၁၇၈၃) ဆုကို တောင်းခံခြင်း မရှိသေးကြောင်း သိရပါတယ်။

ယင်းကဲ့သို လာရောက်တင်ပြတောင်းခံခြင်းမရှိသေးသည့် ဆုမဲများထဲတွင် ကျပ်သိန်း(၅၀၀)ဆု (၁) ဆု၊ ကျပ်သိန်း (၂၀၀)ဆု (၁) ဆု၊ ကျပ်သိန်း (၁၀၀)ဆု (၃) ဆု၊ ကျပ်သိန်း (၅၀) (၁) ဆု၊ ကျပ်သိန်း(၂ဝ)ဆု (၄) ဆု၊ ကျပ် (၁၀)သိန်းဆု (၅) ဆု၊ ကျပ် (၃) သိန်းဆု (၁၃) ဆု၊ ကျပ် (၂) သိန်းဆု (၇၂)ဆု၊ ကျပ် (၁) သိန်းဆု (၈၀၉) ဆု ၊ ကျပ် (၅) သောင်း (၁၅၈၅) ဆု၊ ကျပ် (၁) သောင်း (၉၂၈၉) ဆု ပါဝင်ကြောင်း သိရပါတယ်။

အဆိုပါ ဆုရလက်မှတ်များကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈)ရက်အထိ ရန်ကုန်မြိုနှင့် မန္တလေးမြိုတိုရှိ အောင်ဘာလေ သိန်းဆုဌာနခွဲရုံးများသို တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်မည်ဖြစ်ပြီး ဩဂုတ်လ (၂၉) ရက် အထိ လာရောက်တင်ပြထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 09:47:07 +0300
သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်းနှင့် ထိုင်းဘတ်သန်း ၅၀ ဗဟိုဘဏ် ရောင်းချပေးမည်

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်းနှင့် ထိုင်းဘတ်သန်း ၅၀ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြညာခဲ့ပြီးနောက် အဆိုပါ ဒေါ်လာ ၁၀ သန်းအား ရက်အလိုက် လိုအပ်သည့်ပမာဏအတိုင်း ခွဲဝေထုတ်ရောင်းပေးခဲ့ပါတယ်။

ထိုအတူ ဇူလိုင်လ ၂ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 08:36:01 +0300
ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ခုနစ်ထောင်ကျော် ခန့်ထားခဲ့ပြီး ဝန်ထမ်း သုံးထောင်ကျော်ကို ရာထူးတိုမြှင့်ပေး

ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦးခန့်ထားခဲ့ပြီး ဝန်ထမ်း ၃၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားပါတယ်။

သြဂုတ် ၄ ရက်က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် နေပြည်တော်မှာ တွေ့ဆုံစဉ် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာ ရေးဝန်ထမ်း ၄၇၉၅ ဦး၊ သားဖွားဆရာမ ၁၀၅၈ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၂၂ ဦးအပါအဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ခုတင်(၅၀)အဆင့်အထိ အထူးကုဆရာဝန်များ ခန့်ထားနိုင်ခြင်းနှင့် သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သစ်လွင်သွားနှင့် ခံတွင်းဆရာဝန်များ ထပ်မံခန့်ထားနိုင်ခြင်းကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 07:25:12 +0300
ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးပါတီက အသုံးပြုမည့် အလံနှင့် တံဆိပ်တိုကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း UEC ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ ဇီးအုန်ကုန်းလမ်း၊ ခြံအမှတ် (၁၇/A) မှာ ပါတီရုံးချုပ်တည်ရှိတဲ့ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးပါတီက အသုံးပြုမယ့် အလံနှင့် တံဆိပ်တိုကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အများသိစေရန် အသိပေးကြေညာထားပါတယ်။

ယင်းပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ဇူလိုင် ၂၇ ရက်နေ့မှာ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယင်းသို လျှောက်ထားရာမှာ ပါတီအမည်၊ အလံနှင့် တံဆိပ်တိုကို ဖော်ပြပါအတိုင်း အသုံးပြုမှာဖြစ်ကြောင်း တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့်ပင် ယင်းအဖွဲ့အစည်းက အသုံးပြုမယ့် ပါတီအမည်၊ အလံနဲ့ တံဆိပ်တို့အပေါ် ကန့်ကွက်လိုက ယခုကြေညာတဲ့နေ့မှစပြီး (၇) ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ ကြေညာထားခြင်းဖြစ်ကြောင်း သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 06:59:02 +0300
သန်လျင်ခရိုင် မှ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ် (၂၁၈၀) ဦး အဆိုပြုလွှာပေးအပ်၊ မိမိတို့ပါတီသို့ ယုံကြည်မှုရှိစွာ ဝင်ရောက်လာမှုအတွက် များစွာဂုဏ်ယူရပါကြောင်း ဦးခင်ရီ ပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဟာ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့်အတူ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၀၉၃၀ အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်မှာ ကျင်းပပြုလုပ်တဲ့ သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကိုကိုးကျွန်း မြိုနယ်များမှ ပါတီဝင်အသစ် (၂၁၈၀)ဦးရဲ့ အဆိုပြုလွှာများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ “မိမိတို့ပါတီသို့ ယုံကြည်မှုရှိစွာ ဝင်ရောက်လာမှုအတွက် များစွာဂုဏ်ယူရပါကြောင်း၊ မိမိတိုပါတီဟာ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကောင်းမွန်တဲ့ ပါတီဖြစ်တဲ့အတွက် ပါတီမှချမှတ်ထားတဲ့ လုပ်ငန်းစဉ်များအား မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရန်” ပြောကြားခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Tue, 05 Aug 2025 06:21:13 +0300
နောင်ချိုမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း ၂၃ ကျောင်းအထိ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၆၀၀ ကျော် တက်ရောက်လျက်ရှိ

အကြမ်းဖက်ကင်းစင်နယ်မြေဖြစ်သွားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၂၃ ကျောင်းအထိ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၁၉၈ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၆၄၅ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သလို ယခုအချိန်အထိလည်း ကျောင်းအပ်လက်ခံခြင်းကို ဆက်လက်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 04 Aug 2025 17:42:52 +0300
ကမ္ဘောဒီးယားလုပ်သားများ အစုလိုက်အပြုံလိုက် နေရပ်ပြန်မှုကြောင့် ပြင်းထန်သော လုပ်သားရှားပါးမှုဒဏ် ထိုင်းနိုင်ငံ ရင်ဆိုင်နေရ

နယ်စပ်တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် မလုံခြုံမှု သတင်းများ ထွက်ပေါ်လာခြင်းတိုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများ အစုလိုက်အပြုံလိုက် နေရပ်ပြန်ကုန်ကြသဖြင့် ထိုင်းနိုင်ငံသည် ရုတ်တရက် ပြင်းထန်သော လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရပါတယ်။

ခန့်မှန်း လုပ်သားအင်အား စုစုပေါင်း ၁ သန်းကျော်မှ ၅ ရက်တာကာလအတွင်း ကမ္ဘောဒီးယားအလုပ်သမား ၄၀၀,၀၀၀ ခန့် လျင်မြန်စွာ ထွက်ခွာသွားခြင်းက ထို လုပ်သားရှားပါးမှုအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 04 Aug 2025 10:38:01 +0300
မြန်မာ့ဆန်ကို ဥရောပ၊ အာဖရိက၊ အာရှ ဈေးကွက်များအထိ ချိတ်ဆက်တင်ပို့နိုင်ရန် ဆွေးနွေး

မြန်မာ့ဆန်ကို ပြည်ပသို့တင်ပို့ရာတွင် တရုတ်နိုင်ငံတစ်ခုတည်းသာမကဘဲ ဥရောပ၊ အာဖရိက၊ အာရှ ဈေးကွက်များအထိ ချိတ်ဆက်ဆောင်ရွက်သင့်သည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI (မင်္ဂလာခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ ဆန်ကွဲများတင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် Sanitary and Phytosanitary-SPS Protocolဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲအတွင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 04 Aug 2025 10:14:39 +0300
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အမျိုးသားရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဩဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့သည့် အမျိုးသားရေးအင်အားစုများ၊ နိုင်ငံရေးပါတီများမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီက အမျိုးသားရေးအင်အားစုများနှင့် တွေ့ဆုံရာတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် တတ်နိုင်သည့် ကဏ္ဍများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ရေး၊ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များတွင် အတူတကွဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသလို နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင်လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်များ မဲပေးရေးနှင့် ရွေးကောက်ပွဲသည် ပြည်သူအတွက် အရေးကြီးကြောင်း ကိစ္စရပ်များအား အကျယ်တဝံ့ဆွေးနွေးခဲ့ကြပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 04 Aug 2025 07:07:57 +0300
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်အပြည့် စကျင် ကျောက်ပြားများ ခင်းကျင်းလှူဒါန်းပေးသွားမည်

ပဲခူးမြို၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို ဘုရားဖူးလာမိဘပြည်သူများ နေပူဒဏ်သက်သာစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက စေတီတော်ရင်ပြင်တော်အပြည့် စကျင်ကျောက်ပြားခင်းကျင်းကပ်လှူ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ပြောကြားလိုက်ပါတယ်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် သြဂုတ်လ ၃ ရက်နေ့က အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ် တွင်လိုက်ပါလာသည့်အဖွဲဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြိုရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီ များသို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို ရောက်ရှိဖူးမြော်စဥ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Mon, 04 Aug 2025 05:09:34 +0300
မြန်မာနိုင်ငံမှ စစ်သံမှူးအပါအဝင် အာဆီယံ ယာယီစောင့်ကြည့်လေ့လာရေးအဖွဲ့က ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပဋိပက္ခဒေသများတွင် ဒုတိယအကြိမ် စစ်ဆေးမှု စတင်

အာဆီယံ ယာယီစောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသများမှာ နှစ်ပတ်ကြာ ဒုတိယအကြိမ် စစ်ဆေးမှုကို ယမန်နေ့ တနင်္ဂနွေနေ့က စတင်လိုက်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံမှ စစ်သံမှူးက ဦးဆောင်တဲ့ အဆိုပါအဖွဲ့မှာ အင်ဒိုနီးရှား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတို့မှ စစ်သံမှူးများ ပါဝင်ပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Maly Socheata က အဆိုပါအဖွဲ့ဟာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်အတွက် Oddar Meancheyနဲ့ Preah Vihear ပြည်နယ်ရှိ နေရာများစွာသို့ သွားရောက်မည်ဟု ပြောကြားခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sun, 03 Aug 2025 03:44:57 +0300
လာရောက်ထုတ်ယူခြင်းမရှိသေးသည့် ထီဆုမဲပေါင်း တစ်သောင်းကျော်ကို ယခုလ ၂၉ ရက်နေ့အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော (၆၆) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲပေါင်း (၁၀၅၄၉၇)ဆုကို ခွဲဝေချီးမြှင့်ခဲ့ရာ ၎င်းတိုအနက်မှ ဆုမဲပေါင်း (၁၁၇၈၃) ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း သိရပါတယ်။

ယင်းသို လာရောက်တင်ပြတောင်ခံခြင်းမရှိသေးသည့် ဆုမဲများထဲတွင် ကျပ်သိန်း (၅၀၀) (၁) ဆု၊ကျပ်သိန်း (၂၀၀) (၁) ဆု၊ ကျပ်သိန်း (၁၀၀) (၃) ဆု၊ ကျပ်သိန်း (၅၀) (၁) ဆု၊ ကျပ်သိန်း(၂ဝ) (၄)ဆု၊ ကျပ် (၁၀) သိန်း(၅) ဆု၊ကျပ် ၃ သိန်း (၁၃)ဆု၊ ကျပ် ၂ သိန်း (၇၂)ဆု၊ ကျပ် ၁ သိန်း (၈၀၉) ဆု ၊ ကျပ် ၅ သောင်း ဆု (၁၅၈၅) ဆု၊ ကျပ် ၁ သောင်း ဆု (၉၂၈၉) ဆု ပါဝင်သည်ဟုဆိုပါတယ်။

အဆိုပါ ဆုရလက်မှတ်များကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့အထိ ရန်ကုန်မြိုနှင့် မန္တလေးမြိုတိုရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများသိုတင်ပြ၍ ဆုငွေများကို တောင်းခံနိုင်မည်ဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့အထိ လာရောက်တင်ပြထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 02 Aug 2025 17:54:29 +0300
တပ်မတော်သားဟန်ဆောင်၍ ပစ္စည်းများဝင်ရောက်ခိုးယူသူကို တပ်မတော်စစ်ကြောင်းထံအပ်နှံ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဒေသခံများလုံခြုံရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဥ် နောင်ချိုမြို့၊ (၄)ရပ်ကွက်၊ နယ်မြေ(၉)ရှိ နေအိမ်များအတွင်းသို့ တပ်မတော်သားဟန်ဆောင်၍ ပစ္စည်းများခိုးယူနေသူကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးပြီး တပ်မတော်စစ်ကြောင်းရှိရာသို့လာရောက်အပ်နှံခဲ့ကြကြောင်း သိရပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 02 Aug 2025 16:11:49 +0300
အခွန်၄၀%သတ်မှတ်သော်လည်းကုန်သွယ်ရေးဆွေးနွေးဆဲဟုဆို

မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချမှတ်ထားသော စည်းကြပ်ခွန် အသစ် ၄၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ရေးအတွက် အမေရိကနှင့် သဘောတူညီချက်ရရှိရန် စိတ်အားထက်သန်စွာဆောင်ရွက်နေဆဲဖြစ်ကြောင်း မြန်မာအစိုးရက ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စအပေါ် အမေရိက က ကျွန်တော်တို့နဲ့ ဆက်လက်ညှိနှိုင်းနေတာမို့ ညှိနှိုင်းဆဲအဆင့်မှာပဲ ရှိပါသေးတယ်” ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စနေနေ့တွင် ပြောကြားခဲ့ပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Sat, 02 Aug 2025 07:32:27 +0300
မုံရွာမြိုတွင်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ရွေးကောက်ပွဲကာလတွင် မဲပေးစက်များကို အခက်အခဲမရှိ အမှားအယွင်းကင်းစွာ ဆောင်ရွက်နိုင်ရန် ဩဂုတ်လ (၁) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ ရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ပါတယ်။

သင်တန်းဖွင့်ပွဲသို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသာ/သင်တန်းသူများ တက်ရောက်ကြပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 01 Aug 2025 17:54:22 +0300
နစကလက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံ ဥပဒေပါ ပုဒ်မ ၅၊ ၇၊ ၈ ပြဋ္ဌာန်းချက်များကို ရပ်ဆိုင်းထားသည့် ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆက်လက်ပြဋ္ဌာန်း

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်သည့်ဥပဒေအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ယခုဥပဒေကိုပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ၊ ဖွဲစည်းပုံအခြေံဥပဒေပုဒ်မ ၃၈၂ ကို အကိုးအကားပြု၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ ၅၊ ၇၊ ၈ တိုပါပြဋ္ဌာန်းချက်များကို ရပ်ဆိုင်းထားလိုက်ကြောင်း ဥပဒေတွင် ဖော်ပြထားပါတယ်။
#News
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 01 Aug 2025 09:58:01 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 01 Aug 2025 09:38:31 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 01 Aug 2025 06:10:22 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Fri, 01 Aug 2025 05:44:52 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 31 Jul 2025 19:00:27 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 31 Jul 2025 18:55:04 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 31 Jul 2025 18:38:18 +0300
Подробнее
]]>
https://linkbaza.com/catalog/-1001971228472 Thu, 31 Jul 2025 18:25:46 +0300
Подробнее
]]>