comment box
Информация о канале обновлена 04.10.2025.
comment box
လွန်ခဲ့တဲ့ တလခန့်က ( 8 - 8 - 2025 ခန့်) ဥက္ကဌ ကျော်ကျော်၀င်းအိမ်ထဲ PDF တွေရောက်လာပြီး ထမင်းစားကြပါတယ် ။ ရွာသားတွေက ဝိုင်းဖမ်းတဲ့အခါ ထွက်ပြေးလွတ်မြောက်သွားကြပါတယ် ။
ဒါတွေကို တိုင်မယ်ဆိုတဲ့ ယခင်ဥက္ကဟောင်း ဦးခင်မောင်ရွှေအား ဒါးနှင့်ထိုးသတ်ရာ ဒဏ်ရာများစွာ ရရှိထားပါတယ် ။ ဒါးနဲ့ထိုးသူလည်း ယခုအချုပ်ထဲမှာ ရှိနေဆဲပါပဲ ။
မောင်ဝင်းဆိုတဲ့ PDF နဲ့ အခြားတယောက်ကို မိုင်းခွဲနေတုန်း မိကြပါတယ် ( ယခုထိ အချုပ်ထဲမှာပါ) ယင်းတို့အား ဖမ်းဆီးအချုပ်ဆီပို့တော့ လက်ထိပ်မခပ်ရန် ကျော်ကျော်ဝင်းက ပြောခဲ့ပါတယ် ။ ( သူ့အပေါင်းအသင်းမို့ ဒီလိုပြောတာပါ)
ယခုအခါ ကျော်ကျော်လင်းရဲ့ ညီ PDF မျိုးမြင့်ကျော်အား အလင်းဝင်လာပြီဟု ဆိုကာ ပြန်ခေါ်ထားပါတယ် ( ပုသိမ်မှာရှိတဲ့ အလင်းဝင်စာရင်းထဲမှာ မပါဘူးလို့ ပြောကြပါတယ် ) ။ ဒီထက်ဆိုးတာက ယခုမျိုးမြင့်ကျော်သည် ခစဖ ဗိုလ်မှူးကြီး အောင်ဘုန်းဟန်ရဲ့ တာ၀န်ကျရိပ်သာမှာနေပါသတဲ့ ။
ကဲ လပွတ္တာမြို့နယ် သစ်ပုတ်အုပ်စုက ဥက္ကဌကျော်ကျော်ဝင်း နဲ့ ဝေစားမျှစားတွေ အကြောင်း သိရသလောက်ပါပဲ ။ ဘယ်လိုသိလည်း မမေးနဲ့ ကျော်ကျော်ဝင်းကို တိုင်ကြားလို့ဆိုပြီး လပွတ္တာအာဏာပိုင်တွေက ခြိမ်းခြောက်ထားလို့ ရွာမပြန်ရဲတဲ့ သစ်ပုတ်ရွာသားတွေကိုယ်တိုင် ခဲရာခဲဆစ် ရန်ကုန်ထိ ရောက်လာပြီး သက်သေတွေနဲ့ တကွ နိုင်ငံတော်လူကြီးမင်းတွေဆီ တိုင်ပေးပါလို့ အကူညီတောင်းလာလို့ပဲ ။
( အသံဖိုင် သက်သေတွေပါပူးတွဲ ပေးပို့ တိုင်ကြားပြီးပါပြီ ၊ ဘာဆက်ဖြစ်မလဲတော့ ကိုယ်တွေလည်း သာမန်ပြည်သူ အရပ်သားမို့ မပြောနိုင်ပါဘူး )
ကိုရွှေမျိုးဝင်း
နယ်စွန်နယ်ဖျား ပြဿနာများ
===========================
မြန်မာပြည်အစွန်အဖျား လပွတ္တာ မြို့နယ်ထဲမှာ သစ်ပုတ်အုပ်စုဆိုတဲ့ ပင်လယ်ကမ်းခြေက ရွာပေါင်း ၁၂ ရွာ စုပေါင်းထားတဲ့ နေရာရှိပါတယ် ။ နိုင်ငံတော်ကနေ အိမ်ခြေ ၄၀၀၀ ခန့် ရှိတဲ့ ရွာ ၁၂ အုပ်စုအတွက် ၁၅ ရက်လျှင်တကြိမ် စားအုံးဆီ ၅၀ ကျပ်သားအား ( တပိဿာ ၁၁၀၀၀ိ / နှုံး) ရောင်းချပေးစေခဲ့ပါတယ် ။
အုပ်ချုပ်ရေးမှူးက အုပ်စုတခုလုံးမှ တဦးပဲ ရှိပါတယ် ။ အင်မတန်တော်တဲ့ အုပ်ချုပ်ရေးမှူးဆိုတော့ 2024 မှာ ၂ ကြိမ် ၊ ယခု 2025 မှာ တကြိမ်ပဲ ရောင်းချပေးခဲ့သတဲ့ ။ ၁၆ လ အတွင်း ၃ ကြိမ်သာ ရောင်းချပေးခဲ့လို့ ရွာသူရွာသားများက မကျေနပ်ကြပါဘူး ။ နိုင်ငံတော်က တအိမ်ထောင် ဆီထုတ်ခွင့်စာအုပ် ၁ အုပ်စီ စနစ်တကျလုပ်ပေးခဲ့ပေမယ့် ၃၂ ကြိမ် ရောင်းချပေးရမှာကို ၃ ကြိမ်သာ ရောင်းချခဲ့ပါတယ် ။
ထို့ကြောင့် အပေါ်လူကြီးများထံ လက်မှတ်ရေးထိုးတိုင်ကြားကြပါတယ် ။ ယင်းအပေါ် လပွတ္တာမြို့နယ် မစဖ ဗိုလ်မှူးမှ တိုင်ကြားသူများအား ခေါ်ယူစစ်ဆေးပါတယ် ။ စစ်ဆေးရာမှာ စားပွဲအား တပြန်းပြန်းရိုက်ပြီး ကြမ်းတမ်းစွာပြောဆိုမေးမြန်းပါတယ် ။
အမျိုးသမီး ၄ ဦးမှ သွားရောက်အစစ်ခံရာ ၂ ဦးအား အိမ်ထောင်ဦးစီးမဟုတ်လို့ ထွက်ဆိုချက်မပေးရဘူးတဲ့ ။ ဒါဆိုကျမကိုယ်တိုင် ထပ်တိုင်မယ် မီဒီယာနဲ့ အင်တာဗျူးတာလည်း ကျမပါတယ်လို့ ပြောသော်လည်း လက်မခံပဲ...
- အခု ဦးစီးပြီးတိုင်တဲ့ နိုင် ဆိုတဲ့ အဖိုးကြီးလည်းထောင်ကျမယ်...
- အင်တာဗျူးတဲ့ ကောင်မလည်း ထောင်ကျမယ်...( တရားဝင် မီဒီယာဖြစ်တဲ့ Union voice မှ ဝန်ထမ်းဖြစ်ပါတယ်)
- နင်လည်းထောင်ကျမယ်...
လို့ ခြိမ်းခြောက်ပါတယ် ။ ထို့နောက် ကျန်အမျိုးသမီး ၂ ဦးအား စစ်ဆေးရာမှာလည်း နိုင်ငံတော်ခွဲတမ်းအား မျှမျှတတ ပေးပါ မပေးရင် အရေးယူပေးပါလို့ ခပ်တင်းတင်းပြောတော့ ပြန်မပြောပဲ နောက်ဖေးပေါက်က ထွက်သွားသတဲ့.... ဒါက စားဆီ ပြဿနာပါ ။ ( ယခု တအိမ်ထောင်ခြင်း ပေးထားသော စားဆီစာအုပ်များအား ပြန်လည်သိမ်းယူထားလိုက်ပါပြီ ဘာအကြံအဖန်လုပ်မယ် မသိပါဘူး)
နောက်..မြေယာပြဿနာ ။ သစ်ပုတ်က ပင်လယ်ကမ်းစပ်က ရွာဆိုတော့ နှုံးမြေပို့ချပြီး လယ်မြေသစ်တွေ အနည်းငယ် ဖြစ်ထွန်းတတ်ပါတယ် ။ တသီးစားတော့ စိုက်ပျိုးလို့ရပါတယ် ။ အဲဒီ လယ်မြေကျဥ်းကျဥ်းလေးကို ကပ်သီးကပ်သပ် စိုက်ပျိုးကြရတဲ့ဆင်းရဲသားတွေ ရှိပါတယ် ။
သီးစားခဆိုပြီး ၅၀၀၀၀ ကျပ်ပေးရသတဲ့ ။ အဲဒါကိုပဲ အခုဖယ်ရှားခိုင်းနေပါတယ် ။ ဖယ်ခိုင်းနေတဲ့ ဥက္ကဌကျော်ကျော်ဝင်းကတော့ အစိုးရပိုင် သစ်တောမြေထဲက အပင်တွေခုတ်ပစ်ပြီး စိုက်ပျိုးနေတာ ဧက ၂၀၀ မှ ၃၀၀ ကြားရှိသတဲ့ ။ ဘက်ဖိုး ၃ စီးဝယ်ပြီး လုပ်နေတာလို့ သိရပါတယ် ။ ဒါက မြေပြဿနာပါ....
နောက်တခုက စစ်မှုထမ်းပြဿနာ.. ရွာပေါင်း ၁၂ ရွာအတွက် ပြည်သူ့စစ် ၃ လ တကြိမ် တာဝန်ကျပါသတဲ့ ။ အဲဒါ လစဥ် တအိမ်ထောင် ၁၅၀၀၀ိ / နှုံးကောက်တယ် ။ အိမ်ခြေ ၄၀၀၀ ဆိုရင် တလ သိန်း ၆၀၀ ရသတဲ့ ။ ၃ လ တကြိမ် လူထည့်ရပြီဆိုရင် ကာယကံရှင်ကို သိန်း ၅၀ အပေးပြသတဲ့ ။
စရိတ်နှုတ် အမြှီးဖြတ် ခေါင်းဖြတ်နဲ့ ကာယကံရှင်က သိန်း ၃၀ တောင် အပြည့်မရဘူးတဲ့ ။ လစဥ်ကောက်ထားတဲ့ ငွေတွေများလွန်းနေလို့ လျော့ကောက်ပါဆိုလည်း မရဘူးလို့ သိရပါတယ် ။ ( ဒီအချက်က မိန်းကျလာပါလိမ့်မယ် ဆက်ဖတ်ကြည့်ပါ) ဒါက စစ်မှုထမ်းပြဿနာ....
အရေးကြီးက PDF ပြဿနာပါပဲ ။ အေးချမ်းနေတဲ့ ဧရာဝတီတိုင်းထဲမှာ PDF ပြဿနာစဖြစ် လာတာ အဲဒီ သစ်ပုတ်အုပ်စု ဥက္ကဌ ကျော်ကျော်ဝင်းရဲ့ညီ မျိုးမြင့်ကျော် ကြောင့်ပါပဲ ။ မျိုးမြင့်ကျော်ကို မြောင်းမြမြို့နယ်က အမှုဖွင့်ထားတယ်လို့လည်း ကြားသိရပါတယ် ။
PDF တွေ သစ့်ပုတ်ကို ဝင်ထွက်သွားလာနေတော့ စက်လှေသမားကို သေနတ်နဲ့ချိန်ပြီး မောင်းပို့ခိုင်းတတ်ပါတယ် ။ ကျော်ကျော်ဝင်းက တလ ၁၀ သိန်းထောက်ပံ့တယ် ။ ရွာသားတွေက နယ်မြေခံ တပ် ၊ ရဲ ၊ စရဖ တို့ထံ သတင်းပို့ တိုင်ကြားသော်လည်း အားလုံး ဖုံးဖိထားကြပါတယ် ။
စက်လှေသမားလေးကို ငွေကြေးများအား ဘယ်သူ့ဆီသွားပေး ဆိုပြီး ခိုင်းလေ့ရှိလာပါတယ် ။ ကောင်လေးက ကြောက်လာပြီး ကျနော့်ကို ပုသိမ်လိုက်ပို့ပါ လပွတ္တာက တိုင်လို့မရဘူး ၊ ဖမ်းချင်လည်းဖမ်းပါစေ ပုသိမ်ထိ ထွက်ဆိုချက်ပေးပါမယ်လို့ တောင်းဆိုခဲ့ပါတယ် ။
ဒီတော့ ပုသိမ် စရဖ ဆီလိုက်ပို့ပြီး ထွက်ဆိုစေခဲ့ပါတယ် ။ ပုသိမ် စရဖ မှ မှတ်တမ်းယူထားပြီး သတင်းက update မဖြစ်လို့ ဆိုပြီး အရေးမယူပါဘူး ( ပြစ်မှုက ဆွေးတယ်မရှိလို့ပဲ ကြားဖူးပါတယ်)
PDF တွေဟာ ကျော်ကျော်ဝင်း အချိတ်အဆက်နဲ့ ရွာဝန်းကျင်က နေရာတွေမှာ ၁၅ ရက် တလ ခိုအောင်းပြီး တာဝါတိုင်တွေ ဖောက်ခွဲကြပါတယ် ။ ရွာသားတွေက သိရှိပြီး တပ်ကိုသတင်းပေးရင် ( ခရီးက ၇ နာရီကြာ စက်လှေမောင်းရပါတယ် ) တပ်ကလိုက်လာချိန်မှာ စားစရာနဲ့ ရေပုလင်းပဲ တွေ့ရပါတယ် လူတွေ မရှိတော့ပါဘူး ။ ဥက္ကဌ ကျော်ကျော်လင်းထံမှ သတင်းကြိုရလို့ တိမ်းရှောင်နိုင်ကြတာလို့ ဆိုပါတယ် ။
နဲနဲတော့ ပြောချင်ပါတယ်
=======================
ပြည်သူ့စစ်မှုထမ်း ကိစ္စပါ ။ အမှန်က ရပ်ကျေး အဆင့်က စာရင်းတင်ပြ ၊ စစ်မှုထမ်းဗဟိုသည် အသက်အပိုင်းအခြားအရ ဦးစားပေးအဆင့် အမည်တွေ ကြေညာ ။ အခုဒီလိုမလုပ်တော့ ရပ်ကြေးတွေကလည်း ဂွင်တွေ့ အထက်နဲ့ပေါင်းစားကြတယ် ။
ဒါဆို ပြည်သူတွေကရော တာဝန်ကျေကြသလားကြည့်ပါ ။ ကျိုယျ့သားသမီး ပါသွားရင် ( တွေ့သမျှ ဖမ်းခေါ်လို့ပဲ ဖြစ်ဖြစ်) အိမ်ပေါင် ခြံရောင်း သိန်းရာချီပေး လိုက်ရွေးကြတယ် ( လာဘ်စားကောင်တွေ အကြိုက်ပေါ့) တိုင်းပြည်ကာကွယ်ဖို့ တာဝန်ရှိတယ် လိုက်သာသွားလို့ သဘောမထားနိုင်ကြပါဘူး ။ နိုင်ငံသားတာဝန်မဲ့နေကြတာလည်း အရှိတရားပဲ ။
လစဥ်ကြေးကောက်တယ် ၊ ငွေပေးရွေးတယ် ဆိုတာ ဥပဒေနဲ့ မညီဘူး ။ စနစ်တကျတိုင်ကြပါဆိုတော့.... ? မီဒီယာသမားတွေဆီ ငိုပြကြဖို့ပဲ သိတယ် ကိုယ်တိုင်အားမထုတ်ကြဘူး ။ ဒါတွေက လက်ရှိဖြစ်နေကြတဲ့ အမှန်တရားတွေပဲ ။
- အင်မတန်ရှင်းလင်းအောင် စီမံဆောင်ရွက်လို့ ရနေပါလျှက် မှေးနေကြတဲ့ စစ်မှုထမ်းဗဟိုအဆင့်မှ ရပ်ကျေးအထိ......
- တိုင်းပြည်တာဝန်အား ထမ်းဆောင်ရမယ့်တာဝန်အပေါ် ငွေကြေးလာဘ်ထိုး တိမ်းရှောင်ချင်သော တာဝန်မဲ့ မိဘပြည်သူ....
ပုံပြင်ဟောင်းလေး ပြန်ပြောခွင့် ပြုပါ ။
" ငမျိုးရေ အခုတလော အသံကျယ်လာတဲ့ ပြည်သူ့စစ်မှုထမ်း လူဖမ်း ငွေတောင်းပြဿနာလေး မေးချင်လို့ကွ ''
" နေအုံး ကျုပ်အရင်ပြောမယ် ၁၉၉၈ လောက်တုန်းက မြွေအရှင်တွေ အရောင်းအဝယ် ဖြစ်ကြတာ မှတ်မိသေးလား ''
"အေး သိတာပေါ့ ဟ တပိဿာ ၃၀၀၀ ကျပ်အထိ စျေးကောင်းခဲ့တာပဲ ကွ ''
"ဟုတ်တယ် ကျောင်းဆရာ တယောက် တလ လစာ ၉၅၀ ခေတ်က မြွေတပိဿာ ၃၀၀၀ ကျပ်ဆိုတာ အခု လစာနှုံးနဲ့ ပြန်တွက်ရက် တပိဿာကို ခြောက်သိန်းလောက် ပေးဝယ်တဲ့ သဘောပဲ ဗျ ''
"အေး ဟ ဒီလို တွက်ကြည့်တော့ ဟုတ်တာပဲ ကဲ ဆက်ပါအုံး ''
"ဒီတော့ မြွေဖမ်းရောင်းစားသူတွေ များလာသလို မြွေဝယ်သူဒေသခံ လူလည်တွေလည်း များလာရောဗျို့ ''
"အေး ဒီတော့... ''
"မြွေက မြွေပွေး ၊ မြွေဟောက် ၊ လင်းမြွေ အဲဒီ သုံးမျိုးပဲ ဝယ်တာဗျ ''
"အေး ဟုတ်ပါ့ မှတ်မိတယ် ကွ''
"လင်းမြွေမှာ ပြဿနာ ရှိတာက လင်းမြွေ ၂ ထဲက တမျိုးဝယ်ပြီး နောက်တမျိုး မဝယ်ဖူး ဗျ ''.
"ဟေ အဲဒါတော့ မသိဖူး ကွ ရှင်းပြအုံးကွ ''
"လင်းမြွေ အနက်ကို ဝယ်ကြတယ် ၊ ဘေးက အဝါစင်း ပါတဲ့ ဒေသအခေါ် လင်းဝါနံကြောင် ကို မဝယ်ဖူး ဗျ ''
"အေး မျက်စီထဲ မြင်ပြီ ဒီတော့ ''
"တရက်မှာ စခန်းမှူးဆီကို မြွေဝယ်တဲ့ သူက လာတိုင်တယ် ဗျ ''
"အင်း ရဲ ပါလာပြီ ဘာဆက်ဖြစ်လဲ ကွ ''
"ဘာလို့ တိုင်တာလဲ ဆိုတော့ လင်းမြွေကို လိမ်ရောင်း သွားလို့တဲ့ ''
"ဟမ်.... မြွေကို ဘယ်လို လိမ်ရောင်းသလဲ ကွ ''
"အစောက ပြောထားတဲ့ မဝယ်ဖူး ဆိုတဲ့ လင်းဝါနံကြောင်ကြီးကို အဝါစင်းပျောက်သွားအောင် ဆံပင်နက်ဆေးတွေ နဲ့ အရောင်ဆိုးပြီး လာရောင်းတာတဲ့ ဗျ ''
"ကြံကြံ ဖန်ဖန် ကွာ ဝယ်သူက ဘယ်လို သိသွားတာလဲ ကွ ''
"မြွေတွေကို ဖျင်အိတ်ထဲ ထည့်ပြီး ဖမ်းသိမ်းကြတဲ့အခါ အဲဒီနေ့က ဖျင်အိတ်ကုန်နေလို့ ဆိုပြီး မြူအိုးအသစ်ထဲ ထည့်ထားသတဲ့ ''
"အေး ဟုတ်ပြီ ''
"မြူအိုးကျဥ်းလေးထဲ မြွေက တွန့်လိမ်ပွတ်သပ် ထွက်ပေါက်ရှာမှာပေါ့ ဗျာ အဲဒါ မနက်လင်းတော့ အိတ်ထဲ ထည့်ဖို့ သွားကြည့်လိုက်တာ မြူအိုးတခုလုံး မဲနေတာနဲ့ မြွေကို မသင်္ကာလို့ ဆပ်ပြာနဲ့ ဆေးကြည့်လို့ သိရတာတဲ့ ''
"ရှာရှာဖွေဖွေကွာ အဲဒီလိမ်တဲ့ကောင် ဖမ်းရောလား ''
"နေအုံး စခန်းမှုးက ထပ်မေးတာပေါ့ ဒါဆို လိမ်တဲ့ကောင်က ဘယ်သူလဲ ပေါ့ ''
"အေး ဘယ်သူတဲ့လဲ ကွ ''
"လာပြီးရောင်းတဲ့ အချိန်က နေဝင်ဖြိုးဖျလေး တဲ့ နောက်ပြီး သူကလည်း မြွေကိုအလေးချိန် တဆယ်သားလောက် ခိုးချိန်ထားလို့ ပိုင်ရှင်ကို မကြည့်ရဲတာနဲ့ ဘယ်သူမှန်း မသိဖူး တဲ့ ''
"ကောင်းရော ကွာ စခန်းမှူးက ဘယ်လိုလုပ် ဖမ်းမလဲ ကွ ''
"စခန်းမှူးက ပြောတယ် ဗျ အေး သူခိုးနဲ့ လူလိမ် နှစ်ယောက်လုံး ဖမ်းမယ် မင်းကို အရင်ဖမ်းရမယ် ဆိုတော့ လာတိုင်တဲ့ မြွေပွဲစားလည်း မနည်းတောင်းပန်ပြီး ပြန်ပြေးပါရောလား ဗျာ ''
"ပေါက်တီးပေါက်ရှာ ကွာ အဲဒါ ထားစမ်းပါအုံး ကွာ အခု ငါတို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း ပြဿနာကို ပြောကြည့်အုံး ''
"ကြီးကြီးကျယ်ကျယ် ဗျာ တိုင်းရေး ပြည်ရေး တွေးဆရအောင် ခင်ဗျားရော ကျနော်ကော ဘာကောင်တွေမှ မဟုတ်ဖူး အသာထားစမ်းပါ ဗျာ အခုလောလောဆယ် ခင်ဗျား ဒီလိုမေးလာတော့ ကျုပ်မျက်စိထဲ ဘာမြင်နေသလဲ သိလား ဗျ ''
"သိဖူးလေ ဘာမြင်နေလို့ လဲ ''
"ဆေးဆိုးပန်းရိုက်မြွေကြီး တွန့်လိမ် တွန့်လိမ် ဖြစ်နေတာ ပြန်မြင်နေတယ် ဗျို့ ''
"လစ်ပြီ ငမျိုးရေ မင်းဘာသာ အဲဒီမြွေကြီး လည်ပင်းပတ်ပြီး နေခဲ့တော့ ခွေးကောင် ငပိကျော်နံ့ မပါရင် ပြောကို မပြောတတ်တော့ဖူး ''
......ဟမ်..ကိုကြီးစိုးတယောက် ဘာတွေ အတွေးပေါက်ပြီး ကပျာကယာ ထပြေးသွားတယ် မသိဖူး ဗျာ ၊ ကျနော်က ကိုယ့်ဘာသာ ဆေးဆိုးထားတဲ့ မြွေကြီး တကယ်သတိရလို့ ပြောမိတာကို ပြေးတာ တန်းနေတာ ပဲ ၊ ကဲ ခင်ဗျားတို့ရော ကိုကြီးစိုး ဘာကြောင့် ထွက်ပြေးသွားလဲ သိကြရဲ့လား ဗျ
😁😁😁
ကိုရွှေမျိုးဝင်း
ရွှေဖလားနဲ့ သူတောင်းစား
=======================
တခါတုန်းက အင်မတန်ဥာဏ်တုံးတဲ့ သူတောင်းစားတယောက်ရှိတယ် ။ သူ့ကို သနားတဲ့ သူဌေးကြီးတယောက်က...
'' မင်းကို ငါက ရွှေ ၁ ပိဿာပေးရင် မင်းဘာလုပ် စားမလဲ ''
'' ဟာ...သူဌေးကြီးကလည်း '' အ ''ပါ့ဗျာ ရွှေ ၁ ပိဿာတောင် ရှိနေမှပဲ ရွှေဖလားကြီး လုပ်ပြီး တောင်းစားမှာပေါ့ ''
သူဌေးကြီးလည်း တွေးသတဲ့... အင်း.. ဒီလို ငတုံးမျိုးကို ရွှေပေးလည်း ရွှေဆုံးရုံထက်မပိုဘူး.. ဆိုပြီး ငွေတကျပ်ပေးပြီး ပြန်ခဲ့ရသတဲ့ ။
**********
၈၈ အရေးအခင်း စဖြစ်တော့ သူများယောင်လို့သာ လိုက်ယောင်ရတဲ့ ၈ ပူးတွေရော ပြည်သူတွေကော ဘာအော်လို့ အော်ရမှန်းတောင်မသိဘူး ။ ဒီမိုကရေစီ ဆိုတာ အဲဒီ ၈ ပူးတွေ ကြားတောင် မကြားဖူးကြသေးဘူး ။
ဦးနေဝင်းက သူ့မိန့်ခွန်းမှာ ပြည်သူတွေ တပါတီစနစ်ကို မကြိုက်ဘူးဆိုရင် ပါတီစုံဒီမိုကရေစီ စနစ်ကို ပြောင်းပေးရမယ် ဆိုပြီး ထည့်ပြောမှ ဂယောင်ခြောက်ခြား ဒီမိုကရေစီ ချက်ခြင်းပေး ထအော်ရတာ မင်းကိုနိုင် ကိုကိုကြီး မိုးသီးဇွန် မသေသေးဘူး မေးကြည့်ကြ ။
မဆလ ပါတီက ပါတီစုံရွေးကောက်ပွဲလုပ်ပေးမယ် ဆိုပြီး ကြေညာတော့လည်း ကြားဖြတ်အစိုးရတဲ့ ။ ငပိရလို့ ဆားတက်ကြယ်တဲ့ နိုင်ငံရေးလောဘအိုးတွေကြောင့် ဦးစောမောင်က အာဏာသိမ်းတယ် ။ ၁၉၉၀ မှာ ရွေးကောက်ပွဲကျင်းပပေးမယ် ။ အနိုင်ရအမတ်တွေ နဲ့ ပြည်သူယုံကြည်ရတဲ့သူတွေက ခြေ / ဥ ရေးဆွဲပါ ။ ခြေ / ဥ ဆွဲပြီးရင် အာဏာလွှဲပေးမယ် တဲ့ ။
NLD လည်း ရွေးကောက်ပွဲနိုင်ရော အာဏာချက်ခြင်းလွှဲပေးလို့တောင်းပြန်ရော ။ မဟုတ်ဖူး ခြေ / ဥ အရင်ဆွဲ ။ NLD က ခြေဥကို ကျုပ်တို့ ၂ နာရီအတွင်း ရေးဆွဲနိုင်သတဲ့ ။ ဟ.. ဒီလို မဟုတ်ဖူး ခင်ဗျားတို့ချည်း ဆွဲရင် ခင်ဗျားတို့ပါတီပဲ တသက်လုံးနိုင်အောင် တဖက်သပ်ရေးဆွဲသွားမှာပေါ့ ။
ဒီလိုနဲ့ မျမျတတ သာသာယာယာ ရေးဆွဲကြရင် ၂ နှစ်ထက် မကြာနိုင်ပေမယ့် ငြင်းကြ ခုန်ကြရင်း အကန်ဇယားခင်းနေလို့ ဦးသန်းရွှေက ပြောမရ ဆိုမရ အာဏာရူးတွေကို နပန်ကျင်းပြီး ၁၉၉၂ ကနေ ၂၀၀၈ အထိ စိန်ပြေနပြေ ခြေ / ဥ ရေးဆွဲခဲ့ပြန်တယ် ။
ကဲ နောက်ဆုံးတော့ ၂၀၀၈ အောက်မှာပဲ ကျမ်းသစ္စာဆိုပြီး NLD အာဏာရလာပါပြီ ။ ကျမ်းသစ္စာဆိုခဲ့ပေမယ့် သစ္စာဖောက်ပြီး ခြေ / ဥ ကို ဖျက်ဖို့အထိ အားထုတ်ကြတယ် ( ပြင်စရာရှိတာ လက်ခံကြပေမယ့် ဖျက်ဖို့လုပ်လာတာတော့ ဘယ်လက်ခံမလဲ) နောက် ဖျက်မရ ပြင်မရတော့ မဲခိုးတယ် ။
မဲ မသမာမှုလုပ်တော့မယ်ဆိုတာ သိသာနေလို့ တပ်မတော်က သတိထားစောင့်ကြည့်တယ် ။ ရှင်းခိုင်းတော့ မရှင်းပေးပဲ လူမိုက်စတိုင် လွှတ်တော်ဇွတ်ခေါ်ပြီး မတရားနည်းနဲ့ အာဏာရယူဖို့ အားထုတ်တယ် ။ တပ်ချုပ်ကြီးက အာဏာထိမ်းတယ် ။ ရွေးကောက်ပွဲ ပြန်လုပ်မယ် ၁ နှစ်ပဲစောင့်တဲ့ ။
အာဏာရူးတွေက လက်နက်ကိုင်တော်လှန်ကြတယ် ။ ပြည်သူတွေ ဘဝပျက်ကြရတယ် ။ ပြည်သူတွေသာ ဘဝပျက်ကြရတာ တပ်ချုပ်ကြီးက အေးအေးဆေးဆေးပဲ ၆ အလီရွတ်ရင်း စောင့်တယ် ။ ၅ နှစ်အကြာ အခု ရွေးကောက်ပွဲ ကာလ သတ်မှတ်ပြီး ကမ္ဘာသိကြေညာတယ် ။
အာဏာရူး နီတုံးတွေက လက်မခံဘူးတဲ့ ၊ ဘုရင်ရူး သူပုန်တွေက ပျက်အောင်ဖျက်မယ်တဲ့....
- ၈၈ တုန်းက ဦးနေဝင်း ပေးတဲ့ အခွင့်အရေး ရအောင်မယူခဲ့ဘူး.. တပ်မတော်က အာဏာသိမ်းတယ်...
- ၁၉၉၀ ဦးစောမောင် ပေးတဲ့ အခွင့်အရေး ရအောင်မယူဘူး နေ့ခြင်းညခြင်း အာဏာလောဘဇောတိုက်ပြီး အာဏာယူဖို့ အားထုတ်ရင်း လိုတာထက် နှစ်ပေါင်း ၂၀ လောက် နောက်ကျသွားတယ်...
- 2021 တပ််ချုပ်ကြီးမင်းအောင်လှိုင်က ၁ နှစ်ပဲစောင့်ပါဆိုတာ မဲသူခိုးတွေ လက်မခံဘူး လက်နက်ကိုင်တော်လှန်တယ်.. ၅ နှစ်အကြာ ရွေးကောက်ပွဲကျင်းပဖို့ စီမံတယ် လက်မခံဘူးဆိုပဲ....
မင်းတို့ဟာက အပေါ်ဆုံးက ငတုံး သူတောင်းစားထက် ဆိုးနေပြီနော် ။ ဘယ်လောက်တန်ဖိုးကြီးတာ ပေးနေပါစေ တောင်းစားဖို့ပဲ အသိဥာဏ်ရှိတဲ့ အဆင့်တွေလက်ထဲ အာဏာရသွားရင်လည်း... ရွှေဖလားနဲ့သူတောင်းစားတိုင်းပြည် ဖြစ်နေမှာပါပဲ ။
ကိုရွှေမျိုးဝင်း
အားမရဘူး ဆိုလို့
==================
တပ်မတော်က မြဝတီထိ ရှင်းပြီးသွားပြီ ထပ်ရေးပေးပါအုံးတဲ့ ။ ကွင်းကလေးရွာ သိမ်းပြီးတဲ့ သတင်းတင်ပြီး KNU နဲ့ PDF အတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ကြိုရေးခဲ့ပါတယ် ။
တပ်မတော်ရဲ့ ဒေါသအမျက်က ကြောက်စရာပါပဲ ။ အမှန်က လက်နက်ကြီးတွေ ထိရောက်ချက်က အင်မတန်လန့်စရာကောင်းလှပါတယ် ။ ရန်သူတွေအတွက် အနည်းငယ် စုဖွဲ့မိတာနဲ့ '' ဂျိမ်းကနဲ '' ကျလာတဲ့ လက်နက်ကြီးကျည်က တစု တဖွဲ့လုံး ကားကနဲ ဖြစ်ကုန်ကြတယ် ။
စုဖွဲ့ မနေရဲလို့ သတ်မှတ်ထားတဲ့ ဆုတ်လမ်းအတိုင်းပြေးကြတယ် ။ ဒါလည်း အများအားဖြင့် ပြေးမလွတ်ဖူး ပြေးလမ်းအတိုင်း အဆော်ခံရတာပါပဲ ။ ဒီတော့ အပြေးမြန်တဲ့ ကပ်ခွာ စောချစ်သူရဲ့ KNA လိုလို BGF လိုလို မာရသွန်အဖွဲ့က သစ္စာဖောက်လို့ ဆိုပြီး ဂယောင်ခြောက်ခြား စွပ်စွဲကြပြန်တယ် ။
တကယ်တန်းကျတော့ ကရင်ဒေသဖွား ငယ်မွေးခြံပေါက် မူလ DKBA ဘိုဘိရဲ့ တပ်သားတွေက စစ်ကြောင်းတိုင်းမှာ ပါတယ် ။ ပြေးလမ်း ဆုတ်လမ်း စုဖွဲ့နေရာတွေကို သူတို့က ခန့်မှန်းတင်ပြတယ် ။ အဆင့်မြင့်ဒရုန်းတွေက ထောက်လှမ်းတယ် ။ အတည်ပြုပြီး ဆော်တယ် ဒီတော့ သေခြင်းဆိုးနဲ့ သေကုန်တယ် အဖြေက ဒါပဲ ။
တပ်မတော်မီဒီယာတခုက တင်ထားတာ တွေ့လိုက်တယ် ။ ရုရှားက ထောက်လှမ်းရေးဒရုန်းသည် နာရီ ၃၀ မရပ်မနား ထောက်လှမ်းနိုင်သတဲ့ ။ သတ္တုပါရင် ထောက်လှမ်းနိုင်သတဲ့ ။ အဲဒါ နမူနာအစီးရေ အနည်းငယ် တပ်ချုပ်ကြီး ပြန်လာတော့ ပါလာတယ်လို့ ရေးသားထားပါတယ် ။ အဲဒါမှန်ရင်တော့ KNU သာမက သူပုန်အပေါင်းအတွက် ဇတ်သိမ်းခန်း နီးလာပါပြီ ။
နောက်လေကြောင်းတိုက်ခိုက်မှုကလည်း အရမ်းအဆင့်မြင့်လာပါပြီ ။ လေယာဥ်သံကြားရချိန်မှာ ကြဲချတဲ့ ဗုံးက အောက်မှာ ဝုန်ဒိုငိးကြဲနေပါပြီ ။ လေယာဥ်တွေက အသံထက်မြန်တဲ့ အတွက် ရှောင်တိမ်းချိန်မရသလောက်ပါပဲ ။ ဒါက ပေါင် ၅၀၀ မို့လို့ပါ ။
အကယ်၍ အဆင့်မြင့်ဒုံးကျည်နဲ့ ပစ်ခတ်မယ်ဆိုရင် ဘာသံမျှ မကြားလိုက်ရပဲ အဝီစိရောက်ရပါ့မယ် ။ SU 30 မှာ တပ်ဆင်ထားတဲ့ ဒုံးတွေက ကီလိုမီတာ ထောင်နဲ့ချီသော အကွာအဝေးထိ ပစ်ခတ်နိုင်ပါတယ် ။
အေလာ လေဆိပ်ကနေ အပေါ်ပျံတက် လေယာဥ်ကွင်းပေါ်ပဲ ပတ်ဝဲပြီး ပစ်မှတ်ကို ရွတ်ကနဲ ပစ်ပြီး လေယာဥ်ကွင်းထဲပြန်ဆင်း.... လေယာဥ်မှူး ကော်ဖီသောက်နေချိန် ပစ်မှတ်က ပြာကျနေပြီ ။ သဘောပြောတာပါ အဲဒီ စနစ်နဲ့ မတန်လို့ မပစ်ကြပါဘူး ။
မိမိခြေလျှင် ချေမှုံးရေး တပ်တွေကလည်း ဘယ်လောက်တောင် သရဲမရဲ စီးသလို ရဲရဲရင့်ရင့် တိုက်ခိုက်တယ် မသိဘူး ။ ရန်သူကတော့ သွေးလေခြောက်ပြီး စစ်သည်တွေက မူးယစ်ဆေးသုံး တရကြမ်းတိုက်ကြလို့ ထွက်ပြေးကြရသတဲ့ ဝါဒဖြန့်နေကြပုံ ပြောပါတယ် ။
ရန်သူတွေက သင်္ကန်းညီနောင်ကနေ ခွေးပြေးဝက်ပြေး ပြေးကြတယ် ။ BGF တွေလည်း သူတို့နယ်ထဲ ဝင်လာရင် ရောအကြိတ်ခံမှာ ကြောက်လို့ ပိတ်ဆို့ထားတယ် ။ ဟိုရွာ ဒီရွာထဲကို ဝင်ပြီး ယူနီဖောင်းချွတ် အရပ်ဝတ်နဲ့ ရွာသားဟန်ဆောင်ကြတယ် ။
KNU ကတော့ ကရင်စကားတတ်လို့ အတော်အသင့် ဟန်ကျပေမယ့် ဗမာပဒက်တွေ တိုင်ပတ်ရပြီ ။ စစ်ကြောင်းတွေဝင်စစ်တော့ အကုန်ပေါ်ပဲ ။ ယခု နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပါတယ် ။
စစ်ရေးရည်မှန်းချက်ကို မသိရသေးပေမယ့် လတ်တလော လေးကေကော်နဲ့ စွယ်တော်ကုန်းကို ပြန်သိမ်းပေးရင်တော့ အတော်ပျော်စရာကောင်းမှာပါပဲ ။ စွယ်တော်ကုန်းက အင်မတန်အချက်အခြာကျလွန်းပါတယ် ။ နယ်စပ်စခန်းတွေအတွက် စွယ်တော်ကုန်းက နံရံကြီးလို ပစ်ကူပေးနိုင်ပါတယ် ။
အာရှလမ်းမကြီးက ရန်သူဖြတ်ဆီးသွားတဲ့ တံတားအချို့ နဲ့ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ရှင်းလင်းရပါအုံးမယ် ။ တပ်မတော်ရဲ့ တိုက်စစ်စွမ်းရည်ကို ပြသနိုင်ခဲ့တဲ့ အာရှလမ်းမကြီးတိုက်ပွဲက သမိုင်းဝင်ပါပဲ ။
တချိန်တုန်းက ရေးခဲ့ဖူးတဲ့ နွားခြံကုန်းရွာ တိုက်ပွဲ အရေးကြီးကြောင်း ၊ ဒီလမ်းကြောင်း ကော့ကရိတ်ရောက်မှ ထောက်ပို့စနစ် ထိရောက်ပြီး နယ်စပ်မျဥ်းထိ ကူညီနိုင်မယ်လို့ သုံးသပ်စဥ်က ဘာဆိုင်လဲ ဝေဖန်ခဲ့သူတွေ အခုလို ဆိုင်နေတာ သက်သေပြနိုင်လို့ ကျေနပ်မိပါတယ်ဗျာ ။
ကိုရွှေမျိုးဝင်း
Владелец канала не предоставил расширенную статистику, но Вы можете сделать ему запрос на ее получение.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Также Вы можете воспользоваться расширенным поиском и отфильтровать результаты по каналам, которые предоставили расширенную статистику.
Подтвердите, что вы не робот
Вы выполнили несколько запросов, и прежде чем продолжить, мы ходим убелиться в том, что они не автоматизированные.