Freelance Journalist
Информация о канале обновлена 20.11.2025.
Freelance Journalist
❗️❗️❗️❗️
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ မြေပြင်ပကတိအခြေအနေမှန် တွေကို တိတိကျကျ သိရှိနားလည်ခြင်းမရှိဘဲ၊ ပြည်တွင်း/ပြည်ပက ပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စုတွေက လိုသလိုပုံဖော်ထားတဲ့ သတင်းအချက်အလက် အမှားတွေကိုသာ အခြေခံပြီး မြန်မာ့တပ်မတော်က ခရစ်ယာန်ဘာသာရေးအဆောက်အဦတွေကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ ခရစ်ယာန်ဘုန်းကြီးတွေကို လုပ်ကြံသတ်ဖြတ် မှုတွေ ပြုလုပ်တယ်ဆိုပြီး အထောက်အထားမရှိ စွပ်စွဲဖော်ပြခဲ့တဲ့ Christian Solidarity Worldwide(CSW) ဥက္ကဋ္ဌ မစ္စတာမာဗင်သောမတ်စ် ကို မြန်မာ့တပ်မတော်က အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ပြီး ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း သိရှိရပါတယ်။
-
အဲ့ဒီပုဂ္ဂိုလ်ရဲ့ စည်းကမ်းမဲ့တဲ့ ထုတ်ဖော် ပြောဆိုချက်တွေဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသား တွေကို မခန့်လေးစား ပြုမူပြောဆိုရာရောက်သလို၊ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးလိုတဲ့ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ကို အားပေးအားမြှောက်ပြုရာရောက်တဲ့ စော်ကားမှုတစ်ခုလည်း ဖြစ်ပါတယ်..
-
CSW အဖွဲ့နဲ့ ဥက္ကဋ္ဌ ကို တုံ့ပြန်ချေပထားတဲ့ မြန်မာ့တပ်မတော်ရဲ့ တုံ့ပြန်ချက်တွေကို Twitter (X) စာမျက်နှာမှာ အများအပြားတွေ့မြင်နေရပါတယ်..
-
ခင်ညိုချော
*
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်ပြီး နားလည်သဘောပေါက်လာကြသည့် AA အဖွဲဝင် အမျိုးသား ၉ ဦးနှင့် PDF အမည်ခံအဖွဲဝင် အမျိုးသား ၆ ဦးတို လက်နက်၊ ခဲယမ်းများနှင့်အတူ ယမန်နေ့တွင် ဥပဒေဘောင်အတွင်းသို ဝင်ရောက်လာကြသည်ဟု သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသသည့် AA တပ်ဖွဲဝင်များသည် မင်းပြားမြိုနယ်၊ ကျောက်တော်မြိုနယ်၊ ပုဏ္ဏားကျွန်းမြိုနယ်၊ သံတွဲမြိုနယ်နှင့် ဂွမြိုနယ်တိုမှ ဖြစ်ကြပြီး PDF အမည်ခံအဖွဲများမှာ မအူပင်မြိုနယ်၊ လေးမျက်နှာမြိုနယ်၊ ဇလွန်မြိုနယ်၊ ကြံခင်းမြိုနယ်နှင့် ရေကြည်မြိုနယ်တိုမှ ဖြစ်ကြသည်ဟုဆိုသည်။
အဆိုပါအခမ်းအနားတွင် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင် ဖယ် ၂ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀ ၊ လက်ပစ်ဗုံး ၁ လုံးအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၁၅ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၃ သိန်းစီ ပေးအပ်ကာ ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။
#News
*
ထိုင်းနိုင်ငံဟာ မြန်မာနယ်စပ်မှာ KNU သူပုန်ကို Buffer Zone ထားရှိပြီး သူ့နိုင်ငံအကျိုးစီးပွားအတွက် အမြဲတမ်း အမြတ်ထုတ်လေ့ရှိပါတယ်…
• KNU ကို လက်နက်ခဲယမ်းမျိုးစုံ မှောင်ခိုရောင်းချခြင်း
• KNU ခေါင်းဆောင်တွေနဲ့ စီးပွားရေးသမားတွေကို သူ့နိုင်ငံအတွင်းမှာ နေထိုင်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပြုခြင်း
• တိုက်ပွဲရှောင် ကရင်လူမျိုးတွေကို သူ့နယ်မြေထဲမှာ လက်ခံပြီး လူ့အခွင့်အရေး အကြောင်းပြ နိုင်ငံတကာအထောက်အပံ့များ ရယူခြင်း
• နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းမှုမရှိဘဲ KNU ထိန်းချုပ်ရာ နယ်မြေတွေမှာ နယ်စပ်ဂိတ်တွေ ဖွင့်ပြီး တရားမဝင်ကုန်သွယ်ရေး အမြတ်ထုတ်ခြင်း
• နယ်စပ်ရှိ ထိုင်းကုန်သည်ကြီးများက မူးယစ်ဆေးထုတ်တဲ့ Precursor တွေ အပါအဝင် တရားမဝင်ကုန်ပစ္စည်းများကို မှောင်ခိုတင်သွင်းခြင်းစတဲ့ သူ့အကျိုးစီးပွားအတွက် အသာစီးရမယ့်ဟာတွေကို လူလည်ကျပြီး အမြဲတမ်း အမြတ်ထုတ် လုပ်ဆောင်တတ်ပါတယ်…
ယခုတလော သတင်းကြီးနေတဲ့ ကျားဖြန့်ကိစ္စမှာလည်း မီးလိုင်း၊ အင်တာနက်လိုင်းများ၊ အဆောက်အဦး ဆောက်လုပ်မှုများ အားလုံးကို ထိုင်းဘက်က လုပ်ဆောင်ပေးတဲ့အပြင် ကျားဖြန့် အတွက် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၉၉% ကျော်ဟာလည်း ထိုင်းဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဖြစ်ပါတယ်…
ကျားဖြန့်ကိစ္စမှာ အဓိက တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံက မွေးထားတဲ့ KNU ၊ DKBA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နယ်စပ်မှာရှိတဲ့ ဒေသခံ ထိုင်းအာဏာပိုင်တွေ ဖြစ်ပေမယ့် ထိုင်းအစိုးရက ကျားဖြန့်ခေါင်းဆောင် ရှီကျစ်ကျိန်းကို တရုတ်အစိုးရထံ အပ်နှံပြီး ကျားဖြန့်ပြဿနာကို မြန်မာနိုင်ငံအပေါ် လွှဲချခဲ့ပါတယ်….
နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေးကောင်းမွန်နေပေမယ့်လည်း ကျားဖြန့်ကိစ္စမှာ တော့ လူလည် ယိုးဒယားတွေရဲ့ လုပ်ရပ်တွေကို အထူးသတိပြုရမှာဖြစ်ပါတယ်..
ခင်ညိုချော
နေပြည်တော်မှာ ငလျင်လှုပ်ပြီးနောက်
နေပြည်တော်လယ်ဝေးမြို့နယ် ပတ္တာချောင်းအတွင်းမှ ရှေးဘုရင်များလက်ထက်ကဟု ယူစရသော အရှည်အတောင်သုံးဆယ့်ငါးတောင် ငါးဆယ့်နှစ်ပေခန့်ရှိ လောင်းလှေကြီးများထပ်မံတူးဖော်ရရှိ ပို့စ်တင်သည့်ရက်(16/11/2025)လှေလာကြည့်ကြသူများစည်ကါးနေပါသည်။
Владелец канала не предоставил расширенную статистику, но Вы можете сделать ему запрос на ее получение.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Подтвердите, что вы не робот
Вы выполнили несколько запросов, и прежде чем продолжить, мы ходим убелиться в том, что они не автоматизированные.
Наш сайт использует cookie-файлы, чтобы сделать сервисы быстрее и удобнее.
Продолжая им пользоваться, вы принимаете условия
Пользовательского соглашения
и соглашаетесь со сбором cookie-файлов.
Подробности про обработку данных — в нашей
Политике обработки персональных данных.