စက်သုံးဆီ/ရွှေ/ဒေါ်လာ ဈေးနှုန်းများ နေ့စဉ်သိနိုင်ဖို့
Информация о канале обновлена 02.10.2025.
စက်သုံးဆီ/ရွှေ/ဒေါ်လာ ဈေးနှုန်းများ နေ့စဉ်သိနိုင်ဖို့
❗️❗️❗️
ရုရှားက ရေပေါ်နျူကလီးယား ဓာတ်အားပေးစက်ရုံတွေကို မကြာခင်မှာ အမြောက်အများ ထုတ်လုပ်တော့မည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်ပြောကြား
ကမ္ဘာ့အဏုမြူသီတင်းပတ် ဖိုရမ်မှာ ရုရှားသမ္မတရဲ့ အခြားသော အဓိက ပြောကြားချက်များ-
✳️ ရုရှားက ကမ္ဘာ့ပထမဆုံး closed fuel cycle (စွန့်ပစ်ပြန်သုံး) နျူးကလီးယားစွမ်းအင်စနစ်ကို ၂၀၃၀ ပြည့်နှစ်မှာ စတင်အသုံးပြုနိုင်မယ်။
✳️ ရုရှားဒီဇိုင်းထုတ်ထားတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေဟာ ကမ္ဘာမှာ ဝယ်လိုအား အကောင်းဆုံးဖြစ်တယ်။
✳️ ငြိမ်းချမ်းတဲ့ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နျူကလီးယားလက်နက်မပြန့်ပွားရေး စနစ်ကို ခိုင်မာအောင် လုပ်ဆောင်ခြင်းတို့အကြား ဟန်ချက်ညီဖို့ အရေးကြီးပါတယ်။
✳️ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ခေတ်မီတဲ့ ရန်ပုံငွေ ပုံစံတွေ လိုအပ် ပါတယ်။
✳️ ယူရေနီယမ်အရင်းအမြစ်တွေဟာ ၂၀၉၀ ပြည့်နှစ်မှာ ကုန်ဆုံးမယ်လို့ ခန့်မှန်းထားပေမယ့် အဲဒီထက် ပိုစောနိုင်ပါတယ်။
✳️ ယူရေနီယမ်တူးဖော်ခြင်းနဲ့ ဓာတ်ပေါင်းဖိုတွေ လည်ပတ်ခြင်းအပါအဝင် နျူကလီးယား လုပ်ငန်းစဉ်ရဲ့ အဆင့်တိုင်းမှာ ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်တွေ တိုးမြှင့်ဆောင်ရွက်ကြဖို့ ပူတင်က တိုက် တွန်းခဲ့ပါတယ်။
✳️ ငြိမ်းချမ်းတဲ့ နျူကလီးယားစွမ်းအင်နည်းပညာတွေကို တန်းတူရရှိခြင်းက ကမ္ဘာလုံးဆိုင်ရာ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါလိမ့်မယ်။
✳️ နျူကလီးယားစွမ်းအင် အဆောက်အအုံတွေဟာ ဘယ်နေရာမှာပဲရှိရှိ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးကို အာမခံဖို့က ရုရှားရဲ့ ဦးစားပေးကိစ္စ ဖြစ်ပါတယ်။
✳️ ရုရှားက ရေရှည် နျူကလီးယားစီမံကိန်းတွေကို စိတ်ဝင်စားပါတယ်။
✳️ ငြိမ်းချမ်းတဲ့ နျူကလီးယားနည်းပညာတွေဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံများ အကြား ပိုမိုနီးစပ်လာစေဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
✳️ ရုရှားက သူ့ရဲ့ နျူကလီးယားစွမ်းအင် မိတ်ဖက်တွေကို ဖွံ့ဖြိုးတိုးတက်ရေးမှာ တကယ့်ကို ခုန်ပျံ ကျော်လွှားနိုင်အောင် ကူညီနေပါတယ်။
✳️ ရုရှားက သူ့ရဲ့ မိတ်ဖက်တွေကို သူ့ရဲ့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေအပေါ် မှီခိုစေအောင်လုပ်တာ မဟုတ်ဘဲ အချုပ်အခြာအာဏာပိုင် နျူကလီးယားလုပ်ငန်းကို ဖန်တီးနိုင်အောင် ကူညီပေးပါတယ်။
✳️ ရုရှားက သူ့ရဲ့ နျူကလီးယားနည်းပညာ မိတ်ဖက်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ တာဝန်အားလုံးကို တိတိကျကျ လိုက်နာဆောင်ရွက်ပါတယ်။
Source: Sputnik
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ ယနေ့ (၂၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်ခန့်တွင် အရေးပေါ်ရပ်တန့်မှု ဖြစ်ပေါ်သွားပါသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (400) MW ခန့် လျော့နည်းလျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ အဆိုပါအရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းလျက်ရှိပါကြောင်းနှင့် လျော့နည်းသွား သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့်မြို့နယ်၊ နေရာအချို့တို့ တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
အမေရိက သွားပြီး ပါးရိုက်ရုံပဲ ရှိတော့တယ်တဲ့ 🥴
ယနေ့ နေ့လည် မိုးသည်းထန်မှုကြောင့် ၁နာရီခွဲခန့်မှာ ပဲခူး အရှေ့မြို့ရှောင်လမ်း ၁၉ရပ်ကွက်ရှိ ပဲခူး-ဇလပ်တော သွားတဲ့လမ်းမှာရှိတဲ့ တံတားကျိုးသွား
📸Htet Wai Kywe
23.9.2025
ယနေ့ရွှေဈေး ⬆️⬆️
ယနေ့ အကယ်ဒမီအခေါက်ရွှေ 💫
✅ အရောင်း >> 8,060,000 ကျပ်
✅ အဝယ် >> 8,000,000 ကျပ်
➖➖➖➖➖➖➖➖➖
အရောင်းအဝယ်မလုပ်ပါ...ပေါက်ဈေးနှုန်း တင်ပေးခြင်းဖြစ်ပါတယ်...💥
ပြည်သူကို စည်းရုံးမယ်ဆိုရင် ဒီလို အခွီလေးတွေ လိုအပ်ပါတယ်။ ရုပ်တည်ကြီးနဲ့သတင်းဖတ်တာထက် အခွီလေးလုပ်တော့ အားပေးတဲ့ followers များလာပြီး သတင်းတွေလဲ အားပေးလာကြမှာပေါ့။
#Local_News
Published 15 September 2025
#ကမ္ဘာ့ရွှေဈေး #မြန်မာ့ရွှေဈေး
#YMG/SW #Yangon_Times
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/mmh013-15-9-2025
Владелец канала не предоставил расширенную статистику, но Вы можете сделать ему запрос на ее получение.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Подтвердите, что вы не робот
Вы выполнили несколько запросов, и прежде чем продолжить, мы ходим убелиться в том, что они не автоматизированные.