Информация о канале обновлена 20.11.2025.
Информация о канале обновлена 20.11.2025.
◾️အနာဂတ်မှာ လူမျိုးကို အခြေခံတဲ့ ပြည်နယ် ဖွဲ့စည်းပုံတွေထက်…ဒေသကို အခြေခံတဲ့ တနည်းအားဖြင့် ပထဝီကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို မလွှဲမသွေကို သွားရလိမ့်မယ်။ ခု ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပုံစံမှာ လူမျိုးကို အခြေခံတဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေက တစ်ခေတ်တစ်ခါမှာ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဖွဲ့စည်း ခဲ့ပေမယ့်…ခုလိုမျိုး ပထဝီနိုင်ငံရေးအခင်းအကျင်းနဲ့ ကမ္ဘာ့နိုင်ငံရေးစနစ်တွေအပြောင်း အလဲတွေရဲ့အကျိုးသက်ရောက်မှုတွေကတဆင့်…ကွန်ဖက်ထရိတ်ဆန်တဲ့ ပုံရိပ်တွေ ထင်ဟပ် လာစေခဲ့တာတွေ့ရတယ်။
------
◾️ဒါ့ကြောင့်လည်း လက်နက်အင်အားစုစည်းမှု၊ နောက်ကွယ်က ငွေရေး၊ ကြေးရေး ပံ့ပိုးမှုတွေ အားကောင်းတဲ့အခါ ၁၀၂၇ လိုမျိုး နယ်မြေလု စစ်ပွဲ ပေါ်ပေါက်လာစေခဲ့တယ်။ သင့်တင့်မျှ တတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအသီးသီး ရှိထားပြီးတဲ့ ကိုးကန့်နဲ့ ပလောင်လက်နက်ကိုင်တွေ ဟာ ပြည်သူလူထုနေအိမ်တွေကို ဖျက်ဆီးပြီး ၂၀၀၈ ခြေဥကို ကျော်လွန်တဲ့လုပ်ရပ်အပြင် ကျူးကျော် သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကိုပါ နယ်မြေအသစ်ဖွဲ့စည်းထူထောင်ခွင့်ရဖို့ ကြိုးစား နေတာ တွေ့မြင်နေရတယ်။ အဆိုးဆုံးကတော့ ပြည်ထောင်စု တည်ဆောက် ရေးအတွက် သဘောထားကြီးပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ လုပ်ရပ်ကို တလွဲဆံပင် ကောင်းနေတာ တွေ့ရတာကလည်း မနှစ်မြို့စရာပါပဲ။
------
◾️ပင်လုံစာချုပ်အရ ကချင်ပြည်နယ် ဖွဲ့စည်းထူထောင်ခွင့်ရဖို့ ကော်မရှင်အဆင့်လောက် နဲ့ စတင်ခဲ့တဲ့ တောင်ပေါ်ကချင်ဒေသဟာ နောင်အစိုးရလက်ထက်မှာ စစ်ကိုင်းထဲက မြစ်ကြီးနားခရိုင်ကို ထည့်သွင်းပြီး ကချင်ပြည်နယ်ဖြစ်ပေါ်ဖို့အထိ သတ်မှတ်ပေးခဲ့သလို တောင်တန်းဒေသအဖြစ်ရှိခဲ့တဲ့ ချင်းဟာလည်း လက်ရှိ ချင်းပြည်နယ်အဆင့်ထိ ရှိနေခဲ့တာ တောင်…ချင်းလူမျိုးစုအချင်းချင်းကြားမှာတစ်စုတစ်စည်းတည်း အစိုးရတစ်ရပ် ပုံဖော်ဖို့ ခက်တဲ့အထိ လူမျိုးစွဲ ၊ ဒေသစွဲ ကျဉ်းမြောင်းနေတာကလည်း စိတ်ပျက်စရာ အခြေအနေဖြစ်ရှိနေခဲ့တယ်။ ဖဆပလ လက်ထက်မှာ ရခိုင်ပြည်နယ်ပေါ်ပေါက်ဖို့ အကြောင်းတရားဖြစ်ခဲ့တဲ့ သန့်ရှင်း အစိုးရကို အယုံအကြည်မရှိ အဆိုမဲခွဲဆုံးဖြတ်ချိန်မှာ အခရာ ဖြစ်ခဲ့တဲ့ ရခိုင်အမတ်မဲ ၆ မဲက လက်ရှိမှာ ရခိုင်နိုင်ငံတော်ဆိုတဲ့ အသုံးအနှုန်းတွေအထိ စတင်နေပြီဆိုတာကိုလည်း သတိပြုကြဖို့ဖြစ်တယ်။ဒီလိုသာ ပြည်နယ်အမည်နာမတွေကို အစွဲ သတ်မှတ်ကြရင်ဖြင့် ဒီပြည်နယ်ထဲက လူမျိုးစုငယ်တွေရဲ့ ရပိုင်ခွင့်နဲ့ အနာဂတ်ဟာ နောင်သားစဉ်မြေးဆက်အထိ ခုလိုပဲ ပြဿနာတွေ ဖြစ်လာနေဦးမှာဆိုတာ မုချမလွဲဘူး။
----------
◾️ကျန်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လူမျိုးစုတွေ အတူတကွယှဉ်တွဲနေထိုင်နိုင်ပေမယ့် ရခိုင်ဒေသမှာရှိတဲ့ ကျန်လူမျိုးစုငယ်တွေရဲ့ အနာဂတ်၊ ရခိုင်ပြည်နယ်ရဲ့ လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားတဲ့ ပြဿနာကို သေချာပေါက် နောင်အစိုးရတွေ ဖြေရှင်းဖို့ အဖြေရှာကြရလိမ့်ဦး မယ်။
--------
◾️အဆိုးဆုံးကတော့…ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ “ဝ”လိုမျိုးဒေသမှာ ပြည်ထောင်စုရဲ့ အာဏာစက်မသက်ရောက်တဲ့အခြေအနေတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးထားတာ တောင် အကျိုးစီးပွားကို မက်ပြီး နယ်မြေချဲ့ထွင်လာတဲ့ စစ်ပွဲတွေ၊ အပစ်အခတ်ရပ်စဲ ထားတာတောင် အကျိုးစီးပွားအရ ပြည်ထောင်စုကို မငဲ့တဲ့ လက်နက်ခဲယမ်း ထောက်ပံ့ပေးမှုအခြေအနေတွေ၊ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး သဘောထား ကြီးပေးခဲ့ရတဲ့ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က လုပ်ထုံးလုပ်နည်းမှားတဲ့ စီမံကိန်းတွေ၊ လူမျိုးစွဲ၊ ဒေသစွဲနဲ့ အမြင်ကျဉ်းမြောင်းကြတဲ့ အခြေခံစိတ်ဓာတ်ညံ့ဖျင်းမှုတွေကို ….သေချာပေါက် ဖြေရှင်းဖို့ လိုနေပါလိမ့်မယ်။
(နရီမိုး)
ကျားဖြန့်နဲ့ပတ်သက်ရင် အရင် ကိုဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်းကို ပြန်ပြီး နောက်ကြောင်းပြန်ရလိမ့်မယ်။
အဲ့ဒီ သတင်းစာရှင်းလင်းပွဲကလည်း အပြည့်အစုံထုတ်ပြန်ချက်မဟုတ်ခဲ့ဘူး။ သဘောကတော့ ရွှေကုက္ကိုလ်စီမံကိန်းတွေက အောက်ခြေမှာ အတော်ရှုပ်ထွေးခဲ့ဟန် ရှိခဲ့တယ်။
နားလည်သလောက်ဘာသာပြန်ကြည့်ရင်...
1) ဥပဒေကျော်လွန်ပြီး လုပ်တာတွေရှိခဲ့တယ်။ အစိုးရဘက်ကတော့ ဒါကို လုပ်ထုံးလုပ်နည်း မှားတယ်လို့ သတ်မှတ်ခဲ့တယ်။
2) လက်နက်ကိုင်တွေဘက်ကတော့ ဒေသ ဖွံ့ဖြိုးရေးလို့ အကြောင်းပြခဲ့ ပုံရတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က သီးသန့်စုံစမ်းရေးကော်မတီတွေ ဖွဲ့ပြီး စိစစ်ခဲ့ကြပေမယ့် နောက်ကွယ်မှာ ငြိမ်းချမ်းရေး Peace Process ကို ထိခိုက်သွားမှာစိုးလို့ အတော်လေး ကိုင်တွယ်ရခက်ခဲ့တယ်လို့ သုံးသပ်ရတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ထုတ်ပြန်ချက်မှာ
1) ရွှေကုက္ကိုလ်၊ ကျောက်ခက်နဲ့ KK Park က ကျားဖြန့်တွေကို အပြီးတိုင် ဖြေရှင်းမယ်လို့ ပြောသွားတယ်။
2) သောက်ပေါတွေက ပယ်ဆောက်ချိန်ကို နမူနာပြပြီး စောချစ်သူနဲ့ DKBA ကို အရေးယူလိမ့်မယ်၊ ဒါနဲ့ဆက်စပ်ပြီး တပ်ချုပ်ကိုပါ အမေရိကန်က ဖမ်းမယ် ဘာညာ အသံလွှင့်နေတယ်။ တကယ်က မြေငှားစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ KNU က လက်ရှိတာဝန်ရှိ ပုဂ္ဂိုလ်တွေကို လက်ညိုးထိုးဖို့ကြ အရူးကွက် နင်းနေကြတယ်။ စောချစ်သူနဲ့ DKBA က ခေါင်းဆောင်တွေကို ပိတ်ဆို့ အရေးယူပြပေမယ့် KNU က ခေါင်းဆောင်တွေကိုတော့ အမေရိကန်ဘက်က ဘာအသံထွက်ပြလို့လဲ။ တကယ်က အစိုးရလုပ်မဲ့ ရွေးကောက်ပွဲကို DKBA ၊ BGF တို့က ထောက်ခံကြောင်း ကြေညာခဲ့လို့ Double Standard ကျင့်သုံးတာ။
3) တကယ်က ကျားဖြန့်လုပ်ငန်းဆိုတာ မြန်မာ တနိုင်ငံတည်းရှိတာ မဟုတ်ဘူး။ ဒေသတွင်းက မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား နယ်စပ်တွေအထိ ကျယ်ပြန့်တယ်။ စောချစ်သူက တချိန်က BGF ဖြစ်ခဲ့တယ်။ ပယ်ဆောက်ချိန်ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အစိုးရ အကြီးအကဲ ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်မိုးမြင့်ထွန်း ၊ ပြည်ထဲရေးက ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေး ဒုဝန်ကြီးတို့ကိုတောင် အရေးယူပြနေချိန်မှာ ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မ နိုင်ငံတော်က အရေးယူလိမ့်မယ်။
4) ထိုင်း-ကမ္ဘောဒီးယား အရေးနဲ့ပတ်သက်ပြီး သပ်ဝင်လျှိုလာတဲ့ အမေရိကန်က ကျားဖြန့် အကြောင်းပြပြီး ထိုင်းမှာ အခြေချ ကစားမှာက မြန်မာက ကျားဖြန့်ရှင်းလင်းရေးမှာ ဝင်ပါဖို့ ဆိုတာထက် ထိုင်းနိုင်ငံရေးကနေ တရုတ်-မြန်မာ နိုင်ငံရေးကို ထိန်းကျောင်းဖို့ဆိုတာ သာမန် ကလေးတွေတောင် တွေးနိုင်တယ်။
5) နောက်ဆုံးအချက်ကတော့ ကျားဖြန့်ရှင်းလင်းရေးနဲ့ပတ်သက်ပြီး အဆောက်အဦ ဖြိုချမှုတွေက ထိုင်းနိုင်ငံဘက် ရောက်ဖို့ထက် ကြားထဲက မဲဆောက်ချောင်းထဲတောင် မကျဘူး၊ သိပ်-င်မယားနဲ့လို့ ပြောသွားတာ။ ကျားဖြန့် လုပ်ငန်း လုပ်တဲ့ သူတွေကလည်း ၉၅ ရာခိုင်နှုန်းက ထိုင်းကလာတာဖြစ်တယ်။ လိုအပ်တဲ့ လျှပ်စစ်နဲ့ အင်တာနက်က ထိုင်းက ရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တယ်။ အဖြေက ရှင်းရှင်းလေးပဲ။
6) တကယ်က ကရင်လက်နက်ကိုင်တွေ သန္ဓေ မမှန်တာလို့ ပြောလို့ရတယ်။ ရှမ်းမြောက်က စစ်ထ ဖြစ်တော့ စစ်တပ်က အင်အားမရှိတော့ဘူး ဆိုတဲ့ ယူဆချက်နဲ့ ကရင် လက်နက်ကိုင်တွေပေါင်းပြီး မြဝတီ အခြေပြု နယ်မြေ တစ်ခု ထူထောင်ဖို့ ကြိုးစားကြတာ။ ဒါ့ကြောင့်လည်း BGF က KNA ဆိုပြီး တစခန်း ထ လာတာဖြစ်သလို KNU က အင်းစိန်မှာ ဌာနချုပ် လုပ်မယ်ဆိုပြီး စိန်ခေါ်လာခဲ့တာ ဖြစ်တယ်။
အကုန်ချုပ်လိုက်ရင် ဘာဆက်လုပ်ရမယ်ဆိုတဲ့ မာစတာ ပလန်က စစ်တပ်မှာ ရှိထားပြီးလောက်ပြီ။ ကံဆိုးတာကတော့ ကျားဖြန့် ခေါင်းစဉ်အောက်ကို ရောက်သွားတဲ့ KNU ပဲ။ ကျားဖြန့်ရဲ့ စုပေါင်းစပ်ပေါင်း သဘောတူညီချက်တွေအရ ကရင်လက်နက်ကိုင်တွေ စုပေါင်းပြီး စခဲ့တဲ့ ဇာတ်လမ်းဖြစ်လို့ သူတို့ကိုယ်တိုင်ပဲ အဆုံးထိ ဇာတ်ပြန်သိမ်းပေးဖို့ လိုလိမ့်မယ်။
စောချစ်သူနဲ့ DKBA ကိုပဲ ဇောင်းပေးနေတဲ့သူတွေအနေနဲ့ ကျားဖြန့်စင်တာတွေ ဖြစ်ပေါ်လာဖို့ မြေငှားစာချုပ်မှာ လက်ရှိ KNU ရဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်တာကရော လွတ်မယ် ထင်နေလို့လားလို့ပဲ တစ်ခွန်းတည်း မေးရမယ်။
တပ်မတော်ရပ်တည်ချက်က ရှင်းတယ်။ ကျားဖြန့်နဲ့ပတ်သက်ရင် အဆုံးထိ အရေးယူ တိုက်ဖျက်မယ်ဆိုပြီး ပြောခဲ့ပြီလည်း ဖြစ်တယ်။
(နရီမိုး)
“သုံးပါးရတနာကိုးကွယ်ရာ”
🔷🔷🔷🔷🔷🔷🔷🔷🔷
မိရိုးဖလာဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေက အများလုပ်လို့ လိုက်လုပ်နေကြတာများတယ်။
ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားပြီးအလေးအနက် လုပ်ကြတာနည်းတယ်။
လေးနက်မှု့ မရှိတဲ့အတွက်ကြောင့် တချို့မြန်မာလူမျိုးတွေရဲ့အိမ်မှာ ရတနာသုံးပါးတွင်မကဘူး တခြားနတ်တွေပါ ရောက်လာကြတယ်။
ဒါဟာ လေးနက်မှု့မရှိလို့ ဖြစ်ရတာ။
မြတ်ဗုဒ္ဓကဟောတယ်… " သုခေါဗုဒ္ဓါန မုပ္ပါဒေါ " လောကမှာဗုဒ္ဓလို့ခေါ်တဲ့ အမှန်တရားသိတဲ့ ပုဂ္ဂိုလ်ပေါ်ထွန်းလာတာဟာ သတ္တဝါတွေ ချမ်းသာဖို့အတွက်ပဲတဲ့။
ဗုဒ္ဓက သတ္တဝါတွေဒုက္ခကလွတ်ပြီး ချမ်းသာသုခရအောင်_တန်ခိုးတော်နဲ့ မ,စ ကယ်တင်တာလားဆိုတော့ မဟုတ်ဘူး။
မ,စ ကယ်တင်ဖို့ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်ပေါ့။ မိမိသန္တာန်မှာဖြစ်လာတဲ့ ကုသိုလ်တရားကသာလျှင် ကယ်တင်နိုင်တဲ့အရာဖြစ်တယ်။ ဒီသဘောတွေကို ဆင်ခြင်စဉ်းစားပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့ မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့_စစ်မှန်တဲ့ကိုးကွယ်မှု့ရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။
ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့တရား အမှန်သိအောင်လုပ်ဖို့အတွက် ဘာအရေးကြီးလည်းဆိုရင် စိတ်ဖြူစင်အောင်လုပ်ဖို့ အရေးကြီးတယ်။
စိတ်ဖြူစင်ရမယ်ဆိုတာ စိတ်ဟာဘာနဲ့ဥပမာတူလည်းဆိုရင် ကိုယ့်အိမ်မှာအသုံးပြုနေတဲ့ မှန်နဲ့တူတယ်။
မှန်ပြင်ဟာ မှုန်မှုန်ဝါးဝါးမရှ်ိဘဲနဲ့ ကြည်ကြည်လင်လင်ဖြစ်လေလေ ရုပ်ပုံက ပီပီပြင်ပြင် ဖြစ်လေလေပဲ။
ကိုယ့်စိတ်အခြေအနေကလည်း ဒီလိုပဲ။စင်ကြယ်လေလေ မိမိရဲ့သန္တာန်မှာရှိတဲ့ သဘာဝတရားကို ပီပီပြင်ပြင်မြင်ရလေလေပဲ။
မိမိရဲ့သန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို ပီပီပြင်ပြင်မြင်ချင်ရင် စိတ်ကိုကြည်ကြည်လင်လင်ဖြစ်အောင်လုပ်ပါ။
မြတ်စွာဘုရားကိုကြည်ညိုရခြင်းရဲ့ အကျိုးဟာ အင်မတန်မှကြီးမားတယ်။ အပါယ်ကနေလွတ်ဖို့ဆိုတာ အကုသိုလ်တွေပြည့်နှက်နေကြတဲ့ သတ္တဝါတွေ သံသရာမှာ အမှားမှားအယွင်းယွင်းတွေ ပြုလုပ်ခဲ့သည့်အတွက်ကြောင့် အကုသိုလ်တရားတွေ မြောက်မြားစွာကိန်းနေတဲ့သတ္တဝါတွေ အပါယ်ကျဖို့ အလားအလာ အင်မတန်မှများတယ်။
အဲဒီလို အပါယ်ကျန်ိုင်တဲ့ အကုသိုလ်တွေရှိနေပေမယ့် မြတ်စွာဘုရားပေါ်မှာ ကြည်ညိုတဲ့သဒ္ဓါစွမ်းအားက အပါယ်မကျအောင်ထိန်းထားပေးတယ်။
မြတ်စွာဘုရားက တရားကိုဖန်တီးခဲ့သူ မဟုတ်ဘူး။တွေ့ရှိခဲ့သူ
တကယ့် သဘာဝရှိနေတဲ့အရှိကို တွေ့ရှိတဲ့သူ။
လောကကြီးမှာရှိနေတယ်…ဒါပေမယ့် လူတွေကသတိမထားမိလို့ဖြစ်စေ အသိဥာဏ်မမှီလို့ဖြစ်စေ မတွေ့နိုင်ကြဘူး။ရှိပြီး မတွေ့ကြတာတွေ အများကြီးပဲ။
မြတ်စွာဘုရားကို တပည့်တွေကရိုသေလေးစားတယ်ဆိုတာ အခြားအကြောင်းတွေကြောင့်မဟုတ်ဘူး။
(၁) အဆင့်မြင့်တဲ့ကိုယ်ကျင့်တရား
(၂) အရာရာကိုစူးစူးရှရှ မြင်န်ိုင်တဲ့အမြင်
(၃) ကြီးမားတဲ့ဥာဏ်ပညာ
(၄) သစ္စာတရားဟောကြားတဲ့နေရာမှာ တိကျခိုင်မာမှု
(၅) ကျင့်စဉ်ကိုကျင့်တဲ့အခါမှာ အောင်မြင်ပေါက်မြောက်နိုင်တဲ့ အကျင့်မှန် လမ်းမှန်တွေကို ဖေါ်ပြဟောပြပေးနိုင်မှု
ဆိုတဲ့ ဒီအချက် ၅ ချက်ဟာ တပည့်များက လေးစားမြတ်နိုးရခြင်း အဓိကအကြောင်းတရားတွေဖြစ်တယ်။
ဒါ့ကြောင့် တရားချစ်ခင်သူတော်စင်အပေါင်းတို့ ဗုဒ္ဓမြတ်စွာကို ကြည်ညိုလေးစားကြရတယ်ဆိုတာ သူမတူအောင် အလွန်ထူးချွန်တဲ့ ဒီအချက်တွေကိုကြည့်ပြီး မြတ်စွာဘုရားဟာ တလောကလုံးကဦးညွှတ်လေးစားရတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်သောကြောင့် ဗုဒ္ဓဂုဏ်ကိုအာရုံပြုပြီး မြတ်စွာဘုရားချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကျင့်ကြံကျိုးကုတ် အားထုတ်ကြမယ်ဆိုရင် ဘုရားဟောတဲ့အတ်ုင်း ဒီလမ်းလျှောက်ရင် ဒီစခန်းရောက်တယ်ဆိုတာကို ယုံကြည်သိမှတ်ပြီးတော့ မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေကို ကျင့်ကြံကျိုးကုတ်အားထုတ်ခြင်းဖြင့် နောက်ဆုံးထာဝရအငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ
ကုန်သတည်း။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ 🙏🙏🙏
Рост подписчиков
Публикации
Просмотры
Средний охват + ERR%
Владелец канала не предоставил расширенную статистику, но Вы можете сделать ему запрос на ее получение.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.