သတင်းမှန်များကိုသာဖော်ပြသွားမည်။
Информация о канале обновлена 03.10.2025.
သတင်းမှန်များကိုသာဖော်ပြသွားမည်။
AA နဲ့ပတ်သက်ရင် အစိုးရဘက်က ကစားလို့ရတဲ့ ခေါင်းစဉ်ကြီး ၂ ခု ရှိတယ်။
တစ်ခုက မူးယစ်ဆေးဝါး၊ တစ်ခုက ဘင်္ဂလီ ၆၀၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ ကိစ္စ။
မူးယစ်ဆေးဝါးဆိုတာကလည်း ဖမ်းမိတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး။ ကိုယ်က ဖမ်းတယ်။ တရားဝင် သက်သေနဲ့လည်း ကြေညာတယ်။ ဒါကို နိုင်ငံရေးအရ ဖိအားမပေးနိုင်ဘူး ဆိုရင် တစ်ခုခု လွဲချော်နေတယ်လို့ ပြောလို့ရတယ်။ လက်ရှိ နိုင်ငံတကာမှာ ဗင်နီဇွဲလားကို မူးယစ်ကုန်ကူးမှုနဲ့ US က စစ်ရေးအရအရေးယူဖို့ လုပ်နေတာ ရှိတယ်။ အလားတူပဲ၊ ထွန်းမြတ်နိုင်ကို Interpol နဲ့ ချိတ်ဆက်ပြီး ဘောင်ကျဉ်းအောင် လုပ်ရမယ်။ လုပ်သင့်တယ်။
ဒုတိယတစ်ချက်က အရေးကြီးတယ်။ AA ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုက တစ်ကြိမ်မကဘူး။ ကိုယ်မှတ်ထားမိသမျှတင် ၃ ကြိမ် တိတိရှိတယ်။ တစ်ကြိမ်က ဘင်္ဂလီရွာက ဒေသခံ ၅ ဦး၊ ဒုတိယက နတ်မြစ်ကူးဖို့ စောင့်နေတဲ့ ဘင်္ဂလီ အယောက် ၂၀၀၊ တတိယက လက်ရှိ အဟော့ဆုံး ဖြစ်နေတဲ့ ဘင်္ဂလီ အယောက် ၆၀၀ ကိစ္စ။ ဒါတောင် စစ်ရှောင်ရင်း မှီခိုသူတွေ အသတ်ခံရတဲ့ အယောက် ၉၀၀ ပါ သင်္ဘော ကိစ္စ မပြောသေးဘူး။
ဆိုတော့....အချုပ်အခြာကို ကာကွယ်ရင်း ဝ လုံး တို့ ရေးခဲ့တဲ့ အင်ဒင်ရွာ ကိစ္စမှာတောင် စစ်တိုင်းမှူး နဲ့ အဖွဲ့ဝင်တွေ အရေးယူခံရတယ်။ တာဝန်ယူခဲ့ရတယ်။
AA က မူးယစ်ကိစ္စလည်း ကုန်ကူးတယ်၊ လူမျိုးတုံး သတ်ဖြတ်မှုကလည်း အကျုံးဝင်တယ်။ ဒီနှစ်ချက်ကို နိုင်ငံရေး အရ ဆွဲတင်နိုင်အောင် လုပ်ဖို့ပဲ အရေးကြီးတယ်။
(နရီမိုး)
၁၀ ရက်တည်းနဲ့ အောင်ပွဲဖော်ဆောင်ခဲ့တဲ့ တပ်မတော်ကို ဂုဏ်ပြုကြိုဆို၁၀-၉-၂၀၂၅
အကြမ်းဖက် KNU ၊ KNLA နဲ့ PDF အဖွဲ့တွေ ဂုဏ်ဆာပြနေတဲ့ ကော့ကရိတ်-သင်္ဃန်းညီနောင်- မြဝတီ အာရှလမ်းမကြီးကို အောင်ဇေယျစစ်ကြောင်းက ၁၀ ရက်တည်းနဲ့ အလုံးစုံ ပြန်လည် သိမ်းပိုက်ထိန်းချုပ်ပြလိုက်တာပါ။
.
KNU ၊ KNLA အကြမ်းဖက်သောင်းကျန်းသူများဟာ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ သင်္ဃန်းညီနောင်နဲ့ မြဝတီဒေသရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့တွေကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ မမျှတတဲ့အင်အားဖြစ်သော်ငြား အသက်ပေးထားသည့် တပ်မတော်သားများပီပီ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်ခဲ့ရာ မြဝတီမြို့မှာ ထိခိုက် ဆုံးရှုံးမှုမရှိပေမယ့် သင်္ဃန်းညီနောင်ကိုတော့ စစ်နည်းဗျူဟာအရ ခေတ္တလက်လွှတ်ခဲ့ရပါတယ်။
.
ဒီလိုပဲ ကော့ကရိတ်မြို့ကိုလည်း အကြမ်းဖက်သောင်းကျန်းသူများဟာ လက်နက်ကြီးပစ်ကူတွေ နဲ့အတူ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ ကော့ကရိတ်နေ တပ်မတော် သားတွေရဲ့ မဆုတ်မနှစ် ဇွဲသတ္တိတို့ဖြင့် ခုခံတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေ အကျအဆုံးများစွာနဲ့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်။
.
တပ်မတော်အနေနဲ့ အောင်မြေချဲ့ထွင်ပြီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားတဲ့ သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်မှစတင်ပြီး အောင်ဇေယျစစ်ကြောင်းဖြင့် စစ်ကြောင်းများ ခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ စတင်ခဲ့ပါ တယ်။ သို့သော်လည်း ရာသီဥတုနဲ့ မြေအနေအထား ကန့်သတ်ချက်များကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကော့ကရိတ်နဲ့ သင်္ဃန်းညီနောင်ကြားမှာရှိတဲ့ ဒေသအခေါ် ရင်ကွဲတောင်အနီး တစ်ဝိုက်မှာ ခေတ္တရပ်တန့်ပြီး လိုအပ်တဲ့ ပြင်ဆင်စုဖွဲ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
.
KNU အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များဟာ ဒါကို အခွင့်ကောင်းယူပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ကစလို့ ကျုံဒိုးနဲ့ ကော့ကရိတ်ကြား အာရှလမ်းမကြီးအား ပိတ်ဆို့ဖြတ်တောက် ပြီး ကော့ကရိတ်နဲ့ ကျုံဒိုးမြို့တို့ကို အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထပ်မံတိုက်ခိုက်လာ ခဲ့ပါတယ်။ ဒါပေမယ့် ရွှေဘဟာ ရွှေဘပါပဲလို့ ဆိုရမှာပါ။ အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဘယ်လောက်ပဲ အင်အားတွေ သုံးနေပါစေ၊ အစဉ်အလာကောင်းများနဲ့ ပြည့်စုံနေတဲ့ တပ်မတော်ကို အန်တုနိုင်စွမ်းမရှိဘူးဆိုတာ သမိုင်းစဉ်ဆက် သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း တပ်မတော်ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်နဲ့ ပြန်လည်ခုခံတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက် သောင်းကျန်းသူတွေ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်း တစ်လျှောက်ကိုလည်း တပ်မတော်က ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေး နိုင်ခဲ့ပါတယ်။
.
အဲဒီကနေတစ်ဆင့် တိုက်စစ်အရှိန်မြှင့်တင်လာခဲ့တဲ့ တပ်မတော်ဟာ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး၊ ခေတ္တလက်လွှတ်ခဲ့ရတဲ့ သင်္ဃန်းညီနောင်အား ပြန်လည်သိမ်းပိုက်နိုင်ရေးတို့အတွက် စနစ်တကျ စီမံချက်ချ၊ ပြင်ဆင်စုဖွဲ့မှုပြုခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှာ အကြမ်းဖက်သောင်းကျန်းသူတွေကို စတင်ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။ တကယ်တိုက်ရင် တကယ်ရတဲ့ တပ်မတော်ရဲ့တိုက်စွမ်းအားအောက်မှာ အကြမ်းဖက်သောင်းကျန်း သူတွေ မလူးသာ မလွန့်သာ ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ၁၀ ရက်အကြာမှာပဲ သင်္ဃန်းညီနောင်တစ်ခု လုံးကို တပ်မတော်က အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ သင်္ဃန်းညီနောင်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့၊ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမ ကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အကြမ်းဖက်သောင်းကျန်းသူတွေကို တိုက်ခိုက်ချေမှုန်းခဲ့ရာမှာ ၁၀ ရက်ပဲ ကြာခဲ့ပါတယ်။ တပ်မတော်ရဲ့ အံ့မခန်းစွမ်းဆောင်ချက်တွေထဲက တစ်ခုအပါအဝင်လို့ ဆိုရတော့မှာပါ။
.
၁၀ ရက်တည်းနဲ့ ကြီးမားတဲ့အောင်မြင်မှုကို ဖော်ဆောင်နိုင်ခဲ့တဲ့ သမိုင်းစဉ်လာမြင့်မြတ် တပ်မတော် ဂုဏ်ဒြပ်ကို ပြည်သူလူထုက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသားလိုက်ရပါတယ်။
Truth Wave
၉-၉-၂၀၂၅
AA သူပုန်ရဲ့ စက်လက်သမား ၂ ဦးနှင့် ပုန်းခိုနေတဲ့ ရန်သူတွေကို ဥသျှစ်ပင်၊ညောင်ကျိုး၊ဆင်လန်ဒေသမှာ
တပ်မတော်ဒရုန်းတပ်ဖွဲ့က ရှာဖွေချေမှုန်းခဲ့တဲ့မြင်ကွင်း။
Truth Waves Media
ကရင်ပြည်နယ် သင်္ဃန်းညီနောင်
ဒေသထဲ ထိုးစစ်အဟုန်နဲ့ဝင်နေတဲ့
တပ်မ ၂၂ တပ်တွေ ဟာ ဘယ်တပ်က
အလောင်း ဘယ်နှစ်ဆယ်ရပြီး
ဘယ်တပ်က သေနတ် ဘယ်နှစ်ဆယ်
ရကာ အရှင်ဘယ်လောက်မိသလဲ
ဆိုတာကိုပဲ ပြိုင်နေကြသတဲ့။
ချီးကျူးဂုဏ်ပြုတွေ ဘွဲ့ထူး ဂုဏ်ထူးတွေ
ကို လည်း သူ့တပ်နဲ့ ငါတပ် အပြိုင်
ဆိုသလို တင်နေကြတာ အံ့မခန်းပါပဲတဲ့။
သွေးသစ်လောင်းထားတဲ့ တပ်မတော်
ရဲ့ ဒီမျိုးဆက်ဟာ အကြမ်းဖက်သောင်းကျန်း
သူတွေအပေါ် တော်တော်လေးနာကြီးနေတာ
တွေ့ရလို့ တိုက်စစ်အဟုန်ဖွင့်ပြီး ဒေါသအဟုန်နဲ့
ပေါက်ကွဲပြနေတယ်။
အချို့နေရာ မှာ တိုင်းရင်းသားစည်လုံးညီညွတ်
ရေး ကို ထောက်ရှုပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့
သတင်းထုတ်ပြန်နေရတယ်။ဥပမာ ရန်သူ့
အလောင်းရာနဲ့ချီ ရရင်တောင် ၂၀ လောက်
၃၀ လောက်ရတယ် ဆိုတာလောက်ပဲ ကြေညာ
တဲ့ သဘောတွေ့ရတယ်။
ဒီပုံတိုင်းဆိုရင်တော့ ပြည်တွင်းသောင်းကျန်းမှု
အမြစ်ပြတ်ချေမှူန်းရေး က ဒီမျိုးဆက်လက်ထက်
မှာ ရလာနိုင်တဲ့ သဘောပါပဲ။
တစ်ခုတော့ရှိပါတယ်၊ အရင်လို ပဲ
သောင်းကျန်းသူတွေကို ရင်ဆိုင်ထိန်းချုပ်ရေးမူ
ကိုပဲ ဆက်ကိုင်မလား၊ အမြစ်ပြတ်ချေမှူန်းရေး
မူ ကို ကျင့်သုံးမလားဆိုတာကတော့
ဆက်စောင့်ကြည့်ရမှာပေါ့။
မင်းသုန္ဒရ(Truth waves)
10-9-2025
ဆုတ်ခွာထွက်ပြေးနေတဲ့ AA သူပုန်တွေကို
တပ်မတော်ဒရုန်းတပ်ဖွဲ့က အမဲလိုက်ခြင်း။
(ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့နယ်၊ ညောင်ကျိုး၊ဆင်လန်ဒေသ)
Truth Waves Media
Владелец канала не предоставил расширенную статистику, но Вы можете сделать ему запрос на ее получение.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Подтвердите, что вы не робот
Вы выполнили несколько запросов, и прежде чем продолжить, мы ходим убелиться в том, что они не автоматизированные.