MaungHsueHlae
Информация о канале обновлена 19.11.2025.
MaungHsueHlae
တော်လှန်ရေးကို မကြိုက်ပေမဲ့ အားအရဆုံးအချက်တွေတော့ ရှိတယ်။ အဲဒါ ဘာတွေလဲဆိုတော့
၁။ အရင်က တပ်ကို ထိပ်ပိုင်းတွေက တိုက်ဆောက်ပြီး အောက်ခြေက ဗိုက်မှောက်လို့ ပြောတယ်မို့လား။ အခု NUG နဲ့ PDF တွေလည်း အတူတူပဲ။ လွင်ကိုလတ်တို့ တင်ထွန်းနိုင်တို့ မိပန်တို့ မြတ်အောင်တို့ လင်းလင်းတို့ ချစ်သုဝေတို့ NUG ထိပ်ပိုင်းထောက်ပို့တွေက အလှူငွေခိုးပြီး ပြည်ပမှာ မိသားစုလိုက် စည်းစိမ်ခံနေချိန်မှာ PDF တွေက ခြေပြတ်လက်ပြတ်ဘ၀ပျက်နဲ့ ငတ်လို့(PDF ခေါင်းဆောင်ပိုင်းတွေကတော့ တိုက်ရာပါပစ္စည်းတွေနဲ့ သူတို့မိသားစုကို မြို့ကြီးတွေမှာ ဇာတ်မြှုပ်လို့) ဆိုတော့ လက်နက်ကိုင်ရင် မင်းတို့လည်း သူခိုးပဲဆိုတာ ပြည်သူတွေ သိကုန်တာ အားရတယ်။
၂။ အရင်က ကားသမားတွေ ဂိတ်မှာ ၁၀၀၀ လောက် ပေးရရင် ခွေးစာဆိုပြီး တင်ခဲ့သမျှ PDF ကြမှ ဝါးလုံးတောင်မတားတော့ဘဲ သေနတ်ပြပြီး သိန်းဆယ်ချီတောင်း၊ မျက်နှာပျက်ရင် စစ်ပြီး ပစ်သတ်တာ၊ ရိုက်တာ၊ ပစ္စည်းသိမ်းတာ လုပ်နေလို့ PDF ကို ချီးထက်ရွံကုန်တာ သဘောကျတယ်။
၃။ အရင်က စစ်ပွဲမှာ ခြေပြတ်လက်ပြတ်ဖြစ်သွားတဲ့ စစ်သားတွေကို စာအုပ်ရောင်းရင်တောင် ရိုက်ထုတ်မှာလို့ပြောခဲ့တယ်မို့လား။ အခုတော့ PDF နှစ်သောင်းလောက် ခြေပြတ်လက်ပြတ်ဖြစ်ကုန်ပြီး ခြေတုလက်တုတောင် တပ်မပေးလို့ လိုက်တောင်းနေတာမြင်ရတာ ဝဋ်လည်ကုန်တာ သဘောကျတယ်။ ခေါင်းဆောင်ပိုင်းက ထိုင်းမှာ ရှယ်ဇိမ်ခံနေချိန် ပဒက်တွေက ငှက်ပျောအူနဲ့စား ရှုးရှဲနဲ့ဆားနဲ့ ငတ်နေတာမြင်တော့ ပိုတောင် သဘောကျသေးတယ်။
၄။ အရင်က ရွှေခိုးသစ်ခိုး မုဒိမ်းကျင့်လူသတ်လယက်မူးယစ်ဆေးဖြန့် KTV တွေ ဖာအိမ်တွေဖွင့်ရင် စစ်သားတွေပဲ လက်ညှိုးထိုးခံနေရရာက အခုကြတော့ NUG နဲ့ PDF တွေက ရွှေခိုးသစ်ခိုး မုဒိမ်းကျင့်လူသတ်လုယက်မူးယစ်ဆေးဖြန့် KTV တွေ ဖာအိမ်တွေဖွင့်နေတော့ လက်နက်ကိုင် အာဏာရူးရင် ဒီလိုတွေချည်းပဲဆိုတာ ပြည်သူကို သက်သေပြနိုင်လို့လည်း တော်လှန်ရေးကို သဘောကျရသေးတယ်။
ရှိသေးတယ်။ PDF တွေ ခိုးဝှက်သတ်ဖြတ်လုယက်နေလို့ အရင်တုန်းက ငါတို့ကလေးလေးတွေဆိုတဲ့ သူတွေက ငါလိုးမကလေးလေးတွေဆိုပြီး ဖြစ်ကုန်တာတွေ၊ ငါတို့သားလေးတွေကနေ ငါလိုးမသားလေးတွေလို့ဆဲကုန်ပြီး မြေပြင်က တကယ်ခံနေရတဲ့ပြည်သူတွေက NUG နဲ့ PDF ကို ချီးထက်ရွံကုန်တဲ့အကြောင်းတွေကိုလည်း နွေဦးတော်လှန်ရေးမှာ အရမ်းသဘောကျရတယ် 🤣😂
ဒေါ်စုကို ဝန်းရံထောက်ခံခဲ့၊ CDM တွေ လှုပ်ရှားခဲ့၊ ဆန္ဒပြခဲ့တဲ့ လူမင်းတို့၊ ပြေတီဦးတို့ အိန္ဒြာကျော်ဇင်တို့၊ ဖွေးဖွေးတို့တောင် ရွေးကောက်ပွဲဖြစ်မှ တိုင်းပြည်နဲ့ ပြည်သူလူထုက ထွက်ပေါက်ရလာမှာကို နားလည်ပြီး ရွေးကောက်ပွဲ မဲပေးဖို့ လှုံ့ဆော်နေကြပြီ။
ခင်ဗျားတို့က စစ်ပွဲရှိမှ ထမင်းစားရတဲ့ အလှူငွေခိုးပြီး အိမ်ဝယ်၊ ကားဝယ်၊ လုပ်ငန်းတည်တဲ့ NUG နဲ့ PDF ၊ ထောက်ပို့တွေရဲ့ ပြည်ပကနေ အာချောင်တဲ့ မဲမပေးနဲ့စကားကို ဆက်ယုံနေကြဦးမလား
တွေးကြည့်ဗျာ... လူမင်းက စီစဥ်၊ ပြေတီဦးတို့ အိန္ဒြာကျော်ဇင်တို့၊ ဖွေးဖွေးတို့က မဲပေးဖို့ ကြေညာနဲ့ အဓိကလူတွေတောင် ပြောင်းလဲလာမှတော့ လူထုလက်ထဲ အစိုးရနဲ့ တပ်မတော်တောင် ဝေဖန်ထိန်းကျောင်းလို့ပြန်ရမယ့် ရွေးကောက်ပွဲကို မဲပေးချိန်တန်ပြီဆိုတာကို တွေးပြီး မဲရုံဆီပြေးကြပါစို့လို့။
စကားမစပ် ဒီနှစ်တော့ ကျွန်တော်လည်း ရန်ကုန်မှာ မဲပေးရမှာပါ။ ခါတိုင်းနှစ်တွေလို ပခုက္ကူပြန်စရာမလိုတော့ပါဘူး 💙💙💙💙
◾ Website တွင် ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=118109
Photo - Credit
#ရွှေဘို #မြင်းစီးရွာ #သံဃာ #ပသုံးလုံး #NUG #PDF #အကြမ်းဖက် #ပျူစောထီး #ပကဖ #EAOs #MT #mtnews #MyanmarTransparency
ကိုယ် မချိ အမိသော်လည်း သားတော်ခဲကိုး။ ဒီလပိုင်းတွေထဲ နေစရာအပါအဝင် အဆင်မပြေတာက အများကြီးပဲ။ ဒီတော့ စိတ်အဆင်မပြေဘူး။ အဆင်မပြေတော့ ဘာမှ မရေးနိုင်ဘူး။ ပိုဆိုးတာက ကံဆိုးမှုတွေ အဆိုးဆုံးနှစ်ပတ်လည်ကာလ။ ဆင်ခြင်ရတယ်။ အားလုံးကို ကျော်ဖြတ်ရမှာပဲ။ အဆိုးဆုံးတောင် အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တဲ့ အခြေအနေကြားမှာ ဆင်ခြင်နေလိုက်တော့ တချို့အရာတွေ ကျော်ဖြတ်သွားပြီ ထင်ပါတယ်။ စိတ်ဆင်းရဲမှုတွေလည်း အများကြီး ကြုံလိုက်ရတယ်။ ရှေးတုန်းကစိတ်ဆို အဆင်မပြေတာအကုန် တန်းစီရေးမှာဖြစ်ပေမဲ့ အခုကတော့ ရင့်ကျက်လာပြီထင်တာပဲ။ ဘာမှမရေးဖြစ်ဘဲ ငြိမ်နေလိုက်တယ်။ အရာရာအားလုံးက အချိန်တန် ပြီးဆုံးသွားမှာပါပဲ 🙂
အဲ့တော့ မနက်ဖြန်ကစ အရင်လို ပြန်ရေးပါတော့မယ် 🙂
ဘုရားရှာပုံတော်
🙏 🙏 🙏
ဘုရားစင်မှာ အရင်က ကျွန်းနက်ဘုရားနဲ့ ကျောက်စိမ်းဘုရား အသေးလေးနှစ်ဆူနဲ့ အုတ်ခွက်ဘုရားပုံတော်ပဲ ထည့်ထားတာ။ တစ်သက်တာလုံး ပူဇော်ရမယ့် ဘုရားကို သပ္ပာယ်တာ လိုချင်လို့ ဆင်းတုကို လိုချင်တဲ့ ပုံစံ အေးအေးဆေးဆေးပဲ ရှာ ဝယ်မယ်ပေါ့။
ပြီးတော့ စိတ်ထဲမှာက ဘုရားဆို အုတ်ခွက်ဘုရားရဲ့ ကြည်ညိုသပ္ပာယ်စရာ မျက်နှာတော်ပဲစွဲနေတာ။ လူဆိုတာက ကိုယ်ပူဇော်မယ့်ဘုရားက ကိုယ့်စိတ်ထဲ ကြည်ညိုပြီး မျက်နှာတော် မှတ်မိနေရင် သဒ္ဒါကြည်ညိုစိတ်က အထူးတလည်ပွားများနေစရာမလိုတော့ဘူးကိုး။
နောက် ဝါတွင်းသုံးလ အရက်ဖြတ်တော့ စိတ်ထဲ အဓိဋ္ဌာန်ထားရတယ်။ ဒီ ဝါရှောင်တဲ့ကာလမယ် ငါ ဘုရားဆင်းတုဝယ်မယ်ပေါ့။ ပထမ ကျွန်းနက်ဝယ်ဖို့ရယ်မဟုတ်ဘူး။ စကျင်ရုပ်ပွားတော် ဝယ်မယ်ပေါ့။ အဲဒီမှာ မာရဝိဇယပုံတူမေးတော့ တစ်ပေပဲရှိတယ်ဆိုလား။ ကိုယ့်ဘုရားစင်က ၁၈ လက်မဆိုတော့ တစ်ပေဆို အဆင်မပြေလောက်။ ကွက်တိလည်း မဖြစ်။ အဆင်ပြေမှာက ၁၅ လက်မလောက်ဆင်းတုမှဖြစ်မယ်။ အဲဒီမှာ မာရဝိဇယဘုရားကို အတိုင်းအတာအတိအကျ ချုံ့ထားတဲ့ အချိုးကျကျ စကျင်ပုံတူ ၁၅ လက်မလောက် ပလ္လင်လွတ် ဝယ်မယ်ပေါ့။ အဲဒါနဲ့ စျေးမေးတော့ ကိုးသိန်းခွဲတဲ့။ စကျင်တောင် ဒီလောက်ဖြစ်နေပြီလားဆိုပြီး ရှာကြည့်တော့ စျေးကွက်ထဲမှာက ဖြူကြည်သန့်ဆင်းတုတွေ တင်ထားတာက သုံးသိန်းလောက်ပဲရှိတယ်။ စျေးက သုံးဆကျော်ကွာနေတယ်။ အဲဒါနဲ့ ဘယ်လိုပို့မလဲမေးတော့ သူတို့က်ို ပိုက်ဆံတစ်ဝက်လွှဲပေး ထုပေးမယ်။ စကျင်ရွာကနေ မန္တလေးပို့ရင် ကျန်ငွေတစ်ဝက်လွှဲ။ ပြီးမှ မန္တလေးကမှ ရန်ကုန်။ ပုံလည်းမမြင်ရ၊ ကျောက်လည်း မမြင်ရ၊ သယ်ရလည်းခက်၊ စျေးကလည်း ကိုယ့်စိတ်ထဲ ဖြစ်သင့်တာထက် များတယ်ဆိုပြီး ခံစားရလို့ စိတ်လျှော့လိုက်ရတယ်။
အဲဒီမှာ သစ်ဘက်ရောက်သွားရော။ နောက် ဗိုလ်ချုပ်စျေးထဲက ဆိုင်မှာ ကျွန်းနက် ပလ္လင်မပါတာ ဆယ်လက်မကို CB မှာ မေးတော့ ငါးသိန်းဆိုတော့ သွားဝယ်တော့ ၅၅၀၀၀၀ တဲ့။ တွေးတာက ပလ္လင်ငါးလက်မလောက်ခံမယ်ပေါ့။ ဆိုင်ရောက်လို့ မ,ကြည့်တော့ ပေါ့ရွှတ်လို့။ ကျွန်းနက်က ရှိသင့်တဲ့အလေးချိန်မရှိဘူး။ ပိုဆိုးတာက သစ်ပွကြီး။ အဲဒါနဲ့ မယုံလို့ မဝယ်ခဲ့ဘူး။ အဲဒါကို Comment မှာပြောတော့ (အတုလို့ထင်တာမပါ။ စျေးမတူတာဘဲပြောတာ) Report ထုပုံပဲ။ အကောင့်ပါ ပျက်ရော။ တော်တော်ယုတ်ကန်းတဲ့ဆိုင်။ ဘုရားပစ္စည်းရောင်းပြီး....။
အဲဲဒါနဲ့ ဝါကျွတ်မယ့်ရက်မတိုင်ခင်တော့ ဝယ်မှဖြစ်တော့မယ် တွေးရတယ်။ အဓိဌာန်တယ်ဆိုတာက ဘာမှတော့မဟုတ်ပါဘူး။ မတည်လည်းရပေမဲ့ လူ့ဘဝဆိုတာ ကောင်းတာမှန်တာ ကိုယ့်အတွက် အကျိုးရှိတာလုပ်မယ်ဆို ကိုယ်တိုင်ပြုတဲ့ ကတိ၊ သစ္စာ၊ အဓိဌာန်လောက်တော့ တည်ရမယ်လို့ ခံယူထားလို့။
အဲဒီမှာလည်း ကျွန်းနက်ဘုရား ၁၁ လက်မကို ၆ သိန်း၊ ၁၂ လက်မကို ၇ သိန်း၊ ၁၃ လက်မကို ၈ သိန်းတဲ့။ ပုံစံအသစ်တွေက ဆယ်သိန်းအထက်ပဲ။ အဲဒီမှာ ကြည့်ရင်းရွေးရင်းနဲ့ အုတ်ခွက်ဘုရားနဲ့ ဆင်တူပြီး စိတ်ထဲလည်း ကြည်ညိုသပ္ပါယ်လို့ရတဲ့ ကျွန်းနက် ၁၃ လက်မတစ်ဆူကို ကျပ် ၈ သိန်းနဲ့ ပင့်ဆောင် ပူဇော်လာခဲ့တယ်။ အကြမ်းဖျဥ်းစစ်ချက်တွေမှာ စစ်တယ်လို့ ယူဆတာရော၊ ကိုယ့်အဓိဌာန်ပြည့်သွားလို့ ပီတိဖြစ်ရတာရော၊ နိဗ္ဗာန်ကုန်မှ လိမ်ရောင်းလည်း သူတို့ဘာသာ ငရဲမှာသစ်ငုတ်ဖြစ်လိမ့်မယ်လို့ တွေးတာရောကြောင့် ကျွန်းနက်စစ်မစစ်အပေါ်မှာ သံသယစိတ် အပြီးဖျက်ချလိုက်တယ်။ ကျွန်းနက်ဘုရားလို့ ရောင်းလို့၊ ယုံကြည်လို့ ကျွန်းနက်အစစ်လို့ စိတ်ဆုံးဖြတ်လိုက်ပြီမို့ မမှန်ရင် သူ့ဘာသာခံပဲ။
ဘုရားလည်းဝယ်ပြီးရော ၁၃ လက်မဘုရားဆိုတော့ ဘုရားစင်ထဲ သေးနေပြန်တော့ မီးဝိုင်းပလ္လင်ဝယ်ရဦးမယ့်အခြေအနေဖြစ်လာပြန်ရော။ အဲဒါနဲ့ ထပ်မေးပြန်တော့ နှစ်လက်မထု အလျားတစ်ပေ မီးဝိုင်းအမြင့် ၁၅ လက်မလောက် သစ်သားပြားလေးတစ်ချပ်နဲ့ ဖန်သီးအဝိုင်းလေးကို ၁၃၅၀၀၀ တဲ့။ ဘုရားကို ပူဇော်ဖို့ ဘုရားတရပြန်ရော။ မီးဝိုင်းတစ်လုံးနဲ့ သစ်သားတစ်ပြားက အရင်း ၃၀၀၀၀ ထက် မပိုနိုင်တာကို ဝိသမလောဘတွေနဲ့ တအားတင်ထားတာ မြင်ရပြန်ရော။ လူတွေက ဘုရားပစ္စည်းဆို စျေးမဆစ်ချင်တာ အခွင့်ကောင်းယူပြီး မတရားသဖြင့်တွေ တင်ထားတာ။ ထားပါတော့။
အဲဒီမှာ မီးဝိုင်းပလ္လင်က စျေးအရမ်းကြီးနေတာနဲ့ ကိုယ့်ဘာသာကိုယ် ပန်းတွေ၊ မီးပန်းဆိုင်းတွေ သစ်သားပြားရယ် ဝယ်လိုက်တာ ၁၆၀၀၀ လောက်ပဲ ကုန်တယ်။ စိတ်ရဲ့ကြည်မွေ့ယုံကြည်ရာမှာ ကိုယ် သပ္ပာယ်သလို ကြည်ညိုတဲ့ဆင်းတုတော်ကို အိမ်မှာ တစ်သက်တာ ပူဇော်နိုင်ဖို့အတွက် ပြည့်စုံသွားတယ်။
အဲဒီမှာ တစ်သက်တာ ပူဇော်ဖို့ သပ္ပာယ်တဲ့ဘုရားတစ်ဆူကို ကိုယ်နိုင်တဲ့ပမာဏနဲ့ နေအိမ်ဘုရားစင်မှာ ထားရမယ်ဆိုတဲ့ အဓိဌာန်လည်းပြည့်သွားပြီး ဘုရားဖူးတိုင်း ပီတိဖြစ်ရပြန်တယ်။
ဘုရားရှာပုံတော်
သစ္စာကမ်းလက်၏ ဆဋ္ဌမအကြိမ်မြောက် ကထိန်သင်္ကန်း အလှူတော်
🙏🙏🙏 🙏🙏🙏 🙏🙏🙏
သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် က လစဥ် လှူဒါန်းပေးနေတဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်ဆရာကြီးတစ်ပါးတို့ကို သစ္စာကမ်းလက်ရဲ့ ဆဋ္ဌမအကြိမ်မြောက် ကထိန်သင်္ကန်းအလှူတော်အဖြစ် တစ်ပါး ကျပ် ၁ သိန်းစီ ကပ်လှူပူဇော်ခဲ့ပါတယ်။
ဒီကထိန်သင်္ကန်းအလှူတော်မှာ ပခုက္ကူက ရဟန်းရှင်လူပြည်သူတွေ ၃၁ ဦးအတွက် ကျပ် ၈ သိန်းနဲ့ ကထိန်သင်္ကန်းအတွက် ကျပ် ၁ သိန်း စုစုပေါင်း ကျပ် ၉ သိန်းကို မင်္ဂလာသက်တမ်း ကိုးနှစ်ပြည့်အလှူအဖြစ် လှူဒါန်းပေးခဲ့တဲ့ ကိုစိုးမိုးအောင် + မအေးခင်ဦးတို့ရဲ့ ကုသိုလ်တွေလည်း ပါဝင်ပါတယ်။
ကိုစိုးမိုးအောင်+မအေးခင်ဦးနဲ့ သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာချမ်းသာ လန်းဖြာပြီး ကထိန်သင်္ကန်းအလှူမြောက်အောင် ဝိုင်းဝန်းကူညီ လှူဒါန်းရခြင်းကုသိုလ်တွေ မတောင်းဘဲ ပြည့်ပါစေ ခင်ဗျ 🙏🙏🙏
ဖြိုးဝေ
၄. ၁၁. ၂၀၂၅
ဥစ္စာကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာဆိုပေမဲ့ ၃၁ ကြိမ်မြောက်အထိ ထီပေါက်တာက တစ်သောင်းဆုကနေ အမြင့်ဆုံးမှ ဘတ် ၂၀၀၀ (၂၄၅၀၀၀) ဆိုတော့ မလွန်လွန်းဘူးလားဟင်...
ရုံးက သတင်းထောက်ပြောသလို မ,မယ်ဆိုလည်း တစ်ချီကောင်း သိန်း ၅၀၀၀ လောက်၊ ဘတ် ၆ သန်းလောက်၊ စင်ကာပူဒေါ်လာ သန်းချီရအောင် ဘဝပြောင်းအောင် ပစ်ပြီး မ,ပစ်လိုက်ကြပါ။
ဘယ်နဲ့ တစ်ခါပေါက် ၁၀၀၀၀ နဲ့ ထီပေါက်ကြောင်း ကြွားရတာတောင် ရှက်လာပြီ...😂
စကားမစပ်... ကျွန်တော်တို့ ညီအစ်ကိုတွေလည်း ထီရောင်းပါတော့မယ်။ မိန်းမယူဖို့ အပိုဆုငွေလေးရအောင်။ သိန်းထောင်ချီ ကိုယ်မပေါက်ပေမဲ့ ထီကံမြင့်နေတုန်းမှာ တခြားသူပေါက်အောင် ရောင်းပေးချင်လို့ရော အလုပ်နှစ်ခုဆိုတော့ လူရှိန်အောင်ရော .... အွန်လိုင်းကနေပဲ Page ဖွင့်ရောင်းမှာမို့ အားပေးကြပါဦး 😁
သစ္စာကမ်းလက်၏ ၄၉ ကြိမ်မြောက် လစဥ်ကုသိုလ်တော်
🙏🙏🙏 🙏🙏🙏 🙏🙏🙏
သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၄၉ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၅ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၄၉ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ လှူဒါန်းပေးခဲ့ပြီဖြစ်ပါတယ်။
ဒီလို ကုသိုလ်တွေအပြင် ဇလွန်က Grade -11 ကျောင်းသူ မယွန်းအတွက် ဆဋ္ဌမအကြိမ် ပညာသင်ထောက်ပံ့ဆု ကျပ် ၅၀၀၀၀ နဲ့ ကျောက်ကပ်ဝေဒနာသည် ကိုထွန်းထွန်းဝင်းကို ကျပ် ၃၀၀၀၀ ကူညီ လွှဲလှူပေးခဲ့ပြီးဖြစ်ပါတယ်။
အောက်တိုဘာ လကုန်ထဲမှာ သစ္စာကမ်းလက်က လစဥ်လှူပေးနေကြ အသက် ၁၈ နှစ်အရွယ် မသိမ့်သိမ့်ဝင်းနဲ့ အသက် ၁၀၀ အရွယ် အဘွား ဒေါ်သန်းညွန့်တို့ ကွယ်လွန်သွားပေမဲ့ ကျန်ရစ်သူတွေ ကုသိုလ်ပြုနိုင်အောင် ဒီတစ်လစာ ဆက်လက်လှူဒါန်းသွားမှာဖြစ်ပြီး နောက်လကြမှ နှစ်ဦးထပ်မံဖြည့်တင်းပါ့မယ်။
သစ္စာကမ်းလက်ရဲ့ ၄၉ ကြိမ်မြောက်ကုသိုလ်မှာ ပခုက္ကူက ဆရာတော်နဲ့ ပြည်သူ ၃၀ အတွက် လစဥ်ကုသိုလ်အပြင် ကထိန်သင်္ကန်းအတွက် ကျပ် ကိုးသိန်းကို ကိုစိုးမိုးအောင်+မအေးခင်ဦးမိသားစုက မင်္ဂလာဆောင်ကိုးနှစ်ပြည့် အမှတ်တရအဖြစ် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
မင်္ဂလာမောင်နှံသည်လည်း ကိုးနှစ်ပြည့်မှသည် ရွှေရတု၊ စိန်ရတု ရတုအဆက်ဆက်ချီ ချမ်းသာပြည့်စုံပြီး သားတစ်ရာ မြေးတစ်ဖျာနဲ့ စိတ်အေးချမ်းသာစွာ ကျန်းမာ လန်းဖြာကြပါစေ။
သစ္စာကမ်းလက်ရဲ့ ၄၉ ကြိမ်မြောက် လစဥ်ကုသိုလ်တွေကြောင့် ကိုစိုးမိုးအောင်+မအေးခင်ဦး မိသားစုနဲ့တကွ သစ္စာကမ်းလက်အလှူရှင်နဲ့ အလှူခံအားလုံး ဒီ နိုဝင်ဘာလကစ ဆယ်တစ်မီးငြိမ်းပြီး ဘေးကင်းကျန်းမာ စိတ်ချမ်းသာ၊ သောကကင်းဝေး စိတ်အေးချမ်းပါစေ။
ဒီကောင်းမှုကုသိုလ် အဖိုးပါဂကို ၃၁ ဘုံ ကျင်လည်အပ်ကုန်သော မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတွေလည်း ရရှိကြပါစေ။
နိုဝင်ဘာ အစနေ့ရက်ကစ တစ်လလုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ (ချဲ) စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးပြီး လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ
🙏🙏🙏
ဖြိုးဝေ
သစ္စာကမ်းလက်
၁. ၁၁. ၂၀၂၅
သစ္စာကမ်းလက်၏ ၄၉ ကြိမ်မြောက် လစဥ်ကုသိုလ်တော်👇👇👇
မိုက်တီးတို့ ကျော်ဝင်းထွဋ်တို့ အုန်းဒိုင်းတို့ ဇမ္ဗူထွန်းသက်လွင်နဲ့ အောင်ချမ်းလူကို React ပေးတာလေးနဲ့ ဖမ်းလို့တဲ့။ ရွေးကောက်ပွဲကို အထိမခံဘူး ဘာညာနဲ့...
ကိုယ်ကတော့ အမြဲပြောတယ်။ သတ္တိရှိတယ် မှန်တယ်ထင်ရင် လက်နက်ကိုင်လိုက်။ Share တစ်ခု၊ Comment တစ်ခု၊ React လေးတစ်ချက်နဲ့ ဘဝအပျက်မခံနဲ့လို့။ သိပ်ပြောချင်ရင် ပြည်ဟိန်းသီဟလို့ အကုန်ရင်းထွက်။ ပြည်ပရောက်မှ ဖာပါးစပ်နဲ့ ဘာထွက်ပြောပြော ပြောချင်ရာပြော။ ပြောပြီးရင်လည်း သောက်ရှက်မရှိ ပြန်ဝင်လာဖို့ စိတ်မကူးနဲ့လို့......
ဒါပေမဲ့လည်း အခု ဖမ်းတဲ့ ကိစ္စတွေက အကျိုးရှိလို့လို့ အကြောင်းဖြစ်တာပါ။
တကယ်တမ်းက ရွေးကောက်ပွဲ ဆတ်ဆတ်ထိမခံတာထက် ရွေးကောက်ပွဲဝင်ရိုက်တဲ့ အနုပညာရှင်တွေကို ရန်ကုန် PDF ငါးဖွဲ့က သတ် မယ်လို့ စာထုတ်တယ်။
https://t.me/MT_News_Media/73216
အဲဒီမှာ ရှေ့မှာလည်း
ဇင်ကြီး၊ လီလီနိုင်ကျော် အသတ်ခံရတယ်။ ယုန်လေးနဲ့ ရန်အောင်ကို ဗုံးခွဲ လုပ်ကြံတာကလည်း ဖြစ်ထားတယ်။
ဒီအချိန်မှာ အကဲဆတ်နေတဲ့အချိန်မှာ မိုက်တီး၊ ကျော်ဝင်းထွဋ်၊ အုန်းဒိုင်း၊ ဇမ္ဗူထွန်းသက်လွင်၊ အောင်ချမ်းလူ တို့ လုပ်ရပ်က ရွေးကောက်ပွဲဖျက်ဖို့ရော PDF ငါးဖွဲ့ကို နေတိုးတို့ ၁၇ ယောက်ကို သတ်လိုက်တော့ဟလို့ မြှောက်ပေးနေသလို အချက်ပြနေသလို အခြေအနေဖြစ်သွားတယ်။
တစ်ဖက်က ရွေးကောက်ပွဲအထိမခံဘူးလို့ ပြောမယ်ဆိုရင် တစ်ဖက်က ဘာမဟုတ်တာလေးနဲ့ အနုပညာရှင် ၁၇ ယောက်ကို သတ်မယ် ထုတ်ပြန်ထားတဲ့အောက်တန်းကျမှုက ပိုဆိုးတာလည်း မြင်အောင်ကြည့်နိုင်ဖို့လိုအပ်ပါတယ်...
Владелец канала не предоставил расширенную статистику, но Вы можете сделать ему запрос на ее получение.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Подтвердите, что вы не робот
Вы выполнили несколько запросов, и прежде чем продолжить, мы ходим убелиться в том, что они не автоматизированные.
Наш сайт использует cookie-файлы, чтобы сделать сервисы быстрее и удобнее.
Продолжая им пользоваться, вы принимаете условия
Пользовательского соглашения
и соглашаетесь со сбором cookie-файлов.
Подробности про обработку данных — в нашей
Политике обработки персональных данных.