Лента постов канала Ko Myo Win (@komyowinblog) https://t.me/komyowinblog comment box ru https://linkbaza.com/catalog/-1002249976815 Sun, 17 Aug 2025 10:49:51 +0300
Подробнее
15.41 k
]]>
https://linkbaza.com/catalog/-1002249976815 Sun, 17 Aug 2025 05:03:35 +0300
Подробнее
11.82 k
]]>
https://linkbaza.com/catalog/-1002249976815 Sun, 17 Aug 2025 05:03:35 +0300
Подробнее
11.46 k
]]>
https://linkbaza.com/catalog/-1002249976815 Fri, 15 Aug 2025 10:25:13 +0300
ပြည့်စုံအောင် လေ့လာပါအုံး
=========================

ဖင်လန်ကိုမောင်မောင်တယောက် အခုတလော တပ်ချုပ်ကြီးကို တောက်လျှောက်ဖောင်းထုနေတာ တွေ့ရပါတယ် ။ ပုဂ္ဂိုလ်အမြင်တွေ သုံးသပ်ချက်တွေအနက် မသင့်တော်တာတွေလည်း များစွာတွေ့ရပါတယ် ။

အခုဆိုရင် အခြေခံဥပဒေ တစိတ်တပိုင်းလောက်နဲ့ ( တပိုင်းကြောင်အသိဖြင့်) တပ်မတော်တခုလုံးကို ကိုယ်စားပြုနေသော တပ်ချုပ်ကြီးအား ဥပဒေမဲ့ ဆောင်ရွက်သွားလို့ ဦးဝင်းမြင့်သာ တရားဝင်သမ္မတ ဖြစ်နေကြောင်း ဘာညာနဲ့ ဝါဒဖြန့် အပုပ်ချလာပါတယ် ။

ယခင်ကတည်းက ပြောခဲ့ချင်ပေမယ့် တပ်မတော်ထောက်ခံသူခြင်း အငြင်းပွားစရာ ဖြစ်လာမှာစိုးလို့ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ် ။ ဒီတကြိမ်တော့ဖြင့် မနေနိုင်လို့ ပြောလိုက်ရပါပြီ ။

ပုဒ်မ ၇၃ ( က) ။ ။ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးခင် နှုတ်ထွက်သောကြောင့်ဖြစ်စေ ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ ၊ ထာဝစဥ်မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ ၊ တစုံတခုသော အကြောင်းကြောင့် ဖြစ်စေ နိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတ ၂ ဦးအနက် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်စဥ် အခါက ဒုတိယဆန္ဒမဲ အများဆုံး ရရှိခဲ့သော ဒုတိယသမ္မတမှ ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည် ။

ရှင်းပါတယ်နော် ။ ဒီဥပဒေကို ချိုးဖောက်ပြီး ဦးထင်ကျော် နေရာ လစ်လပ်တာကို ဦးဝင်းမြင့်နဲ့ အစားထိုးကထဲက NLD သည်သာ မူလပထမ ဥပဒေချိုးဖောက်သူဖြစ်ပါတယ် ( ပုဒ်မ ၇၃ က ရဲ့ ပြဌာန်းချက်အရ သမ္မတနေရာ အစားထိုးခွင့်မပြုထားပါဘူး) ။

သမ္မတရွေးချယ်ပွဲမှာ မဲဆန္ဒပေါင်း ( 695) မဲ ပေးခဲ့ကြပါတယ် ။

ဦးထင်ကျော် 360
ဦးမြင့်ဆွေ 317
ဦးဟင်နရီဗန်ထီးယူ 18

ဒီလိုမျိုး ရလာဒ်များအရ ဦးမြင့်ဆွေသည် ယာယီသမ္မတနေရာ ဆက်ခံရမယ့်သူဖြစ်ပါတယ် ။ သို့သော် အကျယ်အကျယ် မဖြစ်လိုတဲ့အတွက် ဦးဝင်းမြင့်လို ခွေးတိုးပေါက်က တက်လာတဲ့ သမ္မတကိုလည်း လက်ခံလိုက်ကြပါတယ် ။ NLD သမ္မတဆိုတာ ထမီအောက်ကလာတဲ့ ရုပ်သေးတွေချည်းမို့ပါ ။

ထားတော့ ခွေးတိုးပေါက်သမ္မတ ဘယ်လိုပြုတ်သလဲဆိုရင် အမတ်လောင်းကနေ နိုင်သွားလို့ အမတ်ဖြစ်ပြီဆိုတာနဲ့ AUTO ပြုတ်ပြီ ။ သမ္မတနေရာ လစ်လပ်တာနဲ့ ဦးမြင့်ဆွေသည် ယာယီသမ္မတရာထူး ဥပဒေ ပုဒ်မ ၇၃ က အရ အလိုလို ရသွားပြီ ။ ဘယ်သူ့ထောက်ခံစာမှ မလိုဘူး အတိအလင်း ပြဌာန်းပြီးသား ။

အဲဒီ ပုဒ်မထဲမှာ တစုံတခုသော အကြောင်းကြောင့် ဖြစ်စေ သမ္မတရာထူး လစ်လပ်လျှင် တဲ့ တွေ့လား...? အဲဒီတစုံတခုသော အကြောင်းကြောင့် ဦးဝင်းမြင့် ပြုတ်မပြုတ်ကတော့ ခြေ / ဥ ကို အနည်းငယ်လေ့လာသူတိုင်း သိပြီးသားပါ ။ အဲလို AUTO ပြုတ်ဖို့ ဖေဖော်ဝါရီ ၁ ရက်ထိ ( ည ၁၂ ကျော်ထိ) စိတ်ရှည်လက်ရှည် စောင့်ခဲ့ကြတာပါ ။

တပ်ချုပ်ကြီးက ဥပဒေသမားမို့ အဲသလို အကွက်စေ့အောင် ဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံတကာကတောင် အံ့အားသင့်ခဲ့ရပါတယ် ။ နီတုံးလေးတွေ အရမ်းမျှော်လင့်နေတဲ့ R2P တို့ UN တို့ဆိုတာ စိတ်မကောင်းပါဘူး ဝမ်းနည်းပါတယ် ဆိုတဲ့ အဆင့်နဲ့ ငုတ်တုတ်ထိုင်ကြည့်နေကြရတာ ဒီနေ့အထိပါပဲ ။

ကိုမောင်မောင့်ဆီမှာ ဘယ်လိုရည်ရွယ်ရှိလို့ တပ်ချုပ်ကြီးကို တိုက်ခိုက်နေမှန်းတော့ မသိပါဘူး ။ သို့သော် မြန်မာပြည်ရဲ့ အခြေအနေသည် သွေးထပ်ကွဲလို့ မရပါဘူး ။ တပ်ချုပ်ကြီးနဲ့ တပ်မတော်တရပ်လုံး တသွေးထဲ တသားထဲ ရှိနေကြရပါ့မယ် ။

2021 ကထဲက ကျနော်တို့လည်း ဝေဖန်အကြံပြုမှုတွေ လုပ်ခဲ့ကြတာပါပဲ ။ လိုအပ်လာရင် တပ်ချုပ်ကြီးအား တိုက်ရိုက်ဝေဖန်ခဲ့ကြတာပါပဲ ။ သို့သော် ၁၀၂၇ နောက်ပိုင်း တပ်ချုပ်ကြီးအား မဝေဖန်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ တပ်တွင်းစည်းလုံးမှုသည် တပ်ချုပ်ကြီးအပေါ် မူတည်နေလို့သာ ဖြစ်ပါတယ် ။

ဒီအချက်ကို နိုင်ငံရေးပါးဝသူတိုင်း နားလည်ကြပါတယ် ။ အခုချိန်က တပ်တွင်းပြိုစေမယ့် ကိစ္စရပ်တိုင်းကို ဆင်ခြင်တုံတရားကြီးစွာနဲ့ သတိပြုကြရမယ့်အချိန်ပါ ။

ကိုမောင်မောင်ရဲ့ မပြည့်မစုံ မထော်မနန်း ခြေ / ဥ အကြောင်းပြ တပ်ချုပ်ကြီးအပေါ် အပုပ်ချနေတာကို ရန်သူ့မီဒီယာများမှာ အသုံးချ တိုက်ခိုက်နေကြပါတယ် ။ ဒါကြောင့် ဒီပို့စ်နဲ့ ဖြေရှင်းပေးလိုက်ရပါတယ် ။

ကိုရွှေမျိုးဝင်း
Подробнее
15.25 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 14 Aug 2025 18:48:38 +0300
'' ငမျိုး ဒီပုံက ဘာအဓိပ္ပါယ်လဲ ကွ ''

             ကွီးစိုး

'' သြော်  ခွေးက သူ့အဆင့်နဲ့ ခြင်္သေ့ထဲ ဝင်ချင်နေတာ ဟိုက လက်မခံလို့ ခွေးကျင့်ခွေးကြံ ကြံနေတာလေ ''

               ကွီးမျိုး
Подробнее
]]>
https://linkbaza.com/catalog/-1002249976815 Thu, 14 Aug 2025 08:27:21 +0300
အုတ်မြစ် ခိုင်၏ မခိုင်၏
======================

1027. မုန်တိုင်းထန်နေတဲ့ ကာလကြီးမှာ တပ်မတော် ဘာတွေ ဖြစ်နေသလဲ..?
စခန်းပေါင်းများစွာ ၊ မြို့ပေါင်းများစွာ လက်လွှတ်ဆုံးကြရပြီ... မိမိစစ်သည်တွေ.. ပြည်သူ့ရဲတွေ.. မှီခိုသူပေါင်းများစွာ... ပြည်သူတွေသန်းချီ...ဒုက္ခရောက်ကြရတဲ့ ကာလတွေမှာပေါ့.....

အမျိုးမျိုးသော ပြစ်တင် ဆဲဆိုမှုတွေအောက်... ကဲ့ရဲ့လှောင်ပြောင်မှုတွေအောက်မှာ ( ကျုပ်တို့အပါအဝင် ဝေဖန် ထောက်ပြ အကြံပြုမှုတွေပေါ့) တပ်မတော်က သူလုပ်စရာရှိတာ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နေရပါတယ် ။ ပြန်လည်ဆန်းစစ်သော လုပ်ငန်းစဥ်တွေ ၊ တပ်တွင်း အခြောက်နဲ့လောက် ဖယ်ရှားမှုတွေ ၊ အင်အားလိမ်ညာထားမှုတွေ အားလုံးကို တတ်နိုင်သလောက် စီစစ်ကြတယ် ။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီး တိုက်ခိုက်ရေးတပ်တွေကို ဖွဲ့စည်းပုံ ပြန်ပြည့်အောင် ဖြည့်ဆီးတယ် ။ လက်နက်ခဲယမ်း စုဆောင်းတယ် ( ပြည်တွင်း / ပြည်ပ နေရာစုံမှ) ၊ တိုက်ခိုက်ရေးနည်းပညာ မြှင့်တင်ဖို့ ဆောင်ရွက်တယ် ။ သင်္ခန်းစာ ယူတဲ့ အလေ့အထကောင်းတွေကြောင့် တပ်မတော်ဟာ ဖီးနစ်ငှက်လို မီးပုံထဲက လန်းဆန်းစွာ ပြန်ထလာနိုင်ခဲ့တယ် ။

အချိန်တန်တာနဲ့ တသွေး တသံ တမိန့်အောက်မှာ စစ်ရေးရည်မှန်းချက်တွေကို အဆင့်လိုက် အောင်မြင်စွာ ဆောင်ရွက်ပြနိုင်ကြပြီ ။ အချောင်ခိုသူတွေ ရှိနေသေးသော်ငြား ရန်သူအပေါင်းကို မြန်မာ့တပ်မတော်ဆိုတာ ဒါပဲလို့ ပြသနိုင်ခဲ့ပါပြီ ။

သူပုန်တွေအတွက် 1027 အစောပိုင်းကာလ ကြွေတက်နေသော ရွှေရောင်နေ့ရက်တွေတုန်းက ဝံ့ကြွားခဲ့ကြသော လေကြီးခဲ့ကြတဲ့ အပြောတွေအစား အခု ဘာသံတွေ ကြားလာရပါပြီလဲ..... ?

NUG ကို ဆဲလိုက် ၊ ထောက်ပို့တွေ ဆဲလိုက် ၊ ဒမြသာသာ PDF တွေကို အပြစ်တင်လိုက် ၊ ဆရာတင်ထားတဲ့ သူပုန်အစုတ်အပြတ်တွေကို ရှုံ့ချလိုက် ၊ ဘောင်မဝင် တန်းမဝင် နိုင်ငံရေးမူဝါဒတွေကို ဝေဖန်လိုက်နဲ့ ပြည်ဖျက်တွေရဲ့ ငိုကြွေးသံတွေ သောင်းသောင်းညံနေကြရပါပြီ ။

( နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ( NRA) ဆိုပြီး ခွေးမြတ်ကျော်တို့ တစင်ထောင်ပြန်ပြီ တဲ့ 😁)

လေလှိုင်းပေါ်က ငိုကြွေးသံထက်ဆိုးတာက မြေပြင်ပေါ်က PDF ။ မြှောက်ပေး ဂွေးတက်အောင် ကခဲ့သမျှ ရိတ်သိမ်းချိန် တန်လေပြီ ။ မိုးထဲရေထဲ တောထဲတောင်ထဲမှာ တပ်မတော်ရဲ့ ချေမှုံးရေး လက်နက်ကြီးသံတွေ ၊ လေကြောင်းဗုံးကြဲလေယာဥ်သံတွေနဲ့ ဒရုန်းအပေါင်းရဲ့ ဒရော့ဗုံး သံတွေက သေမင်းရဲ့ ဂီတသံစဥ်တွေလို ထပ်ချပ်လိုက်နေလေရဲ့ ။

အိပ်ကောင်းခြင်းမအိပ်ရ ( ထော်လာဂျီသံကြားရင်ပဲ ရဟတ်ယာဥ်သံမှတ်ပြီး လန့်နိုးကြရ) ၊ စားကောင်းခြင်း မစားရ ( ခွေးစာသာသာ ရိက္ခာကို ဖြောင့်အောင်မစားရဘူး အုံးကနဲ ဂျိမ်းကနဲ အသံကြားတာနဲ့ ဂျွမ်းထိုးမှောက်ခုံ ပြေးကြရ) ၊ နားကောင်းတိုင်း မနားရ ( ပြေးရင်း လွှားရင်း ဖင်ပူအောင်ထိုင်ပြီး မနားရသေးဘူး တပ်မတော်စစ်ကြောင်း ဘယ်နားရောက်လာပြန်ပြီဆို ထပြေးရပြန်ရော) ။

ကဲ ဒီလို ဖြစ်နေတာ တပ်မတော်က သူပုန်သိမ်းတဲ့ မြို့လေး ၈ / ၉ မြို့လောက် ပြန်သိမ်းရသေးတယ်နော် ။ ဘဝပျက်နေကြပုံများ မြင်မကောင်းဘူး ။ ရှေ့လျှောက်ပိုဆိုးမှာ စိတ်ချ ။ တမြို့ပြီး တမြို့ ပြန်သိမ်းကြလိမ့်မယ် ။


တပ်မတော်က တနေ့ထက်တနေ့ အင်အားပိုကြီးလာမယ် ၊ တရက်ပြီးတရက် လက်နက်ခဲယမ်း ပိုထုတ်နိုင်မယ် ၊ တနေ့တခြား နည်းပညာမြင့်လာမယ် ။

သူပုန်အပေါင်းတို့ကတော့ တနေ့ထက်တနေ့ အင်အားယုတ်လျှော့လာမယ် ၊ လက်နက်ခဲယမ်း ကုန်ခမ်းလာမယ် ။ ဒါကြေင့်ပဲ ပြည်ဖျက်တွေအတွက်တော့ တနေ့တခြား သေမင်းရယ်သံတွေ သောသောညံလာမယ် ။

အချိန်နဲ့အမျှ အဲသလိုဖြစ်လာရတာ ဘာကြောင့်လဲ သိလား....? နှစ်ပေါင်း ၇၀ ကျော် တည်ဆောက်လာကြရတဲ့ တပ်မတော်ရဲ့ အုတ်မြစ်နက်ရှိုင်းခိုင်ခန့်မှု နဲ့ ၄ နှစ်လောက် တည်ဆောက်ထားတဲ့ NUG တို့ရဲ့ မသပ်မရပ် မခိုင်မခန့် ယိုင်ရွဲ့နေတဲ့ အုတ်မြစ်တို့ ကွာကြတာပဲ ။
( သူပုန်ကတော့ ထားလိုက် ကျားသနားလို့ နွားချမ်းသာခဲ့ကြရတာကို ကျေးဇူးကန်းနေတဲ့ကောင်တွေ ဒါလည်း တကယ်လုပ်ရင် ခဏပါပဲ)

ခေတ်အဆက်ဆက် ချမှတ်ခဲ့ရတဲ့ တပ်မတော်ရဲ့ အခြေခံအုတ်မြစ်ကြီးက အထပ်ပေါင်းရာချီ အဆင့်မြှင့်ဆောက်နိုင်ဖို့ ရည်မှန်းထားပြီး တည်ဆောက်ထားတာ ။ တနည်းအားဖြင့် အနက်ဆုံးထိ ပိုင်ပေါင်းများစွာ ရိုက်ပြီး စနစ်တကျလုပ်ထားတာ ။ အဲဒါကို မနေ့တနေ့ကမှ သဲခုံပေါ် ဝါးလုံးစိုက် ဓနိမိုးထားတဲ့ အုတ်မြစ်မပါသော NUG က ယှဥ်မယ်ဆိုတော့ ဆုတောင်းလေ ။

ကဲ မြို့ပေါင်းများစွာ စခန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပေမယ့် အိန္ဒြေမပျက် ကြံ့ကြံ့ခိုင်ပြီး မားမားမတ်မတ် ပြန်ရပ်တည်ပြနေတဲ့ တပ်မတော်နဲ့ အစိတ်အပိုင်းအနည်းငယ် ( 10 % ပေါ့) ဆုံးရှုံးတာနဲ့ ငယ်သံပါအောင် သွေးပျက်နေတဲ့ အဖွဲ့ရဲ့ ကွာခြားချက်ကို ဒီလောက်ဆို သိလောက်ပါပြီ ။

ကိုရွှေမျိုးဝင်း
Подробнее
16.89 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 14 Aug 2025 05:48:47 +0300
Подробнее
14.04 k
]]>
https://linkbaza.com/catalog/-1002249976815 Wed, 13 Aug 2025 06:13:40 +0300
Подробнее
]]>
https://linkbaza.com/catalog/-1002249976815 Tue, 12 Aug 2025 03:03:59 +0300
တန်ရာ တန်ရာ ( သူပုန်ဖတ်ဖို့ သီးသန့်)
===============================

နိဒါန်းအနေနဲ့ ယခုပြောချင်တဲ့ တိုင်းရင်းသားတွေဆိုရာမှာ အေးအတူ ပူအမျှနေထိုင်ကြမယ့် ရိုးသားသော အရပ်သားပြည်သူ တိုင်းရင်းသားများအား လုံးဝမရည်ရွယ်ပါဘူး ။ အမြဲတမ်း လူမျိုးရေးမှိုင်းတိုက်ပြီး ဗမာမုန်းတီးရေး လှုံ့ဆော် ၊ တိုင်းပြည်ဖျက်နေတဲ့ အာဏာရူး လက်နက်ကိုင် တိုင်းရင်းသားသူပုန်များကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြတ်ပြတ်သားသား စကားဦးသန်းပါရစေ ။

အင်္ဂလိပ်တွေ ခေတ်ကောင်းစဥ်က ကမ္ဘာကြီးရဲ့ 80 % ကို သိမ်းပိုက်ခဲ့သတဲ့ ။ အဲဒီထဲမှာ မြန်မာပြည်က နောက်ဆုံးအုပ်စုမှ သိမ်းတဲ့တိုင်းပြည်ပဲ ။ လွယ်လွယ် သိမ်းပိုက်ခဲ့တာတော့ မဟုတ်ဘူးနော် ။ စစ်ပွဲ ၃ ကြိမ် အချိန်ယူတိုက်ပြီးမှ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ ။

ကြည့်ပါ ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲပြီးတော့ ဗမာဘုရင်နဲ့ စစ်ပြေငြိမ်းစာချုပ် လက်မှတ်ရေးထိုးခဲ့တယ် ။ ဗမာဘုရင်ပိုင်နယ် ရခိုင် တနင်္သာရီ နဲ့ ကမ်းရိုးတန်းဒေသတွေကို ဗမာဘုရင်က ပေးအပ်ကြောင်း ဘာညာပေါ့ ။ လက်မှတ်ရေးထိုး အတည်ပြုပေးရတာ ဗမာဘုရင်တယောက်တည်းနော် ဘယ်မအေလိုးမှ မပါဘူး ။

နောက် ဒုတိယ ကျူးကျော်စစ် မင်းပြောင်းမင်းလွှဲနဲ့ ပြီးသွားခဲ့ရတယ် စာချုပ်မရှိဘူး ။ ပြီးတော့ တတိယကျူးကျော်စစ် ။ ဗမာဘုရင် သီပေါမင်းပိုင်နက်တွေဆိုပြီး နယ်စပ်က ယိုးဒယား လာအို တရုတ် တို့နဲ့ နယ်နမိတ်ခြင်း ပိုင်းခြားခဲ့တာကြည့် ဘယ်တိုင်းရင်းသားပိုင်နက်ပါဆိုပြီး ခွဲခြားသတ်မှတ် သိမ်းပိုက်ကြတာမဟုတ်ဖူး ဗမာပိုင်နက်ဆိုပြီးပဲ သတ်မှတ်ကြတာ ။

လွတ်လပ်ရေးကြိုးပမ်းမှုမှာ တိုင်းရင်းသားစုစုပေါင်း ၁၀ ယောက် အသက်ပေးခဲ့ရတယ်ဆိုရင် ဗမာလူမျိုးက အယောက် ၁၀၀ အနည်းဆုံး ပေးဆပ်ခဲ့ကြရတာ မမေ့ကြပါနဲ့ ။ တန်းတူညီမျှ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခုတည်းနဲ့ အုပ်ချုပ်ခဲ့ကြတာ မမေ့ပါနဲ့ ။ ဥပမာ ရှမ်းကပဲ ဗမာပစ္စည်းခိုးခိုး ၊ ဗမာကပဲ ရှမ်းပစ္စည်း ခိုးခိုး မိရင်ထောင်ဒဏ် ၂ နှစ် အတူတူပဲ ။

အတ္တလန်တာချာတာ စာချုပ်အရ လွတ်လပ်ရေးပေးဖို့ ဖြစ်လာချိန်မှာ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ပြီး နယ်မြေပိုင်းခြားတော့လည်း ( BURMA) ပိုင်နက်ဆိုပြီး လက်ရှိနယ်နမိတ်ပိုင်းခဲ့ကြတာပဲ ။ ဘယ်မအေလိုးကိုမှ တဦးခြင်းအသိအမှတ်ပြု အဓိကထား ပိုင်းခြားခဲ့တာ မဟုတ်ဘူး ။

ဒီလိုကိစ္စတွေပြီးမှ ဒါကရှမ်း ၊ ဒါက မွန် ၊ ဒါက ကရင်ဆိုပြီး ကိုယ့်ဘာသာ ထပ်မံသတ်မှတ်ကြတာ ။ ဒီထဲမှာ တောကြိုအုံကြားက ကချင်ကို ရှမ်းနီနယ်တွေဖြစ်တဲ့ မြစ်ကြီးနား ဗန်းမော် ကသာခရိုင်တွေအထိ ဗိုလ်ချုပ်တဦးတည်းသဘောနဲ့ ပါးစပ်ပေးပေးခဲ့လို့ KIA တို့ မြို့ပေါ်ရောက်လာရတာ ။ မဟုတ်ရင် ရွာသူကြီးအဆင့်နဲ့ ကျေနပ်နေကြရမယ့်သူတွေလေ ။

ထရံဖြဲပေးမယ့် အာဏာရူး လူယုတ်မာ ပဒက်တွေကြောင့် ပြည်မအထိ ကျူးကျော်သတ်ဖြတ် လုယက်လာနိုင်တော့မှ နေပြည်တော်ထိ ဝေစုခွဲ သိမ်းမတဲ့ ။ မအေပေးတွေ တန်ရာ တန်ရာ မှန်းကြနော် ။

အေး အင်္ဂလိပ် ဘုရင်ခံတယောက် ( လခစားဝန်ထမ်း) မြန်မာပြည်လာတော့ ဘုရင်အစစ်တွေလို ထီးဖြူမိုးပေးရသတဲ့ ။ မကြာဘူး ဒါးနဲ့အထိုးရပြီး သေပါရော.. ဒီတော့......

'' မင်း တု တု ၊ ခွေး သေ သေ ၊
သွေးထွေထွေ ယိုဘိ ''

ဘာညာနဲ့ ကဗျာတွေ ဘာတွေတောင် စပ်ကြသေးတယ် နော် ။


အဲဒီအတိုင်းပဲ မှတ်ထားကြ အစိုးရကို အတုခိုးပြီး ကိုယ်ပိုင် မှတ်ပုံတင်လုပ်ရတာနဲ့ ၊ မတန်မရာ ဝန်ကြီးဌာနဖွဲ့စည်းရတာနဲ့ မအေလိုးတွေ မင်းတု တုပရင်း သွေးထွေထွေယိုစီး ခွေးသေလို သေကြရလိမ့်မယ် တန်ရာ တန်ရာ လုပ်ကြနော်......

ကိုရွှေမျိုးဝင်း
Подробнее
23.98 k
]]>
https://linkbaza.com/catalog/-1002249976815 Mon, 11 Aug 2025 16:54:52 +0300
အသံတွေ ကြားနေရပြီ...
=====================

လွန်ခဲ့တဲ့ တလလောက်တုန်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ နစကမှ ကြားလူနဲ့ ဖိတ်ခေါ်ခဲ့သတဲ့ ။ KIA က မြစ်ကြီးနားမှာ ဆွေးနွေးမယ်လို့ အကြောင်းပြန်သတဲ့ ။ မတွေ့ခဲ့ကြပဲ နစကမှ နောက်ထပ်တကြိမ် ထပ်ပြီးတောင်းဆိုသတဲ့ ။ ဂွမ်မော်က အရင်ကလိုပဲ အကြောင်းပြန်သတဲ့ ။ နစကမှ အကြောင်းမပြန်ဘူးတဲ့ ။

ဂွမ်မော်ရဲ့ စာအရ အဲသလိုဆိုထားပါတယ် ။ တပ်မတော်ကတော့ တိုက်ပွဲတွေပြင်းထန်နေလို့ တွေ့ဆုံဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကာ တိုက်စစ်ကို အရှိန်မြှင့်လျှက်ရှိကြောင်း သတင်းကောင်းကြားရပါတယ် ။ ဗန်းမော်လေဆိပ်ထဲက KIA တွေကိုလည်း ချေမှုံးပြီးပြီလို့ သတင်းကောင်းကြားရပါတယ် ။

ဒီသတင်းကတော့ တပ်မတော်ချစ်သူတွေအတွက် မင်္ဂလာသတင်းပါပဲဗျာ ။ တွေးကြည့်ပါဗျာ ကစထမှူးရာထူးအဆင့်က ပေါက်ပန်းသေး ကျွန်သဘောက်အဆင့် TNLA ကို လယ်ဘယ်ဆွေးနွေးနေရတာကိုက ခွေးကိုက်တာထက်နာစရာဗျ ။

သူပုန်မှန်ရင် ဘယ်သူပုန်ကိုမှ ဆွေးနွေးစရာမလိုတော့ပါဘူး ။ ကိုယ့်ဘက်ကသာ အပြတ်တိုက်စမ်းပါ ခွေးမသားတွေ ဒူးထောက် ကျိုးနွံလာကြပါလိမ့်မယ် ။ အခုဆို တပ်မတော်က ပဏာမဧည့်ခံတီးလုံးလေးနဲ့ အစပျိုးခါရှိသေးတယ် ရင်ခုန် ဖင်တုန်ကုန်တာ အားလုံးအသိပါပဲ ။

KIA က သူပုန်ထဲမှာ ဂြိုလ်ကောင်ပဲ ။ AA ၊ TNLA နဲ့ ပဒက်ပေါင်းစုံကို မွေးဖွားပေးထားတဲ့ အညှာပဲ ။ အမြစ်ပါတူးထုတ်ရမယ့် နံပါတ် ၁ ရန်သူအစစ်ပါပဲ ။ KIA ပြိုတာနဲ့ ဗမာပဒက်တွေ မြေပြန့်မှာ လက်နက်ခဲယမ်း ပြတ်လပ်ပြီး မိမိတပ်မတော်က မြှပ်သုပ်စားကြရုံပါပဲ ။

မြေပြန့်က လူမျိုးသစ္စာဖောက် ပဒက်မျိုးသုန်းရင် ကျန်တဲ့သူပုန်ကို အလှည့်ကျ ကောက်စားနေရုံပဲ ။ တချိန်တုန်းက လိုင်ဇာအပေါက်ဝကနေ လှည့်ပြန်ခဲ့ဖို့ အမိန့်ပေးခဲ့တဲ့ ဦးသိန်းစိန်ကတော့ KIA နဲ့ ပက်သက် ဆက်နွယ်ပြီး AA ၊ TNLA ၊ မြေပြန့်ပဒက်မျိုးစုံတို့ ပေါက်ဖွားကြီးထွားလာစေတဲ့ သမိုင်းတရားခံ ဖြစ်ခဲ့ပြီးပြီ ။

KIA ကိုသာ အဲဒီအချိန်က အပြတ်ရှင်းခဲ့ရင် ဒီလို လူယုတ်မာသူပုန်တွေ ဘယ်ပေါက်ဖွားလာမလဲဗျာ ။ ကဲ ကျနော်တို့ တပ်မတော်ကြီး အတွင်းလောက်တွေ ၊ အခြောက်တွေကြောင့် အရှက်တကွဲ အရေးနိမ့်ခဲ့စဥ်က အဲဒီ မအေလိုးသူပုန်တွေ ဘယ်လိုကြုံးဝါးကြသလဲ... ?

မိမိရဲဘော်တွေ အသက် သွေးချွေး ဘဝတွေ ဘယ်လောက်ဆုံးရှုံးခဲ့ကြရသလဲ ။ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေ ဘယ်လောက်များများ ဆုံးရှုံးခဲ့ကြရသလဲ....?

ဒီတကြိမ်တော့ တပ်မတော်ခေါင်းဆောင်များ သဘောထားကြီးမပြတော့ဖို့ တောင်းဆိုချင်ပါတယ် ။ အကြွင်းမဲ့ လက်နက်ချခြင်းမှ အပ စက္ကူစုတ်ဖြစ်နေတဲ့ NCA အသံလည်း မကြားချင်တော့ပါဘူး ။

အလွန် ကလိမ်ကကျစ်များလွန်းတဲ့ သူပုန်တွေကို အပြတ်ရှင်း အမြစ်တူးဖို့သာ ဆောင်ရွက်ကြရပါမယ် ။ တနေ့တခြား ခွန်အားတိုးပွား တောင့်တင်းလာနေသော မိမိအင်အားစုများကို တနေ့တခြား ပိန်ကြုံချိနဲ့နေသော ရန်သူများအပေါ် စုပြုံဖိနှိပ်ထားဖို့ အရေးကြီးပါတယ် ။


သူပုန်ဆို အရုပ်ရေးကြည့်ရလောက်အောင် ပြုလုပ်ပြထားရပါ့မယ် ။ ရန်သူအားနည်းတုန်း မညှာမတာ ချေမှုံးမှသာ အနာဂါတ်ကာလအတွက် စိတ်ချရပါ့မယ် ။

ကိုရွှေမျိုးဝင်း
Подробнее
28.39 k
]]>
https://linkbaza.com/catalog/-1002249976815 Mon, 11 Aug 2025 01:18:49 +0300
ကျား နဂါး နဲ့ တီ ဖား
==================

စစ်ရေးသတင်းတွေ ကြည့်နေရတာ အံ့အားသင့်စရာ အလှည့်အပြောင်းတွေ အများကြီး တွေ့နေရပါတယ် ။ ဇတ်သိမ်းရင် တပ်မတော်ပဲ အောင်ပွဲခံမယ်ဆိုတာကတော့ အမြဲယုံကြည်ထားတဲ့ အချက်ပါပဲ ။

ပြည်သူ့စစ်မှုထမ်း တသိန်းကျော် စုစည်းမိရင်တော့ တန်ပြန်ထိုးစစ် စတင်နိုင်မယ်လို့ တွေးဆမိဖူးပါတယ် ။ ဒါပေမယ့် စစ်သည် ၇၅၀၀၀ သင်တန်းဆင်းပြီးချိန်မှာပဲ တနိုင်ငံလုံး တပ်မတော်ရဲ့ ထိုးစစ်သံတွေ သောသောညံခဲ့ရပါပြီ ။

ဒီနေရာမှာလည်း တပ်မတော်ချစ်သူတွေ ( ကျနော်တို့ကိုယ်တိုင်) ယူဆထားတာနဲ့ မတူသော အချက်များအား တွေ့လာရပြန်ပါတယ် ။

ပထမအချက်က နောင်ချိုမြို့ကို သိမ်းပြီးမှ အခြားစစ်မျက်နှာတွေကို ဆက်တိုက်မယ်ပေါ့ ။ မဟုတ်ဖူးဗျ နောင်ချိုရဲ့ အရင် မိုးဗြဲ နဲ့ ဖားကန့်ကို သိမ်းပြတယ် ။ ပြီးတော့ မှ နောင်ချိုကို သိမ်းတယ် ။

နောက်တချက်က မိုးလရာသီမို့ ထိုးစစ်နားလိမ့်မယ်လို့ ယူဆခဲ့မိပါတယ် ။ သို့သော် တပ်မတော်ဟာ နည်းပညာမြင့်မားလာတာနဲ့ အညီ ရာသီဥတု အဟန့်အတားကို ကျော်လွှားပြီး ထိုးစစ်အဟုန်ကို ထပ်မံပြီးတောင် အရှိန်မြှင့်တင်လာတာ တွေ့ရပါတယ် ။

နောက်ထပ်တချက်ကတော့ အများစု မျှော်လင့်ထားသလို ရှမ်းမြောက်ထိုးစစ်ပြီးမှ AA ၊ KIA ၊ KNPP ၊ ဗမာပဒက် အလျှင်းသင့်သလို ဆော်မယ်လို့ ယူဆခဲ့ကြပါတယ် ။ သို့သော် အံ့သြဖွယ်ရာပါပဲ အားလုံးသော စစ်မျက်နှာပြင် အသီးသီးကို တပြိုင်နက်တည်း ထိုးစဈဆငျပွလျိုကျတာကတော့ ရန်သူ သူပုန်အပေါင်းသာမက အိမ်နီးခြင်းဆိုးများအတွက်ပါ ရှော့ရသွားစေတဲ့ အကွက်တွေပါပဲ ။

AA ဆိုရင်လည်း လူစုပြီးနေဖို့တောင် မဝံ့မရဲ ဖြစ်နေပါပြီ ။ သတင်းရတာနဲ့ ဗြုံးဒိုင်းဆို လေယာဥ်တွေ ရောက်လာပြီး ဆုံးမခန်းဖွင့်နေတော့ အသဲငယ်နေုကြပါပြီ ။

KNU တို့လည်း တသက်လုံးက ချမ်းသာပေးထားခဲ့တဲ့ KNU ဗဟိုကို ဒီနေ့ 10 - 8 - 2025 မှာ လေတပ်က ဂုဏ်ပြုပေးလိုက်လို့ မီးဟုန်းဟုန်းတောက်ပြီး ဆောက်တည်ရာမဲ့နေကြပါပြီ ။ ဝေါလေမှာလည်း သေကျေ တိုပြတ် သောက်သောက်လဲမို့ လူနာခြင်း ဒင်းကြမ်းခပ်နေလေရဲ့ ။

KIA တို့ကတော့ ဗန်းမော်ရဲ့ ဆုံးမမှုကို နာခံလိုက် ၊ ဖားကန့်ဂွင်ထဲက ဆုံးမမှုကို ခံယုလိုက် ၊ ဝါရာဇွတ်က နရင်းအုပ်လိုက်နဲ့ ဘဝပျက်နေလေရဲ့ ။ ဒီကြားထဲ KUN ဗဟိုကို ဆော်ပလော်တီးလိုက်တဲ့ သတင်းတွေကြောင့် ရေကြီးပြီး ဘဝပျက်နေရတဲ့ လိုင်ဇာအတွက် ကြိုတွေးပြီး သွေးပျက်ချင်နေကြပါပြီ ။

လေကြီးလေကျယ် TNLA တို့အတွက်တော့ မိုးကုတ် ကျောက်မဲ သီပေါ ပတ်ချာလည်ကို တရွေ့ရွေ့ ချည်းကပ် ပိတ်ဆို့ချီတက်လာနေတဲ့ တပ်မတော် စစ်ကြောင်းကြီးတွေကို မနိုင်ဝန်ထမ်းကာဆီးရင်း တအိအိပြိုကျ သေကြေနေရပါတယ် ။ ဒီကြားထဲ လေတပ်က ထပ်ဆင့်ဂုဏ်ပြုပွဲနဲ့ ဧည့်ခံနေကြတော့ သြော် ကမ္ဘာ့အဆင့် ၃၈ ဆိုတာ ဒါပါလားလို့ အခုမှ နောင်တ ရစရာ ဖြစ်နေကြပြီလေ ။

ကယားက လေကျယ်မာဝီ ၊ သစ္စာစူးမယ့် နေမျိုးဇင် အခုတော့ ဘာတဲ့... ကယားပြည်နယ်ဆိုတာ အသေးငယ်ဆုံး ပြည်နယ်လေးပါဗျာ တဲ့ 😁😁 ဝုန်းဒိုင်းကြဲနေတဲ့ လေယာဥ်တိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှုတို့နဲ့ အတူ မြေပြင်တိုက်ခိုက်ရေး တပ်မတွေရဲ့ တိုက်စွမ်းရည်အစစ်ကို မြည်းစမ်းရင်း ရှိုက်သံလေးတွေနဲ့ ညည်းတွားနေကြပြန်ပါပြီ ။

ပြည်မက ပဒက်တွေအတွက်တော့ အပြင်းထန်ဆုံး ချေမှုံးခံနေရတာ မြင်းခြံခရိုင်ပါပဲ ။ စစ်ဆင်ရေးက ထူးခြားတယ် မြင်းခြံကို ဗဟိုပြုပြီး တွန်းထုတ်တဲ့ စနစ်နဲ့ ထိုးစစ်ဆင်လာတာပါ ။ နွားထိုးကြီး ၊ မလှိုင် ၊ တောင်သာ တွေဘက်ကို မောင်းထုတ်ပြီး တဆင့်ခြင်း ချေမှုံးမယ့် အနေအထားလား မသိဘူးဗျ ။

မြင်းခြံ ပဒက်လေးတွေကတော့ သီတာယုမွန်ကို ဘယ်လိုသတ်မယ် ဖြတ်မယ် ကြိမ်းဝါးရင်း သီတာယုမွန် အထက်ဆင်မြင်တာနဲ့ ခွေးပြေးဝက်ပြေး ပြေးနေရတုန်းပါပဲ ။

ပေါက် ၊ မြိုင် ၊ မကွေး ၊ စစ်ကိုင်း ဘက်တွေမှာလည်း ထိုးစစ်သတင်းတွေ ကြားနေရပေမယ့် မြင်းခြံခရိုင်လောက် အသံမထွက်သေးတာ သတိထားမိပါတယ် ။

တနင်္သာရီတိုင်းဖက်မှာလည်း သိပ်မထူးခြားပါဘူးဆိုတဲ့ မန့်တွေ မကြာခဏ တွေ့နေရပါတယ် ။ အမှန်အတိုင်းပြောရရင် တနင်္သာရီဖက်က သတင်းတွေကို သိပ်မရပါဘူး ။ သေချာတာကတော့ တနင်္သာရီဖက်မှာ အပါးခို အချောင်လိုက်နေတဲ့ ဒေသခံတပ်မှူးတွေ များပြားနေဆဲဆိုတာ မန့်တွေက သက်သေခံနေပါတယ် ။

ဒီနေ့ အခင်းအကျင်းအရတော့ မြေပြင်က တိုက်ခိုက်ရေးတာဝန်ခံ တပ်မှူးတွေဟာ အနာဂါတ်ရာထူး အတွက် အစွမ်းအစပြလို့ အရမ်းကောင်းနေတဲ့ အခွင့်အလမ်းပါပဲ ။ မိမိအပိုင်စားနယ်အတွင်း အချိန်ကာလ ဘယ်လောက်အတွင်း ဘယ်အတိုင်းအတာထိ ရှင်းလင်းနိုင်မလဲဆိုတာ ယှဥ်ပြိုင်ကြရမယ့် ပွဲကြီးပွဲကောင်းပါပဲ ။

ဘယ်တိုင်းမှူးက နဂါး ၊ ဘယ်တိုင်းမှူးက တီကောင် ဆိုတာ ကွဲပြားမယ့်ပွဲ ၊ ဘယ််တပ်မမှူးက ကျား ၊ ဘယ်တပ်မမှူးက ဖား ဆိုတာ သက်သေပြရမယ့် ပွဲကြီးပါပဲ ။ ပြည်သူတွေကတော့ ပရိတ်သပ်အဖြစ် လက်ခုပ်တီးအားပေးဖို့ အသင့်ဖြစ်နေပါပြီ ။

ကိုရွှေမျိုးဝင်း
Подробнее
26.33 k
]]>
https://linkbaza.com/catalog/-1002249976815 Sun, 10 Aug 2025 17:27:13 +0300
ဝဋ်
=======

စကားလုံးလေးက တလုံးထဲပါပဲ ။ သို့သော် အင်မတန်ကြောက်စရာကကောင်းပါတယ် ။ လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါး ကာလများမှာ မြင်းခြံ PDF တွေ အနိုင်ကျင့်ခြင်း ခံခဲ့ရတဲ့ ကျေးရွာတွေ အများကြီးပါပဲ ။

ဒီကနေ့ကာလမှာဖြင့် မြို့ရဲ့ အရှေ့ဖက်ခြမ်းကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ကြရာ PDF အမာခံရွာတွေ အများကြီး သိမ်းပိုက်ရရှိထားပါတယ် ။ လေကျယ်ခွေးနက် မိုက်ခဲဆိုရင် သူ့ဇာတိရွာ ကွမ်းစိုက်ကနေ သီတာယုမွန် မောင်းထုတ်လို့ ထွက်ပြေးပြီး ကံဆင့်ရွာမှာ ခွေးနက်ဌာနချုပ် အဖြစ် အခိုင်အမာတည်ဆောက်ထားပါတယ် ။

ဗလုံ တိုက်ပွဲကနေ ထွက်ပြေးလာရတဲ့ နွားထိုးကြီးစိုးအောင် အဖွဲ့တွေကလည်း ကံဆင့်ရွာမှာ ပူးပေါင်းပြီး ခံစစ်ပြင်ထားကြလေရဲ့ ။

ကံဆင့်ကို တိုက်မယ်ဆိုတာ တွက်ဆထားတဲ့ PDF သက်ကြီးက တလုတ်မြို့ကို ဝင်တိုက်တယ် ။ တလုတ်မြို့ရွာသားတွေထဲက သကျကွျှိးအဖှဲ့ကို ငွေကြေးထောက်ပံ့ကြတယ်လို့ သတင်းကြားတယ် ။ အချိန်ကျရင် စုတ်ဖြဲရမယ့် ဘောက်ချာတွေပဲ ။

တပ်မတော် နဲ့ မသီတာယုမွန်တို့ရဲ့ စစ်ကြောင်းတွေ မြို့အရှေ့ခြမ်းတိုက်နေချိန် အခွင့်ကောင်းယူပြီး PDF သက်ကြီး တို့က မြို့မြောက်ဖက်ခြမ်းက တလုတ်မြို့ကို အလစ်ဝင်တိုက်ကြပါပဲ ။ သို့သော် စစ်ကူပစ်ကူအတွက် အသင့်ပြင်ထားတဲ့ မိမိစစ်ကြောင်းများက သက်ကြီးကို နှပ်ချီးထွက်အောင် ဆော်ပစ်လို့ ရဲတိုင်ရွာကို ထွက်ပြေးရတယ် ။


ဒီဘက်ကလည်း ထပ်လိုက်ပြီး ချေမှုံးရေးဝင်တယ် ။ သက်ကြီးတို့ အုပ်စု အခြေပြုထားတဲ့ တောပုရွာကိုပါ ဗုံးမိုးကြဲပေးလိုက်တယ် အေးရော ။

ကံဆင့်ရှိ ခွေးနက်ဌာနချုပ်ကိုလည်း ဝင်ဗျင်းလိုက်တာ အလောင်းလက်နက်တွေ ရလိုက်ပြီး မိုးထဲရေထဲ လျှိုခြောက်တွေထဲ ထွက်ပြေးကြလေရဲ့ ။

ဒီတော့ ဘာဖြစ်လာပြီလဲဆိုတာ ကြည့်ပါ ။ PDF နဲ့ ထောက်ပို့တွေ ရွာထဲ မနေရဲကြတော့ပါဘူး ။ တချို့က မြင်းခြံမြို့ထဲ ခိုးဝင်လာတယ် ။ မိမိတပ်က အေးအေးဆေးဆေးပဲ အုပ်ဆောင်းထဲက ကြက်ဖမ်းသလို လာသမျှ PDF အိတ်ထဲကောက်ထည့်လိုက်တယ် ။

နယ်ခံ ပြည်သူ့စစ်တွေက ဘယ်ကောင်ဘာဆိုတာ အားလုံးသိပြီးသားလေ ။ PDF တွေနဲ့ အပေါင်းအပါတွေက သူတို့မိုးကောင်းစဥ်က ဒလံခေါင်းစဥ်တတ်ပြီး လူတွေသတ် လယ်မြေ အိမ်ယာ ပစ္စည်းတွေ သိမ်းပိုက်နဲ့ လုပ်ချင်တိုင်း ၃ နှစ်လောက် လုပ်ခဲ့ကြပါတယ် ။

အဲဒီလူတွေ အခုဆို ရွာလဲ မပြန်ရဲ ( ပြန်လာတာနဲ့ သုတ်ဖို့ အသင့်) ဘယ်သောင်ဘယ်ကမ်း ပြေးကပ်ရမှန်းမသိနဲ့ ခွေးလေခွေးလွင့်ဘဝတွေ ဖြစ်နေကြပြီ ။ အဲသလို ဖြစ်ရမှာက ကာလတိုမဟုတ်ဘူး တသက်လုံး ဖြစ်ကြရတော့မှာပါ ။

နောင်ချိုဘက်မှာလည်း ဒီပုံစံပဲ ။ ဒီတော့ မကြာခင် PDF နဲ့ PDF အားပေးတွေ သောင်ပြင်လွှတ်တဲ့ ခွေးပမာ ဘဝပျက်ကြရတော့မှာပါ ။ သူတပါးတွေရဲ့ ဘဝတွေကို ဖျက်စီးခဲ့သူတွေအတွက် ဝဋ်ဆိုတာ အတိုးနဲ့ ပေးဆပ်ကြရမှာ သေချာနေပါပြီ ။

တပ်မတော်ကို ချီးကျူးရမှာက အပြစ်မဲ့ရွာသားတွေကို ရွာထဲပြန်လာတာ လှည့်တောင်မကြည့်ပါဘူး ။ PDF နဲ့ ထောက်ပို့ဆိုရင်တော့ ပြေးချင်သလောက်ပြေး စက်ကွင်းထဲဝင်တာနဲ့ ဇကာနဲ့စစ်ထုတ် ဖမ်းဆီးအရေးယူပြနိုင်တာပါပဲ ။

ကိုရွှေမျိုးဝင်း
Подробнее
21.07 k
]]>
https://linkbaza.com/catalog/-1002249976815 Sun, 10 Aug 2025 05:53:35 +0300
Подробнее
18.48 k
]]>
https://linkbaza.com/catalog/-1002249976815 Sat, 09 Aug 2025 16:15:11 +0300
Подробнее
21.41 k
]]>
https://linkbaza.com/catalog/-1002249976815 Sat, 09 Aug 2025 04:46:29 +0300
Подробнее
22.75 k
]]>
https://linkbaza.com/catalog/-1002249976815 Fri, 08 Aug 2025 05:30:03 +0300
အပူး တော်လှန်ရေး
=================

ခရီးထွက်ရာက ပြန်ရောက်တာ ခဏပဲ ရှိသေးတယ် ကိုစိုးပေါက်လာတာနဲ့ မထိုင်ရတာ ကြာပြီ ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ဖက် ထွက်လာကြတာပေါ့ ။

ရောက်တာနဲ့ လက်ဖက်ရည်မှာသောက်ပြီး လေကန်မလို့ ရှိသေးတယ် အနားမှာ ဆိုင်ရှင်ရဲ့ သား သုံးယောက်က မျောက်ရှုံးအောင် ဆော့နေကြလေရဲ့ ။ တနှစ်ကြီး တနှစ်ငယ်တွေလေ ၊ အကြီးဆုံးက ငါး နှစ်ပဲ ရှိသေးတော့လည်း ဆော့ကြမှာပေါ့ ။

ဆိုင်ရှင်က ကလေးတွေကို တော်တော့ ရေချိုးကြဆိုပြီးပြောပါတယ် ။ အညာဆောင်းက အေးတော့ ကလေးတွေ ရေချိုးဖို့ ရေဇလုံကြီးတွေကို နေပူလှမ်းထားပါတယ် ။ ကလေးတွေလည်း တဝုန်းဝုန်းနဲ့ ဆော့ရင်းချိုးကြတာပေါ့ ။ ဒီတော့မှ ကိုစိုးက....

"ငမျိုးရေ အခု နီပိတ်တွေ ကြွေးကြော်နေတဲ့ ၂ ငါးလုံး ဆိုလား ၂ ဆယ်လုံး ဆိုလား အဲဒါ ဘာရောဂါ ထနေကြပြန်တာလဲ ကွ ''

"အင်း အဲဒါ ၈ ပူးက စခဲ့တဲ့ အပူးတော်လှန်ရေး ရောဂါပေါ့ ဗျာ ''

"ဘယ်လို အပူးတော်လှန်ရေး ရောဂါလည်း ကွ ''

"၈၈ မှာ ၈ လေးလုံး တဲ့ နောက် ၁၉၉၉ မှာ ၉ လေးလုံးဆို လုပ်သေးသဗျ ။ နောက် ၂၀၁၀ မှာ ၁၀ လေးလုံး ဆိုပြီး ထကြွခဲ့သေးသဗျ ''

"ငါဖြင့် သူတို့ အဲလို အပူးဂဏန်းတွေနဲ့ တော်လှန်ကြတာ ၈ ပူးတခုပဲ သတိထားမိပါရဲ့ ကွာ ''

"အမှန်ကတော့ တော်လှန်ရေး အက်ရှင်ပြပြီး ငွေတောင်းကြတဲ့ ပွဲတွေပေါ့ ဗျာ ဒါမှ သူတို့ သခင်ကြီးတွေက စွန့်ကျဲတာကိုး ဗျ ''

"ဒါဆို အခု အော်နေတဲ့ ၂ လေးလုံး ဆိုတာကရော ''

"အပူးတော်လှန်ရေး ရောဂါသက်သက်ပါ ဘာမှ မထိရောက်ပါဘူး ဗျာ ''

"လခွမ်း မသိရင် ဆန်တွေ ဆီတွေ ပဲ ဝယ်ထားရမလိုလို ၊ ကတုတ်ကျင်းပဲ တူးထားရမလိုလိုကွာ ''

"အင်း သူတို့ကတော့ ပူးတာ မြင်တိုင်း လုပ်စားနေကြမှာပဲ ''

" ဟာ ဒုက္ခပဲ ဟေ့ကောင် မောင်မြင့် မောင်မြင့် မြန်မြန်လာစမ်းပါအုံး ကွ ''

ကျနော့်စကားဆုံးတာနဲ့ ကျနော့်နောက်ဖက်ကို ကြည့်ပြီး ကိုစိုးက အလန့်တကြား နဲ့ ဆိုင်ရှင်ကို လှမ်းအော်ခေါ်ပါတယ် ။ ကျနော်လည်း နောက်ဖက်မှာ ဘာဖြစ်လို့လဲ ဆိုပြီး လှည့်ကြည့်တော့ အစောက ရေချိုးနေတဲ့ မျောက်ရှုံး ၃ ကောင် နေပူလေးထဲမှာ ဂွေးတန်းလန်းတွေနဲ့ မတ်တပ်ရပ်နေတာပဲ တွေ့ရပါတယ် ။

ကိုစိုးရဲ့ အာပြဲကြီးနဲ့ အလန့်တကြားအော်ခေါ်သံကြောင့် ဆိုင်ရှင် ကိုမောင်မြင့်လည်း ကပျာကယာ ထွက်လာပြီး....

"ကိုကြီးစိုး ဘာဖြစ်လို့ လဲ ဗျ ''

"ဟကောင် တိုင်းရေး ပြည်ရေးက မတည်ငြိမ်သေးဘူးနော် ကြည့်လုပ်အုံး ဟ ''

"သြော် ဘာလုပ်ရမှာလည်းဗျ ကျနော်နဲ့ တိုင်းရေးပြည်ရေးက အဝေးကြီးလေ ''

ကျနော်လည်း မဆီမဆိုင် ကိုစိုးက အဲလို ပြောနေတော့ ကြောင်သွားပါတယ် ၊ ကိုစိုးကို ဘာလဲ ဆိုတဲ့ သဘောနဲ့ မေးငေါ့ မေးလိုက်တော့မှ ကိုစိုးက နေပူထဲက ဂွေးတန်းလန်း ကလေး သုံးယောက်ကို လက်ညှိုးထိုးပြပြီး...

"မင်း သားတွေ ကြည့်လိုက်အုံး ဂွေးဥ နှစ်လုံးပြူး ကိုယ်စီနဲ့ သုံးယောက်သား တန်းစီ ရပ်နေကြတာ တော်ကြာ အပူးတော်လှန်ရေး သမားတွေ မြင်သွားပြီး နေ့ခြင်း ညခြင်း အပူးတော်လှန်ရေး ထလုပ်နေမှဖြင့် ပိုဆိုးကုန်မယ်ကွ သွား သွား ကလေးတွေကို ဘောင်းဘီ မြန်မြန်လေး ဝတ်ပေးလိုက်အုံး ''

ဖြစ်ရလေ ကိုစိုးကတော့ ရောက်မှ မရောက်သေးဘူး တော်လှန်သမားတွေများ အပူးတော်လှန်ရေးကနေ ဂွေးစိတော်လှန်ရေးဖြစ်အောင် ကြံဖန်ပြောတတ်တယ် ။ တော်လှန်ရေးသမားတွေ ဆဲချင် ကိုကြီးစိုးကိုသာ ဆဲကြနော် ကျုပ်နဲ့ မဆိုင်ဘူး ဗျ 😁😁😁။

ကိုရွှေမျိုးဝင်း

{ 2022 တုန်းက ပို့စ်လေးပါ အခု ၈ ပူးတွေ အော်နေတာနဲ့......}
Подробнее
20.93 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 07 Aug 2025 15:35:56 +0300
တမ်းတမိတဲ့ ဟင်းတခွက်
======================

ဆော့ကစားရာက မောကြီး ပန်းကြီး ပြန်လာပြီး ရေမိုးချိုးပြီးတာ နဲ့ အမေ ထမင်းစားမယ် ဘာဟင်းချက်လည်း ဆိုပြီး မေးလိုက်တော့ အမဲကြော် ရှိတယ် တဲ့ ။ ထမင်းစားတော့ အမဲကြော် အပြင် အမေမပြောလဲ သိနေတဲ့ ဟင်းတခွက်က ပုံမှန်ပါနေကြပါပဲ ။

အဲဒီဟင်းကတော့ ကျနော်တို့ဒေသ အခေါ် ငပိချက် ( အောက်ပြည်ကတော့ ခရမ်းချဥ်သီးချက်လို့ ခေါ်မယ်ထင်ပါရဲ့) တခွက်က ပန်းဂံနခမ်းထိနေတဲ့ ဆီအပြည့်ရဲ့ ရဲတွတ်နေလေရဲ့ ။

ဆီနစ်နေတဲ့ ငပိချက်စပ်စပ်ဟာ ကျနော်တို့ မိသားစုအတွက် နေ့စဥ်နီးပါး ချက်လေ့ရှိတဲ့ ပင်မဟင်းလျှာပါပဲ ။ မချက်လို့လဲ မဖြစ်ဖူးဗျ အမေ့လက်ရာ ငပိချက်ကို အဖေက ဘိန်းစွဲ သလို စွဲနေတာ လေ ၊ မချက်တဲ့နေ့ဆိုရင် ငပိချက်မပါဘူးလား တန်းမေးတာကြောင့် အမေက နေ့တိုင်းနီးပါး ချက်ပါလေရော ဗျို့ ။

အဲဒီ အလေ့အထနဲ့ ကြီးပြင်းလာရတဲ့ ကျနော်လည်း အရွယ်ရောက် အိမ်ထောင်ကျတော့ ယောက္ခမအိမ် လိုက်နေရပါရော ။ ကျနော့် ဇနီးက ဟင်းချက်ကောင်းသူအဖြစ် နာမည်ကြီးဗျ ။

သူ့လက်ရာတွေက တကယ်လည်းစားကောင်းပါတယ် ။ တနေ့ ကျနော်က အမေ့လက်ရာ ငပိချက်လေး စားချင်တာနဲ့ ချက်ခိုင်းပါတယ် ။ သူလည်းချက်ကျွေးတာပေါ့ ဗျာ ။

သူချက်တဲ့ ငပိချက်က ကျနော့်လျှာကို အမေ့လက်ရာလို မတိုးဘူးဗျ ။ သူက ကောင်းလား လို့ မေးပါတယ် ။ ကျနော်လည်း လိမ်မပြောချင်တော့ အေး ကောင်းတော့ ကောင်းတယ် ဒါပေမယ့် အမေ့လက်ရာတော့ မမှီဖူး ဟ ဆိုတော့ သူ့မျက်နှာ မကောင်းဖြစ်သွားရှာပါတယ် ။

နောက်တနေ့ ကျနော့်အမေ့ဆီ ကျနော်ဇနီးက အလည်သွားရင်း ဟင်းကူချက်ပေးပြီး ငပိချက် ချက်နည်း မေးခဲ့သတဲ့ ။ အမေက ငရုတ်သီးခြောက် တဆုံစာထောင်းပြီး အကုန်ထည့်တဲ့ အပြင် ငရုတ်သီးအစိမ်း လေးစိတ်ကွဲပါ ထပ်ထည့်ရကြောင်း ပြောသတဲ့ ။

နောက်တော့ အဲဒီ စကေးနဲ့ ချက်တဲ့အပြင် အစာပလာ ဖြစ်တဲ့ ပုဇွန်ခြောက်ဘာညာတွေပါ ထည့်ချက်တော့ ဇနီးရဲ့ လက်ရာလည်း ရှယ်ဖြစ်လာပါတော့တယ် ။ ကျနော့် ပြောခဲ့တဲ့ အမေ့ ငပိချက်လက်ရာ မမှီဖူးဆိုတာကို ဇနီးသည်က အမေ့ကို ပြန်ပြောတော့ အမေက သဘောကျပြီ ရီနေလေရဲ့ ( ဇနီးက ယခုထိ စကားနာထိုးနေတုန်း ဗျ)

ကျနော့်အိမ်မှာ ဇနီးက ဟင်းကောင်းကောင်းချက်တာနဲ့ အမေ့ဆီ သွားပေးခိုင်းပါတယ် ။ ဟင်းသွားပေးရင်း အမေ့အိမ်ရောက်တာနဲ့ ကျနော်လည်း အမေ့လက်ရာ ငပိချက်နဲ့ စားခဲ့တာပါပဲ ။ သူ့လက်ရာ ငပိချက်ကို အားပါးတရ စားပြနေတဲ့ သားကြီးကျနော့်ကို အမေကတော့ တပြုံးပြုံးနဲ့ ကြည့်ပြီး ပီတိဖြစ်နေတာ ကျနော် သိတာပေါ့လေ ။

အသက် ၇၀ ကျော်ထိ ကိုယ်တိုင် ချက်ပြုတ်ဆဲ အမေရဲ့ ငပိချက်တခွက်ဟာ ကျနော့်အတွက်တော့ ကြာလေကောင်းလေ ပါပဲ ။ အသက်ကြီးလာလေ မိဘမေတ္တာ နဲ့ စေတနာတို့ရဲ့ ချိုမြိန်တဲ့ အရသာကို သိလာလေကိုးဗျ ။

ဒီလိုပါပဲ ဇနီးသည်ရဲ့ မခံချင်စိတ် ၊ လင်သားအပေါ် ကောင်းမွန်စွာ စားစေချင်တဲ့ စိတ်စေတနာတွေနဲ့ ကျိုးစားချက်ပေးရှာတဲ့ ငပိချက် တခွက်ကလည်း ကြာလေ ကောင်းလေပါပဲ ။

လောကဓံအရ ကျနော်တယောက် နိုင်ငံအနှံ့လျှောက်သွားရင်း လုပ်ကိုင်နေရာမှာ အမေ့လက်ရာကော ၊ ဇနီးသည်လက်ရာရော ဝေးကွာခဲ့ရတာ ကာလအတန်ကြာခဲ့ရပါပြီ ။

မိတ်ဆွေတွေနဲ့ စားသောက်ဆိုင်ကြီးတွေမှာ စားသောက်ရတဲ့အခါ နာမည်ကျော် ဂဏန်းမဆလာ ၊ ပုဇွန်ထုပ် ၊ ဂဏန်းပေါင်း အစရှိတဲ့ စျေးနှုံးမြင့် စားစရာ စားသောက်ရတိုင်း အမေ နဲ့ ဇနီးသည်တို့ရဲ့ ငပိချက်ကို တောင်းတမိတယ်ဆိုရင် ရီနေကြမလား မသိပါဘူး ။

ဆိုင်ကြီးတွေရဲ့ အကောင်းစား စားစရာတွေကို အပျံစား စားဖိုမှူးကြီးတွေ တိကျတဲ့ စကေးတွေ နဲ့ သပ်ရပ်စွာ ချက်ပြုတ်ထားကြတာ သေချာပါတယ် ။

သို့သော် နာမည်ကျော် စားဖိုမှူးကြီးတွေ ဝယ်မရသော ကုန်ကြမ်းတမျိုး လိုနေတဲ့အတွက် အဆိုပါ တန်ဖိုးကြီး ဟင်းလျှာများသည် ကျနော့်အတွက်တော့ အမေ နဲ့ ဇနီးသည်တို့ရဲ့ ငပိချက်လောက် ခံတွင်းမတွေ့မိတာ အမှန်ပါပဲ ။

သူတို့ထည့်ချက်ဖို့ လိုနေတဲ့ ကုန်ကြမ်းက....

"မေတ္တာ နဲ့ စားစေချင်သောစေတနာ''

တို့ပါပဲ ။

ကိုရွှေမျိုးဝင်း

{ မိုးအေးအေးနဲ့ ကိုယ့်ဘာသာ ငပိချက်လေး ချက်စားရင်း ဟိုတုန်းက ရေးခဲ့ဖူးတဲ့ ပို့စ်လေး ပြန်တွေ့လို့ တင်လိုက်ပါတယ် }
Подробнее
21.78 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 07 Aug 2025 09:24:44 +0300
ဥပဒေ နဲ့ မျှတမှုသည်
====================
တခါတရံ ရန်ဘက်ဖြစ်၏
====================

ဦးသန်းရွှေလက်ထက် ရပခ တိုင်းမှူး ဗိုလ်ချုပ်မောင်ဘို တောင်ကြီးမှာ ရုံးထိုင်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ရော တိုင်းမှူးတာဝန်ကော ပူးတွဲထမ်းဆောင်စဥ် ကာလတုန်းကအဖြစ်လေးပါ ။

အေးသာယာဂေါက်ကွင်းမှ ယာဥ်တန်း နဲ့ ပြန်အထွက် အဖွားကြီး တဦးက ယာဥ်တန်းကို ပိတ်တားထားလို့ အကြောင်းစုံ ဆင်းမေးပါတယ် ။

ပြောင်းကုန်သည် တဦးက အဖွားကြီးဆီက ငွေ ဆယ်သိန်း ယူပြီး တက်လာမယ့် ပြောင်းတန်ဖိုး အမြတ်ပါ ပေးမယ်လို့ ကတိပေးခဲ့ပါတယ် ။ တောသူတောင်သားတွေချင်း စာချုပ်မရှိပဲ ယုံကြည်စွာ ပေးလိုက်ပါတယ် ။

အချိန်တန်တော့ ပြောင်းပွဲစားက ဗြောင်ငြင်းပြီး မပေးနိုင်ဖူး လုပ်လို့ တိုင်ကြားရာမှာ စာချုပ်စာတမ်း မပြနိုင်လို့ တရားစွဲမရကြောင်း အကြောင်းပြန်ကြပါတယ် ။ ဒါကြောင့် တိုင်းမှူးဗိုလ်ချုပ် မောင်ဘိုထံ တိုက်ရိုက်စွန့်စားပြီး တိုင်ကြားခြင်း ဖြစ်ပါတယ် ။

တိုင်းမှူးက ပြည်နယ်ဥပဒေအရာရှိချုပ်အား စုံစမ်းစေရာ ငွေယူထားတာ မှန်ကန်ကြောင်း သို့သော် စာချုပ်စာတမ်း မရှိ၍ အရေးယူလို့ မရကြောင်း သတင်းပို့ပါတယ် ။

ဗိုလ်ချုပ်မောင်ဘိုက ဥပဒေစကား ထပ်မပြောပါဘူး ၊ ဒီကောင် ယူထားတာ မှန်ရင် အရင်းရော အမြတ်ကော ဒီအဖွားကြီးကို ပေး ပါစေ ၊ မပေးရင် ရတဲ့ ပုဒ်မနဲ့ ထောင်ချက်ခြင်း ချပါလို့ ဥပဒေ အရာရှိချုပ်ကို အမိန့်ပေးလိုက်ပါတယ် ။

တိုင်းမှူးကိုယ်တိုင် အမှန်တရားဖက်မှ ဥပဒေကို ဆန့်ကျင်သော်လည်း မားမားမတ်မတ် ရပ်တည်ပေးလိုက်လို့ ဆုံးမယ့် ငွေကြေးတွေ အဖွားကြီး ပြန်ရလိုက်ပါတယ် ။

ဒီဖြစ်စဥ်ကို ကြည့်မယ်ဆိုရင် တခါတရံ ဥပဒေဆိုတဲ့ အရာဟာ တရားမျှတမှုကို မဖော်ဆောင်နိုင်ကြောင်း သိသာလှပါတယ် ။ သူတို့ခြင်းတောင် ရန်ဖက်ဖြစ်နေတာ မြင်တွေ့ရမှာပါ ။

တရားမျှတမှုကို ဥပဒေက ဥပေက္ခာပြုထားပြီ ဆိုရင် အာဏာသုံးရပ် ကိုင်စွဲထားတဲ့ အစိုးရအရာရှိများက မတရားမှုကိုကာကွယ်ပေးနေတဲ့ ဥပဒေဆိုတဲ့ အရာကို တရားမျှတမှု ဖနောင့်နဲ့ ရိုက်ချိုးကန်ကျောက်ဖို့ လိုအပ်လာရင် လုပ်ပြပြီး တရားမျှတကို ဖော်ဆောင်နိုင်ရပါမယ် ။

အရာရာကို စာအုပ်ကြီးအတိုင်း ဥပဒေ အရ ဥပဒေ အရ ဆိုတဲ့ စကားလုံး တွင်တွင်သုံးကာ မတရားမှုကို မဖော်ဆောင်သော အရာရှိ အရာခံ အစိုးရဘက်တော်သားများအား ခုံတော်မောင်ကျဘမ်း ကဲ့သို့ အချုပ်တွင်းထိ လိုက်လံစုံစမ်းပြီး အမှန်တရားရှာဖွေမှု ၊ ပေါင်ချိန် ဇာတ်ကားများအား ကြည့်ရှုခိုင်းပြီး အရည်အချင်းစစ် စာမေးပွဲ ပြန်ဖြေခိုင်းဖို့ ကောင်းနေပါပြီ ။

နအဖ ခေတ်နှင့် နှိုင်းယှဥ်မိ၍ အခုခေတ်နဲ့ မတူဟု ငြင်းဆိုလိုကြပါသလား ။

တရားမျှတမှု နှင့် ဥပဒေ တို့ရဲ့ အနေအထားကတော့ ဘယ်ခေတ်ဖြစ်ဖြစ် ဒီအတိုင်းဖြစ်နေမှာပါ ပဲ ။ ခေတ်မတူတာ မဟုတ်ပါဘူး လူချင်း မတူတာပါ လို့ ပြောရင် ပိုမှန်ပါလိမ့်မယ် ။

မည်သို့ပင် ဖြစ်စေကာမူ သာမန်ဆင်းရဲသား ပြည်သူများ အတွက် ဥပဒေ စကားတွင်တွင်ပြောပြီး မတရားမှုများအတွက် ကာကွယ်ပေးသော အုပ်စိုးသူ နှင့် ဥပဒေစကား မပြောကြားပဲ တရားမျှတမှုကို လက်တွေ့ဖော်ဆောင်ပေးနေသော အုပ်စိုးသူ တို့အား မည်သူ့ကို နှစ်သက် သဘောကျမယ် ထင်ကြပါသလဲ ။

နောက်နောင် လာလတံ့သော အစိုးရလောင်းလျှာများ အချိန်ယူ စဥ်းစားထားသင့်ပြီလို့ ယူဆမိပါတယ် ။

ကိုရွှေမျိုးဝင်း
Подробнее
21.98 k
]]>
https://linkbaza.com/catalog/-1002249976815 Wed, 06 Aug 2025 15:47:53 +0300
တပ်မတော်ရဲ့ အပြောနဲ့ အလုပ်
============================

6 - 8 - 2025 မနက် ၈ နာရီလောက်မှာ မြင်းခြံဘက်က ဖုန်းဝင်လာတယ် ။ PDF ရွာဖြစ်တဲ့ သမုန်းကိုင်းကို လေကြောင်းကပါ တိုက်နေလို့ ရွာခံတွေ ထွက်ပြေးနေရတယ်တဲ့ ။ PDF တွေကတော့ ဗုံးဒဏ်ခံနိုင်တဲ့ ဘန်ကာတွေနဲ့မို့ ထွက်မပြေးဘူးတဲ့ ။

ဒါနဲ့ ပြည်သူ့စစ်တွေဆီ သတင်းထပ်မေးတော့ ဟုတ်တယ် ဝင်တိုးနေတာ တိုးမရဖြစ်နေတယ်တဲ့ ။ PDF အဖွဲ့စုံရောက်နေပြီး အင်အားများသတဲ့ ။ ဒါနဲ့ စိုးရိမ်ပြီး မြေပြင် သတင်းလှမ်းပို့လိုက်ပါတယ် ။ လူကြီးက အေးအေးဆေးဆေးပါပဲ ။

'' မပူပါနဲ့ကိုမျိုးရေ မကြာခင်သတင်းကောင်းကြားရမှာပါ စိတ်ချ ထူးတာနဲ့ လှမ်းပြောပေးမယ် ''


စိတ်ချဆိုတော့ စိတ်ချလိုက်ပါပြီ သူ့အကြောင်းသိနေလို့ပါပဲ ။ ညနေ ၄ နာရီ မှာပဲ ဖုန်းဝင်လာတယ် ။ သမုန်းကိုင်းကို ရပြီတဲ့ ။ ပြောသလိုလုပ်ပြတဲ့အတွက် ဝမ်းသာရပါတယ် ။

မြင်းခြံ တောင်သာ နွားထိုးကြီး မလှိုင် တို့ကို စစ်အုပ်ချုပ်ရေး မကြေညာလို့ နားမလည်နိုင် ဖြစ်မနေကြပါနဲ့ခင်ဗျ ။ ဆော်နေပါတယ် မပူပါနဲ့ မကြာခင် PDF မျိုးသုန်းရမှာပါ ။


မြင်းခြံသက်ကြီး ငိုပြနေသလို ၊ လေကျယ်တဲ့ မိုက်ခဲ ဘယ်လျှိုထဲ ဝင်ပုန်းနေရသလဲ မေးကြည့်ပါအုံး ။ နွားထိုးကြီးစိုးအောင်ကိုလည်း အသေရရ အရှင်ရရ သုတ်သင်ဖို့ စောင့်နေပါတယ် ။

ကိုရွှေမျိုးဝင်း
Подробнее
]]>
https://linkbaza.com/catalog/-1002249976815 Wed, 06 Aug 2025 04:34:03 +0300
Подробнее
24.27 k
]]>
https://linkbaza.com/catalog/-1002249976815 Tue, 05 Aug 2025 18:21:59 +0300
Подробнее
22.35 k
]]>
https://linkbaza.com/catalog/-1002249976815 Tue, 05 Aug 2025 18:21:59 +0300
Подробнее
20.62 k
]]>
https://linkbaza.com/catalog/-1002249976815 Tue, 05 Aug 2025 05:52:06 +0300
Подробнее
14.47 k
]]>
https://linkbaza.com/catalog/-1002249976815 Tue, 05 Aug 2025 05:51:51 +0300
Подробнее
18.61 k
]]>
https://linkbaza.com/catalog/-1002249976815 Tue, 05 Aug 2025 05:51:51 +0300
Подробнее
17.28 k
]]>
https://linkbaza.com/catalog/-1002249976815 Mon, 04 Aug 2025 09:41:52 +0300
Подробнее
17.02 k
]]>
https://linkbaza.com/catalog/-1002249976815 Mon, 04 Aug 2025 03:47:34 +0300
ရေနစ်တဲ့ ဝိဇ္ဇာဓိုရ်
=================

'' ငမျိုးရေ လူတချို့က NLD သာလျှင် တိုင်းပြည်ကို ကယ်တင်နိုင်မယ့်သူလို့ အခုထိ ယုံကြည်နေတာကို ဘာပြောပြချင်လဲ ကွ ''

'' အင်း...ဒီလိုလူမျိုးကို လယ်တီဆရာတော်ဘုရားကြီး နဲ့ ဝိဇ္ဇာဓိုရ် ဥပမာပေးပြောရမှာပဲ ''

'' အေး လုပ်စမ်းပါအုံးကွ ''

'' တနေ့ညဥ့်နက်ချိန်ကြီးမှာ လယ်တီဆရာတော်ဘုရားကြီးဆီကို ဝိဇ္ဇာဓိုရ်တပါး ရောက်လာပြီး တရားဆွေးနွေးတယ် ဗျ ''

'' အေး ဒီတော့.... ''

'' ပြီးတော့ ဆရာတော်တို့နဲ့ တပည့်တော်တို့ လမ်းစဥ်ခြင်း အတူတူပါပဲ ဘုရား ။ လူတွေကို သံသရာဝဲဂယက်ထဲက ကယ်ထုတ်ဖို့ချည်းပါပဲဘုရား ။ ဒီတော့ ဆရာတော် နဲ့ တပည့်တော် ထုံကူးချင်ပါတယ် ဘုရား ''
( ခြေ လက်အင်္ဂါ တခုခု လဲလှယ်ကြတာမျိုးကို { ကျောက်ကပ်အစားထိုးသကဲ့သို့} ထုံကူးတယ်လို့ ဆိုလိုပါတယ်)

'' ဟေ..ဆရာတော်ဘုရားကြီးက သဘောတူလား ကွ ''

'' ဘယ်တူမလဲ ပြန်ပြီး မိန့်ကြားတာလေး သဘောကျလို့.အဲဒါအနှစ်ဗျ..... ဝိဇ္ဇာဓိုရ်တွေ ထုံကူးတာတွေ ယုံကြည်တာတွေ မယုံကြည်တာတွေ ပြောဖို့မဟုတ်ဘူး ''

'' အေး ဘယ်လိုမိန့်ခဲ့လို့လဲ ကွ ''

'' အံမယ်..တို့ ကျင့်ကြံအားထားမှု ၊ တို့လမ်းစဥ် နဲ့ မတူပါဘူး ဝိဇ္ဇာဓိုရ်ကြီးရယ် ငါတို့က သံသရာတဖက်ကမ်း ကူးဖြတ်နေတဲ့ ကျင့်ကြံမှုနဲ့လမ်းစဥ်ပါ မောင်ရင်တို့က ကိုယ်တိုင် သံသရာဝဲဂယက်ထဲမှာ ယက်ကန်ယက်ကန် နဲ့ မျှောနေတုန်းလေ ၊ ကိုယ်တိုင်ရေနစ်နေသူက သူတပါးကို ဘယ်လို ကူနိုင် ကယ်နိုင်ပါ့မလဲ ဟ.. ကိုယ်တိုင် ထောက်တည်ရာ ရပြီဆိုမှ ဒီစကားပြောပါကွာ.. တဲ့ ''

'' ကောင်းလိုက်တဲ့ စကားကွာ ဒါဆို NLD ကသာ တိုင်းပြည်ကို ကယ်နိုင်မယ်ဆိုပြီး တောမရောက် တောင်မရောက် NUG ကို အားကိုး ပုန်ကန်နေသူတွေက....''

'' NUG ကိုယ်တိုင် တာဘုန်းကျော်ကယ်ပါ ၊ ဂွမ်မော်ကယ်ပါ နဲ့ အော်နေရပြီး ပြည်သူတွေဆီက အလှူခံတောင်းစားနေရတဲ့ အဖွဲ့လေ ။ သူကိုယ်တိုင် ရေနစ်နေတာကို လှေပေါ်ကပြည်သူတွေ ငါလာကယ်ပြီ အော်နေတာနဲ့ အတူတူဖြစ်နေသလိုပဲ ဗျ ''

'' အေးဟ အခုဆို NLD ဆိုတာလည်း မရှိတော့ဘူး ၊ NUG ဆိုတာကလည်း ရေနစ်နေပြီ ဆိုတော့ NUG ဆွဲမိသူမှန်သမျှကတော့....''

'' သူနဲ့အတူ ရေနစ်သေဖို့ပဲ ရှိတော့တာပေါ့ဗျာ ''

ကိုရွှေမျိုးဝင်း
Подробнее
20.01 k
]]>
https://linkbaza.com/catalog/-1002249976815 Sun, 03 Aug 2025 12:04:47 +0300
ပညာရေး ကဏ္ဍ
=================

ခရီးထွက်ရင်း ပြည်ကို ရောက်ခဲ့ပါတယ် ။ အံ့သြစရာ သတင်းတွေလည်း ကြားခဲ့ရပါတယ် ။ ပဲခူးတိုင်း အနောက်ပိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းမှာ သင်္ချာဂုဏ်ထူး တယောက်မှ မပါဘူးတဲ့ ။

အံ့သြစရာပါပဲ ခေတ်အဆက်ဆက်က ဘာသာရပ်တွေထဲမှာ ဂုဏ်ထူးအထွက်ဆုံးက သင်္ချာဘာသာလို့ သိထားခဲ့ရပါတယ် ။ သူက အမှတ်ပေးစည်းမျဥ်းအရ အမှတ်ပြည့်ရဖို့ အခွင့်အသာဆုံး ဘာသာမို့ပါပဲ ။

မေးမြန်းကြည့်တော့ ပဲခူးတိုင်းအနောက်ခြမ်း သင်္ချာမေးခွန်းက ကလေးတွေအတွက် အလွန်ခက်သတဲ့ ။ သင်္ချာဘာသာပြ နာမည်ကြီးဆရာတယောက် အဲဒီမေးခွန်းဖြေတာ ၄ နာရီတောင် အချိန်ယူရသတဲ့ ။ ကဲ ကလေးတွေ ဂုဏ်ထူးမထွက်တာ မဆန်းတော့ဘူးလေ ။

ကိုယ်ပိုင်ကျောင်းတွေထဲမှာ တယောက်မှ မအောင်တဲ့ကျောင်းအချို့ ရှိကြပါတယ် ။ အားလုံး သင်္ချာပဲ ကျတယ်လို့ ပြောနေကြပါတယ် ။ အချို့က အင်္ဂလိပ်စာတဲ့ ။ မေးခွန်းတွေခြင်း နှိုင်းယှဥ်ကြည့်လိုက်တော့ မကွေးတိုင်းမေးခွန်းက အတော်လွယ်ကူတယ်လို့ ပြောကြပါတယ် ။

အရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်း မေးခွန်းကို တိုင်း နဲ့ ပြည်နယ် ၁၄ ခု ၊ နိုင်ငံခြား ဆိုပြီး ၁၅ စုံ ထုတ်ရုံမကဘူး အချို့တိုင်းကို ၂ စုံထုတ်ခဲ့လို့ မေးခွန်းတွေ ဖောင်းပွနေတာ ပြန်လည်သုံးသပ်စရာပါပဲ ။ ဒီတော့ မတူညီတဲ့ မေးခွန်းများက.. ( အင်တာဗျူးမှာ မိန်းကလေးကို ရွှေတိဂုံဘုရားဘယ်မှာရှိလဲ မေးပြီး ယောကျာ်းလေးကို ဘုရားစောင်းတန်းက လှေခါးထစ်အရေအတွက် မေးသလိုမျိုး...) ကွဲပြားနေပါတယ် ။

ကျနော်တို့တုန်းက မေးခွန်း တမျိုးတည်းကို တနိုင်ငံလုံး ဖြေဆိုကြရပါတယ် ။ တက္ကသိုလ်ဝင်ခွင့်ကို အမှတ်နဲ့ဆုံးဖြတ်နေတော့ ကျောင်းသားအားလုံးအတွက် တပြေးညီထဲ ရရှိတဲ့ အခွင့်အရေးပါပဲ ။

တိုင်း နဲ့ ပြည်နယ်အလိုက် မေးခွန်းထုတ်စေတဲ့ စနစ်ကို ဘယ်သူအစပြုလိုက်တယ်မသိပါဘူး ။ အဲဒီထဲက ကပေါက်တိ ကပေါက်ချာ စဖြစ်လာရတာပါပဲ ။ ဘာလို့လဲ ဆိုတော့ တက္ကသိုလ်ဝင်ခွင့်ကြတော့ ဒီအောင်စာရင်းပါ ရမှတ်နဲ့ပဲ ပိုင်းဖြတ်နေလို့ပါပဲ ။

အဲသလို မေးခွန်းအစုံအများကြီး မေးမယ်ဆိုလည်း သူ့တိုင်း / ပြည်နယ်အလိုက် သတ်မှတ်ဦးရေအရ တက္ကသိုလ်ဝင်ခွင့် လက်ခံဖို့ စီစဥ်သင့်ပါတယ် ။ ရန်ကုန်တိုင်းအတွက် ဆေးဝင်ခွင့် ကျောင်းသားဦးရေ ၊ ကယားပြည်နယ်အတွက် ဆေးဝင်ခွင့်ကျောင်းသားဦးရေ အစရှိသည်ဖြင့်ပေါ့ ။ ဆိုလိုတာက ပြိုင်တူပြင်သင့်တဲ့ အချက်ကို တခုတည်းပြင်တော့ တရားမျှတမှု မရှိသလို ဖြစ်သွားရပါတယ် ။

ယခုလို နှစ်မျိုးမှာ အင်္ဂလိပ်စာ နဲ့ သင်္ချာလို မေးခွန်းကို ပညာပြပြီး မစာမနာမေးထားတဲ့ ပဲခူးတိုင်းအနောက်ခြမ်းက ကျောင်းသားများအနေနဲ့ ဘဝရည်မှန်းချက်တွေ ဘယ်ပြည့်နိုင်ပါတော့မလဲ ။ ဂုဏ်ထူးမှန်းတဲ့သူ အောင်ရုံ ၊ အောင်ရုံမှန်းတဲ့သူ ကျရှုံး ဖြစ်နေတော့......မျှတပါသလားပေါ့..

အကောင်းဆုံးကတော့ အဲသလို တယောက်တမျိုး မေးခွန်းထုတ်တာထက် ဗဟိုကနေ မေးခွန်းတစုံထဲထုတ်ပြီး တနိုင်ငံလုံး လွယ်အတူ ခက်အတူ ဖြေစေတာက မျှတတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်မယ်ထင်ပါတယ် ။


ကိုရွှေမျိုးဝင်း
Подробнее
21.25 k
]]>
https://linkbaza.com/catalog/-1002249976815 Sun, 03 Aug 2025 03:58:53 +0300
ကြွေးကြော်သံ နဲ့ ငိုကြွေးသံ
========================

နစက ကိုဖျက်သိမ်းပြီး အသစ်ပြန်စလိုက်တဲ့ လုံ / အေး ကော်မရှင် ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ရှင်းလင်းပြတ်သားတဲ့ အမိန့် ညွှန်ကြားချက်များနဲ့ အာဏာပါဝါ ခွဲဝေမှုတွေကို မြင်တွေ့လာရပါပြီ ။

စစ်အုပ်ချုပ်ရေး ၆၃ မြို့ သတ်မှတ်လိုက်ပါတယ် ။ အချိန်ကာလ ၃ လ ကန့်သတ်ထားပါတယ် ။ ဆိုလိုဟန်ကတော့ တိုင်းမှူးတွေ နဲ့ ကစထမှူးတွေအတွက် အချက်ပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ ။

ကိုယ့်ခြေ ကိုယ့်လက် ကြိုက်သလိုရှင်းကြပေတော့ ၊ သြဇာအာဏာ လုပ်ပိုင်ခွင့်အားလုံး မင်းတို့ကို ပေးလိုက်ပြီ ။ တခုပဲ ၃ လ အတွင်း မလုပ်နိုင်ရင်တော့.....? ဆိုတဲ့ အချက်က ကစထမှူးတွေနဲ့ စစ်တိုင်းမှူးတွေအတွက် အရည်အချင်းစစ် စာမေးပွဲ တခုပါပဲ ။

ရှေ့က စီနီယာကြီးတွေကို စစ်ဘက်ရာထူးတွေက ထုတ်ပယ်ပစ်တာရယ် ရာထူးတိုးလာသူတွေနဲ့ အပြောင်းအရွေ့ကို သွက်သွက်လက်လက် လုပ်ဆောင်လာတာ တွေ့ရပါတယ် ။ ဒါတွေက တပ်မတော်ရဲ့ မင်းတို့ကို တကယ်တိုက်တော့မယ်ဆိုတဲ့ ကြွေးကြော်သံပါပဲ ။

တိုင်းပြည်အနှံ့မှာလည်း ပြည်သူအများစု ကြားချင်နေကြတဲ့ တပ်မတော်ရဲ့ ထိုးစစ်သတင်းတွေက ဝေဝေဆာဆာ ကြားနေရပါပြီ ။ အချောင်ခိုနေတဲ့ ဒေသတွေလည်း အသံထွက်လာတော့ တပိမတော်ခေါင်းကြီးပိုင်းတွေ သိနေကြမှာပါပဲ ။

တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်နေတဲ့ ကြားထဲက မိုးကုတ်ဗုံးကြဲတဲ့ ကိစ္စကို အကျယ်တဝံ့ ဝါဒဖြန့်နေကြပါတယ် ။ တပ်ချုပ်ကြီးက သူပုန်တွေနဲ့ မနေကြဖို့ ၊ သယံဇာတ တူးဖော်တဲ့နေရာတွေမှာ မနေကြဖို့ အစောကြီးထဲက သတိပေးခဲ့ပြီးသားပါ ။

ယခု မိုးကုတ်ဗုံးကြဲခံရတော့မှ ပြည်သူတွေ သေတယ်ဆိုပြီး ဝေဝေဆာဆာ ဖော်ပြပြီး မျက်ရည်ချူနေကြလေရဲ့ ။ မိုးကုတ်ကို တိုက်ခိုက်မယ်ဆိုတာ နောင်ချိုမြို့သိမ်းတိုက်ပွဲ ပြီးကထဲက သိကြပြီးသားပါ ။

ပြည်သူတွေကို မြို့ထဲက ထွက်မပြေးနိုင်အောင် ပိတ်လှောင်ထားတာ ဘယ်သူတွေလဲ ။ လူယုတ်မာ TNLA နဲ့ PDF တွေပဲ မဟုတ်ဖူးလား ။ ယောကျာ်းတွေ စစ်တိုက်တဲ့နေရာမှာ ပြည်သူတွေကို ဓားစာခံသဘော ပိတ်ဆို့ထားပြီး သေကြေဖို့ စီမံနေတာ မင်းတို့ လူယုတ်မာတွေလေ ။

အေး သူပုန်နဲ့ဝေးဝေးနေကြဖို့ အရင်ကထဲက တပ်ချုပ်ကြီးကိုယ်တိုင် သတိပေးမိန့်ခွန်း အတိအလင်း ပြောကြားခဲ့သလို မီဒီယာတွေကလည်း အကြိမ်ကြိမ် ထပ်မံ နှိုးဆော် သတိပေးခဲ့ကြတာပဲလေ ။

အဲဒီတုန်းက နလပိန်းတုံးတွေက သရော်စော်ကား လှောင်ပြောင်ခဲ့ကြတယ်လေ ။ ဒီအခြေအနေ ဒီလိုနေ့ မလွဲမသွေ ရောက်လာမယ်ဆိုတာ ကြိုသိနေလို့ စေတနာနဲ့ သတိပေးခဲ့ကြတာပါ ။ အခုတော့ ကံကိုသာ အားကိုးကြပေတော့ဗျာ ။

တော်လှန်ရေးဆိုသူ ပြည်ဖျက်တွေရဲ့ ငိုကြွေးသံတွေက ဆက်တိုက်လာရတော့မှာ သေချာတယ် ။ အခုထဲက စစ်ရေးပစ်မှတ် ဖြစ်လာမယ့် မြို့တွေထဲက ပြည်သူတွေ ရှောင်တိမ်းကြဖို့ အကြံပြုချင်ပါတယ် ။

ကိုရွှေမျိုးဝင်း
Подробнее
18.08 k
]]>
https://linkbaza.com/catalog/-1002249976815 Sat, 02 Aug 2025 05:36:03 +0300
Подробнее
17.65 k
]]>
https://linkbaza.com/catalog/-1002249976815 Sat, 02 Aug 2025 03:56:33 +0300
Подробнее
]]>
https://linkbaza.com/catalog/-1002249976815 Sat, 02 Aug 2025 03:56:33 +0300
Подробнее
20.22 k
]]>
https://linkbaza.com/catalog/-1002249976815 Fri, 01 Aug 2025 08:21:12 +0300
Подробнее
19.14 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 31 Jul 2025 22:05:04 +0300
Подробнее
20.21 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 31 Jul 2025 22:05:04 +0300
Подробнее
18.31 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 31 Jul 2025 06:46:42 +0300
'' ငမျိုးရေ NUG ကို အထင်ကြီးပြီး အစိုးရအစစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ပြည်ဖျက် CDM တွေနဲ့ အကြမ်းဖက်လူသတ်သမား PDF တို့ လက်ရှိအနေအထားမှာ အပြန်အလှန် အပြစ်တင်နေကြတာ ဘာကြောင့်လည်း ဆိုတာ အတိုဆုံး နမူနာပြအုံးကွ ''

ကွီးစိုး

'' အဓိက အကြောင်းရင်းက ကိုးကွယ်ရာ မှားခြင်းက အခြေခံပဲ ဒါပဲကြည့် ''

ကွီးမျိုး
Подробнее
20.24 k
]]>
https://linkbaza.com/catalog/-1002249976815 Wed, 30 Jul 2025 17:40:52 +0300
အတွေ့အကြုံမှ အတွေးအကြံဆီသို့....
==============================

ကျနော် အင်းစိန်ကို ရောက်တော့ အခန်းထဲမှာ လူ ၁၀၀ ဝန်းကျင် ရှိပါတယ် ။ အဲဒီထဲမှာ ၅၀၅ သီးသန့် ရယ် အကြမ်းဖက်ပုဒ်မ နဲ့ ၂ မှု ၃ မှု သမားတွေရယ်က 85 ယောက်လောက် ရှိတယ်ဗျ ။

အဲဒီထဲမှာ စိတ်ထဲရှိတဲ့စကား အကုန်ပြောတတ်တဲ့ 'ဘုရားဒကာ' ( အမည်လွှဲ) လို့ ခေါ်တဲ့ ရဲထွက်ကောင်လေးတယောက်နဲ့လည်း တွေ့ခဲ့ရတယ် ။ ဒီကောင်လေးက သူသည် ယခင်က ရဲဝန်ထမ်းဟောင်း ၊ (ဘုရားတရား အရမ်းလုပ်) လို့လဲ ဆိုပါတယ် ။ ဒါ့ကြောင့်သူ့ကို ဘုရားဒကာ လို့ ခေါ်ကြတာ ။

သူက အခြား ၅၀၅ တွေ နဲ့ မတူဘူး ။ သတင်းထဲမှာ PDF တွေ သတ်လို့ အရပ်သားတွေ ဘုန်းကြီးတွေ သေပြီဆိုတဲ့ သတင်းမျိုးတက်လာရင် ကျန်တဲ့သူတွေက ဟေးးးဟားးးး နဲ့ ပျော်ကြတယ် ။ သူက ပေါ်တင်ပြောတယ် မင်းတို့ကလည်း လက်နက်မရှိတဲ့ အရပ်သားကို သတ်တာ ဘာဂုဏ်ရှိလဲ ဘာညာပေါ့ဗျာ ။

သူက တပ်မတော်ရဲ့ သတင်းတွေလာရင်လည်း ဆဲတာပဲဗျ ။ ၂ ဖက်လုံးကို မကျေမနပ် ဖြစ်နေတဲ့သူပဲ ။ ကြာတော့ သူ့ကို ကျန်တဲ့ ၅၀၅ တွေက မကြည်တော့ဘူး ။ ကျနော်ကတော့ အားလုံးနဲ့ အဆင်ပြေတယ် ။ အထူးသဖြင့် အခန်းထဲက ပညာတတ်လူငယ် ၅၀၅ တွေနဲ့ပေါ့ ။

ဘုရားဒကာ ကလည်း ကျနော့်ကို သူမသိတာ နားမလည်တာလေးတွေ နိုင်ငံရေး ဘာသာရေး လာမေးရင်း ခင်နေရှာတယ် ။ သူကတော့ တခန်းလုံးနဲ့ တယောက် ကျနော်တယောက်ကိုပဲ သူခင်တယ် ။ သူ့သတင်းက အဆောင်မှူးဆီထိ ရောက်နေတယ် ခပ်ကြောင်ကြောင် ဆိုပြီးပေါ့ ။ ကျနော့်ကိုတောင် အဆောင်မှူးက ဦးလေး ကြည့်ပေါင်းနော် အဲဒီကောင်က ကြောင်နေတယ်လို့ ပြောကြတယ်တဲ့ 😂

ဘုရားဒကာ က အဲသလို အကန်တွေ ပြောပါများလွန်းတော့ အခန်းထဲက ၅၀၅ အုပ်စုကနေ သု့ကို မသင်္ကာတော့ဘူး ။ တခုခု လုပ်ကြစို့ ဘာညာထိ ကြံစည်တိုင်ပင်လာကြပြီ ။ သူ့တို့ကျောမလုံတော့ဘူး သတင်းပေးများ ဖြစ်နေမလားပေါ့ ။

ကျနော်နဲ့ ရင်းနှီးနေတော့ ခေါ်မေးပြီး တိုင်ပင်ကြတယ် ။ အနည်းဆုံး အဆောင်ပြောင်းရအောင် လုပ်ကြစို့ပေါ့ဗျာ ကိုယ်ထိလက်ရောက် လုပ်ဖို့တော့ ထောင်စည်းကမ်းအရ မလွယ်ဘူးလေ ။ ဒီတော့ ကျနော်က ရီမောပြီး ပြောလိုက်ပါတယ် ။

'' ဟကောင်တွေရ သူသာ သတင်းပေးဆိုရင် မင်းတို့နဲ့ အတင်းလုံးမှာပေါ့ ၊ မင်းတို့သဘောကျ ဝင်ဖော ဝင်ရောပြီးမှ မင်းတို့နဲ့ ယုံကြည်ချက် တည်ဆောက်မယ် ဒီတော့မှ သူသိချင်တဲ့ မင်းတို့ အတွင်းရေး နှိုက်ယူမယ် ပြီးရင် အပြင်ကို သတင်းပေးမယ် ဒီလိုလုပ်မှာ မဟုတ်ဖူးလား.. ? ''

'' အင်း ဟုတ်တယ်လေ.. ''

'' အေး အခုဟာက သူ့ဘာသာ တယောက်တည်း နေတယ် ၊ မင်းတို့ကိုလည်း လာမရောဘူး ၊ ငါတယောက်ထဲပဲ သူစကားများများပြောရှာတယ် ဒါလည်း ဘာသာရေးကြောင်းများပါတယ် ဒါကြောင့် ဒီကောင် ခပ်ကြောင်ကြောင်အဆင့်ပါကွာ သတင်းပေးအင်္ဂါရပ်နဲ့ တချက်မှ မကိုက်ဘူး ဘာမှ လုပ်မနေပါနဲ့ ''

ဒီတော့ အခန်းထဲက ပညာတတ် ကလေးတွေက စဥ်းစားပြီး လက်ခံတယ် ။ ဘုရားဒကာ လည်း သူ့ဘာသာ အေးရာအေးကြောင်း နေလို့ရသွားလေရဲ့ ။

ဒီကိစ္စကို အတွေ့အကြုံယူပြီး ကျနော် ပြောင်းပြန် ပြန်ပြီးတွေးကြည့်မိပါတယ် ။ ကျနော့်အတွေ့အကြုံအရ နီတုံးတွေထဲကို သတင်းနှိုက်ပြီး ထုတ်ဖော်ဖို့ သူလျှိုထည့်မယ်ဆိုရင် သူတို့ယုံကြည်အောင် အရင်ဆုံး တက်တက်ကြွကြွ လုပ်ပြရမယ်လေ ။ သူများထက်ကို တက်ကြွရမယ် ။

အင်းးးးဒါဆိုရင် ပြောင်းပြန်အနေနဲ့ နစက ကို သူလျှိုလုပ်ပြီး ဖြိုချချင်ရင်...... ဘာတွေ လုပ်ရမလဲ တွေးကြည့်ပေတော့.....


သေချာတာကတော့ ဝေဖန်ထောက်ပြနေသူထဲမှာ နစက ကို အတွင်း သူလျှိုလုပ် ဖြိုခွဲနိုင်မယ့်သူ မပါနိုင်ဘူး ။ အရမ်းထောက်ခံနေတဲ့ စမ်းစမ်းတင့်ကိုတော့ မျက်ခြေမပျက် စောင့်ကြည့်သင့်တယ်လို့ ယူဆမိပါတယ် ။

ကိုရွှေမျိုးဝင်း
Подробнее
19.67 k
]]>
https://linkbaza.com/catalog/-1002249976815 Wed, 30 Jul 2025 03:26:53 +0300
သို့သော် ထူးခြားတဲ့ စစ်ခေါင်းဆောင် တပ်ချုပ်ကြီးက အင်မတန်ပျော့ပြောင်းစွာ နဲ့ ဝန်ထမ်းများအား အလျော့ပေး ဖြေလျော့ဆက်ဆံခဲ့ပါတယ် ။ ဒါကြောင့် ဖရဲသီးများ နဲ့ ပြန်ဝင် CDM တွေ ဌာနတွင်းမှာ တဖန် ဇောင်းထလာတာ တွေ့ရပါတယ် ။

ဒီအဖြစ် အပျက်တွေဟာ အစိုးရ အသီးသီးရဲ့ ဝန်ထမ်းအပေါ် အခြေပြုပြီး နိုင်ငံရဲ့ အုပ်ချုပ်မှု ယန္တယားကို မောင်းနှင်ရင်း ဌာနဆိုင်ရာ အသီးသီးကို ပစားပေးတဲ့ မူဝါဒတွေကြောင့် ဖြစ်လာရတာလို့ ယူဆမိပါတယ် ။

နိဒါန်းမှာ ဆိုခဲ့သလိုပါပဲ တိုင်းပြည်တည်ဆောက်ရာမှာ တည်ကိန်းကို ဌာနဆိုင်ရာတွေ ထားနေတဲ့ အတွက် ZERO ဌာနဆိုင်ရာများကြောင့် အစိုးရ ဘာလုပ်လုပ် ZERO ရလာဒ်ပဲ ဖြစ်နေရတာပါ ။

ဖြစ်သင့်တာက တည်ကိန်းကို ပြည်သူအား ထားရမှာဖြစ်ပါတယ် ။ ဝန်ထမ်းဆိုတဲ့ အလွှာရဲ့ ပေါက်ဖွားရာ ဇစ်မြစ်ဟာ ပြည်သူပါပဲ ။ ဝန်ထမ်းမဟုတ်တဲ့ ပြည်သူထဲမှာ အဲဒီ ဝန်ထမ်းတွေထက် တိုင်းပြည်အပေါ် စေတနာမှန်သော လုပ်တတ် ကိုင်တတ်သော ပြည်သူတွေ သန်းချီရှိပါတယ် ။

ယခုလို CDM ကာလမှာ မင်းသားမျက်နှာဖုံးကွာကြကုန်ပါပြီ ။ ဌာနဆိုင်ရာအတွင်းရှိ ဖရဲသီးများနဲ့ CDM တွေကို နှမျောတမ်းတမနေပါနဲ့တော့ ။

ပြည်သူတွေထဲက အစွမ်းအစ ရှိတဲ့ ဖြူစင်နေသေးသော ပညာတတ်တွေ နဲ့ အစားထိုးပြီး လက်ကျန် သစ္စာရှိ Non CDM နဲ့ လက်တွဲစေကာ ယန္တယားကြီး အသစ်ပြန်စသင့်ပါတယ် ။

သစ်သီးပုပ် ဖုံသုတ်ပြီး ကောင်တာပေါ် တင်နေတာ စားသုံးသူကို လိမ်နေတဲ့ အလုပ်ဆိုတာ ပြည်သူတွေ သဘောပေါက်နေကြပါပြီ ။

ကိုရွှေမျိုးဝင်း

( 2021 တုန်းက ရေးသားခဲ့တဲ့ ပို့စ်လေးဖြစ်ပါတယ် ။ ဖြစ်ပေါ်လာမယ့် အသစ် အသစ် သော အစိုးရ အဆက်ဆက်အတွက် တွေးချိန်ချင့်စရာ ပုစ္ဆာတပုဒ် မို့ ထပ်မံတင်ပြလိုက်ရပါတယ်)
Подробнее
19.26 k
]]>
https://linkbaza.com/catalog/-1002249976815 Wed, 30 Jul 2025 03:26:53 +0300
တည်ကိန်းမှားတဲ့ အစိုးရများ
==========================

ကျနော်တို့ သင်ကြားခဲ့ရတဲ့ သချာ်သဘောတရားမှာ တည်ကိန်း ဖြစ်စေ မြှောက်ကိန်း ဖြစ်စေ Zero ဖြစ်နေရင် မည်မျှ ပမာဏဖြင့် မြှောက်နေပါစေ အဖြေက Zero သာ ဖြစ်ရပါတယ် ။

မြန်မာအစိုးရ အဆက်ဆက်သည် တိုင်းပြည်ကို စီမံအုပ်ချုပ်တဲ့နေရာမှာ သူတို့ရဲ့ အဓိက ယန္တယားသည် ဝန်ထမ်းအင်အားစုသာ ဖြစ်သည်ဟု ခိုင်မာစွာ ယူဆပြီး အုပ်ချုပ်မှု ယန္တယားကြီးကို မောင်းနှင်တတ်ကြပါတယ် ။

နှစ်ရှည်လများ တည်ဆောက်လာခဲ့တဲ့ ဝန်ထမ်းများနဲ့ ဌာနဆိုင်ရာ ယန္တယားကြီးဟာ တဖြေးဖြေး နဲ့ ဆွေစဥ်မျိုးဆက် ဝန်ထမ်းများ ၊ ဆရာမွေး တပည့်မွေး ဝန်ထမ်းများ နဲ့ ခိုင်မာလာပါတယ် ။

ပြောင်းလဲလာတဲ့ အစိုးရအဆက်ဆက်ကလည်း လက်ရှိ ကျွမ်းကျင်ပြီးဟု ယူဆရသော ဝန်ထမ်းများအား ချော့တခါ ချော့တလှည့် လက်တွဲ လုပ်ဆောင်လာကြရပါတယ် ။ ဝန်ထမ်းအများစုရဲ့ ကြာရှည်စွာ ခိုင်မာလာခဲ့တဲ့ မလုပ် မရှုပ် မပြုတ် မူဝါဒ ၊ အထက်ဖား အောက်ဖိ ပေါ်လစီ နဲ့ ရတဲ့နည်းနဲ့ ဘက်ဂျက်ရှာတဲ့ အတတ်ပညာများဟာ အရိုးစွဲနေကြပါပြီ ။

ဒီထက်ဆိုးတဲ့ အရိုးစွဲနေသော အကျင့်ဆိုးက ငါတို့ ဌာနသည် အရေးပါသည် ၊ ငါတို့ကို ပမာမခန့် မပြုလေနှင့် ဒီလို ပညာပြလို့ ရပါတယ် ဟူသော အင်မတန် ဆိုးဝါးတဲ့ ဆိုက်ကိုတွေ နဲ့ တိုင်းပြည်တည်ဆောက်နေကြခြင်းပဲ ဖြစ်ပါတယ် ။

ထင်ရှားတဲ့ ဥပမာပြရမယ်ဆိုရင် တိုင်းရင်းသား အစစ်တယောက် မှတ်ပုံတင် ပျောက်ဆုံးလို့ ပြန်လျှောက်တဲ့ လုပ်ငန်းစဥ်ကိုပဲ လေ့လာပါ ။ မလိုအပ်တဲ့ လုပ်ငန်းစဥ်တွေ နဲ့ ရှုပ်ထွေးအောင် စီမံထားပြီး ၂၈ ရက် စောင့်ပါဆိုတဲ့ မူနဲ့ လုပ်နေပါတယ် ။

အမှန်ဆိုရင် မှတ်ပုံတင် အပျောက်လျှောက်တာမှာ ပုံစံ ၆၆ မူရင်း ပါလာရင် ရုံးလက်ခံ ရှိပြီး လျှောက်လွှာဟောင်းနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါ ၊ ထင်ရှားတဲ့ အမှတ်အသား ၊ သွေးအုပ်စု ၊ လက်ဗွေ ဆိုတာတွေက တိုက်ဆိုင်စစ်ဆေးလို့ အင်မတန် လွယ်ပါတယ် ။

ဒါကိုပဲ ထောက်ခံစာအမျိုးမျိုး နဲ့ ဒုက္ခပေးနေရုံမကဘူး သူ့ရုံးထဲမှာ စီနီယာ နဲ့ သိမ်းထားတဲ့ စာရွက်စာတမ်းပြန်ရှာဖို့တောင် ခဏတွင်းမဆောင်ရွက်ပေးနိုင်ဘူး ဖြစ်နေတာ သဘာဝ မကျတော့ပါဘူး ။

တကယ်တန်းကျတော့ လွယ်လွယ်နဲ့ မရဘူးကွ ဆိုတဲ့ မူနဲ့ သွားနေလို့ပဲ ဖြစ်ပါတယ် ။ လူမျိုးခြားအား စီစစ်ခြင်းကို ဆိုလိုတာ မဟုတ်သလို အသစ်စတင်ပြုလုပ်ခြင်းကိုလည်း မဆိုလိုပါဘူး ။

ဌာနဆိုင်ရာ အသီးသီးဟာ အဲသလို ပြုမူနေကြရာမှာ မိမိရဲ့ အရေးပါမူကို ပါဝါပြရန်အတွက် အခက်အခဲတွေ ဖန်တီးထားတာကို ကြိုးနီစနစ်လို့ ခေါ်ပါတယ် ။

အဲလို စနစ်တွေကို အာဏာမရခင်က မကောင်းဘူးလို့ ရှုမြင်သူ နိုင်ငံရေးသမားတွေဟာ သူတို့ အာဏာရပြီး နေရာရသွားတာနဲ့ ပြောင်းလဲဖို့ ကျိုးစားတာထက် အရိုးရင့်ဝန်ထမ်းတွေရဲ့ လာဘ်လာဘ နဲ့ စည်းရုံးမှု ၊ လုပ်ပိုင်ခွင့်အာဏာနဲ့ စည်းရုံးမှုအောက်မှာ ကျဆုံးသွားကြရင်း တိုင်းပြည်ဟာ ကြိုးနီ စနစ်ရဲ့ ချည်နှောင်မှုအောက်မှာ မရွေ့ရှားနိုင်ပဲ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေတာ ယနေ့ထိ ဖြစ်ပါတယ် ။

ရံဖန်ရံခါ ပြည်သူအတွက် အကျိုးရှိမယ့် မူဝါဒ ချပေးရင်တောင် ဌာနဆိုင်ရာက ရတဲ့အပေါက်ကနေ ပိတ်ဆို့ထားကြပါတယ် ။

ဥပမာ မြေယာဥပဒေအရ ပုဂ္ဂိလိက စိုက်ပျိုးမြေလျှောက်ထားခွင့် ပြုထားပေမယ့် မြေစာရင်းက အမျိုးမျိုးသော အကြောင်းပြချက်နဲ့ ပိတ်ဆို့ထားလို့ လျှောက်ရကောင်းမှန်းတောင် ပြည်သူတွေ မသိကြပါဘူး ။

ဌာနဆိုင်ရာများဟာ တက်လာသမျှ အစိုးရ အဆက်ဆက်ရဲ့ နိုင်ငံရေးသမားတွေကို လှည့်စားပြီး တိုင်းပြည်ကို နောက်ပြန်ဆွဲနေကြပါတယ် ။ သူတို့ လှည့်စားလို့ အကောင်းဆုံး အစိုးရကတော့ နလပိန်းတုံး ဘုံကျွန် NLD အစိုးရပဲ ဖြစ်ပါတယ် ။

NLD အစိုးရ ရဲ့ အရည်အချင်း ညံ့ဖျင်းမှုကြောင့် လုပ်ချင်တိုင်း လုပ်ရ ၊ ခိုးချင်တိုင်း ခိုးရကြတဲ့ ဌာနဆိုင်ရာတွေဟာ အလွန်သဘောကျသွားကြပါတယ် ။ အလွယ်တကူ လိမ်မရတဲ့ စစ်ထွက် မိုးကျရွှေကိုယ်တွေကို မကြိုက်ကြပါဘူး ။ လူလိမ်ဆိုတာ လူအ ကို ပိုချစ်ကြတာ ထုံးစံကိုးဗျ ။

ဒီလိုနဲ့ ၅ နှစ်တာ ထင်တိုင်းကျဲခဲ့တဲ့ ဌာနဆိုင်ရာတွေဟာ နစက တက်လာတော့ သွေးပျက်ကုန်ပါတယ် ။ သွေးပျက်တဲ့ ဌာနထဲမှာ ပြည်ထဲရေးလည်း ပါဝင်ပါတယ် ။

ဒီတော့ ဘယ်အစိုးရ တက်တက် ငါတို့ ဝန်ထမ်းတွေ မပါရင် ယန္တယားကြီး လည်မရပါဘူး ဆိုပြီး NLD နဲ့ ပူးပေါင်းကာ CDM လုပ်ကြပါတော့တယ် ။

ကျနော်ပြောနေတာတွေက ယေဘူယျဆန်ဆန် ပြောနေတာဖြစ်တဲ့အတွက် ရိုးသားသော ဝန်ထမ်းများ တနည်း သစ္စာရှိသော NON CDM များ ကိုတော့ ခြွင်းချက်ထားရပါလိမ့်မယ် ။

နစက အစိုးရ ရပ်တည်လို့ မရအောင် CDM လုပ်ခဲ့ကြပေမယ့် ၈၈ အတွေ့အကြုံအရ ဘရွှေကြီးရဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် ၊ တပ်မတော်ဆေးတက္ကသိုလ် နဲ့ တပ်တွင်း သင်တန်းပေါင်းစုံ ပြုလုပ် သင်ကြားထားတဲ့ အမျှော်အမြင်ကြောင့် တပ်မတော် အတွက် CDM ဟာ အရာမထင် ခဲ့ပြန်ပါဘူး ။
Подробнее
21.76 k
]]>
https://linkbaza.com/catalog/-1002249976815 Tue, 29 Jul 2025 08:02:28 +0300
ပိုင်းခြေမတူပဲ နှိုင်းယှဥ်မိရင်....
==========================

၂ ပိုင်း ၁ပိုင်း ( 1/2 ) နဲ့ ၄ ပိုင်း ၁ ပိုင်း ( 1/4) ကို ပိုင်းခြေအား မကြည့်ပဲ အပေါ်က ၁ ဂဏန်းကိုသာ ကြည့်ရှု၍ တန်ဖိုးတူရမယ်လို့ နှိုင်းယှဥ်ကြည့်မိရင် အဖြေမှန် ရလာမှာမဟုတ်ပါဘူး ။

နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်ကို နှိုင်းယှဥ်ပြီး နိုင်ငံရေးပါတီတွေကို လိုအပ်တာထက်ပိုပြီး နှိမ့်ချပြောဆိုနေတာတွေကလည်း ပိုင်းခြေမတူတဲ့ အပိုင်းကိန်းတွေကို ပိုင်းဝေတူတာလောက်ကြည့်ပြီး အတူတူပဲ ထင်နေသလိုမျိုး ဖြစ်နေပါတယ် ။

ယခု တိုင်းပြည်အကြပ်အတည်းတွေ့နေရပါတယ် ။ သဘာဝဘေးဒဏ်လည်း အကြိမ်ကြိမ်ခံကြရပါတယ် ။ ငွေကြေးတတ်နိုင်သော ပါတီကြီးအချို့ကတော့ သူတို့တတ်နိုင်တာ လှူဒါန်းကူညီနေကြတာလည်း တွေ့ကြရပါတယ် ။

တကယ်တမ်းကြတော့ အာဏာပိုင်အစိုးရမဟုတ်ပဲ ရပ်တည်နေကြရတဲ့ ပါတီတိုင်းမှာ ငွေကြေးရံပုံငွေဆိုတာ အကန့်အသပ်နဲ့ပဲ ရှိနေကြတာပါ ။ သူတို့ပါတီတွေ အတွက် ငွေကြေးများစွာ ကုန်ကျလာဖွယ်ရှိအုံးမယ် ရွေးကောက်ပွဲ မဲဆွယ်စရိတ်တွေအတွက် ချင့်ချိန်သုံးစွဲ နေကြရတာ အများစုပါပဲ ။

ပါတီသေးလေ ငွေကြေးသုံးစွဲဖို့ ကူညီလှူဒါန်းကြဖို့ ပိုပြီးခက်ခဲလေပါပဲ ။ ဆိုရှယ်မီဒီယာအများစုမှာ တွေ့နေရတာက ရေဘေး ၊ လေဘေး ၊ စစ်ဘေးအစ ပြည်သူတွေ ဒုက္ခရောက်တိုင်း နိုင်ငံရေးပါတီတွေကို လက်ညှိုးထိုး ပစ်တင်နေကြတော့တာပါပဲ ။

ပါတီရံပုံငွေ ဘယ်လောက်ရှိသလဲ မသိကြဘူး ။ မသိတော့ စာနာစိတ်နည်းတယ် ။ အပြစ်တင်ဖို့က လွယ်တာပေါ့ သူ့အနာကိုယ်မှ မစာနာတတ်တာပဲလေ ။ အဲဒီ ပါတီတွေ နေရာက ကိုယ်ဝင်ပြီးခံစားကြည့်ပါလား... ရွေးကောက်ပွဲ အတွက် ကုန်ကျစရိတ် ၊ ပါတီရဲ့ လက်ရှိရန်ပုံငွေ တော်ရုံရူးသွားနိုင်ပါတယ် ။

ပါတီတွေအနေနဲ့ ဒီလိုကာလမျိုးမှာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးသွင်းရဲတာကိုက သူတို့ရဲ့ အဓိကတာဝန်ကြီး ထမ်းဆောင်ပြီးနေပါပြီ ။

တမိုးလုံးဖျောက်ဆိပ် ဒုက္ခသည်မှန်သမျှ အာဏာလိုချင်တဲ့ ပါတီတွေ ကူညီရမယ် လှူဒါန်းရမယ် ဆိုရင်တော့ဖြင့် အဲသလို ဝေဖန်နေသူတွေရော ပါတီတွေရဲ့ ရပ်တည်မှုအတွက် ရံပုံငွေ ဘယ်လောက်လှူဖူးသလဲ မေးကြည့်ရမှာပါပဲ ။

ချမ်းသာတဲ့ပါတီကြီးတွေလည်း လှူနေကြတာပါပဲ ။ ဒါကိုတော့ဖြင့် ကြေညာချက်ထုတ် ချီးမွမ်းတဲ့ မီဒီယာမမြင်ရသလောက်ပါပဲ ။

ပြောချင်တာက တပ်မတော်က တပ်မတော်အလုပ် လုပ်နေတယ် ၊ တဆက်တည်း အစိုးရလည်း တပ်မတော်မို့ အစိုးရတရပ်ရဲ့ တာဝန်အတိုင်း တတ်နိုင်သလောက် ပြည်သူကို ထောက်ပံ့နေတယ် ။ ဒါကို ချီးမွမ်းကြတယ် OK ဒါ အမှန်တရားပဲ ။

ပါတီတွေက သူတို့အလုပ် တရားဥပဒေနဲ့အညီ ပါတီမှတ်ပုံတင်ကြတယ် ။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြတယ် ( သတ်မယ် ဖြတ်မယ် ခြိမ်းခြောက်ခံနေရတဲ့ ကြားထဲက လုပ်နေရတာ နော်) ။ တမိုးလုံးဖြောက်ဆိပ် ရောင်စုံဒုက္ခသည်တွေကို ကူညီလှူဒါန်းနိုင်သူပါတီတွေက သူတို့ တတ်စွမ်းသလောက် လှူဒါန်းကြတယ် ။ မတတ်နိုင်တဲ့ပါတီကတော့ ငုတ်တုတ်ထိုင် ကြည့်နေရမှာပဲလေ ၊ ငွေဆိုတာက လေလှိုင်းထဲကနေ အကူညီတောင်းလို့ရနေတဲ့ သတင်းသမားတွေလို အလကားရနေတာမှ မဟုတ်တာပဲ ။ဒါကို အပြစ်တင်ရင်တော့ မှားနေပြီလို့ ယူဆပါတယ် ။

တပ်မတော် နဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီဆိုတာ ပိုင်းခြေမတူတဲ့ ကိန်းဂဏန်းတွေပါ ။ ပိုင်းခြေမတူတာကို ထည့်မတွက်ပဲ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဥ်ပြီး ပါတီတွေ ဟိုမြို့မလှူဘူး ၊ ဒီမြို့မကူဘူးနဲ့ တန်ဖိုးခြင်းညှိ ဝေဖန်နေတာ သဘာဝမကျလှပါဘူး ။

တတ်နိုင်သူတွေအတွက် မထောင်းသာပေမယ့် ပါတီငယ်တွေအတွက် အင်မတန် မျက်နှာငယ်စရာဖြစ်နေပါတယ် ။ အရောင်အသွေး စုံလင်တဲ့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ကို အနှောက်အယှက်ပြုရာလည်း ရောက်နေပါလိမ့်မယ် ။

ပြည်သူအကျိုးအတွက် လှုံ့ဆော်ပါတယ် ဆိုသော်ငြား အခြားတပါးသူအတွက် နစ်နာစေမယ့် အပြုအမူများအပေါ် ပြန်လည်သုံးသပ်ကြစေလိုပါတယ် ။

ကိုရွှေမျိုးဝင်း
Подробнее
19.61 k
]]>
https://linkbaza.com/catalog/-1002249976815 Tue, 29 Jul 2025 04:26:57 +0300
Подробнее
20.58 k
]]>
https://linkbaza.com/catalog/-1002249976815 Mon, 28 Jul 2025 17:08:34 +0300
Подробнее
22.35 k
]]>
https://linkbaza.com/catalog/-1002249976815 Mon, 28 Jul 2025 04:50:18 +0300
Подробнее
21.93 k
]]>
https://linkbaza.com/catalog/-1002249976815 Sun, 27 Jul 2025 13:36:36 +0300
Подробнее
24.11 k
]]>
https://linkbaza.com/catalog/-1002249976815 Sun, 27 Jul 2025 05:41:16 +0300
သင်ခန်းစာ ယူတတ်မှ
======================

         ကမ္ဘောဒီယား နဲ့ ထိုင်း နယ်မြေအကျယ်အဝန်းမှာ ထိုင်းက ၃ ဆ ဝန်းကျင်ကျယ်တယ် ။ လူဦးရေကလည်း ၅၅ သန်းလောက် ပိုများနေတယ် ။

              စစ်လက်နက် ယာဥ်ရထား ယှဥ်ကြည့်တော့လည်း ဆင် နဲ့ ဆိတ်ပဲ ။ နိုင်ငံအကျယ်အဝန်း နဲ့ လူဦးရေကို အသာထားအုံး ကြည်း ရေ လေ စစ်အင်အား အရမ်းကွာဟသွားတာ စစ်သုံးစရိတ် ဘက်ဂျက်ကြောင့်ပဲ ။

             ကမ္ဘောဒီယားကို ဟွန်ဆန်မျိုးဆက် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပါတယ် ။ ဟွန်ဆန်လက်ထက်မှာပဲ အဆိုပါ အငြင်းပွားနေတဲ့ UNESCO စာရင်းဝင် ဗီဟီရာ ဘုရားကျောင်း ပိုင်ဆိုင်မှုပက်သက်ပြီး စစ်ဖြစ်ခဲ့ကြသေးတယ် ။ အဲဒီတုန်းကလည်း ကမ္ဘောဒီးယားပြည်သူတွေ သေခဲ့တာပဲ ။ ICJ မှာ တရားဆုံးဖြတ်တော့ ကမ္ဘောဒီးယားပိုင် ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ် ။

                 အဲဒီ ဘုရားကျောင်းဆီကို သွားရင် ဧည့်သည်တွေက ထိုင်းဘက်ကနေသွားကြတာများတယ် ။ တည်းခိုရေး သွားလာရေးက ထိုင်းကပိုပြီး အဆင်ပြေလို့ပဲ ။ ဟွန်ဆန်တို့က လမ်းတောင်ကောင်းကောင်း ဖောက်မထားလို့ ခရီးသွားဝင်ငွေ မရကြဘူး ။

 
               အဲဒီ ဘုရားကျောင်းကို ထိုင်းကလိုချင်လို့ မိမိထက် အရာရာနိမ့်ပါးတဲ့ ကမ္ဘောဒီးယားကို ဝင်ဆော်တာပဲ ။ အာဏာရှင် ဟွန်ဆန်မျိုးဆက် ကိုယ်ကျိုးရှာလွန်းလို့ ကာကွယ်ရေးအင်အား ချိနဲ့မှုအပေါ် အခွင့်အရေးယူလိုက်တာပါပဲ ။

           ရိုးရာသင်္ကြန်တောင် ခိုးဖို့လုပ်ခဲ့ထိုင်းတို့ရဲ့ စောက်ကျင့်က အဲလိုဗျ ။ သူတို့ပြဿနာအမှားအမှန်ကို အဓိက ပြောချင်တာမဟုတ်ပါဘူး ။ မြန်မာ့တပ်မတော်အကြောင်း ပြောချင်တာပါ ။

                ထိုင်း နဲ့ မြန်မာလည်း နယ်စပ်ပြဿနာ မကြာခဏဖြစ်ခဲ့ပါတယ် ။ တပ်မတော်ခေါင်းဆောင် အဆက်ဆက်က မိမိအားနည်းချက်တွေကို အင်နဲ့အားနဲ့ ဖြည့်ဆီးပြီး အင်အားတည်ဆောက်ခဲ့ကြပါတယ် ။ ရဲစွမ်းသတ္တိနဲ့ ထိုင်းကို မာမာထန်ထန် တုန့်ပြန်ခဲ့ကြပါတယ် ။

               တချိန်က နောက်ဆုံးပေါ် F 16 နဲ့ ဖရီးဂိတ် စစ်သင်္ဘောကြီးတွေနဲ့ ဖြဲခြောက်ခဲ့တဲ့ ထိုင်းက ယနေ့ထိ F 16 ပါပဲ ။ မြန်မာ့တပ်မတော်က SU 30 အဆင့်တောင် ဖြည့်စွက်ပြီးပါပြီ ။ ဖရီးဂိတ်ဆို ကိုယ်တိုင်တောင်ထုတ်နေပါပြီ ။ တချိန်က သစ်သားခွံစက်လှေကို ဆေးသုတ် ကင်းလှည့်လာရာကနေ ရေငုပ်သင်္ဘောတပ်ဖွဲ့အထိ ဖြစ်ထွန်းလာခဲ့ရပါပြီ ။

               နိုင်ငံရေးသမား အောက်တန်းစားတွေရဲ့ အာဏာရှင်လို့ စွတ်စွဲ ၊ သူခိုးလို့ ဝါဒဖြန့်ခဲ့ကြတဲ့ တပ်မတော် ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ဟွန်ဆန်တို့ သားအဖ အနေအထားနဲ့ နှိုင်းယှဥ်ကြည့်စမ်းပါ ။

            တပ်မတော်ခေါင်းဆောင် အဆက်ဆက်သည် MEC နဲ့ ဦးပိုင် လို စီးပွားရေး လုပ်မယ့် ကုမ္ပဏီကြီးတွေ တည်ထောင်ခဲ့ပါတယ် ။

               MEC ဆိုတဲ့ စီးပွားရေးအုပ်စုက ရလာတဲ့ အကျိုးအမြတ်တွေကို တပ်မတော်ရဲ့ ဘက်ဂျက်လိုငွေတွေမှာ သုံးပါတယ် ။ အဓိကအားဖြင့် ကာကွယ်ရေးအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း ဖြည့်တင်းရေးကို အဓိကထားပါတယ် ။

              ဦးပိုင်ဆိုတဲ့ စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ်ကိုတော့ လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သည်များ နဲ့ အငြိမ်းစား စစ်သည်များအတွက် အချိုးကျ ခွဲဝေခံစားကြပါတယ် ။ သူ့ရဲ့ မူလအရင်းအနှီးကလည်း နိုင်ငံတော်နဲ့ မသက်ဆိုင်ပါဘူး ။ အရာရှိ စစ်သည်များရဲ့ စုဆောင်းငွေများနဲ့ ပေါင်းစုရင်းနှီးထားတာပါ ။

           အဲဒါကြောင့် ပြည်တွင်း ပြည်ပ အဖျက်သမားတွေက ဦးပိုင် နဲ့ MEC ထုတ်ကုန်တွေကို အားမပေးဖို့ ခြိမ်းခြောက်နေကြတာပါပဲ ။ ရည်ရွယ်ချက်က တပ်မတော်ရဲ့ ဘဏ္ဍာရေး ချိနဲ့ပြီး တိုင်းပြည်အတွက် ကာကွယ်ရေးအုတ်တံတိုင်းကြီး ပြိုကျအောင် ယုတ်မာကြတာပါပဲ ။

                  ဒီနေ့ တိုင်းပြည်ရဲ့ အကြပ်အတည်းသည် အတော်မလွယ်ကူတဲ့ အနေအထားပါပဲ ။ တပ်မတော်ရဲ့ ခေတ်အဆက်ဆက်က စုဆောင်းတည်ဆောက်ထားခဲ့တဲ့ လက်နက်ခဲယမ်းသာ မတောင့်တင်းခဲ့ဘူးဆိုရင် ဆီရီးယားထက် အကြောင်းဆိုးသွားနိုင်ပါတယ် ။ ဒါကြောင့် MEC နဲ့ ဦးပိုင်ထုတ် ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးကြတာဟာ တိုင်းပြည်ကို ကာကွယ်တာပါပဲ ။

                 မကြာခဏ ပြောနေရတဲ့ ဗိုလ်ချုပ်တွေ ဘာကြောင့်ချမ်းသာရသလဲ... ? လစာ ဘယ်လောက်ရနေလို့လဲ..? ဆိုတဲ့ မေးခွန်းတွေအတွက် ခဏခဏ ဖြေနေရတဲ့ မူဘောင်ထဲက လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်တွေ လေ့လာကြပါ အုံး ။ အလွန်အကျူး လာဘ်စားသူတွေလည်း ရှိကြပါတယ် ၊ အစားလွန်လို့ ပေါ်ပေါက်ပြီး ထောင်နန်းစံရသူတွေလည်း မရေတွက်နိုင်ပါဘူး ။

  
             သပိတ်ကျင်း ရွှေတွင်းတွေကို တနှစ်လောက် လက်ဝါးကြီးအုပ်ခွင့်ရခဲ့တဲ့ တေဇာဆန်း လို သူပုန်ခေါင်းဆောင်တောင် ရွှေ ၃ တန် လောက် ရသွားပါတယ် ။ ကျုပ်တို့ ဗိုလ်ချုပ်တွေ နှစ်ပေါင်း ၃၀ / ၄၀ လုပ်လာပြီးမှ တိုက်ဆောက် ကားစီးကြရတာ ဆန်းသလားဗျာ ။      

          ဘာပဲပြောပြော ကမ္ဘောဒီးယား နဲ့ ထိုင်း ပြဿနာကို ကြည့်ပြီး မြန်မာ့တပ်မတော်ရဲ့ အမျှော်အမြင်ကြီးလှတဲ့ ခေါင်းဆောင်ဟောင်းကြီးတွေကို လေးစားတယ်ဗျာ ။ လက်ရှိတပ်ချုပ်ကြီးကတော့ သူ့သမိုင်းသူ ရေးနေရဆဲမို့ ဝေဖန်ဖို့ စောပါသေးတယ် ။

             ကိုရွှေမျိုးဝင်း
Подробнее
19.43 k
]]>
https://linkbaza.com/catalog/-1002249976815 Sat, 26 Jul 2025 16:49:37 +0300
စစ်သတင်းအချို့
===============

- မိုးကုတ်မြို့မှာ TNLA / PDF တို့ ဌာနချုပ်သဖွယ် အခြေပြု နေတဲ့ ရွှေလိပ်ပြာဟိုတယ်ကို တပ်မတော်က ယနေ့ 26 - 7 - 2025 ညနေ ၅ နာရီခန့်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ် ။

- ကျောက်မဲမြို့ကိုလည်း လက်နက်ကြီးများနဲ့ ပစ်ခတ်ကြောင်း သတင်းထွက်ပေါ်လာပါတယ် ။

- ပေါက်မြို့နယ် ဆယ်ဝရွာရှိ PDF စခန်းကို ချေမှုံးရာမှ ၅ လောင်း နဲ့ ၆ လက်ရရှိထားပါတယ် ။

- KIA တို့ရဲ့ တပ်ရင်း ၂၀ အထိုင်စခန်းကြီးကို တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ် ။ အလောင်း လက်နက်များစွာ လက်ဝယ်ရရှိထားကြောင်း ကြားသိရပါတယ် ။

- မလှိုင်ဘက်မှာ တပ်မတော်က စစ်ကြောင်းထိုးနေလို့ PDF တွေက ပြည်သူတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး နွားထိုးကြီးနယ်စပ်ကျေးရွာများဆီသို့ တိမ်းရှောင်နေပါတယ် ။

- ဧရာဝတီ မြစ်ကြောင်းချီရေတပ်အား ဒုတိယမြစ်ကျဥ်း (ကျောက်တွင်း) အနီးမှ ချောင်းမြောင်းနေကြောင်း သတင်းရရှိသလို ၊ ရွှေကူမြို့ နဲ့ အန္တရာယ်ရှိ မြစ်ကမ်းပါး တလျှောက် လေကြောင်းထိုးစစ်ဖြင့် ကြိုတင်ချေမှုံးနေကြောင်း ကြားသိရပါတယ် ။

- ချင်းတွင်းမြစ်ကြောင်းချီ စစ်ရေယာဥ်များကလည်း မြစ်ကမ်းတလျှောက်ရှိ PDF တို့ ပိတ်ဆို့ အခွန်ကောက်နေသော ဆိပ်ကမ်းများအား ချေမှုံးရှင်းလင်းရင်း ဆက်လက်ချီတက်နေကြောင်း ကြားသိရပါတယ် ။

- အံ့သြဖွယ်ရာ နှစ်ချီပစ်ထားတဲ့ မန္တလေးအနီးမှ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ နဲ့ ဖယောင်းတောင်အား အပြင်းအထန် ချေမှုံးနေကြပါပြီ ။

- 25 - 7 - 2025 ညနေ ၄ နာရီ ကျောက်ကြီးမြို့နယ် လပတ်ကျေးရွာ ( ကရင်ရွာ) အတွင်း ကရင် ဗမာ လက်နက်မဲ့ ရွာသား ကလေး လူကြီး ၃၀ အား KNU + PDF တို့မှ ရက်စက်စွာ လည်ပင်လှီးသတ်ထားပါတယ် ။ ၁၆ ဦးမှာ ဒါး ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်လာပြီး ယခု ကျောက်ကြီးဆေးရုံမှာ ဆေးကုသခံယူနေကြပါတယ် ။

{ ကျောက်ကြီး တိုက်ပွဲမှ လွဲ၍ ကျန် စစ်မျက်နှာပြင်များမှာ တပ်မတော်က ချေမှုန်းရေးဝင်နေကြတာပဲ တွေ့ကြရမှာပါ ။ မကြာခင် စစ်ကိုင်း မကွေးဘက်မှာ ဖြတ်လေး ဖြတ် ထိုးစစ်ကြီး မြင်ရဖွယ်တွေ့နေရပါကြောင်း....}

ကိုရွှေမျိုးဝင်း
Подробнее
28.39 k
]]>
https://linkbaza.com/catalog/-1002249976815 Sat, 26 Jul 2025 14:23:01 +0300
မင်္ဂလာသတင်း
================

PDF တို့ရဲ့ ပိတ်ဆို့ထားမှုကြောင့် ဖောင်းပြင်မြို့ဆီသို့ ကုန်စည်စီးဆင်းမှု မပြုနိုင်သည်မှာ ၈ လ ခန့် ကြာမြင့်ခဲ့ပါပြီ ။ ယနေ့ 26 - 7 - 2025 ညနေပိုင်းတွင် တပ်မတော်(ရေ) မှ စစ်ရေယာဥ်များဖြင့် PDF များအား ရှင်းလင်းပစ်ခတ် ချေမှုံးပြီး လမ်းကြောင်းပွင့်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ပိတ်မိနေသော ဖောင်းပြင်မြို့ဆီသို့ ကုန်စည်သင်္ဘော အစီး ၁၀၀ ခန့် ဆိုက်ကပ်လာနိုင်ပါပြီ ။ မြို့သူမြို့သားများက ဝမ်းသာရွှင်လန်းလျှက် သတင်းပေးပို့လာပါတယ် ။

တပ်မတော် စစ်ရေယာဥ်များကတော့ မြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက် ချေမှုံးလျှက်ရှိကြောင်း သတင်းကောင်းရရှိပါတယ် ။

ကိုရွှေမျိုးဝင်း
Подробнее
]]>
https://linkbaza.com/catalog/-1002249976815 Sat, 26 Jul 2025 09:41:42 +0300
NUG နဲ့ စက္ကူဆိုင်းဆရာ
=================

မနက်ခင်းက ကိုစိုးတယောက် စပ်ဖြီးဖြီး နဲ့ ပါဆယ်လေး ဆွဲပြီး ရောက်လာပါတယ် ။ နောက်တော့ လေကန်ရတာပါပဲ ။

"ငမျိုးရေ စိန်မွတ်တားဆောင်ပါးလေး ကောင်းတာကွာ သူက သူညံ့ခဲ့ပါတယ် လို့ ရေးထားပေမယ့် ငါ့စိတ်ထဲမှာ သူတော်တယ်လို့ ရေးတာထက်ပိုပြီး သဘောကျလှသကွာ ''

"ရိုးသားမှုက သူ့ကို အဆင့်မြှင့်ပေးတာ ကိုစိုးရ ''

"အေးကွ ဟုတ်မယ် ဒါနဲ့ တနေ့က မင်းရေးခဲ့တဲ့ ကုလမှာ မဲခွဲတဲ့ ကိစ္စကို ငါ မတင်မကျ ဖြစ်နေတယ်ကွ ဘယ်နှယ့် အဲလို မျိုး တောင်းဆိုတာကို လက်ခံကြရတာလဲ ကွ''

"ဒီလိုမျိုး ပြဿနာက အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့ဖူးကြပါတယ် တကယ်မဲပေးတော့ အာဏာသုံးရပ်ကိုင်ထားတဲ့ လက်ရှိအစိုးရကိုပဲ ပေးကြတာပါပဲ မဟုတ်ရင် သံတမန် ဖြတ်တောက်ပြီး မိတ်ပျက်ကုန်မှာကိုး ''

"ဟုတ်လား ငါနားမလည်တာ အဲဒါပဲကွ ဒါဆိုဘာလို့ အမှုလက်ခံနေသေးလဲ ကွာ ''

"ရလိုရငြား တချက် ကျွန်တပည့်လေးတွေ အတွက် ငါတို့လုပ်ပါတယ်ဆိုတဲ့ အပေါက် ပြချင်တာ တချက်ကြောင့်ပေါ့ ဗျာ ''

"အေးကွ ဘာပဲပြောပြော နားမလည်သူတွေကတော့ စိုးရိမ်နေတုန်း ပဲကွ ''

"အင်း ကိုစိုးက ဆိုင်းဆရာ စိန်မွတ်တားအကြောင်း စခဲ့သလို ကျနော်လည်း ဆိုင်းဆရာ စိန်ဗေဒါ နဲ့ ဥပမာပေးပါ့မယ် ဗျာ ''

"ဘာကိုလည်း အိမ်စောင့်အစိုးရ နဲ့ NUG ကိုလား ''

"ဟုတ်ပါ့ ဒီလို ကိုစိုးရ စိန်ဗေဒါကြီးဆီကို အလှူဆိုင်း လာငှားတော့ အလှူရှင်က ဆရာစိန်ရေ ဆိုင်းပြိုင်ပါတယ် လက်ခံဝံ့လား တဲ့ ''

"သြော် သူတို့ခေတ်တုန်းက ဆိုင်းပြိုင် ဘိသိတ်ပြိုင် ထည့်လေ့ရှိတာကိုး ကွ ဒီတော့..''

"သြော် စိန်ဗေဒါက ငြင်းမလားဗျာ ထိပ်သီးဆရာကြီးပဲ ရပါတယ် ပေါ့ ''

"ဒါဆိုရင်...''

"အလှူနေ့ ဧည့်ခံဆိုင်း တီးခါနီး အထိ အပြိုင်ဆောက်ထားတဲ့ စင်ပေါ် တဖက်က ဆိုင်းဆရာ မလာသေးတဲ့ အပြင် ပြင်ဆင်ထားတာကို မမြင်ရတော့ စိန်ဗေဒါက တွေးသတဲ့ အင်း ငါ့ကို မပြိုင်ဝံ့လို့ လာရဲမယ် မထင်ဖူး တဲ့ဗျာ ''

"အေးလေ မင်းဟာက ဆိုင်းဝိုင်းတောင် မပြင်ဆင်ရသေးပဲကိုး ''

"အဲလိုတွေးတုန်း ဆိုင်းပြိုင် လာပဟေ့ လို့ အော်သံကြားတော့ လှမ်းအကြည့် လူတယောက် စက္ကူဆိုင်းဝိုင်းနဲ့ တက်လာတာ တွေ့ရသတဲ့ ''

"ဟမ် စက္ကူနဲ့ လုပ်ထားတဲ့ ဆိုင်းဝိုင်းလား ဟ ဘယ်နှယ့်လုပ် တီးရမလဲ ကွ ''

"ဟုတ်တယ် အဲဒီ စက္ကူဆိုင်းဆရာက ပါးစပ်တီးလုံး နဲ့ တီးတာဗျာ စက္ကူဆိုင်းက ဟန်ပြပေါ့ ဗျာ''

"ဟေ ထူးထူးဆန်းဆန်းကွာ''

"အပေါ့တော့ တွက်မရဖူး ဗျ ပရိတ်သပ်က သဘောကျပြီး ကြည့်နေလိုက်တာ စိန်ဗေဒါ တီးတာကို လှည့်မကြည့်တော့ပဲ စက္ကူဆိုင်းဆရာကို ရှုံးခဲ့ရသတဲ့ ဗျာ ''

"ဟ တကယ်ဖြစ်ခဲ့တာပေါ့ ''

"တကယ်ဖြစ်ခဲ့တာပေါ့ ဗျာ စိန်ဗေဒါကိုယ်တိုင် ပြန်ရေးပြခဲ့တဲ့ အဖြစ်မှန်ဗျ ''

"နေပါအုံး အဲဒီ စက္ကူဆိုင်းဆရာက ဘယ်သူလဲ ကွ ''

"အဲဒါပြောချင်တာ ဗျ သူ့နာမည်ကို ဘယ်သူမှ မသိကြဖူး အဲဒီ တပွဲပြီးတော့လည်း နောက်ဘယ်သူကမှ အထူးအဆန်းလုပ် မငှားတော့ဖူးလေ ''

"စိန်ဗေဒါကို နိုင်ခဲ့လို့ နာမည်ကြီး ကျော်ကြား သမိုင်းတွင်မယ် ထင်ခဲ့တာကွ ''

"သူက တကယ် စစ်မှန်တဲ့ ပညာမှ မတတ်ပဲဗျာ လေနဲ့လုပ်ပြတဲ့ လေပညာပဲ ရှိတာကိုး ဗျ အခုကြည့်လေ စိန်ဗေဒါ ရဲ့ တီးလုံးတွေ ၊ သား တပည့်တွေ အခုထိ ဆိုင်းလောကမှာ လူတွင်ကျယ် လုပ်နိုင်နေတာ စစ်မှန်တဲ့ ပညာကြောင့်ပေါ့ ဗျာ ''

"ဟုတ်ပါပြီ စိန်ဗေဒါ ကို ထားပါအုံး အိမ်စောင့်အစိုးရ နဲ့ NUG အနေအထားကိုပဲ ပြောစမ်းပါ ''

"NUG ဆိုတာ စက္ကူဆိုင်းဆရာလို လေပဲတတ်နိုင်တဲ့ အဆင့်ပါ ဗျာ တပွဲပြီးတာနဲ့ စိတ်ဝင်တစား နေရာမယ့်သူ မရှိတော့ပါဘူး ပညာစစ် ပညာမှန်သမား စိန်ဗေဒါ ရဲ့ သမိုင်းကျန်ခဲ့သလို အိမ်စောင့်အစိုးရ ရဲ့ သမိုင်းသာလျှင် နောင်အရှည်သဖြင့် ကျန်ခဲ့မှာပါ ''

"သြော် တပွဲတိုး စက္ကူဆိုင်း နဲ့ NUG အတူတူပေါ့ နော် ''

"မဆိုးဘူး တည့်တည့်ပြောရင် ရိပ်မိလာပြီ ကဲ နားကြစို့ဗျာ ''

ကိုရွှေမျိုးဝင်း

( 2021 တုန်းက UN မှာ နစက နဲ့ NUG တို့ ဘယ်သူအစိုးရလည်း မဲခွဲဖို့ ဖြစ်လာစဥ်က ရေးခဲ့ဖူးတဲ့ ပို့စ် အဟောင်းလေးပါ ၊ နီတုံးတွေ နဲ့ ငြင်းခဲ့ ရတာ သတိရပါ့ ကဲ ... ဘယ်သူမှန်သလဲ သိကြပြီလား...? )
Подробнее
18.28 k
]]>
https://linkbaza.com/catalog/-1002249976815 Sat, 26 Jul 2025 06:07:59 +0300
'' ငမျိုးရေ မနှစ်တုန်းက တပ်မတော်ရဲ့ ဆုံးရှုံးမှုတွေကို ပြန်လည်သုံးသပ်ကြည့်မယ် ဆိုရင် ဘာကြောင့်ဖြစ်မလဲ ဆိုတာ အမှန်ဆုံး အတိုဆုံး ဥပမာ နဲ့ ဖြစ်အောင် ပြောစမ်းပါအုံး ''

ကွီးစိုး

'' ရော့ ဗျာ ဒီလို စစ်သူကြီးတွေရှိခဲ့လို့ပဲ ။ မှန် မမှန် ကိုယ့်ဘာသာ ဆုံးဖြတ်''

ကွီးမျိုး
Подробнее
19.42 k
]]>
https://linkbaza.com/catalog/-1002249976815 Fri, 25 Jul 2025 17:06:59 +0300
နိုင်ငံရေး တိုက်ပွဲ
=================

တိုင်းပြည်တခုမှာ စစ်ရေးတိုက်ပွဲဆိုတာ အမြဲမရှိတတ်ပါဘူး ( ရှိလာရင်လည်း သူက နံပါတ် ၁ ဦးစားပေးအဆင့် အာဖဂန်နစ္စန် နဲ့ ဆီးရီးယားကိုကြည့် ) ။ အမြဲရှိနေတတ်တာက နိုင်ငံရေးတိုက်ပွဲပါပဲ ။ ပြည်တွင်းရော ပြည်ပကော အမြဲတိုက်ခိုက်နေကြရတာ နိုင်ငံရေးပါပဲ ။

ဒီနေ့ 25 - 7 - 2025 မှာ နစက အတွက် နိုင်ငံရေးတိုက်ပွဲ ရလာဒ်တွေထဲက ၂ ခု အဖြေထွက်လာပါတယ် ။ ပထမတခုက အရှေ့တီမော ဆိုတဲ့ 2002 ကမှ အင်ဒိုကနေ ခွဲထွက်လာခဲ့တဲ့ တိုင်းပြည်ပေါက်စလေးပါ ။

သူက အာဆီယံအဖွဲ့ဝင်ဖြစ်ချင်လို့ လျှောက်လွှာတင်ထားတယ် ။ အာဆီယံမူအရ အဖွဲ့ဝင် ၁၀ နိုင်ငံလုံးက သဘောတူမှသာ ဝင်ခွင့်ပြုရပါ့မယ် ။ အဲဒီ နိုင်ငံကို မြန်မာပြည်က အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မခံဖို့ ကန့်ကွက်ထားတယ် ။

ကန့်ကွက်ရခြင်းအကြောင်းက အရှေ့တီမော သမ္မတက နစကမကောင်းကြောင်း အာချောင်တယ် ။ ပိုဆိုးတာက ဘောင်မဝင် တန်းမဝင် NUG က ဇင်မာအောင်တို့ကို သူတို့တိုင်းပြည်ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့တယ် ။ ဒါဟာ အကြမ်းဖက်အဖွဲ့အစည်းကို လူရာသွင်းတာမို့ အရှေ့တီမောသည် အကြမ်းဖက်အားပေးတိုင်းပြည်ဖြစ်နေပါတယ် ။ ဒါကြောင့် နစက အနေနဲ့ ကန့်ကွက်တာပါ ။

ယခု အာဆီယံအစည်းအဝေး နီးလာချိန်မှာ အဖွဲ့ဝင်ဖြစ်ချင်လွန်းတဲ့ အရှေ့တီမောဟာ အစိုးရအစစ် နစက ထံ လာရောက်တွေ့ဆုံရပါတယ် ။ အရှေ့တီမောမှာလည်း မြန်မာသံရုံးဖွင့်လှစ်ပါ ဘာညာပေါ့လေ ။ နစက အနေနဲ့ နိုင်ငံခြားဝန်ကြီးအဆင့်နဲ့တောင် ပေးမတွေ့ပဲ ဒု ဝန်ကြီးအဆင့်နဲ့ပဲ တွေ့ဆုံဆွေးနွေးစေခဲ့ပါတယ် ။ ( ဒါက ဘယ်သူ အစိုးရလည်း ဆိုတာကို ထင်ရှားစေခဲ့တဲ့ အချက်တချက်ပါပဲ)

နောက်ထပ် ရလာဒ် ၁ ခုကတော့ နစက ရဲ့ အခွန်ကိစ္စ ပြန်စာအပေါ် ပထမအဆင့် တုန့်ပြန်မှုလို့ ဆိုရမယ့် ဖြေလျော့မှုတခုကို အမေရိကန်က ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ စီးပွားရေး လုပ်ငန်းရှင် ၄ ဦးအား စီးပွားရေးပိတ်ဆို့ထားမှုမှ ဖြေလျော့ပေးလိုက်ပါတယ် ။ သူတို့ဆီက သတင်းစာအချို့ကတော့ ဒီလိုဖြေလျော့ပေးတာဟာ နစက ရဲ့ တောင်းဆိုမှုပြန်စာကြောင့်လို့ သုံးသပ်ထားပါတယ် ။

အမေရိကန်အစိုးရဆီက တရားဝင်ဖိတ်ကြားထားခြင်း မရှိသေးတဲ့အတွက် ကိုယ်စားလှယ်စေလွှတ်ဖို့ ကိစ္စကတော့ ပြောဖို့ စောပါသေးတယ် ။ အခွန်လျော့ပေါ့ပေးဖို့ ဆုံးဖြတ်ချက်ကတော့ မသိရသေးပါဘူး ။ ကျန်တဲ့ နိုင်ငံရေးပေါ်လစီများ ပြောင်းလဲဖို့ကိုတော့ မြန်မာရဲ့ နိုင်ငံရေးအရွေ့ကို စောင့်ကြည့်အုံးမယ်ံ အနေအထားပါပဲ ။ ( ရွေးကောက်ပွဲ အနေအထားလိုမျိုးပေါ့)

အမေရိကန်၏ အခြားနိုင်ငံများရဲ့ ရွေးကောက်ပွဲတွေမှာ မဝေဖန်ကြဖို့ တားမြစ်စာထုတ်ပြန်တာကလည်း မြန်မာနိုင်ငံအတွက်တော့ အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံရေးအခင်းအကျင်းပါပဲ ။


ဘာပဲ ပြောပြော စစ်ရေးအောင်မြင်မှုများနဲ့အတူ ဒီလိုမျိုး နိုင်ငံရေးပါဝါ တက်လာတာကလည်း နစကအတွက် ကောင်းသထက် ကောင်းလာတဲ့ မင်္ဂလာသတင်းများ ဖြစ်ပါတယ် ။


ကိုရွှေမျိုးဝင်း
Подробнее
18.51 k
]]>
https://linkbaza.com/catalog/-1002249976815 Fri, 25 Jul 2025 12:14:25 +0300
ကျနော် နဲ့ ပေါင်းမြက်
=====================

ကျနော် သစ်ကုမ္ပဏီမှာ မန်နေဂျာလုပ်တုန်းကပေါ့ဗျာ ။ တောထဲက သစ်ထုတ်စခန်း ဧရိယာမျက်နှာစာမှာ ဗျူဟာလမ်းမကြီး ရှိပါတယ် ။ အဲဒီ မျက်နှာသာကို သန့်ရှင်းလှပအောင် လုပ်ထားဖို့ သူဌေးက ခိုင်းပါတယ် ။ ( သူဌေးက အမြှောက်တပ်ရင်းမှူး အငြိမ်းစား 😂)

မြက်ပင်ဆိုတာ ဂေါက်ကွင်းထဲ ရှင်းရတာတမျိုး ကျောက်တုံးကျောက်ခဲ သစ်ငုတ်တိုတွေရှိတဲ့ တောထဲရှင်းရတာ တမျိုးလေဗျာ ။ ရှေ့ကရှင်း နောက်ကပြန်ပေါက်နေတဲ့ မြက်အတွက် ကျနော့်အလုပ်သမားတွေ ဘယ်အမြဲရှင်းနိုင်ပါ့မလဲ ။

ဒါနဲ့ ဥာဏ်ကူရတာပေါ့ဗျာ ။ ပေါင်းသတ်ဆေးဖြန်းပြီး ဗြုံးကျောက်တွေ အပြည့်ဖို့လိုက်တယ် ။ ပြီးတော့ ချောင်းထဲက ကျောက်စရစ်ခဲတွေကို ရေဆေး အဖြူ အပြာ အနီ အဝါ ၄ မျိုး နဲ့ တမျိုးစီ စိမ်လိုက်တယ် ။ အဲဒီ ရောင်စုံ ကျောက်စရစ်လေးတွေကို အကန့်လိုက် ဗြုံးကျောက်ပေါ် ဖြူးထားလိုက်တယ် ။

မြက်လည်းပြန်မပေါက်တော့ဘူး ၊ ကြည့်ရတာလည်း ရောင်စုံလေးဆိုတော့ သပ်သပ်ရပ်ရပ် လှလှပပပေါ့ ။ တကြိမ်ပဲ အပင်ပန်းခံလိုက်ရတယ် ။ သစ်ထုတ်ရာသီ ၄ လ ကတော့ အေးအေးဆေးဆေးပဲ ။ မိုးကျပြီးလို့ ပြန်ဝင်လာရင် ကျောက်စရစ် ဆေးပြန်စိမ် အသစ်ပြန်ပြန်ဖြူး OK ပဲ ။

ကဲ...တနေ့က ဖက်ဒိတ်လုပ်ခိုင်းတဲ့ ပြဿနာကို ရေးခဲ့ပါတယ် ။ ပြန်ကြားရတဲ့ အသံက သိပ်မကောင်းဘူး ။ ဘာတွေရေးရေး ခိုင်းရမှာပဲတဲ့... ကောင်းပါတယ် လေယာဥ်ပြင်ရမယ့် ပညာသည်စစ်သည်တွေကို မြက်ရှင်းဖို့ မြေတူးဖို့ပဲ ခိုင်းတတ်တဲ့ တပ်မတော်က စတန်းဒက်အာမီ ဆိုပြီး ဖင်ပြဲအောင် ကြွေးကြော်ရင်း စစ်သည်တွေကတော့ ပေါင်းမြက်ကို ပေါက်ပြားသုံး ရှင်းနေကြပေအုံးတော့ဗျာ ။


၁၉ ရာစု တပ်မတော်တွေရဲ့ အမူအကျင့်ကို ဒီနေ့ထိ အမှန်တရားထင်ပြီး ကိုယ့်ရဲဘော်တွေကို မတော်တရော် ခိုင်းနေတဲ့ တပ်မတော်အတွက် ဝမ်းနည်းစရာပါပဲ ။ လေတပ်ဆိုတာ နမူနာပြောတာပါ တနိုင်ငံလုံးက တပ်တွေလည်း ထူးမခြားနားဆိုတာ မန့်တွေကြည့်ပြီး သိနိုင်ပါတယ် ။

ဒီခေတ်ထဲမှာ ဒီလောက် ဆေးဝါးတွေ ၊ စက်မှုပစ္စည်းတွေ ထွန်းကားနေတာကို ဘာမှ မဟုတ်တဲ့ ပေါင်းမြက်ပြဿနာနဲ့ စစ်သည်တွေရော မိသားစုဝင်တွေရော ပေါက်ပြားသုံး မနေမနား လုပ်နေကြရသေးတယ် ဆိုတာ လူကြားလို့ မကောင်းဘူးလေဗျာ ။

ပေါင်းမြက်ထူတဲ့ တပ်ပတ်လည်ကို ပေါင်းသတ်ဆေးများများးဖြန်းပြီး ကွန်ကရစ် ( သို့) ဗြုံးကျောက်ခင်း ဆေးသုတ်ထားတဲ့ တာယာဟောင်းတွေထဲ အလှပန်းပင်စိုက်မလား ၊ သီးပင်စားပင်စိုက်ကြမလား အကျိုးရှိတာ လုပ်လို့ရပါတယ်ဗျာ ။ ဒီလို ဥာဏ်ပါပါ ဖြေရှင်းတတ်မယ့် အရာရှိတွေ အများကြီးလိုနေပါသေးတယ် ။

စစ်သည်တွေရဲ့ အခမဲ့ လုပ်အားကိုပဲ စီမံခန့်ခွဲ အသုံးချဖို့ လုပ်တတ်မယ်ဆိုရင်တော့..... ၁၉ ရာစုက အတွေးအခေါ်ဘောင်ထဲက မတက်နိုင်သေးတဲ့ အရာရှိတွေ ၊ ကြီးကြပ်စစ်ဆေးသူတွေ နဲ့ စတန်းဒက်အာမီ မိုင် ၂၀၀၀ လောက် ဝေးနေအုံးမှာပါပဲ ။ ကြွေးကြော်သံတွေ နဲ့ ဆောင်ပုဒ်တွေကို အော်နေရုံနဲ့ တိုးတက်ကြေးဆို ကျုပ်တို့ မြန်မာတပြည်လုံး နိဗ္ဗာန်ရောက်တာ ကြာပေါ့.......

ကိုရွှေမျိုးဝင်း
Подробнее
]]>
https://linkbaza.com/catalog/-1002249976815 Fri, 25 Jul 2025 04:28:05 +0300
Подробнее
18.47 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 24 Jul 2025 04:16:12 +0300
Подробнее
19.56 k
]]>
https://linkbaza.com/catalog/-1002249976815 Thu, 24 Jul 2025 03:56:26 +0300
Подробнее
18.88 k
]]>
https://linkbaza.com/catalog/-1002249976815 Wed, 23 Jul 2025 11:54:11 +0300
Подробнее
]]>
https://linkbaza.com/catalog/-1002249976815 Wed, 23 Jul 2025 04:59:51 +0300
ဆန္ဒမဲ နဲ့ တို့သမိုင်း လှခဲ့ဖူးပါတယ်
============================

၁ ။ ဗိုလ်ချုပ်အောင်ဆန်းက နတ်မောက်ရှိ သူ့ရဲ့ငယ်ဆရာကြီးဆီကို စာရေးပေးလိုက်တယ် ။ အဓိပ္ပါယ်က ဆရာကြီး နဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူက ကျနော့်အကို ကိုဘဝင်း ဖြစ်နေပါတယ် ။ ဒါကြောင့်
ဆရာကြီး မပြိုင်တော့ပဲ ကျနော့်အကိုအား အနိုင်ပေးလိုက်ပါ ။ မဟုတ်ရင်တော့ ကျနော်ကိုယ်တိုင် နတ်မောက်လာပြီး အကို့အတွက် စည်းရုံးပေးရပါလိမ့် တဲ့ ။

ဆရာကြီးက ဘယ်အရှုံးပေးမလဲ ပြိုင်တာပေါ့ ။ ပြိုင်တော့ သူ့အကြောင်းသိနေကြတဲ့ နတ်မောက်သားတွေက ဆရာကြီးကိုပဲ မဲထည့်ကြလို့ ဗိုလ်ချုပ်အကို မဲရှုံးသွားခဲ့ဖူးပါတယ် ။

၂ ။ မဆလ ခေတ် ရန်ကုန် မြို့မကျောင်းအုပ်ကြီးရဲ့ အမည်က ဦးညိမ်းမောင်တဲ့ ။ သူ့စားပွဲရှေ့က ထိုင်နေတဲ့ ကျောင်းသား မိဘတွေကို ကြည့်လိုက်ပါအုံး ။ တယောက်က အားလုံးကြားဖူးကြတဲ့ တပ်ချုပ်ကြီး ( အငြိမ်းစား) ဦးကျော်ထင် ၊ နောက်တယောက်က မဆလ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ၄ ဦးထဲက တယောက် ၊ နောက်တဦးက တိုင်းဦးစီးမှူး အရာရှိကြီးတယောက်... သူတို့နောက်မှာ ကုပ်ချောင်းချောင်းလေး ရပ်နေကြတာက တရားခံကျောင်းသား ၃ ယောက် ။

ကျောင်းအုပ်ဆရာကြီးက ပြစ်မှုဟောင်းတွေ ပြောပြတယ် ။ သူဆုံးမခဲ့တာတွေကို ပြောပြပြီး ယခု ပြစ်မှုအတွက် မိဘတွေ သိအောင် ခေါ်ပြောရတာပါလို့ တိုင်ပါတယ် ။ အဲဒီနောက်မှာတော့ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာပဲ မိဘ ဆရာ ပူးပေါင်း ဂုဏ်ပြုလိုက်ကြတာ ကျောကော့နေကြတာပေါ့ ။ အဲဒါကိုပဲ ကျောင်းသားကြီးတွေ ယနေ့ အသက် ၆၃ နှစ်ကျော်ထိ ပြုံးပြုံး ပြုံးပြုံး နဲ့ ပြန်ပြောပြကြရင်း ရီမောနေကြလေရဲ့ ။

အဲသလို ဆိုဆုံးမခဲ့ကြလို့ပဲ အဲဒီ ဆိုးပါတယ် ဆိုတဲ့ ကျောင်းသားတွေက နောင်တချိန်မှာ မြန်မာ့တပ်မတော်ရဲ့ အကြီးတန်းအရာရှိကြီးတွေ ဖြစ်ခဲဲ့ကြတာပေါ့ ။ တယောက်ကတော့ သင်္ဘောသား ဖြစ်သွားပါတော့တယ် ။ ယခုချိန်ထိ သူတို့ ဘဝတွေကို အေးချမ်းပျော်ရွှင် ပြည့်စုံစွာ ဖြတ်သန်းနေကြဆဲပါပဲ ။

ပြောချင်တာက အခုမှဗျ ။ အဲဒီ မြို့မကျောင်းအုပ်ကြီး ဦးညိမ်းမောင်က ၁၉၉၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ပါတယ် ။ ဒဂုံ ၁ မဲဆန္ဒနယ်ကပေါ့ ။ သူကတော့ မဲဆွယ်တာ အရမ်းရှင်းတယ်

'' ဟေ့ကောင်တွေ ငါ ရွေးကောက်ပွဲ ဝင်ပြိုင်မယ် ''

ဒဂုံမြို့နယ်ထဲက သူ့တပည့်ဟောင်းတွေကို ဆရာကြီးက ဒါပဲ ပြောလိုက်တယ် ။ တိုင်းပြည်အတွက်တွေ ၊ မူဝါဒတွေ လူ့အခွင့်အရေးတွေ တလုံးမှ မပါဘူး ။ အဖြေထွက်တော့ တနိုင်ငံလုံးနီးပါး NLD နိုင်ပြီး ဒဂုံ ၁ ကတော့ ဆရာကြီးပဲ နိုင်ခဲ့ပါတယ် ။

၃ ။ ၂၀၁၅ မှာ အနီသိပ်ကြိုက်တဲ့ ပါမောက္ခတယောက်ရှိတယ် ။ ဒေါ်စုကြည်နိုင်ရင် နိုင်ငံတကာက ရင်းနှီးမြှပ်နှံမှုတွေလာမယ် အကူအညီတွေလာမယ် ဘာညာ ယုံကြည်ခဲ့သူပေါ့ဗျာ ။

ရွေးကောက်ပွဲပြီးတော့ ဆရာကြီး ဘယ်သူ့ကို မဲပေးခဲ့လဲမေးတော့ ငါက ခြင်္သေ့ပဲ ထည့်ခဲ့တာကွ ။ ဟာ.. ဆရာကြီးက ဒေါ်စုကြည်ကို အားပေးနေတာ မဟုတ်ဖူးလား ဆိုတော့......

'' အားပေးတာနဲ့ မဲပေးတာ မတူဘူးကွ မင်းစဥ်းစားကြည့် ငါ မဲပေးရမယ့်သူက လိုင်စင်မဲ့ ငွေတိုးချေးစားနေတဲ့ကောင် ၊ ဆယ်တန်းတောင်မအောင်တဲ့သူ ၊ တရားမဝင် လောင်းကစားဒိုင်ချုပ် လခွမ်း ဒီကောင်တွေအကြောင်း ငါက တမြို့ထဲနေပြီး သိနေတာလေ ၊ ဒီလိုကောင်တွေ မဲပေးလိုက်ရင် ငါ့ရဲ့ ပါမောက္ခဆိုတဲ့ ပညာက မြောင်းထဲရောက်ပြီပေါ့ကွာ ဒါကြောင့် ခြင်္သေ့ပဲ မဲထည့်ခဲ့တာ ''

ကျနော် ဖြစ်စဥ်လေးတွေကို ပြန်တွေးပြီး အင်း အဲသလို အသိဥာဏ်နဲ့ မဲပေးမယ့်သူတွေ အများကြီး လိုအပ်နေပါလားလို့ တွေးမိတာပါပဲဗျာ ။ လာမယ့်ရွေးကောက်ပွဲ အတွက် ဘယ်သူ့ကို မဲပေးရမလဲ ဝေခွဲရခက်နေသူအတွက် အထောက်အကူ ဖြစ်လို ဖြစ်ငြား စဥ်းစားမိတာလေး မျှဝေလိုက်ရပါတယ်ဗျာ ။

ကိုရွှေမျိုးဝင်း
Подробнее
22.79 k
]]>